ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

 လူငယ္ၾကိဳက္ေတးသံရွင္ ေရႊထူးကေတာ့ သူ႔ရဲ႕ခိုင္မာျပီးအားျပည့္တဲ့အသံနဲ႔ ဂီတေလာကထဲမွာ လြန္ခဲ့တဲ့နွစ္အနည္းငယ္ကစျပီး နာမည္ရလာသူ အနုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ေရႊထူးဟာ ေအာင္ျမင္ခါစက သီခ်င္းတုိင္းကို ကီးတစ္ခုတည္းနဲ႔ သီဆိုတယ္ဆုိျပီး ေဝဖန္ခံရမႈေတြရွိေပမယ့္လည္း ေရႊထူးက ေဝဖန္သူေတြကုိ အေရးတယူတံု႔ျပန္ျခင္းမရွိပဲ ေအးေအးေဆးေဆးပဲ ေနတတ္တာမို႔ သူ႔ရဲ႕ေအာင္ျမင္မႈဟာ ရပ္တန္႔သြားျခင္းမရွိပဲ ဆက္တုိက္ဆိုသလို ေအာင္ျမင္လာျပီးအခုဆိုရင္ ရုပ္ရွင္နယ္ပယ္ဘက္ပါ ေျခလွမ္းခ်လာျပီျဖစ္ပါတယ္။

ေရႊထူးဟာ သူ႔ရဲ႕ ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားၾကီးကုိ ဝတ္မႈန္ေရႊရည္၊ရဲတိုက္၊ေဒါင္းနဲ႔ အတူ အျခားေသာ သရုပ္ေဆာင္ေပါင္းမ်ားစြာနဲ႔ အတူလက္တြဲရိုက္ကူးထားခဲ့တာ ျဖစ္ပါတယ္။ ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားၾကီးနဲ႔ ပတ္သက္ျပီး သူ႔ရဲ႕အေတြ႕အၾကံဳေတြကုိ ေရႊထူးက ပရိသတ္ေတြကို ေဝမ်ွေျပာျပထားခဲ့ပါေသးတယ္။

ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားၾကီးထဲမွာ ေရႊထူးရဲ႕ ကာရိုက္တာက ေအးေဆးတဲ့ စာေရးဆရာေလးေနရာက သရုပ္ေဆာင္ရတာပါ။ ကာရိုက္တာနဲ႔ပတ္သက္ျပီး ေရႊထူးက “စာေရးဆရာဆုိတဲ့အတိုင္း တည္တည္ျငိမ္ျငိမ္ေအးေအးခ်မ္းခ်မ္းေလးေပါ့ေနာ္။သူ႔ပံုစံက။ ကြ်န္ေတာ့္ပံုက ေအးခ်မ္းလားေတာ့မသိပါဘူး။ ကြ်န္ေတာ့္ဟာ ကြ်န္ေတာ္ေတာ့ေအးခ်မ္းတယ္ေတာ့ထင္တယ္ေလ ။ဆိုေတာ့ … ကြ်န္ေတာ့္အျပင္ပံုနဲ႔ေတာ့ မတူတာေတာ့အေသအခ်ာပဲဗ်။ ”လို႔ ေျပာျပထားပါတယ္။

ဒ႑ာရီမိုးရုပ္ရွင္ဇာတ္ကားမွာ အဓိကသရုပ္ေဆာင္ေလးဦးမွာ သံုးဦးက ဝါရင့္သရုပ္ေဆာင္ေတြခ်ည္းျဖစ္ျပီး အသစ္ျဖစ္တဲ့ေရႊထူးကလည္း တတ္အားသမွ် အေကာင္းဆံုးအားထုတ္ သရုပ္ေဆာင္ထားတယ္လို႔ဆုိပါတယ္။ ပါဝင္တဲ့ အဓိကသရုပ္ေဆာင္ေလးဦးက သူ႔ကာရိုက္တာနဲ႔သူမတူညီတဲ့ရသေတြကုိေပးမွာျဖစ္တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔လည္း ဘယ္သူကဘယ္လုိရသမ်ိဳးေပးမလဲ ဆိုတာစိတ္ဝင္စားစရာပါပဲ။

ဒ႑ာရီမိုးမွာသရုပ္ေဆာင္ရတဲ့အေတြ႕အၾကံဳကိုလည္း ေရႊထူးက “အရမ္းေတာ့သတိထားျပီး သရုပ္ေဆာင္ရတယ္ဗ်၊ျပီးေတာ့ ဒီထဲမွာကိုမွ ကြ်န္ေတာ့္ကာရိုက္တာက နွစ္မ်ိဳးျဖစ္ေနတာေပါ့ေနာ္။ ပရိသတ္ေတြေရွ႕မွာတစ္မ်ိဳး ကြ်န္ေတာ့္အကုိၾကီးနဲ႔ေနရရင္ ကြ်န္ေတာ့္ပံုစံကတစ္မ်ိဳးေပါ့။ လူငယ္လုိျပန္ျဖစ္သြားတယ္။အဲ့လိုမ်ိဳးေလးေတာ့ျဖစ္တယ္။ ဒါေပမယ့္ ဒီကားရိုက္တဲ့အခ်ိန္အတြင္းမွာေတာ့ ကြ်န္ေတာ္ကေတာ့ အဲလိုပံုစံမ်ိဳးေလးပဲ လူတိုင္းကိုေျပာျဖစ္ေနတာပဲ” လို႔ ေျပာျပထားပါတယ္။

အတူတြဲဖက္သရုပ္ေဆာင္ရတဲ့ ဝတ္မႈန္ေရႊရည္ရဲ႕ အကူအညီေတြလည္း အမ်ားၾကီးရေၾကာင္းကို ေရႊထူးက “မကစ္လည္းေျပာျပေပးပါတယ္ ကြ်န္ေတာ္တို႔နွစ္ေယာက္ အတူတူရိုက္ေနတဲ့အခ်ိန္မွာဆို ကြ်န္ေတာ့္ဘက္က လိုအပ္ခ်က္ရွိသြားတာေလးေတြ၊ကြ်န္ေတာ္သရုပ္ေဆာင္မပီျပင္ျဖစ္သြားတာေလးေတြဆို ေမာင္ေလး ဒီေနရာေလးေတာ့ ဒီလိုဒီလိုေလးလုပ္ ဆိုတာမ်ိဳးေလးေတြေျပာျပပါတယ္”လို႔ ဆိုပါတယ္။

ဒါ့အျပင္ သိပ္မၾကာခင္ကမွ ပရိသတ္ေတြေရွ႕ေမွာက္ျပန္ေရာက္လာခဲ့တဲ့၊ပရိသတ္ေတြအေမွ်ာ္လင့္ၾကီး ေမွ်ာ္လင့္ခဲ့ရတဲ့ ရဲတိုက္ရဲ႕ သရုပ္ေဆာင္မႈနဲ႔ ပတ္သက္ျပီးေတာ့လည္း အတူတူသရုပ္ေဆာင္ရတဲ့အခါ အခက္အခဲေတြရွိပံုကို ေရႊထူးက “ကုိရဲတိုက္နဲ႔ပတ္သက္ျပီးေျပာရမယ္ဆုိရင္ေတာ့ ေၾကာက္စရာၾကီးဗ်၊သူသရုပ္ေဆာင္တာက အရမ္းေကာင္းလြန္းတယ္။အရမ္းေကာင္းလြန္းတယ္ဆိုတာက ကြ်န္ေတာ္အဲ့လို သူနဲ႔မ်က္လံုးခ်င္းဆံုျပီးၾကည့္ရရိုက္ရတဲ့ အခန္းေတြဘာေတြဆို ေတာ္ေတာ္ေလးကို အဲ့လို..ကြ်န္ေတာ့္အတြက္လည္း အရမ္း pressure မ်ားတယ္ေပါ့ေနာ္။သူအရမ္းသရုပ္ေဆာင္ေကာင္းတယ္ဗ်၊သူသရုပ္ေဆာင္တာက လံုးဝသဘာဝပဲဗ်ာ။လံုးဝလံုးဝအျပင္မွာေျပာတဲ့အတိုင္းပဲ တကယ္ပါတကယ္ပါ။”လို႔ အံ့ၾသတၾကီးခ်ီးမြမ္းေျပာဆိုခဲ့ပါေသးတယ္။

ေျပာခ်င္လြန္းလို႔ပရိသတ္ၾကိီးေရာ .. ေရႊထူး၊ဝတ္မႈံေရႊရည္၊ေဒါင္းနဲ႔ ရဲတုိက္တို႔ လက္တြဲသရုပ္ေဆာင္ထားတဲ့ ဒ႑ာရီမိုးရုပ္ရွင္ကားၾကီးရံုတင္တဲ့အခါ အားေပးဖို႔အဆင္သင့္ပဲလား။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Can’t Wait To Say
# Unicode Version ျဖင့္ ဖတ္ပါ #
လူငယ်ကြိုက်တေးသံရှင် ရွှေထူးကတော့ သူ့ရဲ့ခိုင်မာပြီးအားပြည့်တဲ့အသံနဲ့ ဂီတလောကထဲမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး နာမည်ရလာသူ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ရွှေထူးဟာ အောင်မြင်ခါစက သီချင်းတိုင်းကို ကီးတစ်ခုတည်းနဲ့ သီဆိုတယ်ဆိုပြီး ဝေဖန်ခံရမှုတွေရှိပေမယ့်လည်း ရွှေထူးက ဝေဖန်သူတွေကို အရေးတယူတုံ့ပြန်ခြင်းမရှိပဲ အေးအေးဆေးဆေးပဲ နေတတ်တာမို့ သူ့ရဲ့အောင်မြင်မှုဟာ ရပ်တန့်သွားခြင်းမရှိပဲ ဆက်တိုက်ဆိုသလို အောင်မြင်လာပြီးအခုဆိုရင် ရုပ်ရှင်နယ်ပယ်ဘက်ပါ ခြေလှမ်းချလာပြီဖြစ်ပါတယ်။

ရွှေထူးဟာ သူ့ရဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးကို ဝတ်မှုန်ရွှေရည်၊ရဲတိုက်၊ဒေါင်းနဲ့ အတူ အခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ အတူလက်တွဲရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံတွေကို ရွှေထူးက ပရိသတ်တွေကို ဝေမျှပြောပြထားခဲ့ပါသေးတယ်။

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ရွှေထူးရဲ့ ကာရိုက်တာက အေးဆေးတဲ့ စာရေးဆရာလေးနေရာက သရုပ်ဆောင်ရတာပါ။ ကာရိုက်တာနဲ့ပတ်သက်ပြီး ရွှေထူးက “စာရေးဆရာဆိုတဲ့အတိုင်း တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းလေးပေါ့နော်။သူ့ပုံစံက။ ကျွန်တော့်ပုံက အေးချမ်းလားတော့မသိပါဘူး။ ကျွန်တော့်ဟာ ကျွန်တော်တော့အေးချမ်းတယ်တော့ထင်တယ်လေ ။ဆိုတော့ … ကျွန်တော့်အပြင်ပုံနဲ့တော့ မတူတာတော့အသေအချာပဲဗျ။ ”လို့ ပြောပြထားပါတယ်။

ဒဏ္ဍာရီမိုးရုပ်ရှင်ဇာတ်ကားမှာ အဓိကသရုပ်ဆောင်လေးဦးမှာ သုံးဦးက ဝါရင့်သရုပ်ဆောင်တွေချည်းဖြစ်ပြီး အသစ်ဖြစ်တဲ့ရွှေထူးကလည်း တတ်အားသမျှ အကောင်းဆုံးအားထုတ် သရုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။ ပါဝင်တဲ့ အဓိကသရုပ်ဆောင်လေးဦးက သူ့ကာရိုက်တာနဲ့သူမတူညီတဲ့ရသတွေကိုပေးမှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့လည်း ဘယ်သူကဘယ်လိုရသမျိုးပေးမလဲ ဆိုတာစိတ်ဝင်စားစရာပါပဲ။

ဒဏ္ဍာရီမိုးမှာသရုပ်ဆောင်ရတဲ့အတွေ့အကြုံကိုလည်း ရွှေထူးက “အရမ်းတော့သတိထားပြီး သရုပ်ဆောင်ရတယ်ဗျ၊ပြီးတော့ ဒီထဲမှာကိုမှ ကျွန်တော့်ကာရိုက်တာက နှစ်မျိုးဖြစ်နေတာပေါ့နော်။ ပရိသတ်တွေရှေ့မှာတစ်မျိုး ကျွန်တော့်အကိုကြီးနဲ့နေရရင် ကျွန်တော့်ပုံစံကတစ်မျိုးပေါ့။ လူငယ်လိုပြန်ဖြစ်သွားတယ်။အဲ့လိုမျိုးလေးတော့ဖြစ်တယ်။ ဒါပေမယ့် ဒီကားရိုက်တဲ့အချိန်အတွင်းမှာတော့ ကျွန်တော်ကတော့ အဲလိုပုံစံမျိုးလေးပဲ လူတိုင်းကိုပြောဖြစ်နေတာပဲ” လို့ ပြောပြထားပါတယ်။

အတူတွဲဖက်သရုပ်ဆောင်ရတဲ့ ဝတ်မှုန်ရွှေရည်ရဲ့ အကူအညီတွေလည်း အများကြီးရကြောင်းကို ရွှေထူးက “မကစ်လည်းပြောပြပေးပါတယ် ကျွန်တော်တို့နှစ်ယောက် အတူတူရိုက်နေတဲ့အချိန်မှာဆို ကျွန်တော့်ဘက်က လိုအပ်ချက်ရှိသွားတာလေးတွေ၊ကျွန်တော်သရုပ်ဆောင်မပီပြင်ဖြစ်သွားတာလေးတွေဆို မောင်လေး ဒီနေရာလေးတော့ ဒီလိုဒီလိုလေးလုပ် ဆိုတာမျိုးလေးတွေပြောပြပါတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် သိပ်မကြာခင်ကမှ ပရိသတ်တွေရှေ့မှောက်ပြန်ရောက်လာခဲ့တဲ့၊ပရိသတ်တွေအမျှော်လင့်ကြီး မျှော်လင့်ခဲ့ရတဲ့ ရဲတိုက်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း အတူတူသရုပ်ဆောင်ရတဲ့အခါ အခက်အခဲတွေရှိပုံကို ရွှေထူးက “ကိုရဲတိုက်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ ကြောက်စရာကြီးဗျ၊သူသရုပ်ဆောင်တာက အရမ်းကောင်းလွန်းတယ်။အရမ်းကောင်းလွန်းတယ်ဆိုတာက ကျွန်တော်အဲ့လို သူနဲ့မျက်လုံးချင်းဆုံပြီးကြည့်ရရိုက်ရတဲ့ အခန်းတွေဘာတွေဆို တော်တော်လေးကို အဲ့လို..ကျွန်တော့်အတွက်လည်း အရမ်း pressure များတယ်ပေါ့နော်။သူအရမ်းသရုပ်ဆောင်ကောင်းတယ်ဗျ၊သူသရုပ်ဆောင်တာက လုံးဝသဘာဝပဲဗျာ။လုံးဝလုံးဝအပြင်မှာပြောတဲ့အတိုင်းပဲ တကယ်ပါတကယ်ပါ။”လို့ အံ့သြတကြီးချီးမွမ်းပြောဆိုခဲ့ပါသေးတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော .. ရွှေထူး၊ဝတ်မှုံရွှေရည်၊ဒေါင်းနဲ့ ရဲတိုက်တို့ လက်တွဲသရုပ်ဆောင်ထားတဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ကားကြီးရုံတင်တဲ့အခါ အားပေးဖို့အဆင်သင့်ပဲလား။

ဖိုးသူတော် (www.phothutaw.com)
Credit: Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top