မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





KKTM

# Unicode Version ဖြင့် ဖတ်ပါ #
 မြဝတီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြား သုံးပြားနှင့်အတူ မ--ဆိုသူအား ဇူလိုင် ၁၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် ဖမ်းဆီးရမိစစ်ဆေးချက်အရ နေအိမ်တစ်အိမ်အား ဆက်လက်ရှာဖွေရာမှ စိတ်ကြွရူးသွပ်ဆေး ပြား ၃ဝဝဝ ကျော် ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြဝတီမြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ်အောင်ချမ်း မွန်နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမျိုးသမီး ရဲမေ ရဲတပ်သားလဲ့ရည်ဝင်းနှင့်အဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ဖမ်းမိသူအား ဆက်လက်စစ် ဆေးထွက်ဆိုချက်အရ မြဝတီမြို့အမှတ်(၄)ရပ်ကွက်၊ ပန်းခြံ ၂ လမ်းရှိ မ---၏နေအိမ်သို့ ဇူလိုင် ၁၂ ရက် ညနေ ၅ နာရီခွဲတွင် ဝင်ရောက် ရှာဖွေရာ မ---အား အိမ်ပေါ်တွင် တွေ့ရှိရပြီး ၎င်း၏အိပ်ရာခေါင်းရင်း ဝဲဘက်ခြမ်းတွင် အဖြူရောင်ကပ် ခွာအိတ်အသေးတစ်လုံးလျှင် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား ၅ဝ စီထည့်ထားသော ပလတ်စတစ်အိတ်သေး ၁၁ အိတ်၊ စုစုပေါင်းဆေးပြား ၅၅ဝ၊ အိပ်ရာ ခြေရင်းတွင် ဆေးပြား ၂ဝဝ စီထည့် ထားသည့် အပြာရောင်ကပ်ခွာအိတ် ၁၅ အိတ်၊ စုစုပေါင်းဆေးပြား ၃ဝဝဝ၊ အားလုံးပေါင်း ၃၅၅ဝ၊ အလေးချိန် ၃၅ ဒသမ ၅ ဂရမ်၊ (ကာလတန်ဖိုး ကျပ် ၁ဝ၆၅ဝဝဝဝ)အား ရှာဖွေတွေ့ ရှိ သိမ်းဆည်းခဲ့သည်။



ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ် ကြွရူးသွပ်ဆေးပြားများ သုံးစွဲ/ ရောင်းချ လက်ဝယ်ထားရှိသည့် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်နေ မ---(၃ဝ)နှစ်နှင့် မြဝတီမြို့ အမှတ် (၄)ရပ်ကွက် ပန်းခြံ ၂ လမ်းနေ မ---(၃၇)နှစ်တို့အား မြဝတီမြို့မ ရဲစခန်းမှ မယ(ပ)၉၅/၂ဝ၁၈၊ မူး/ စိတ်ပုဒ်မ-၁၉ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။


KKTM

ဖိုးသူတော် (www.phothutaw.com)
Credit: democracytoday
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top