×

ျမန္မာ့ ဇာတ္သဘင္ေလာက ထဲမွာ ျမန္မာအက ကို အခ်ိဳးက်က် ကျပတတ္ၿပီး ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလး ပိုင္ဆိုင္ထားတဲ့ ဇာတ္သဘင္ မင္းသမီးေလး ဝင္းသေျပေမာင္ ဟာဆိုရင္ မိခင္ေမြးေန႔မွာ မိခင္ကို ေက်းဇူးဆပ္တဲ့အေန နဲ႔ သီလရွင္ဝတ္ခဲ့တာပဲ ျဖစ္ပါတယ္ ။ သူမကခုခ်ိန္မွာေတာ့ သူမရဲ႕ သီလရွင္ထြက္ခါစတုန္းက ႐ိုက္ကူးထားတဲ့ ပုံရိပ္တခ်ိဳ႕ က လူမူ႔ကြန္ယက္မွာ နာမည္ႀကီး ေနတာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးအတြက္ သဘင္မင္းသမီးေလး ဝင္းသေျပထြန္းရဲ႕ ပုံရိပ္ကေလးေတြကိုေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ႏိုင္ငံ ၁၇ ႏိုင္ငံမွာ ျမန္မာအကကို ကမာၻကသိေအာင္ျပသႏိုင္ခဲ့တဲ့ ဝင္းသေျပထြန္းဟာဆိုရင္ ပန္တ်ာ ေက်ာင္းဆင္း တစ္ေယာက္ပါ။ ၁၂ႏွစ္ အ႐ြယ္ေလာက္ ကစၿပီး ပန္တ်ာ ေက်ာင္းသူဘဝ နဲ႔သဘင္ပညာရပ္ေတြ ကို စတင္ေလ့လာ သင္ယူခဲ့သူကေတာ့ မႏၲေလး ဇာတိ ဇာတ္မင္းသမီးေလး ဝင္းသေျပထြန္း ပဲျဖစ္ပါတယ္။ ၁၅ႏွစ္ အ႐ြယ္မွာေတာ့ ပန္တ်ာ ေက်ာင္းဆင္းခဲ့ၿပီး မႏၲေလးယဥ္ေက်း မႈဝန္ႀကီး ဌာနမွာ ဝန္ထမ္းအျဖစ္ ၄ႏွစ္ ထမ္းေဆာင္ခဲ့ပါတယ္။

အဲဒီေနာက္ မွာေတာ့ ရႈမဝအၿငိမ့္မွာ အၿငိမ့္ ေခါင္းေဆာင္မင္း သမီးအျဖစ္ ၂ႏွစ္ကျပ ခဲ့ပါတယ္။ မိခင္ျဖစ္ သူနဲ႔အတူ ဧယင္က်ဴးေတြမွာ အၿငိမ့္ ကခဲ့ၿပီးေနာက္ပိုင္းမွာေတာ့ ကိုယ္ပိုင္ ဇာတ္ တည္ေထာင္ျဖစ္ခဲ့ပါတယ္။

အသက္ ၂ဝ အ႐ြယ္မွာ ဆရာမ ေဒၚမမႏိုင္ နဲ႔အတူ ျပည္ပေဖ်ာ္ ေျဖေရးေတြသြားေရာက္ျဖစ္ခဲ့ပါတယ္။ မင္းသမီးေလး ဝင္းသေျပထြန္းဟာဆိုရင္ နာမည္ႀကီးလူရွြင္ေတာ္မ်ားနဲ႔ က ျပေဖ်ာ္ေျဖေလ့ရွိၿပီးသူမ ရဲ႕ အႏုပညာကို အားေပးတဲ့ ပရိသတ္ မ်ားစြာရွိတာေၾကာင့္ သူမကို ခ်စ္တဲ့ပရိသတ္ မ်ားစြာလည္း ရွိပါတယ္။

မိခင္ျဖစ္သူရဲ႕ ေမြးေန႔မွာ မိခင္ကိုေက်းဇူးဆပ္တဲ့အေနနဲ႔ သီလရွင္ ၁လဝတ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဝင္းသေျပထြန္း အေနနဲ႔ သ႐ုပ္ေဆာင္ ေလာကထဲ ကိုေတာ့ ႐ြာဇာတ္လမ္းတြဲမွာ ပါဝင္ သ႐ုပ္ေဆာင္ရင္း ကေန အခုအခ်ိန္ မွာဆို ရင္ ေခါင္းေဆာင္ မင္းသမီးအျဖစ္ ဇ ာတ္ကား၇ ကား႐ိုက္ကူး ၿပီးခဲ့ၿပီ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ အိုက္တင္ပိုင္း နဲ႔ပတ္သက္ၿပီး ဇာတ္ကား ႐ိုက္ကူးတဲ့ ဒါ႐ိုက္တာေတြ အကုန္လုံး ကသင္ျပေပးကာ အခု လက္ရွိ မွာေတာ့ ဒါ႐ိုက္တာ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) ရဲ႕ သ႐ုပ္ေဆာင္ သင္တန္းမွာလည္း တက္ေရာက္ ေနပါတယ္။

ဝင္းသေျပထြန္း ပထမဆုံး သြားေရာက္ေဖ်ာ္ ေျဖရတဲ့ ျပည္ပႏိုင္ငံ ကေတာ့ မကၠဆီ ကိုႏိုင္ငံ ပဲျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ လည္း ျပည္ပေဖ်ာ္ေျဖေရးေတြ ကို ဆရာမ ေဒၚမမႏိုင္ နဲ႔အတူ ဆက္တိုက္သြားျဖစ္ ခဲ့ၿပီး ႏိုင္ငံေပါင္း ၁၄ ႏိုင္ငံေလာက္ အထိ သြားေရာက္ေဖ်ာ္ေျဖခြင့္ ရခဲ့ပါတယ္။ သူမက “ျပည္ပမွာ သြားကတဲ့အခါ ကိုယ္ကတဲ့ အကအေပၚမွာ မူတည္ၿပီး သူတို႔နားလည္ ႏိုင္မယ့္ ဟန္ပန္ေတြပါမယ့္ အကမ်ိဳးေတြ ကတယ္။ သူတို႔ႏိုင္ငံေတြ ကအက က တအား မာေက်ာတယ္။ ျမန္မာေတြ လိုေကာက္ေကြး ၿပီးေတာ့ မကတတ္ဘူး။

ဒါေၾကာင့္ ညီမတို႔ကၿပီး သြားရင္ သူတို႔ စိတ္ထဲမွာ တအားကို ထူးထူးျခား ျခားျဖစ္သြားတယ္။သူတို႔ က ျမန္မာအကကို တအား သေဘာက် တယ္။ ကိုယ္သြားတဲ့ အခ်ိန္ ခဏေလးမွာ လည္းကိုယ့္အက ကို လည္းသူတို႔ သင္ၾကတယ္။ သူတို႔အကကို လည္း ျပန္သင္ေပးတယ္။ “လို႔ သူမက မီဒီယာတစ္ခုမွာ ေျဖထားတာလည္း ရွိပါတယ္။

ႏိုင္ငံ ၁၇ ႏိုင္ငံမွာ ျမန္မာအကကို ကမာၻကသိေအာင္ျပသႏိုင္ခဲ့တဲ့ ဝင္းသေျပထြန္းရဲ႕အမိုက္စားပုံရိပ္ကေလးေတြကို ပရိသတ္ႀကီး သေဘာက်လိမ့္မယ္ ထင္ပါတယ္။

ခ်စ္ပရိသတ္ႀကီးကလည္း သဘင္မင္းသမီးေလး ဝင္းသေျပထြန္း ရဲ႕အႏုပညာလုွပ္ရွားမုွေတြကို အားေပးၿပီး သူမကို ခ်စ္ေပးၾကပါဦးေနာ္။

Source;win Tha pyay Tun’s facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Moekalay
# Unicode Version ျဖင့္ ဖတ္ပါ #
မြန်မာ့ ဇာတ်သဘင်လောက ထဲမှာ မြန်မာအက ကို အချိုးကျကျ ကပြတတ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေး ပိုင်ဆိုင်ထားတဲ့ ဇာတ်သဘင် မင်းသမီးလေး ဝင်းသပြေမောင် ဟာဆိုရင် မိခင်မွေးနေ့မှာ မိခင်ကို ကျေးဇူးဆပ်တဲ့အနေ နဲ့ သီလရှင်ဝတ်ခဲ့တာပဲ ဖြစ်ပါတယ် ။ သူမကခုချိန်မှာတော့ သူမရဲ့ သီလရှင်ထွက်ခါစတုန်းက ရိုက်ကူးထားတဲ့ ပုံရိပ်တချို့ က လူမူ့ကွန်ယက်မှာ နာမည်ကြီး နေတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် သဘင်မင်းသမီးလေး ဝင်းသပြေထွန်းရဲ့ ပုံရိပ်ကလေးတွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

နိုင်ငံ ၁၇ နိုင်ငံမှာ မြန်မာအကကို ကမ္ဘာကသိအောင်ပြသနိုင်ခဲ့တဲ့ ဝင်းသပြေထွန်းဟာဆိုရင် ပန်တျာ ကျောင်းဆင်း တစ်ယောက်ပါ။
၁၂နှစ် အရွယ်လောက် ကစပြီး ပန်တျာ ကျောင်းသူဘဝ နဲ့သဘင်ပညာရပ်တွေ ကို စတင်လေ့လာ သင်ယူခဲ့သူကတော့ မန္တလေး ဇာတိ ဇာတ်မင်းသမီးလေး ဝင်းသပြေထွန်း ပဲဖြစ်ပါတယ်။ ၁၅နှစ် အရွယ်မှာတော့ ပန်တျာ ကျောင်းဆင်းခဲ့ပြီး မန္တလေးယဉ်ကျေး မှုဝန်ကြီး ဌာနမှာ ဝန်ထမ်းအဖြစ် ၄နှစ် ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် မှာတော့ ရှုမဝအငြိမ့်မှာ အငြိမ့် ခေါင်းဆောင်မင်း သမီးအဖြစ် ၂နှစ်ကပြ ခဲ့ပါတယ်။ မိခင်ဖြစ် သူနဲ့အတူ ဧယင်ကျူးတွေမှာ အငြိမ့် ကခဲ့ပြီးနောက်ပိုင်းမှာတော့ ကိုယ်ပိုင် ဇာတ် တည်ထောင်ဖြစ်ခဲ့ပါတယ်။

အသက် ၂ဝ အရွယ်မှာ ဆရာမ ဒေါ်မမနိုင် နဲ့အတူ ပြည်ပဖျော် ဖြေရေးတွေသွားရောက်ဖြစ်ခဲ့ပါတယ်။ မင်းသမီးလေး ဝင်းသပြေထွန်းဟာဆိုရင် နာမည်ကြီးလူရှွင်တော်များနဲ့ က ပြဖျော်ဖြေလေ့ရှိပြီးသူမ ရဲ့ အနုပညာကို အားပေးတဲ့ ပရိသတ် များစွာရှိတာကြောင့် သူမကို ချစ်တဲ့ပရိသတ် များစွာလည်း ရှိပါတယ်။

မိခင်ဖြစ်သူရဲ့ မွေးနေ့မှာ မိခင်ကိုကျေးဇူးဆပ်တဲ့အနေနဲ့ သီလရှင် ၁လဝတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဝင်းသပြေထွန်း အနေနဲ့ သရုပ်ဆောင် လောကထဲ ကိုတော့ ရွာဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ရင်း ကနေ အခုအချိန် မှာဆို ရင် ခေါင်းဆောင် မင်းသမီးအဖြစ် ဇ ာတ်ကား၇ ကားရိုက်ကူး ပြီးခဲ့ပြီ ဖြစ်ပါတယ်။ သရုပ်ဆောင် အိုက်တင်ပိုင်း နဲ့ပတ်သက်ပြီး ဇာတ်ကား ရိုက်ကူးတဲ့ ဒါရိုက်တာတွေ အကုန်လုံး ကသင်ပြပေးကာ အခု လက်ရှိ မှာတော့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ သရုပ်ဆောင် သင်တန်းမှာလည်း တက်ရောက် နေပါတယ်။

ဝင်းသပြေထွန်း ပထမဆုံး သွားရောက်ဖျော် ဖြေရတဲ့ ပြည်ပနိုင်ငံ ကတော့ မက္ကဆီ ကိုနိုင်ငံ ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ လည်း ပြည်ပဖျော်ဖြေရေးတွေ ကို ဆရာမ ဒေါ်မမနိုင် နဲ့အတူ ဆက်တိုက်သွားဖြစ် ခဲ့ပြီး နိုင်ငံပေါင်း ၁၄ နိုင်ငံလောက် အထိ သွားရောက်ဖျော်ဖြေခွင့် ရခဲ့ပါတယ်။ သူမက “ပြည်ပမှာ သွားကတဲ့အခါ ကိုယ်ကတဲ့ အကအပေါ်မှာ မူတည်ပြီး သူတို့နားလည် နိုင်မယ့် ဟန်ပန်တွေပါမယ့် အကမျိုးတွေ ကတယ်။ သူတို့နိုင်ငံတွေ ကအက က တအား မာကျောတယ်။ မြန်မာတွေ လိုကောက်ကွေး ပြီးတော့ မကတတ်ဘူး။

ဒါကြောင့် ညီမတို့ကပြီး သွားရင် သူတို့ စိတ်ထဲမှာ တအားကို ထူးထူးခြား ခြားဖြစ်သွားတယ်။သူတို့ က မြန်မာအကကို တအား သဘောကျ တယ်။ ကိုယ်သွားတဲ့ အချိန် ခဏလေးမှာ လည်းကိုယ့်အက ကို လည်းသူတို့ သင်ကြတယ်။ သူတို့အကကို လည်း ပြန်သင်ပေးတယ်။ “လို့ သူမက မီဒီယာတစ်ခုမှာ ဖြေထားတာလည်း ရှိပါတယ်။

နိုင်ငံ ၁၇ နိုင်ငံမှာ မြန်မာအကကို ကမ္ဘာကသိအောင်ပြသနိုင်ခဲ့တဲ့ ဝင်းသပြေထွန်းရဲ့အမိုက်စားပုံရိပ်ကလေးတွေကို ပရိသတ်ကြီး သဘောကျလိမ့်မယ် ထင်ပါတယ်။

ချစ်ပရိသတ်ကြီးကလည်း သဘင်မင်းသမီးလေး ဝင်းသပြေထွန်း ရဲ့အနုပညာလုှပ်ရှားမုှတွေကို အားပေးပြီး သူမကို ချစ်ပေးကြပါဦးနော်။

Source;win Tha pyay Tun’s facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Moekalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top