ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 လက္ရွိခ်န္ပီယံ ထိုင္းအသင္းကို အနိုင္ယူၿပီး အာဆီယံယူ ၁၉ ခ်န္ပီယံရွစ္ ဗိုလ္လုပြဲသို ့ ျမန္မာအသင္း တက္ေရာက္သြားတယ္လုိ ့MFF စာမ်က္ႏွာမွာ ေဖာ္ၿပထားပါတယ္။အင္ဒိုနီးရွားနိုင္ငံတြင္ က်င္းပလ်က္ရွိေသာ အာဆီယံယူ ၁၉ ခ်န္ပီယံရွစ္ ေဘာလံုးၿပိဳင္ပြဲတြင္ ျမန္မာယူ ၁၉ အသင္းသည္ ဆီမီးဖိုင္နယ္အဆင့္တြင္ လက္ရွိခ်န္ပီယံ ထိုင္းအသင္းကို တစ္ဂိုး| ဂိုးမရွိျဖင့္ အနိုင္ယူကာ ဗိုလ္လုပြဲသို ့ တက္ေရာက္နိုင္ခဲ့ၿပီျဖစ္သည္။

ယေန ့ ညေနပိုင္းက Gelora Delta ကြင္း၌ ယွဥ္ၿပိဳင္ခဲ့သည့္ ပြဲစဥ္တြင္ ျမန္မာအသင္းအတြက္ တစ္လံုးတည္းေသာ အဖိုးတန္ အနိုင္ဂိုးကို ပြဲခ်ိန္ ၈၇ မိနစ္တြင္ တိုက္စစ္မွဴး ဝင္းနိုင္ထြန္းက သြင္းယူေပးခဲ့ျခင္းျဖစ္သည္။ျမန္မာအသင္းသည္ ဗိုလ္လုပြဲတြင္ အင္ဒိုနီးရွား- မေလးရွား ပြဲစဥ္မွ အနိုင္ရရွိသည့္ အသင္းႏွင့္ ယွဥ္ၿပိဳင္ဗိုလ္လုသြားရမည္ျဖစ္သည္။ တတိယေနရာလုပြဲႏွင့္ ဗိုလ္လုပြဲစဥ္အား ဇူလိုင္ ၁၄ ရက္ေန ့တြင္ ဆက္လက္က်င္းပသြားမည္ျဖစ္သည္။” ယေန့ပြဲမွာ ခံစစ္ပိုင္း အမွားအယြင္းမရွိေအာင္ ကစားနိုင္ခဲ့ပါတယ္။ အနိုင္ရလဒ္ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တဲ့ ကစားသမားေတြကို ေက်းဇူးတင္ပါတယ္။

ဒီရလဒ္က အသင္းအုပ္ခ်ဳပ္သူ နည္းျပ အဖြဲ ့ဝင္ေတြ နဲ ့ ကစားသမားေတြ အားလံုး တက္ညီလက္ညီ ႀကိဳးစားခဲ့ျခင္းရဲ ့ ဆုလာဘ္ပါပဲ။ ဗိုလ္လုပြဲမွာ ဘယ္အသင္းနဲ့ ပဲ ကစားရပါေစ အေကာင္းဆံုး ႀကိဳးစားသြားမွာျဖစ္ပါတယ္” ဟု နညိးျပခ်ဳပ္ ဦးမ်ိဳးလိႈင္ဝင္းက ပြဲအၿပီးတြင္ ေျပာၾကားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MFF
# Unicode Version ျဖင့္ ဖတ္ပါ #
လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူပြီး အာဆီယံယူ ၁၉ ချန်ပီယံရှစ် ဗိုလ်လုပွဲသို့ မြန်မာအသင်း တက်ရောက်သွားတယ်လို့MFF စာမျက်နှာမှာ ဖော်ပြထားပါတယ်။အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပလျက်ရှိသော အာဆီယံယူ ၁၉ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ ၁၉ အသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို တစ်ဂိုး| ဂိုးမရှိဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။

ယနေ့ ညနေပိုင်းက Gelora Delta ကွင်း၌ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအသင်းအတွက် တစ်လုံးတည်းသော အဖိုးတန် အနိုင်ဂိုးကို ပွဲချိန် ၈၇ မိနစ်တွင် တိုက်စစ်မှူး ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။မြန်မာအသင်းသည် ဗိုလ်လုပွဲတွင် အင်ဒိုနီးရှား- မလေးရှား ပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းနှင့် ယှဉ်ပြိုင်ဗိုလ်လုသွားရမည်ဖြစ်သည်။ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်အား ဇူလိုင် ၁၄ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။” ယနေ့ပွဲမှာ ခံစစ်ပိုင်း အမှားအယွင်းမရှိအောင် ကစားနိုင်ခဲ့ပါတယ်။ အနိုင်ရလဒ် ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ကစားသမားတွေကို ကျေးဇူးတင်ပါတယ်။

ဒီရလဒ်က အသင်းအုပ်ချုပ်သူ နည်းပြ အဖွဲ့ဝင်တွေ နဲ့ ကစားသမားတွေ အားလုံး တက်ညီလက်ညီ ကြိုးစားခဲ့ခြင်းရဲ့ ဆုလာဘ်ပါပဲ။ ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ ပဲ ကစားရပါစေ အကောင်းဆုံး ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု နညိးပြချုပ် ဦးမျိုးလှိုင်ဝင်းက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: MFF
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top