န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

မၾကာေသးခင္ကမွာ အကယ္ဒမီဆုၾကီးကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးသြားခဲ့တဲ့ မင္းသားတစ္ေယာက္ျဖစ္တဲ့ ျမင့္ျမတ္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးမႈခ်စ္ခင္မႈေတြကို ပိုပိုၿပီးေတာ့ ရရွိေနတဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။

2017 အတြက္ကံေကာင္းခ်င္းေတြရရွိခဲ့တဲ့ ပရိတ္သတ္ အားေပးမႈ အျမင့္ဆံုးရရွိထားသူ အကယ္ဒမီျမင့္ျမတ္ကေတာ့ လာမယ့္ ၾသဂုတ္လမွာဆိုရင္ ရင္ေသြးေလးေမြးဖြားေတာ့မွာေႀကာင့္ ကေလးအေဖျဖစ္ေတာ့မွာပါ။

လတ္တေလာမွာေတာ့ ျမင္ျမတ္ပါဝင္သရုပ္ေဆာင္ထားတဲ့ ပရိသတ္ေတြ စိတ္ဝင္တစားရွိလွတဲ့ ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဇာတ္ကားကုိ ဇူလုိင္လ ၁၃ ရက္ေန႔မွာ ရုံတင္ျပသသြားမွာပါ။ ဒီဇာတ္ကား ထဲမွာေတာ့ ပရိသတ္အားေပးမႈအမ်ားႀကီးရရွိထားတဲ့ သရုပ္ေဆာင္ေတြက ပါဝင္ထားတာျဖစ္ပါတယ္။ ဒီဇာတ္ကား ထဲမွာ အိမ္သာေရကုိ တကယ္ေသာက္ခဲ့ရတဲ့ ဟာသဇာတ္ဝင္ခန္းေတြ ကုိလည္းေတြ႔ျမင္ရမွာျဖစ္ပါတယ္။

“ေဘာ္ေဘာ္ကေထွာ္”မွာသရုပ္ေဆာင္ရတာနဲ႕ပတ္သတ္ျပီးျမင့္ျမတ္ကေျပာျပလာပါတယ္။ “ေဘာ္ေဘာ္ကေထွာ္” ႐ုပ္ရွင္မွာ ဖင္ေျပာင္နဲ႔ သ႐ုပ္ေဆာင္ ခဲ့ရတာ ေတာ္ေတာ္ ရွက္မိပါတယ္။ ရွက္ဖို႔လည္း ေကာင္းပါတယ္၊ ေတာ္ေတာ္ေလး မ်က္ႏွာပူတယ္” လို႔ေျပာလာခဲ့ပါတယ္။

ဒါရုိက္တာ ကုိေပါက္႐ိုက္ကူးတဲ့ေဘာ္ေဘာ္ကေထွာ္ရုပ္ရွင္ဇာတ္ကားကုိ ဇူလုိင္လ ၁၃ ရက္ေန႔ကစၿပီး ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အဆင့္ျမင့္ရုပ္ရွင္ရုံေတြမွာ ရုံတင္ျပသသြားမွာ ျဖစ္ပါတယ္။ ဒီဇာတ္ကားထဲမွာ ျမင့္ျမတ္၊ ရာဇာေနဝင္း၊ ခင္လႈိင္၊ ဂ်ဳိကာ၊ ေရႊသမီး၊ ဆုအိမ့္စံ နဲ႔ မုဏ္း တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM
# Unicode Version ျဖင့္ ဖတ္ပါ #
မကြာသေးခင်ကမှာ အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်တဲ့ မြင့်မြတ်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုချစ်ခင်မှုတွေကို ပိုပိုပြီးတော့ ရရှိနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

2017 အတွက်ကံကောင်းချင်းတွေရရှိခဲ့တဲ့ ပရိတ်သတ် အားပေးမှု အမြင့်ဆုံးရရှိထားသူ အကယ်ဒမီမြင့်မြတ်ကတော့ လာမယ့် သြဂုတ်လမှာဆိုရင် ရင်သွေးလေးမွေးဖွားတော့မှာကြောင့် ကလေးအဖေဖြစ်တော့မှာပါ။

လတ်တလောမှာတော့ မြင်မြတ်ပါဝင်သရုပ်ဆောင်ထားတဲ့ ပရိသတ်တွေ စိတ်ဝင်တစားရှိလှတဲ့ ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၃ ရက်နေ့မှာ ရုံတင်ပြသသွားမှာပါ။ ဒီဇာတ်ကား ထဲမှာတော့ ပရိသတ်အားပေးမှုအများကြီးရရှိထားတဲ့ သရုပ်ဆောင်တွေက ပါဝင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကား ထဲမှာ အိမ်သာရေကို တကယ်သောက်ခဲ့ရတဲ့ ဟာသဇာတ်ဝင်ခန်းတွေ ကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။

“ဘော်ဘော်ကထှော်”မှာသရုပ်ဆောင်ရတာနဲ့ပတ်သတ်ပြီးမြင့်မြတ်ကပြောပြလာပါတယ်။ “ဘော်ဘော်ကထှော်” ရုပ်ရှင်မှာ ဖင်ပြောင်နဲ့ သရုပ်ဆောင် ခဲ့ရတာ တော်တော် ရှက်မိပါတယ်။ ရှက်ဖို့လည်း ကောင်းပါတယ်၊ တော်တော်လေး မျက်နှာပူတယ်” လို့ပြောလာခဲ့ပါတယ်။

ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၁၃ ရက်နေ့ကစပြီး ရန်ကုန်မြို့မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မြင့်မြတ်၊ ရာဇာနေဝင်း၊ ခင်လှိုင်၊ ဂျိုကာ၊ ရွှေသမီး၊ ဆုအိမ့်စံ နဲ့ မုဏ်း တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top