ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

တရုတ္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ ဟာ သူ႔ရဲ ႔ခ်စ္သူေကာင္မေလးကို လက္ထပ္ခြင့္ေတာင္းဖို႔အတြက္ ရိုမန္တစ္ဆန္တဲ့ အျပင္အဆင္ေတြ ဖန္တီးၿပီး ႀကိဳးစားခဲ့ပါတယ္။ ဒါေပမယ့္ သူလက္ထပ္ခြင့္ေတာင္းတဲ့ လက္စြပ္မွာပါတဲ့ စိန္ပြင့္ကေသးငယ္ေနတာေၾကာင့္ သူ႔ရဲ ႔ခ်စ္သူေကာင္မေလးက သူ႔ရဲ ႔လက္ထပ္ခြင့္ေတာင္းမႈ ကိုျငင္းဆိုလိုက္တယ္လို႔ သိရပါတယ္။

တရုတ္ႏုိင္ငံ ၊ အေနာက္ေတာင္ပိုင္းမွာရွိတဲ့ Chengdu ၿမိဳ ႔မွာ ေနထိုင္တဲ့ ေကာင္မေလးဟာ သူမရဲ ႔ခ်စ္သူေကာင္ေလးက ဒူးတစ္ဖက္ေထာက္ၿပီး သူမကို လက္ထပ္ခြင့္ေတာင္းဖို႔ ျပင္ဆင္လိုက္တဲ့အခါမွာ မ်က္ရည္က်ခဲ့ရပါတယ္။

ဒါေပမယ့္ လည္း ေကာင္ေလးက လက္ထပ္ခြင့္ေတာင္းဖို႔အတြက္ လက္စြပ္ဘူး ကိုဖြင့္လိုက္တဲ့အခါမွာေတာ့ လက္စြပ္ေပၚက ေက်ာက္(စိန္အတု) ကိုေတြ႔ ၿပီးတဲ့ေနာက္ သူမဟာ လွည့္ထြက္သြားခဲ့တယ္လို႔ People’s Daily Online သတင္းဌာနက ေဖာ္ျပထားပါတယ္။

ေကာင္ေလးက ဒူးေထာက္ၿပီး လက္ထပ္ခြင့္ေတာင္းေနစဥ္မွာလည္း ႀကိဳတင္ျပင္ဆင္ထားတဲ့ ေကာင္ေလး ရဲ ႔အဖြဲ႔ေတြက ေဘးတစ္ဖက္မွာ အက တင္ဆက္မႈေတြလုပ္ေနသလို တစ္ခ်ိဳ ႔ကလည္း ႀကီးမားတဲ့ ႏွင္းဆီ ပန္းစည္းေတြကို သယ္ေဆာင္လာေနခဲ့တာျဖစ္ၿပီး အရမ္းကို ရိုမန္တစ္ ဆန္တဲ့ ျမင္ကြင္းမ်ိဳးျဖစ္ေနခဲ့တာပါ။

ေကာင္မေလးက လွည့္မထြက္သြားခင္မွာပဲ ေကာင္ေလးကို “ငါတို႔သေဘာတူထားတာက ၁ ကာရက္ စိန္လက္စြပ္ေလ။ ဘာလို႔ အခုအရမ္းေသးေနရတာလဲ” လို႔ ေျပာသြားေၾကာင္း သတင္းဌာန က ေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ThitHtooLwin
# Unicode Version ျဖင့္ ဖတ္ပါ #
တရုတ်နိုင်ငံက အမျိုးသားတစ်ယောက် ဟာ သူ့ရဲ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့အတွက် ရိုမန်တစ်ဆန်တဲ့ အပြင်အဆင်တွေ ဖန်တီးပြီး ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူလက်ထပ်ခွင့်တောင်းတဲ့ လက်စွပ်မှာပါတဲ့ စိန်ပွင့်ကသေးငယ်နေတာကြောင့် သူ့ရဲ့ချစ်သူကောင်မလေးက သူ့ရဲ့လက်ထပ်ခွင့်တောင်းမှု ကိုငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံ ၊ အနောက်တောင်ပိုင်းမှာရှိတဲ့ Chengdu မြို့မှာ နေထိုင်တဲ့ ကောင်မလေးဟာ သူမရဲ့ချစ်သူကောင်လေးက ဒူးတစ်ဖက်ထောက်ပြီး သူမကို လက်ထပ်ခွင့်တောင်းဖို့ ပြင်ဆင်လိုက်တဲ့အခါမှာ မျက်ရည်ကျခဲ့ရပါတယ်။

ဒါပေမယ့် လည်း ကောင်လေးက လက်ထပ်ခွင့်တောင်းဖို့အတွက် လက်စွပ်ဘူး ကိုဖွင့်လိုက်တဲ့အခါမှာတော့ လက်စွပ်ပေါ်က ကျောက်(စိန်အတု) ကိုတွေ့ ပြီးတဲ့နောက် သူမဟာ လှည့်ထွက်သွားခဲ့တယ်လို့ People’s Daily Online သတင်းဌာနက ဖော်ပြထားပါတယ်။

ကောင်လေးက ဒူးထောက်ပြီး လက်ထပ်ခွင့်တောင်းနေစဉ်မှာလည်း ကြိုတင်ပြင်ဆင်ထားတဲ့ ကောင်လေး ရဲ့အဖွဲ့တွေက ဘေးတစ်ဖက်မှာ အက တင်ဆက်မှုတွေလုပ်နေသလို တစ်ချို့ကလည်း ကြီးမားတဲ့ နှင်းဆီ ပန်းစည်းတွေကို သယ်ဆောင်လာနေခဲ့တာဖြစ်ပြီး အရမ်းကို ရိုမန်တစ် ဆန်တဲ့ မြင်ကွင်းမျိုးဖြစ်နေခဲ့တာပါ။

ကောင်မလေးက လှည့်မထွက်သွားခင်မှာပဲ ကောင်လေးကို “ငါတို့သဘောတူထားတာက ၁ ကာရက် စိန်လက်စွပ်လေ။ ဘာလို့ အခုအရမ်းသေးနေရတာလဲ” လို့ ပြောသွားကြောင်း သတင်းဌာန က ဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ThitHtooLwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top