မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×





Credit: popolay

#Unicode Version#
ဇူလိုင်လ ၉ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်းခရိုင် စန်ပါတောင်းတွင် အမျိုးသားတစ်ဦးက ၇၄ နှစ်အရွယ်အမျိုးသမီးကို အဓမ္မပြုကျင့် လည်ပင်းဖြတ်ကာ ဆွဲကြိုးနှင့် ပိုက်ဆံများ ယူပြီး ထွက်ပြေးတိမ်းရှောင်ခဲ့သည် ။

ဖြစ်စဉ်မှာ နှိုင်းမြင့်ထင်ယင့် အသက် ၃၀ သည် အလုပ်လုပ်ပြီး အိမ်အပြန်လမ်းတွင် အိမ်ရှေ့တွင် ထိုင်နေသော မ ------- ကိုတွေ့ပြီး ကာမစိတ်ပေါ်ကာ ရေတွင်းနားဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့သည် ။ ထိုရာတွင် မ ----- ကို နုတ်ပိတ်ဖို့အတွက် ဓားဖြင့် ရက်ရက်စက်စက် လည်ပင်းဖြတ်ခဲ့ပြီး လည်ပင်းတွင်ရှိ ဆွဲကြိုးနှင့် ပိုက်ဆံ ဘတ်တစ်သောင်း ( ကျပ် လေးသိန်းကျော် ) ကို ယူပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု သိရသည် ။

ရဲများက လိုက်လံစုံစမ်းခဲ့ရာ ပြေးမလွတ် ရဲများက ခြေရာများစုံစမ်းတွေ့ရှိခဲ့ပြီး တရာခံမှာ ပစ္စည်းလုယက်မှု ၊ လူသတ်မှုနှင့် ထောင်ကျခဲ့ဖူးသည်ဟု သိရသည် ။ တရားခံက ရဲစခန်းတွင် ပြောဆိုချက်များအရ - ဖြစ်စဉ်နေ့တွင် အရက်အနည်းသောက်ထားသည်ဟုဆိုပါတယ် ။ သူ၏ဇနီးက ကိုယ်ဝန်ဆောင်နေပြီး ဒီအတောအတွင်း ဇနီးနှင့် ကာမ မရှိတာကြောင့် မ ----- ကိုမြင်ပြီး ကာမစိတ်ပေါ်ကာ စိတ်ဖြည့်ဆည်းမှုဖြင့် လုပ်ဆောင်ခဲ့သည်ဟု ပြောပါတယ် ။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားလိုမှာ ဒဏ်ရာပြင်းထန်စွာရရှိတာကြောင့် ဆေးရုံသို့ပို့ဆောင်ထားပြီး တရာခံကို ရဲများက စစ်ဆေးချက်များပြုလုပ်ကာ ဥပဒေနှင့် အညီပြင်းထန်စွာ အရေးယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay


 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top