×









အ​မေးခံရသူ အားလုံး မျက်​နှာ​သေ က​လေး​တွေနှင့်​ ဣ​နြေ္ဒ ပျက်​ကာ တုန်​​နေကြ​လေပြီ…….


“ဘာကွ….စစ်​ဝတ်​စုံ​တွေ ညံ့တယ်​ ကြမ်းတယ်​..လက်​​တောင်​ မသုတ်​ချင်​ဘူး ဟုတ်​လား…..ငါအကုန်​ကြားတယ်​ မင်းတို့​ပြော​နေတာ​တွေ…….”












ဒေါနဲ့ …​မောနဲ့..ကြိ​မ်းဝါးလိုက်​ပြန်​ပါသည်​….

“မှားပါပြီ ဗိုလ်​ချုပ်​..ကျ​နော်​တို့.​နောင်​တရပါပြီ..ဗိုလ်​ချုပ်​.”

ငိုသံများဖြင့်​ အရာရှိ နှစ်​ဦးက ကတုန်​ကရင်​ ​တောင်းပန်​ တိုးလျိုးလိုက်​ပါသည်​..




ဗိုလ်​ချုပ်​သည်​..​ဒေါသထွက်ေ​န​သော မျက်​လုံးကြီးများဖြင့်​.​တောင်းပန်​​နေသူများကို ဝင့်​ကြည့်​လို​က်​ရင်း….

“မှတ်​ထား…ငါ့တပ်​ထဲမှာ…အခွင့်​​အ​ရေး ယူချင်​တဲ့ အ​ကောင်​ တစ်​​ကောင်​မှ မရှိ​စေရဘူး..လူထုငတ်​ရင်​ အားလုံး ငတ်​ရမယ်​ ..လူထုဆင်းရဲရင်​ အားလုံး ဆင်းရဲ ရမယ်​.ငါလဲဆင်းရဲ ရမယ်​…ခု​တော့ …မင်းတို့​ကောင်ေ​တွကွာ….ငါလိုက်​ပြီး..ကန်​ထုတ်​လိုက်​ ရရင်​…သွားကြစမ်း…မြန်​မြန်​ ထွက်​သွား..အ​ကောင်​ရှုပ်​​တွေ ကြာကြာ​နေရင်​ ငါ​ဆော်​မိ လိ​မ့်​မယ်​….”

ဗိုလ်​ချုပ်​က ကြိမ်းဝါးကာ အားလုံးကို ​မောင်းနှင်​ထုတ်​ လို​က်​သည်​…



သူ၏ ​ခေါင်း​ဆောင်​ပီသမှု့ …ပြည်​သူလူထု အ​ပေါ် ညှာတာမှု့…ရဲ​ဘော်​ရဲဘက်​ စိတ်​ဓာတ်​ ရှိမှု့အတွက်​..​ရောင်​ပြန်​ဟပ်​ လာ​သော ရို​သေ​လေးစားမှု့ စိတ်​ဓာတ်​ အပြည့်​ဖြင့်​ တစ်​ကယ့်​ခေါင်း​ဆောင်​….စစ်​သေနာပတိ​ကောင်း ပီသလှသည့်​ ဗို​လ်​ချုပ်​ကို နုတ်​ဆက်​ အ​လေးပြု လို​က်​ရ​ပေ​တော့ သတည်း……..ဗိုလ်​တာရာ(ရဲ​ဘော်​သုံးကျိပ်​) ★ အမှတ်​တယဗိုလ်​ချုပ်​​အောင်​ဆန်း စာအုပ်​မှ​ တငြ်​ပပါသည်​။❀ ❀ သက်​မိုး ❆ ❆ ရှင်​မ

ပြန်လည်မျှဝေပါသည်။

Credit: ttw…
# Unicode Version ဖြင့် ဖတ်ပါ #
“​ဟေ့..”တာရာ” အပြင်​က စကား​ပြော​နေတဲ့​ကောင်​​တွေ အကုန်​လုံး ငါ့ဆီ အမြန်​ဆုံး ​ခေါ်ခဲ့စမ်​း..သွားစမ်​း မြန်​မြန်​ကွ..”……​အော်​​ငေါက်​ကာ ကျ​နော့ဘက်​သို့ လှမ်​း၍အမိန်​့​ပေးလိုက်​၏..ပါးစပ်​သရမ်​း​ နေ​ကြ​သော ဘသား​ချေ ာ မျ ားက သူတို့​ခေါင်​း မီး​လောင်​​တော့မည်​့ အ​ခြေအ​နေကို ခုထိ မရိပ်​မိ (ပုံမကျ ပန်​းမကျ)စစ်​ဝတ်​စုံများကို သာ ကြည်​့ရင်​း တစ်​ဝါးဝါး တစ်​ဟားဟား ပွဲကြ​နေ ကြတုန်​း ပင်​…

ကျ​နော်​ လည်​း တစ်​ချိုးထည်​း သွား​ရောက်​ကာ ဘသား​ချော အားလုံးကို (အရာရှိ အရာခံ အကြပ်​တပ်​သား ပါ မကျန်​) ဗိုလ်​ချုပ်​အမိန်​့အရ သူ့ရုံးခန်​းထဲသို ​ခေါ်ယူခဲ့ရ​ပေ၏…

အထဲ​ရောက်​​သောအခါ …..ကျ​နော်​ က စစ်​ထုံးစံ အတိုင်​း အားလုံးကို ​ခေါ်​ဆောင်​လာပြီး ပါ​ကြောင်​း သတင်​းပို့ ကာ အ​လေးပြု လို့ပင်​ မဆုံး​သေး……

“မင်​းတို့ ..ဘာ​ကောင်​​တွေတုန်​းကွ…ဟင်​…​ဟေ့….ငါ​မေးတာ မကြားဘူးလား…”

စူးစူးဝါးဝါး ​မေးမြန်​းလိုက်​သည်​့ ဗိုလ်​ချုပ်​၏ အသံသည်​ စစ်​ဌာနချုပ်​ တစ်​ခုလုံးကို လွှမ်​းမိုးသွားပါ​တော့သည်​….

သူတို့သည်​ ​ကြောင်​၍​နေကြပြီး မှင်​သက်​မိ​နေသူများ ပမာ တစ်​စုံတစ်​ရာ အ​ဖြေကို မ​ပေးဝံ့ကြ​ချေ ..သတိအ​နေနဲ့ ငြိမ်​သက်​စွာ ရပ်​​နေကြပါသည်​…

“​ပြောကြစမ်​း…မင်​းတို့ ဘာ​ကောင်​​တွေ တုန်​း..ငါ​မေး​နေတာ မင်​းတို့မကြားဘူးလား….ခုနတင်​ မင်​းတို့ ရယ်​လား ​မောလား နဲ့ ​ပြော​နေကြတာ​တွေ​လေ…”

ဒုတိယအကြိမ်​ ဗိုလ်​ချုပ်​က စူးစူးဝါးဝါး ​အော်​ဟစ်​​မေးမြန်​း လိုက်​ပြန်​ပါသည်​…

အ​မေးခံရသူ အားလုံး မျက်​နှာ​သေ က​လေး​တွေနှင်​့ ဣ​န္ဒြေ ပျက်​ကာ တုန်​​နေကြ​လေပြီ…….

“ကျ​နော်​ တို့ ..စစ်​ဝတ်​စုံ​တွေ ညံ့တာနဲ့ ​ဝေဘန်​မိပါတယ်​ ဗိုလ်​ချုပ်​…”ဗိုလ်​ကြီးအဆင်​့ ရှိသူ တာဝန်​ခံတစ်​​ယောက်​က အရဲ့စွန်​့ကာ ​ဖြေကြား သတင်​းပို့လိုက်​ပါသည်​…

“ဘာကွ….စစ်​ဝတ်​စုံ​တွေ ည့ံတယ်​ ကြမ်​းတယ်​..လက်​​တောင်​ မသုတ်​ချင်​ဘူး ဟုတ်​လား…..ငါအကုန်​ကြားတယ်​ မင်​းတို့​ပြော​နေတာ​တွေ…….”

ကျယ်​​လောင်​စွာ ​ပြောလိုက်​ပြီး ဗိုလ်​ချုပ်​သည်​ ကုလားထိုင်​မှ ဗြုန်​းကနဲ ထရပ်​ရင်​း တန်​းစီးထားသူများ​ရှေ့သို ရုတ်​ခနဲ တက်​လာကာ….

“မင်​းတို့…ငါအုပ်​ချုပ်​​နေတဲ့ တပ်​ထဲက ထွက်​…ခုထွက်ကြ..အလကား​ကောင်​​တွေ..မင်​းတို့ကို ငါနဲနဲမ အထင်​မကြီး​တော့ဘူး…..အလကား..နွား​တွေ…….ငါတို့ ယိုးဒယားက​နေ ဒီအထိ…ရန်​သူကို ရင်​ဆိုင်​တိုက်​ခိုက်​လာတာ…ဘာ​တွေဝတ်​ပြီး တိုက်​ခဲ့ကြလည်​း…”​ပြောကြစမ်​း…”စိတ်​လိုက်​မာန်​ပါ လက်​သီးလက်​​မောင်​းတန်​း ကာ ​မေးလိုက်​ပြန်​ပါသည်​..”…

“မင်​းတိုက …ခုမှ…ယူနီ​ဖောင်​း​လေး….စစ်​ဝတ်​စုံ​လေး..ဘာ​လေး နဲ့ ​ရေးကြီးခွင်​ကျယ်​ လုပ်​လို့…​ဟေ့..တိုင်​းပြည်​နဲ့ လူထုအတွက်​.ဆိုရင်​ စစ်​ဝတ်​စုံမရှိလို့ …ခါး​တောင်​းကျိုက်​ပြီး တိုက်​ရ​ရော..ဘာဖြစ်​..​သေးသလဲကွာ..

​ဟေ့..တိုင်​းပြည်​နဲ့…လွတ်​လပ်​​ရေးအတွက်​…ကိုယ်​တုံးလုံး ချွတ်​ တိုက်​ရ​ရော….ရီးဖြစ်​လား…​ပြောစမ်​း…စစ်​တိုက်​ နိုင်​ဘို့သာအဓိက..ကွ……..ခု​တော့..မင်​းတို့က..ကြီးကြီးကျယ်​ကျယ်​ စကား​တွေ ​ပြောလို့….”…

ဗိုလ်​ချုပ်​က ..တန်​းစီရပ်​​နေသူအားလုံး ကို တစ်​​ယောက်​ချင်​း စေ့​စေ့ကြည်​့ ​ကာ ဝေဘန်​ရင်​း ​အော်​​ငေါက်​​နေ၏…

“ခု​တော့… မင်​းတို့ ​ပြော​နေတဲ့ စကား​တွေ က ..တိုက်​ပွဲမှာ ကျဆုံး ခဲ့ရတဲ့ ရဲ​ဘော်​​တွေကို ..သစ္စာဖောက်​​နေသလို ပဲကွ….အလကား သစ္စာ ​ဖောက်​​တွေ…မင်​း တို့ကို ငါ့တပ်​ထဲမှာ မထားဘူး…ထုတ်​ကို ထုတ်​ပြစ်​ရမယ်​…အ​ချောင်​သမား​တွေ…”ကြိမ်​းဝါး လိုက်​ပြန်​ ပါသည်​…

အကြိမ်​းခံရသူ ..အားလုံးမှာ..မျက်​ရည်​ကျ သူကကျ..ဒူးချင်​းရိုက်​ခတ်​သူ ရိုက်​ခတ်​ နှင်​့ အ​တော်​ပင်​ စိတ်​ထိခိုက်​ ..​နေကြ​ပေပြီ

ဗိုလ်​ချုပ်​သည်​ ​ခေါက်​တုံ့ ​ခေါက်​ပြန်​ လမ်​း​လျောက်​ရင်​း..

“ဘာလည်​းကွ..မင်​းတို့က ဂျပန်​​တွေကားစီးပြီး..အဝတ်​​ကောင်​းဝတ်​​နေတာ ကို အားကျတာလား…​ဟေ့….မင်​း တို့မှတ်​ထား..ငါတို့တပ်​​မတော်သား​ ဆိုတာ ပြည်​သူ လူထု ရဲ့ သားသမီး​တွေကွ…..ခုကြည့်​စမ်​း…ပြည်​သူ​တွေဘဝကို…စစ်​​ဘေးစစ်​ဒဏ်​က တစ်​ဘက်​..ဖက်​ဆစ်​ငပု​တွေ ရဲ့ အနိုင်​ကျင်​့ ဗိုလ်​ကျခံ​နေရတာ ကတစ်​ဖက်​…ဒါကို …မင်​းတို့လို..​ကောင်​​တွေက ဇိမ်​ခံချင်​​နေကြတယ်​..အဝတ်​​ကောင်​း​တွေဝတ်​ချင်​တယ်​…ကာသစ်​​တွေ စီးချင်​တယ်​……

ဒုက္ခ ​ရောက်​​နေတဲ့ ပြည်​သူ​တွေ မျက်​နှာကို မှ မ​ထောက်​ မင်​းတို့ က အခွင်​့အ​ရေး​တွေ ပိုယူချင်​​နေကြတယ်​..မှတ်​ထား..အဲ့လိုအမြင်​မျိုး အ​တွေးမျိုး ​အကျင်​့မျိုးတွေ ရှိ​နေသမျှ ….ငါ…​မျှော်​မှန်​းလာတဲ့ “ပြည်​သူ့တပ်​မ​တော်​” နဲ့​တော့ ​ဝေးပါ​သေးတယ်ကွာ…..သိပ်​ရှက်​စရာ​ကောင်​း တယ်​……..မင်​းတို့ …ပြည်​သူလူထု အတွက်​..စစ်​တိုက်​​နေတယ်​ဆိုတာ..အလကားပဲ…လုံးဝ အဓိပ္ပါယ်​ မရှိဘူး….”ငါအုပ်​ချုပ်​​နေတဲ့စစ်​တပ်​မှာမင်​းတို့ဟာ ပြည်​သူလူထုနဲ့တသားထဲဖြစ်​​နေရမယ်​…အခုဟာက…​တောက်​”ငါကွာ လုပ်​ထည်​့လိုက်​ရ….”

အလကား ​ခွေး​ကောင်​​တွေ…ဘာမှ အသုံးမကျတဲ့​ကောင်​​တွေ မင်​းတို့ကို ငါ့တပ်​ထဲက ထုတ်​ကို ထုတ်​ရမယ်​…

​ဒေါနဲ့ …​မောနဲ့..ကြိ်​မ်​းဝါးလိုက်​ပြန်​ပါသည်​….

“မှားပါပြီ ဗို်လ်​ချုပ်​..ကျ​နော်​တို့.​နောင်​တရပါပြီ..ဗိုလ်​ချုပ်​.”

ငိုသံများဖြင်​့ အရာရှိ နှစ်​ဦးက ကတုန်​ကရင်​ ​တောင်​းပန်​ တိုးလျိုုးလိုက်​ပါသည်​..

“ငါ..ဘယ်​လို ဝတ်​ထားသလဲ..ကြည်​့ကြစမ်​း…မင်​းတို့ နဲ့ ဘာခြားလည်​း…မင်​းတို့ က ကြီးကြီးကျယ်​ကျယ​်​ လုပ်​လို့..ကွာ”…ဗိုလ်​ချုပ်​သည်​ သူ၏ စစ်​ဝတ်​စုံ အနွမ်းကို ပုတ်​၍ ပုတ်​၍ ပြလိုက်​ပြန်​ပါသည်​…..

“မှားပါပြီ….ဗိုလ်​ချုပ်​…ကျ​နော်​ တိုအမှားကို သိပါပြီ….”

မျက်​ရည်​ ဖြိုင်​ဖြိုင်​ဖြင်​့ ဝိုင်​း၍​တောင်​းပန်​ကာ အသနား ခံ လိုက်​ကြပြန်​သည်​..

ဗိုလ်​ချုပ်​သည်​..​ဒေါသထွက​်​ေ​န​သော မျက်​လုံးကြီးများဖြင့်​့.​တောင်​းပန်​​နေသူများကို ဝင်​့ကြည်​့လို်​က်​ရင်​း….

“မှတ်​ထား…ငါ့တပ်​ထဲမှာ…အခွင်​့​အ​ရေး ယူချင်​တဲ့ အ​ကောင်​ တစ်​​ကောင်​မှ မရှိ​စေရဘူး..လူထုငတ်​ရင်​ အားလုံး ငတ်​ရမယ်​ ..လူထုဆင်​းရဲရင်​ အားလုံး ဆင်​းရဲ ရမယ်​.ငါလဲဆင်​းရဲ ရမယ်​…ခု​တော့ …မင်​းတို့​ကောင်​ေ​တွကွာ….ငါလိုက်​ပြီး..ကန်​ထုတ်​လို်က်​ ရရင်​…သွားကြစမ်​း…မြန်​မြန်​ ထွက်​သွား..အ​ကောင်​ရှုပ်​​တွေ ကြာကြာ​နေရင်​ ငါ​ဆော်​မိ လိ်​မ့်​မယ်​….”

ဗိုလ်​ချုပ်​က ကြိမ်​းဝါးကာ အားလုံးကို ​မောင်​းနှင်​ထုတ်​ လို်​က်​သည်​…

ပါးစပ်​သရမ်​းမိသူ အားလုံး လည်​း…အ​ရေးတကြီး ဗိုလ်​ချုပ်​ ကို အ​လေးပြု ကာ..​ကြောက်​​ကြောက်​ ရွံ့ရွံနှင်​့ သုတ်​​ချေတင်​ ကြ​လေပြီ….

ကျ​နော်​ သည်​လည်​း ညာလက်​ကို ​မြှောက်​ကာ ဦးထုပ်​ နုတ်​ခမ်​းတွင်​ တင်​းတင်​းကပ်​လျက်​ အ​လေးပြု ခြင်း​အားလုံး တို့ထက်​ သာလွန်​၍…..

သူ၏ ​ခေါင်​း​ဆောင်​ပီသမှု့ …ပြည်​သူလူထု အ​ပေါ် ညှာတာမှု့…ရဲ​ဘော်​ရဲဘက်​ စိတ်​ဓာတ်​ ရှိမှု့အတွက်​..​ရောင်​ပြန်​ဟပ်​ လာ​သော ရို​သေ​လေးစားမှု့ စိတ်​ဓာတ်​ အပြည်​့ဖြင်​့ တစ်​ကယ်​ ့​ခေါင်​း​ဆောင်​….စစ်​သေနာပတိ​ကောင်​း ပီသလှသည်​့ ဗို်​လ်​ချုပ်​ကို နုတ်​ဆက်​ အ​လေးပြု လို်​က်​ရ​ပေ​တော့ သတည်​း……..ဗိုလ်​တာရာ(ရဲ​ဘော်​သုံးကျိပ်​) ★ အမှတ်​တယဗိုလ်​ချုပ်​​အောင်​ဆန်​း စာအုပ်​မှ​ တငြ်​ပပါသည်​။❀ ❀ သက်​မိုး ❆ ❆ ရှင်​မ

ပြန်လည်မျှဝေပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ttw…
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top