PN002
Credit: Lso Maung
# Unicode Version ဖြင့် ဖတ်ပါ #
မာရီယာ တိုင်ဖွန်းမုန်တိုင်းသည် တိုင်ဝမ်ကျွန်းဆီသို့ ဝင်ရောက်လာရန် နီးကပ်နေပြီဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းများ နှင့် စာသင်ကျောင်းများအား ယင်းအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကြရန် အစိုးရက သတိပေးထားပြီး၊ လေကြောင်းလိုင်းများလည်း ခရီးစဉ် ၂၀၀ ကျော်ကို ဖျက်သိမ်းလိုက်ကြပြီဖြစ်သည်။
တိုင်ဖွန်းမုန်တိုင်း မာရီယာသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၁၉ မိုင်နှုန်းမှ အမြင့်ဆုံး၁၄၅ မိုင်နှုန်းအထိဖြင့် တိုင်ဝမ်ကျွန်းဆီသို့ အင်္ဂါနေ့ညနေ(သို့)ဗုဒ္ဓဟူးနေ့ နံနက်စောစောပိုင်းတွင် ဝင်ရောက်လာနိုင်ကြောင်း တိုင်ဝမ်မိုးလေဝသဌာနမှ သတိပေးထားသည်။
တိုင်ဝမ်မိုးလေဝသဌာနနှင့် အစိုးရအာဏာပိုင်အဖွဲ့များကလည်း ယမန်နေ့ကတည်းကပင်လျှင် ရေကြီးခြင်း မြေပြိုခြင်းများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်ကြရန် သတိပေးနေလျှက်ရှိပြီး မြေပြင် ရေပြင်ဆိုင်ရာ သတိပေးချက်များကိုလည်း ဆက်တိုက်ထုတ်ပြန်ပေးနေလျှက်ရှိသည်။
PN002
ref: Airlines Cancel Over 200 Flights as Severe Typhoon Nears Taiwan
ဖိုးသူတော် (www.phothutaw.com)
Credit: Lso Maung
Home
»
လူမှု့ဘဝ
»
သတင်း
»
နိုင်ငံတကာ
» မာရီယာမုန်တိုင်းနီးကပ်လာပြီဖြစ်သဖြင့် လေယာဉ် ခရီးစဉ် ၂၀၀ ကျော် ဖျက်သိမ်း
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။