မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဖားကန္႔တြင္ ပတၱျမားနဂါးကုမၸဏီက ၎တို႔ပိုင္ ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ားကို အလကား ေပးေန၍ ေရမေဆးအမ်ားစုပါ၀င္သည့္ ေဒသခံလူငါးရာခန္႔က သြားေရာက္ယူေဆာင္ေနေၾကာင္း ဖားကန္႔ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴးႏွင့္ ေဒသခံမ်ားက ေျပာသည္။

ဖားကန္႔ၿမိဳ႕နယ္ ဆိပ္မူေက်း ရြာအုပ္စု ယူမာေက်းရြာမွ ပတၱျမားနဂါး(ေဒသခံမ်ားက ေက်ာက္ စိမ္းနဂါးဟုေခၚ) ကုမၸဏီသည္ ၎တို႔ပိုင္ဆုိင္ေသာ ေက်ာက္စိမ္းအ႐ုိင္းတုံးမ်ားကို ဇူလုိင္ ၁၀ ရက္က စကာ အလကားေပးေနသည္ဟု ေဒသခံမ်ားကေျပာသည္။ ေပးေဝေနေသာ ေက်ာက္စိမ္းအ ႐ိုင္းတံုးမ်ားသည္ ျဖတ္ၿပီးသား အဆင့္နိမ့္အသားေက်ာက္မ်ား ျဖစ္ေသာ္လည္း ထုိက္သင့္သည့္ တန္ေၾကးရွိၿပီး ဆယ္ဘီး၊ ၁၂ ဘီး ယာဥ္အစီးေရ ၁၅၀ တိုက္စာခန္႔ ရွိသည္ဟုဆိုသည္။ အဆိုပါအ ဆင့္နိမ့္ေက်ာက္မ်ားကို ဆယ္ႏွစ္ ခန္႔ စုေဆာင္းခဲ့ရေၾကာင္း ပတၱျမားနဂါးကုမၸဏီဥကၠ႒ ဦးေနဝင္းထြန္း က ေျပာသည္။ ကုမၸဏီ၏ၿခံစည္း ႐ိုးမ်ား ပ်က္စီးေနရာမွ ယင္း ေက်ာက္မ်ားကို ေရမေဆးေက်ာက္ရွာေဖြသူမ်ားက ေတြ႕သြားၿပီး ဝင္ေရာက္ယူေဆာင္ၾကရာ တျဖည္းျဖည္း လူဦးေရမ်ားလာ၍ အလကားေပးလိုက္ရန္ ဆံုးျဖတ္ျခင္းျဖစ္ေၾကာင္း ၎က ဆက္ေျပာသည္။

‘‘အခုက လူအရမ္းမ်ားသြားၿပီ။ ရာ ဂဏန္းမွာ သြားၿပီး ရွင္းလို႔ရွိရင္ ရွင္းပံုရွင္းနည္းမမွန္ရင္ မလိုလားအပ္တဲ့ ပဋိပကၡျဖစ္ရင္ ကိုယ့္ႏိုင္ငံသားေတြပဲေလ။ မိုးတြင္းဆိုေတာ့ အခက္အခဲေတြလည္း ျဖစ္ေနၾကၿပီး သူတို႔ရဲ႕စားဝတ္ေနေရးေတြလည္း ခက္ေနေတာ့ ကိုယ့္ေလာကသားေတြပဲဆိုၿပီး အတၱစြဲမထားဘဲ ကၽြန္ေတာ္ကိုယ္တုိင္ ဦးစီးဦး ေဆာင္လုပ္ၿပီး ေပးလိုက္တာပါ’’ ဟု ဦးေနဝင္းထြန္းက ေျပာသည္။

မနက္ ၈ နာရီမွ ညေန ၅ နာရီအတြင္း လာေရာက္ယူေဆာင္ရန္ သတ္မွတ္ထားရာ ေရမေဆး ေက်ာက္ရွာေဖြသူမ်ားက ယင္းအ တိုင္း စနစ္တက်လိုက္နာၿပီး ေပ်ာ္ ေပ်ာ္ရႊင္ရႊင္ လာေရာက္သယ္ ေဆာင္သလို ၎ကိုလည္း ေမတၱာ ပို႔သေၾကာင္း ဦးေနဝင္းထြန္းက ဆိုသည္။

‘‘ကိုယ့္ပစၥည္းေတာ့ ကိုယ္ အိမ္မွာ သိမ္းထားတာ ဘယ္ေပး ခ်င္မလဲ။ ဒါေပမဲ့လည္း ဒီလိုျဖစ္ လာခ်ိန္မွာ ပစၥည္းထက္ လူေတြ ထိခိုက္မွာစိုးတာရယ္၊ တာဝန္ရွိ တဲ့သူေတြလည္း အခက္အခဲေတြ ျဖစ္ကုန္မွာရယ္စိုးတာေၾကာင့္ အမုန္းတရားမထားဘဲ အ႐ႈံးခံၿပီး ေမတၱာပဲ ရယူလိုက္တာပါပဲ’’ဟု၎က ဆုိသည္။

‘‘၀ယ္တဲ့သူေတြက ကားေတြနဲ႔ေစာင့္ၿပီး ၀ယ္ေနၾကတာ။ ေနရာမွာတင္ အေရာင္းအ၀ယ္ျဖစ္ေနတာ’’ဟု မ်က္ျမင္ေတြ႕ခဲ့သည့္ ေဒသခံ လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။

အလကားေပးသည့္ ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ားသည္ ကုမၸဏီ က ၎တို႔တူးေဖာ္ထားေသာ ေက်ာက္မ်ားအနက္ ႏွစ္ႀကိမ္မွ သုံးႀကိမ္အထိ ေရြးယူၿပီးမွ က်န္ ေသာ ေက်ာက္စိမ္းအ႐ုိင္းတုံးမ်ား ျဖစ္ၿပီး ေရမေဆးေက်ာက္ရွာေဖြ သူ ငါးရာခန္႔ ေန႔စဥ္လာေရာက္ယူေဆာင္ေနသည္ဟု ယူမာေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္လြင္က ေျပာသည္။ သို႔ေသာ္ လုပ္ကြက္အတြင္းရွိ ေက်ာက္စိမ္း ဂိုေဒါင္မ်ားကို ကာကြယ္ရန္လည္း ရဲတပ္ဖဲြ႕က လုံၿခံဳေရး ေစာင့္ၾကပ္ေပးေနသည္ဟု ဖားကန္႔ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေက်ာ္စြာေအာင္က ေျပာသည္။

‘‘မဆုိင္တဲ့ဟာေတြ ယူမွာစိုး လို႔ လုံၿခံဳေရးေပးထားရတယ္’’ ဟု ၎ကေျပာသည္။

ကုမၸဏီႏွင့္ ေရမေဆးေက်ာက္ရွာေဖြသူမ်ားအၾကား မၾကာခဏျဖစ္ေလ့ရွိသည့္ ဖားကန္႔ေဒသတြင္ ယခုကဲ့သို႔ ေက်ာက္စိမ္းအ႐ုိင္း တုံးမ်ား အလကား ေပးေ၀ျခင္း သည္ ရွားရွားပါးပါး ျဖစ္ရပ္ဟု ေဒသခံမ်ားက ေျပာသည္။

ေရမေဆးသမားမ်ားက ေက်ာက္စိမ္းအ႐ိုင္းတုံးမ်ားကို ေရြးခ်ယ္ေနစဥ္ (ဓာတ္ပံု − Zaw Gabar ေဖ့စ္ဘြတ္ခ္)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day news
# Unicode Version ျဖင့္ ဖတ္ပါ #
ဖားကန့်တွင် ပတ္တမြားနဂါးကုမ္ပဏီက ၎င်းတို့ပိုင် ကျောက်စိမ်းအရိုင်းတုံးများကို အလကား ပေးနေ၍ ရေမဆေးအများစုပါဝင်သည့် ဒေသခံလူငါးရာခန့်က သွားရောက်ယူဆောင်နေကြောင်း ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေး ရွာအုပ်စု ယူမာကျေးရွာမှ ပတ္တမြားနဂါး(ဒေသခံများက ကျောက် စိမ်းနဂါးဟုခေါ်) ကုမ္ပဏီသည် ၎င်းတို့ပိုင်ဆိုင်သော ကျောက်စိမ်းအရိုင်းတုံးများကို ဇူလိုင် ၁၀ ရက်က စကာ အလကားပေးနေသည်ဟု ဒေသခံများကပြောသည်။ ပေးဝေနေသော ကျောက်စိမ်းအ ရိုင်းတုံးများသည် ဖြတ်ပြီးသား အဆင့်နိမ့်အသားကျောက်များ ဖြစ်သော်လည်း ထိုက်သင့်သည့် တန်ကြေးရှိပြီး ဆယ်ဘီး၊ ၁၂ ဘီး ယာဉ်အစီးရေ ၁၅၀ တိုက်စာခန့် ရှိသည်ဟုဆိုသည်။ အဆိုပါအ ဆင့်နိမ့်ကျောက်များကို ဆယ်နှစ် ခန့် စုဆောင်းခဲ့ရကြောင်း ပတ္တမြားနဂါးကုမ္ပဏီဥက္ကဋ္ဌ ဦးနေဝင်းထွန်း က ပြောသည်။ ကုမ္ပဏီ၏ခြံစည်း ရိုးများ ပျက်စီးနေရာမှ ယင်း ကျောက်များကို ရေမဆေးကျောက်ရှာဖွေသူများက တွေ့သွားပြီး ဝင်ရောက်ယူဆောင်ကြရာ တဖြည်းဖြည်း လူဦးရေများလာ၍ အလကားပေးလိုက်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

‘‘အခုက လူအရမ်းများသွားပြီ။ ရာ ဂဏန်းမှာ သွားပြီး ရှင်းလို့ရှိရင် ရှင်းပုံရှင်းနည်းမမှန်ရင် မလိုလားအပ်တဲ့ ပဋိပက္ခဖြစ်ရင် ကိုယ့်နိုင်ငံသားတွေပဲလေ။ မိုးတွင်းဆိုတော့ အခက်အခဲတွေလည်း ဖြစ်နေကြပြီး သူတို့ရဲ့စားဝတ်နေရေးတွေလည်း ခက်နေတော့ ကိုယ့်လောကသားတွေပဲဆိုပြီး အတ္တစွဲမထားဘဲ ကျွန်တော်ကိုယ်တိုင် ဦးစီးဦး ဆောင်လုပ်ပြီး ပေးလိုက်တာပါ’’ ဟု ဦးနေဝင်းထွန်းက ပြောသည်။

မနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်း လာရောက်ယူဆောင်ရန် သတ်မှတ်ထားရာ ရေမဆေး ကျောက်ရှာဖွေသူများက ယင်းအ တိုင်း စနစ်တကျလိုက်နာပြီး ပျော် ပျော်ရွှင်ရွှင် လာရောက်သယ် ဆောင်သလို ၎င်းကိုလည်း မေတ္တာ ပို့သကြောင်း ဦးနေဝင်းထွန်းက ဆိုသည်။

‘‘ကိုယ့်ပစ္စည်းတော့ ကိုယ် အိမ်မှာ သိမ်းထားတာ ဘယ်ပေး ချင်မလဲ။ ဒါပေမဲ့လည်း ဒီလိုဖြစ် လာချိန်မှာ ပစ္စည်းထက် လူတွေ ထိခိုက်မှာစိုးတာရယ်၊ တာဝန်ရှိ တဲ့သူတွေလည်း အခက်အခဲတွေ ဖြစ်ကုန်မှာရယ်စိုးတာကြောင့် အမုန်းတရားမထားဘဲ အရှုံးခံပြီး မေတ္တာပဲ ရယူလိုက်တာပါပဲ’’ဟု၎င်းက ဆိုသည်။

‘‘ဝယ်တဲ့သူတွေက ကားတွေနဲ့စောင့်ပြီး ဝယ်နေကြတာ။ နေရာမှာတင် အရောင်းအဝယ်ဖြစ်နေတာ’’ဟု မျက်မြင်တွေ့ခဲ့သည့် ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

အလကားပေးသည့် ကျောက်စိမ်းအရိုင်းတုံးများသည် ကုမ္ပဏီ က ၎င်းတို့တူးဖော်ထားသော ကျောက်များအနက် နှစ်ကြိမ်မှ သုံးကြိမ်အထိ ရွေးယူပြီးမှ ကျန် သော ကျောက်စိမ်းအရိုင်းတုံးများ ဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေ သူ ငါးရာခန့် နေ့စဉ်လာရောက်ယူဆောင်နေသည်ဟု ယူမာကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ပြောသည်။ သို့သော် လုပ်ကွက်အတွင်းရှိ ကျောက်စိမ်း ဂိုဒေါင်များကို ကာကွယ်ရန်လည်း ရဲတပ်ဖွဲ့က လုံခြုံရေး စောင့်ကြပ်ပေးနေသည်ဟု ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။

‘‘မဆိုင်တဲ့ဟာတွေ ယူမှာစိုး လို့ လုံခြုံရေးပေးထားရတယ်’’ ဟု ၎င်းကပြောသည်။

ကုမ္ပဏီနှင့် ရေမဆေးကျောက်ရှာဖွေသူများအကြား မကြာခဏဖြစ်လေ့ရှိသည့် ဖားကန့်ဒေသတွင် ယခုကဲ့သို့ ကျောက်စိမ်းအရိုင်း တုံးများ အလကား ပေးဝေခြင်း သည် ရှားရှားပါးပါး ဖြစ်ရပ်ဟု ဒေသခံများက ပြောသည်။

ရေမဆေးသမားများက ကျောက်စိမ်းအရိုင်းတုံးများကို ရွေးချယ်နေစဉ် (ဓာတ်ပုံ − Zaw Gabar ဖေ့စ်ဘွတ်ခ်)

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day news
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top