မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×





Credit: hlataw
# Unicode Version ဖြင့် ဖတ်ပါ #
ယှဉ်ပြိုင်မှုတွေ ပြင်းထန်လာတဲ့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာတော့ ဒိုင်ဖြစ်သူ မြန်မာပြည်သိန်းတန်ဟာ ထူးခြားတဲ့ ဝေဖန်မှုတွေ ပြုလုပ်လာနေတာကို တွေ့ရပါတယ်။

ဒီည ဆဋ္ဌမမြောက် Perfomance Show မှာလည်း ပြိုင်ပွဲဝင် ဖြိုးမြတ်အောင်ကို ထူးထူးရှားရှား ချီးကျူးပြောဆိုခဲ့ပြန်ပါတယ်။ ဖြိုးမြတ်အောင်ကလည်း သူအားသန်တဲ့အလျှောက် အကောင်းဆုံး ပေါက်ကွဲ သီဆိုနိုင်ခဲ့တာဖြစ်ပါတယ်။

တခြားပြိုင်ပွဲဝင်တွေကို အားမရခဲ့ပေမယ့် ဖြိုးမြတ်အောင်ကိုတော့ အပြည့်အဝ အားရကျေနပ်ခဲ့တဲ့အပြင် “တို့ ဂီတအနုပညာမှာ သူတော်စင် သူတော်ကောင်းတွေ စောင့်ရှောက်ကြတယ်လေ၊ သူ့ကို အန်ကယ်မြင်တာ ပြောရမယ်ဆိုရင် အဲ့လိုပေါ့ သူရဿတီမယ်တော် စောင့်ရှောက်နေသလိုပဲ ဒီလိုမြင်ရတယ်”ဆိုပြီး ထူးထူးဆန်းဆန်းပြောဆို ချီးကျူးခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာပြည်သိန်းတန်ရဲ့ ဝေဖန်ချက်တွေနဲ့အတူ ဒီနှစ်မြန်မာအိုင်ဒေါဟာလည်း ရုတ်ရုတ်သည်းသည်းဖြစ်လာနေပြီး ပရိတ်အချင်းချင်း ပြိုင်ဆိုင်အား ပြင်းထန်လာနေတာကို တွေ့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top