ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

၁၉၇၀ေက်ာ္ ႏွစ္မ်ားဆီက အေမရိကန္ႏိုင္ငံရဲ႕ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ကို မိသားစုတစ္ခု ေရႊ႕ေျပာင္းလာပါတယ္။ အဲဒီ မိသားစုအေျခခ်ေနထိုင္မယ့္ ၿခံေလးက ၿခံနံပတ္ ၁၁၂ ျဖစ္ၿပီး သမုဒၵရာရိပ္သာ (No.112 Ocean Avenue) ဆုိတဲ့ နာမည္လွလွေလး ေပးထားပါတယ္။ တကယ္ေတာ့ သူတုိ႔လုိ မၾကာခင္ကမွ တည္ေထာင္ထားတဲ့မိသားစုတစ္ခုအတြက္ ဒီလို ၿခံနဲ႔ ဝင္းနဲ႔ တုိက္နဲ႔ တာနဲ႔ ေနထုိင္ဖုိ႔ဆိုတာ စိတ္ကူးယဥ္ဆန္လြန္းပါတယ္။ သူတုိ႔ မိသားစုေနထိုင္ဖုိ႔ အိမ္ရွာတဲ့အခါ အိမ္ၿခံေျမအက်ိဳးေဆာင္ဆီက ဒီအိမ္ေလးကို ေတြ႔ခဲ့တာပါ။ ႏွစ္ထပ္တုိက္ တစ္လံုး၊ ၿခံဝင္းတစ္ဝင္းအတြက္ဆို သူတုိ႔ေျပာထားတဲ့ေဈးက အဆမတန္ သက္သာေနေတာ့ သူတုိ႔သိပ္စိတ္ဝင္စားခဲ့တာေပါ့။ ဒီၿခံဝင္းေလး ဒီလိုေဈးသက္သာေနတယ္ဆိုတာလည္း အေၾကာင္းအရင္းတစ္ခု ရွိပါတယ္။ ဒီအိမ္ေလးမွာ လြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္က ေခ်ာက္ခ်ားစရာျဖစ္ရပ္ေတြျဖစ္ခဲ့လုိ႔ပါ။

ဒီအိမ္ပိုင္ရွင္ မိသားစုတစ္စုလံုး လြန္ခဲ့တဲ့ တစ္ႏွစ္ေက်ာ္က ရက္ရက္စက္စက္အသတ္ခံခဲ့ရၿပီး သတ္ခဲ့တာက သူတုိ႔ရဲ႕သားအႀကီးဆံုးျဖစ္ပါတယ္။ ဒါေပမဲ့ ေကာင္းေကာင္းမြန္မြန္ ကိုယ္ပိုင္အိမ္တစ္လံုးရခ်င္တဲ့ မိသားစုအတြက္ ဒါကျပႆနာမဟုတ္ပါဘူး။ ဒီလုိနဲ႔ပဲ ဒီအိမ္ေလးကို ေဂ်ာ္ဂ်္႕နဲ႔ ကတ္သလင္းတုိ႔ မိသားစုေျပာင္းေရႊ႕လာခဲ့ပါတယ္။ သူတို႔မိသားစုမွာ ကတ္သလင္း အရင္အိမ္ေထာင္ကေနရတဲ့ သားေလးႏွစ္ေယာက္ သမီးေလးတစ္ေယာက္ရွိပါတယ္။

ဘာမွမႀကံဳရေသးေပမဲ့ ျဖစ္လာမယ့္ ေဘးကို ဆီးကာႏိုင္ဖုိ႔အတြက္ သူတို႔မိသားစုဟာ ခရစ္ယာန္ဘုနး္ႀကီးတစ္ပါးကို ဖိတ္ၾကားၿပီး အိမ္ကိုေကာင္းခ်ီးေပးေစခဲ့ပါတယ္။ ဘုန္းႀကီးက ဆုေတာင္းစာေတြရြတ္ရင္း အိမ္အႏွံ႔ပရိတ္ေရ (Holy Water) နဲ႔ပက္ျဖန္းေနခ်ိန္မွာပဲ အိမ္အေပၚထပ္အေရာက္မွာ ေယာက်္ားသံႀကီးနဲ႔ “ထြက္သြား” လို႔ ေအာ္လိုက္သံကိုၾကားရပါတယ္။ ဘုန္းႀကီးက ဒီမိသားစုေၾကာက္လန္႔သြားမွာစိုးလုိ႔ ဒီအေၾကာင္းကိုမေျပာျပဘဲထြက္သြားခဲ့တာေပါ့။ အဲဒီအိမ္ကျပန္လာကတည္းက ဘုန္းႀကီးဟာအျပင္းအထန္ဖ်ားနာခဲ့ပါသတဲ့။

ေဂ်ာ့္ဂ်္နဲ႔ ကတ္သလင္းတုိ႔ မိသားစုဟာ အိမ္ႀကီးကို စတင္ေရာက္ရွိခ်ိန္မွာေတာ့ ဘာအေႏွာင့္အယွက္မွ မေတြ႕ႀကံဳရဘဲ ေအးေအးခ်မ္းခ်မ္းရွိခဲ့ပါတယ္။ ဒါေပမဲ့ ေနတာၾကာလာေလေလ ထူးဆန္းတာေတြ ျဖစ္လာတာေလေလပါပဲ။ အဲဒီထူးဆန္းမႈေတြထဲက အထူးျခားဆံုးေတြကိုေျပာျပရရင္….

_ ေဂ်ာ့္ဂ်္ဟာ မနက္သံုးနာရီတိုင္းမွာ အလိုလိုႏိုးလာေလ့ရွိၿပီး အဲဒီလုိ ႏိုးလာတုိင္းလည္း အိမ္ေနာက္ေဖးျမစ္ေဘးက ေလွအိမ္ထဲကို သြားမၾကည့္ရ မေနႏိုင္ခဲ့ပါဘူး။ ဘာေၾကာင့္ အဲလိုျဖစ္ရသလဲဆိုတာ ေဂ်ာ့္ဂ်္ ကိုယ္တိုင္မသိပါဘူး။ (တကယ္ေတာ့ အဲဒီ မနက္သံုးနာရီမွာပဲ အရင္မိသားစု အသတ္ခံရတာပါ)

_ တစ္ညမွာ ကတ္သလင္း အိပ္ယာေပၚကေန သံုးေပအကြာမွာ ေမ်ာေနတာကို ေဂ်ာ့္ဂ်္ကိုယ္တုိင္ ျမင္ရပါတယ္။ ကတ္သလင္းကေတာ့ မသိပါဘူး။ မနက္ မိုးလင္းလာေတာ့ ကက္သလငး္ရဲ႕ ဗိုက္မွာ လက္ဝါးရာႀကီးကို ေတြ႔ရပါတယ္။

_ အငယ္ဆံုးသမီးေလး မစ္ဆီက သူ႔အခန္းထဲမွာ သူငယ္ခ်င္းတစ္ေယာက္ရွိတယ္လုိ႔ ေျပာပါတယ္။ သူ႔မ်က္ႏွာက ဝက္နဲ႔တူသတဲ့။ သူတို႔က ကေလးသဘာဝ စိတ္ကူးယဥ္တယ္လုိ႔ ထင္ၾကေပမဲ့ တစ္ညမွာ မစ္ဆီအခန္းျပတင္းေပါက္မွာ မစ္ဆီရပ္ေနၿပီး သူ႔ရဲ႕ေနာက္မွာ ဝက္မ်က္ႏွာနဲ႔ သတၱဝါတစ္ေကာင္ကို ေဂ်္ာ႔ဂ်္ေတြ႔ခဲ့ပါတယ္။ အဲဒီဝက္ရဲ႕ မ်က္လံုးေတြက နီရဲေနပါတယ္။ ေနာက္တစ္ႀကိမ္မွာေတာ့ ကတ္သလင္းကိုယ္တိုင္ မစ္ဆီရဲ႕ အခန္းထဲမွာ အဲ့ဒီမ်က္လံုးရဲရဲေတြက သူ႔ကိုစိုက္ၾကည့္ေနတာ ႀကံဳခဲ့ပါတယ္။

_ သူတုိ႔အိမ္မွာထားတဲ့ လက္ဝါးကပ္တိုင္ဟာ ေဇာက္ထုိးျဖစ္သြားၿပီး အပုပ္နံ႔လုိလို၊ ခ်ဥ္စူးစူးအနံ႔လိုလို ထြက္လုိ႔ိေနပါတယ္။

_ ကတ္သလင္းရဲ႕ ေမာင္ နဲ႔ သူ႔ဇနီး အလည္အပတ္လာေရာက္ၿပီး ညအိပ္ခ်ိန္မွာ ဇနီးျဖစ္သူကို ညဘက္ႀကီးကေလးတစ္ေယာက္က စကားေတြ လာေျပာသတဲ့။ အဲဒီကေလးက ကက္သလင္းတုိ႔ သား၊ သမီးေတြမဟုတ္သလုိ ဘယ္သူဆိုတာလညး္ မသိပါဘူး။

_ ဒီအိမ္ႀကီးကို ကတ္သလင္းရဲ႕ မိခင္ေရာက္လာေတာ့ ဒီအိမ္မွာ မေနသင့္မေနအပ္တဲ့ အရာေတြ ရွိေနတာကိုသူခံစားရလို႔ ကတ္သလင္းတုိ႔ မိသားစု ဆက္မေနသင့္ေတာ့ဘူးလုိ႔ ေျပာခဲ့ပါတယ္။ ေဂ်ာ္႔ဂ်္ရဲ႕အလုပ္က ေကာင္ေလးတစ္ေယာက္ရဲ႕ ရည္းစား ေကာင္မေလးက ဝိဉာဉ္သရဲေတြကို အာရံုခံႏိုင္သူမုိ႔ ဒီအိမ္ႀကီးကို လာေရာက္အာရံုခံခဲ့ပါတယ္။ သူမကလည္း ဒီအိမ္ႀကီးမွာ အႏၱရာယ္ႀကီးတဲ့ နာနာဘာဝေတြရွိတာ ခံစားရတယ္လို႔ ေျပာခဲ့ပါတယ္။

ဒီလိုအျဖစ္အပ်က္ေတြ ဆက္တိုက္ႀကံဳလာေတာ့ သူတုိ႔ဟာ ဒီအိမ္ကိုထပ္ၿပီး အႏၱရာယ္ကင္း ေကာင္းခ်ီးခံယူဖုိ႔ ဘုန္းႀကီးေတြပင့္ခဲ့ေပမဲ့ အဆင္မေျပခဲ့ပါဘူး။ ဒါနဲ႔ လင္မယားႏွစ္ေယာက္ကိုယ္တုိင္ လက္ဝါးကပ္တိုင္နဲ႔ သမၼာက်မ္းစာကိုသံုးၿပီး ေကာင္းခ်ီးေပးတဲ့အခါ “အခုခ်က္ခ်င္းရပ္စမ္း” ဆိုတဲ့ အသံႀကီးကို ၾကားခဲ့ရပါတယ္။ ဒီအိမ္မွာ ဘယ္လုိမွ ဆက္မေနရဲေတာ့တဲ့ သူတုိ႔မိသားစုဟာ ခ်က္ခ်င္းပဲ ကတ္သလင္းရဲ႕ မိဘအိမ္ကို ထြက္ေျပးခဲ့ၾကပါတယ္။ အေၾကာက္ႀကီး ေၾကာက္သြားတဲ့ ဒီမိသားစုဟာ သူတို႔ပိုင္ပစၥည္းေတြ ဘာမွျပန္မယူေတာ့သလုိ ဒီအိမ္ရွိရာကို ထပ္မသြားေတာ့ပါဘူး။

သူတုိ႔ရဲ႕အျဖစ္အပ်က္ဟာ နာမည္ေက်ာ္သြားတာမုိ႕လူအမ်ားကလည္း စိတ္ဝင္စားခဲ့ၾကပါတယ္။ တေစၦသရဲႏွင္တဲ့ ဆရာ၊ဆရာမေတြလည္း ဒီအိမ္ကို လာေရာက္စူးစမ္းခဲ့ပါတယ္။ အဲဒီထဲမွာ နာမည္ႀကီး သရဲႏွင္ ဆရာမ ဝါရင့္လင္မယား (Ed and Lorraine Warren) လည္း ပါခဲ့ပါတယ္။ သူတုိ႔ေတြအားလံုး တညီတညြတ္တည္း ေျပာၾကတာက ဒီအိမ္ႀကီးဟာ အလြန္သက္တမ္းၾကာရွည္ေနသလို ဒီအိမ္ႀကီးမွာရွိေနတဲ့ နာနာဘာဝေတြက သရဲတေစၦအဆင့္ေတာင္မကေတာ့ဘဲ မိစာၦနတ္ဆိုးအဆင့္ေတာင္ရွိေနပါၿပီလို႔ ျဖစ္ပါတယ္။

ဒီအိမ္ႀကီးရဲ႕ ဇာတ္လမ္းကို ေခတ္အဆက္ဆက္ ရုပ္ရွင္ေတြရိုက္ကူးခဲ့သလို စာအုပ္အျဖစ္ ေရးသားခဲ့ရာမွာလည္း အထူးေအာင္ျမင္ခဲ့ပါတယ္။ အထင္ရွားဆံုးနဲ႔ ေယာင္းတုိ႔ အမွတ္မိဆံုးျဖစ္ႏိုင္တဲ့ ရုပ္ရွင္ကေတာ့ “The Conjuring” ရုပ္ရွင္လို႔ထင္ပါတယ္ေနာ္… “The Conjuring 2″ ရုပ္ရွင္အစပိုင္းမွာ ဒီဇာတ္လမ္းရဲ႕အျဖစ္အပ်က္တခ်ိဳ႕ကို ထည့္သြင္းထားပါတယ္။ ၂၀၀၅ခုႏွစ္မွာ “The Amityville Horror” ဆုိတဲ့ ရုပ္ရွင္အေနနဲ႔ အသစ္ျပန္လည္ထြက္ရွိခဲ့ၿပီး ေဂ်ာ္႔ဂ်္ေနရာမွာ  Dead Pool မင္းသား Ryan Reynolds သ႐ုပ္ေဆာင္ထားပါတယ္

လက္ရွိမွာေတာ့ အဲ့ဒီအိမ္ႀကီးဟာ ေနထိုင္သူမရွိပါဘူး။ ဝင္ေရာက္ေလ့လာခ်င္သူေတြကိုေတာ့ ေလ့လာခြင့္ေပးထားေပမဲ့ ေျမေအာက္ခန္းကို ဘယ္သူမွ ဝင္ခြင့္မရွိဘူးလို႔ သိရပါတယ္။ ဒီေလာက္နာမည္ႀကီးတဲ့ အိမ္ႀကီးကို တစ္ညေလာက္ သြားမအိပ္ခ်င္ၾကဘူးလား ေယာင္းတုိ႔ေရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
၁၉၇၀ကျော် နှစ်များဆီက အမေရိကန်နိုင်ငံရဲ့ မြို့ငယ်လေးတစ်မြို့ကို မိသားစုတစ်ခု ရွှေ့ပြောင်းလာပါတယ်။ အဲဒီ မိသားစုအခြေချနေထိုင်မယ့် ခြံလေးက ခြံနံပတ် ၁၁၂ ဖြစ်ပြီး သမုဒ္ဒရာရိပ်သာ (No.112 Ocean Avenue) ဆိုတဲ့ နာမည်လှလှလေး ပေးထားပါတယ်။ တကယ်တော့ သူတို့လို မကြာခင်ကမှ တည်ထောင်ထားတဲ့မိသားစုတစ်ခုအတွက် ဒီလို ခြံနဲ့ ဝင်းနဲ့ တိုက်နဲ့ တာနဲ့ နေထိုင်ဖို့ဆိုတာ စိတ်ကူးယဉ်ဆန်လွန်းပါတယ်။ သူတို့ မိသားစုနေထိုင်ဖို့ အိမ်ရှာတဲ့အခါ အိမ်ခြံမြေအကျိုးဆောင်ဆီက ဒီအိမ်လေးကို တွေ့ခဲ့တာပါ။ နှစ်ထပ်တိုက် တစ်လုံး၊ ခြံဝင်းတစ်ဝင်းအတွက်ဆို သူတို့ပြောထားတဲ့ဈေးက အဆမတန် သက်သာနေတော့ သူတို့သိပ်စိတ်ဝင်စားခဲ့တာပေါ့။ ဒီခြံဝင်းလေး ဒီလိုဈေးသက်သာနေတယ်ဆိုတာလည်း အကြောင်းအရင်းတစ်ခု ရှိပါတယ်။ ဒီအိမ်လေးမှာ လွန်ခဲ့တဲ့တစ်နှစ်ကျော်က ချောက်ချားစရာဖြစ်ရပ်တွေဖြစ်ခဲ့လို့ပါ။

ဒီအိမ်ပိုင်ရှင် မိသားစုတစ်စုလုံး လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရက်ရက်စက်စက်အသတ်ခံခဲ့ရပြီး သတ်ခဲ့တာက သူတို့ရဲ့သားအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် ကိုယ်ပိုင်အိမ်တစ်လုံးရချင်တဲ့ မိသားစုအတွက် ဒါကပြဿနာမဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ဒီအိမ်လေးကို ဂျော်ဂျ့်နဲ့ ကတ်သလင်းတို့ မိသားစုပြောင်းရွှေ့လာခဲ့ပါတယ်။ သူတို့မိသားစုမှာ ကတ်သလင်း အရင်အိမ်ထောင်ကနေရတဲ့ သားလေးနှစ်ယောက် သမီးလေးတစ်ယောက်ရှိပါတယ်။

ဘာမှမကြုံရသေးပေမဲ့ ဖြစ်လာမယ့် ဘေးကို ဆီးကာနိုင်ဖို့အတွက် သူတို့မိသားစုဟာ ခရစ်ယာန်ဘုန်းကြီးတစ်ပါးကို ဖိတ်ကြားပြီး အိမ်ကိုကောင်းချီးပေးစေခဲ့ပါတယ်။ ဘုန်းကြီးက ဆုတောင်းစာတွေရွတ်ရင်း အိမ်အနှံ့ပရိတ်ရေ (Holy Water) နဲ့ပက်ဖြန်းနေချိန်မှာပဲ အိမ်အပေါ်ထပ်အရောက်မှာ ယောကျ်ားသံကြီးနဲ့ “ထွက်သွား” လို့ အော်လိုက်သံကိုကြားရပါတယ်။ ဘုန်းကြီးက ဒီမိသားစုကြောက်လန့်သွားမှာစိုးလို့ ဒီအကြောင်းကိုမပြောပြဘဲထွက်သွားခဲ့တာပေါ့။ အဲဒီအိမ်ကပြန်လာကတည်းက ဘုန်းကြီးဟာအပြင်းအထန်ဖျားနာခဲ့ပါသတဲ့။

ဂျော့်ဂျ်နဲ့ ကတ်သလင်းတို့ မိသားစုဟာ အိမ်ကြီးကို စတင်ရောက်ရှိချိန်မှာတော့ ဘာအနှောင့်အယှက်မှ မတွေ့ကြုံရဘဲ အေးအေးချမ်းချမ်းရှိခဲ့ပါတယ်။ ဒါပေမဲ့ နေတာကြာလာလေလေ ထူးဆန်းတာတွေ ဖြစ်လာတာလေလေပါပဲ။ အဲဒီထူးဆန်းမှုတွေထဲက အထူးခြားဆုံးတွေကိုပြောပြရရင်….

_ ဂျော့်ဂျ်ဟာ မနက်သုံးနာရီတိုင်းမှာ အလိုလိုနိုးလာလေ့ရှိပြီး အဲဒီလို နိုးလာတိုင်းလည်း အိမ်နောက်ဖေးမြစ်ဘေးက လှေအိမ်ထဲကို သွားမကြည့်ရ မနေနိုင်ခဲ့ပါဘူး။ ဘာကြောင့် အဲလိုဖြစ်ရသလဲဆိုတာ ဂျော့်ဂျ် ကိုယ်တိုင်မသိပါဘူး။ (တကယ်တော့ အဲဒီ မနက်သုံးနာရီမှာပဲ အရင်မိသားစု အသတ်ခံရတာပါ)

_ တစ်ညမှာ ကတ်သလင်း အိပ်ယာပေါ်ကနေ သုံးပေအကွာမှာ မျောနေတာကို ဂျော့်ဂျ်ကိုယ်တိုင် မြင်ရပါတယ်။ ကတ်သလင်းကတော့ မသိပါဘူး။ မနက် မိုးလင်းလာတော့ ကက်သလင်းရဲ့ ဗိုက်မှာ လက်ဝါးရာကြီးကို တွေ့ရပါတယ်။

_ အငယ်ဆုံးသမီးလေး မစ်ဆီက သူ့အခန်းထဲမှာ သူငယ်ချင်းတစ်ယောက်ရှိတယ်လို့ ပြောပါတယ်။ သူ့မျက်နှာက ဝက်နဲ့တူသတဲ့။ သူတို့က ကလေးသဘာဝ စိတ်ကူးယဉ်တယ်လို့ ထင်ကြပေမဲ့ တစ်ညမှာ မစ်ဆီအခန်းပြတင်းပေါက်မှာ မစ်ဆီရပ်နေပြီး သူ့ရဲ့နောက်မှာ ဝက်မျက်နှာနဲ့ သတ္တဝါတစ်ကောင်ကို ဂျေ်ာ့ဂျ်တွေ့ခဲ့ပါတယ်။ အဲဒီဝက်ရဲ့ မျက်လုံးတွေက နီရဲနေပါတယ်။ နောက်တစ်ကြိမ်မှာတော့ ကတ်သလင်းကိုယ်တိုင် မစ်ဆီရဲ့ အခန်းထဲမှာ အဲ့ဒီမျက်လုံးရဲရဲတွေက သူ့ကိုစိုက်ကြည့်နေတာ ကြုံခဲ့ပါတယ်။

_ သူတို့အိမ်မှာထားတဲ့ လက်ဝါးကပ်တိုင်ဟာ ဇောက်ထိုးဖြစ်သွားပြီး အပုပ်နံ့လိုလို၊ ချဉ်စူးစူးအနံ့လိုလို ထွက်လို့ိနေပါတယ်။

_ ကတ်သလင်းရဲ့ မောင် နဲ့ သူ့ဇနီး အလည်အပတ်လာရောက်ပြီး ညအိပ်ချိန်မှာ ဇနီးဖြစ်သူကို ညဘက်ကြီးကလေးတစ်ယောက်က စကားတွေ လာပြောသတဲ့။ အဲဒီကလေးက ကက်သလင်းတို့ သား၊ သမီးတွေမဟုတ်သလို ဘယ်သူဆိုတာလည်း မသိပါဘူး။

_ ဒီအိမ်ကြီးကို ကတ်သလင်းရဲ့ မိခင်ရောက်လာတော့ ဒီအိမ်မှာ မနေသင့်မနေအပ်တဲ့ အရာတွေ ရှိနေတာကိုသူခံစားရလို့ ကတ်သလင်းတို့ မိသားစု ဆက်မနေသင့်တော့ဘူးလို့ ပြောခဲ့ပါတယ်။ ဂျော့်ဂျ်ရဲ့အလုပ်က ကောင်လေးတစ်ယောက်ရဲ့ ရည်းစား ကောင်မလေးက ဝိဉာဉ်သရဲတွေကို အာရုံခံနိုင်သူမို့ ဒီအိမ်ကြီးကို လာရောက်အာရုံခံခဲ့ပါတယ်။ သူမကလည်း ဒီအိမ်ကြီးမှာ အန္တရာယ်ကြီးတဲ့ နာနာဘာဝတွေရှိတာ ခံစားရတယ်လို့ ပြောခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်တွေ ဆက်တိုက်ကြုံလာတော့ သူတို့ဟာ ဒီအိမ်ကိုထပ်ပြီး အန္တရာယ်ကင်း ကောင်းချီးခံယူဖို့ ဘုန်းကြီးတွေပင့်ခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။ ဒါနဲ့ လင်မယားနှစ်ယောက်ကိုယ်တိုင် လက်ဝါးကပ်တိုင်နဲ့ သမ္မာကျမ်းစာကိုသုံးပြီး ကောင်းချီးပေးတဲ့အခါ “အခုချက်ချင်းရပ်စမ်း” ဆိုတဲ့ အသံကြီးကို ကြားခဲ့ရပါတယ်။ ဒီအိမ်မှာ ဘယ်လိုမှ ဆက်မနေရဲတော့တဲ့ သူတို့မိသားစုဟာ ချက်ချင်းပဲ ကတ်သလင်းရဲ့ မိဘအိမ်ကို ထွက်ပြေးခဲ့ကြပါတယ်။ အကြောက်ကြီး ကြောက်သွားတဲ့ ဒီမိသားစုဟာ သူတို့ပိုင်ပစ္စည်းတွေ ဘာမှပြန်မယူတော့သလို ဒီအိမ်ရှိရာကို ထပ်မသွားတော့ပါဘူး။

သူတို့ရဲ့အဖြစ်အပျက်ဟာ နာမည်ကျော်သွားတာမို့လူအများကလည်း စိတ်ဝင်စားခဲ့ကြပါတယ်။ တစ္ဆေသရဲနှင်တဲ့ ဆရာ၊ဆရာမတွေလည်း ဒီအိမ်ကို လာရောက်စူးစမ်းခဲ့ပါတယ်။ အဲဒီထဲမှာ နာမည်ကြီး သရဲနှင် ဆရာမ ဝါရင့်လင်မယား (Ed and Lorraine Warren) လည်း ပါခဲ့ပါတယ်။ သူတို့တွေအားလုံး တညီတညွတ်တည်း ပြောကြတာက ဒီအိမ်ကြီးဟာ အလွန်သက်တမ်းကြာရှည်နေသလို ဒီအိမ်ကြီးမှာရှိနေတဲ့ နာနာဘာဝတွေက သရဲတစ္ဆေအဆင့်တောင်မကတော့ဘဲ မိစ္ဆာနတ်ဆိုးအဆင့်တောင်ရှိနေပါပြီလို့ ဖြစ်ပါတယ်။

ဒီအိမ်ကြီးရဲ့ ဇာတ်လမ်းကို ခေတ်အဆက်ဆက် ရုပ်ရှင်တွေရိုက်ကူးခဲ့သလို စာအုပ်အဖြစ် ရေးသားခဲ့ရာမှာလည်း အထူးအောင်မြင်ခဲ့ပါတယ်။ အထင်ရှားဆုံးနဲ့ ယောင်းတို့ အမှတ်မိဆုံးဖြစ်နိုင်တဲ့ ရုပ်ရှင်ကတော့ “The Conjuring” ရုပ်ရှင်လို့ထင်ပါတယ်နော်… “The Conjuring 2″ ရုပ်ရှင်အစပိုင်းမှာ ဒီဇာတ်လမ်းရဲ့အဖြစ်အပျက်တချို့ကို ထည့်သွင်းထားပါတယ်။ ၂၀၀၅ခုနှစ်မှာ “The Amityville Horror” ဆိုတဲ့ ရုပ်ရှင်အနေနဲ့ အသစ်ပြန်လည်ထွက်ရှိခဲ့ပြီး ဂျော့်ဂျ်နေရာမှာ  Dead Pool မင်းသား Ryan Reynolds သရုပ်ဆောင်ထားပါတယ်

လက်ရှိမှာတော့ အဲ့ဒီအိမ်ကြီးဟာ နေထိုင်သူမရှိပါဘူး။ ဝင်ရောက်လေ့လာချင်သူတွေကိုတော့ လေ့လာခွင့်ပေးထားပေမဲ့ မြေအောက်ခန်းကို ဘယ်သူမှ ဝင်ခွင့်မရှိဘူးလို့ သိရပါတယ်။ ဒီလောက်နာမည်ကြီးတဲ့ အိမ်ကြီးကို တစ်ညလောက် သွားမအိပ်ချင်ကြဘူးလား ယောင်းတို့ရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Sugar Cane (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top