ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကခ်င္ျပည္နယ္ မိုးညႇင္းၿမိဳ႕ ေအာင္သေျပရပ္ကြက္တြင္အသက္ သံုးႏွစ္အရြယ္မိန္းကေလးတစ္ဦးအား အသက္(၅၅ႏွစ္)အရြယ္ အမ်ဳိးသား တစ္ဦးကသားမယားအျဖစ္ျပဳက်င့္ ခဲ့သျဖင့္က်ဴးလြန္သူအမ်ဳိးသားအား ဥပေဒႏွင့္အညီ အေရးယူထား ေၾကာင္း သိရသည္။

ျဖစ္ပြားပုံမွာ ယမန္ေန႔ မြန္း တည့္၁၂နာရီတြင္မိုးညႇင္းၿမိဳ႕ေအာင္ သေျပ(၂)ရပ္ကြက္ေန ေဒၚခါးမိုင္ သည္သမီးျဖစ္သူမထြယ္ဇင္ေအာင္ (သံုးႏွစ္)ႏွင့္အတူ အိမ္ေရွ႕ မ်က္ ေစာင္းထိုး ေနအိမ္ရွိ ဦးတူးလြန္ ၏ ေနအိမ္သို႔သြားေရာက္၍ ဦးတူး လြန္၏ ဇနီးျဖစ္သူ ေဒၚေစာေဆာင္ ႏွင့္အတူ လက္ဖက္ေမႊးသြားခူး ေသာခင္ပြန္းျဖစ္သူအတြက္ထမင္း ထုပ္ပို႔ရန္ သြားေရာက္ေမးျမန္းခဲ့ သည္။

ဦးတူးလြန္ကထမင္းထုပ္သြား မပို႔နဲ႕ေတာ့ဟုေျဟသျဖင့္ ေဒၚခါး မိုင္ကေနအိမ္သို႔ျပန္မည္ျပဳစဥ္ဦးတူး လြန္က မထြယ္ဇင္ေအာင္အားထား ခဲ့ရန္ေျဟခဲ့ရာ ယခင္ကလည္း ထိုကဲ့သို႔ ထားခဲ့ေလ့ရွိသျဖင့္ ေဒၚခါးမိုင္ကမထြယ္ဇင္ေအာင္အား ထားခဲ့ၿပီးေနအိမ္သို႔ျပန္ကာေက်ာင္း တက္ေနသည့္သမီးမ်ားျဖစ္ေသာ မဂ်ီတြန္(၁၈ႏွစ္)ႏွင့္ မထုမိုင္ (၁၆ႏွစ္)တို႔ေက်ာင္းျပန္လာလွ်င္စား ေသာက္ရန္ျပင္ဆင္ခဲ့သည္။

ထို႔ေနာက္ မြန္းလဲြ ၁ နာရီတြင္ ဦးတူးလြန္၏ေနအိမ္တြင္ ထားခဲ့ ေသာသမီးျဖစ္သူမထြယ္ဇင္ေအာင္ အား သြားေရာက္ေခၚေဆာင္ခဲ့ရာ မထြယ္ဇင္ေအာင္က အမူအရာျဖင့္ ျပ၍ ၄င္းအား ဦးတူးလြန္က သားမယားအျဖစ္ျပဳက်င့္ေၾကာင္း ျပသခဲ့သျဖင့္မထြယ္ဇင္ေအာင္ဝတ္ ထားေသာေဘာင္းဘီအားခြၽတ္ၾကည့္ ရာ မိန္းမတန္ဆာတြင္ ေသြးမ်ား ထြက္ေနသည္ကို ေတြ႕ရွိရသည္။
ထို႔ေနာက္ မထြယ္ဇင္ေအာင္ က ဗိုက္ေအာင့္သည္ေျဟသျဖင့္ ေဒၚခါးမိုင္က က်န္းမာေရးဆရာမ ေဒၚဂ်ာေကာ့အားျပသၿပီး ေအာင္ သေျပရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးေနာ္လာအားအေၾကာင္းၾကား ကာ မိုးညႇင္းခ႐ိုင္ေဆး႐ံုသို႔ ပို႔ ေဆာင္၍ေဆးကုသမႈခံယူခဲ့သည္။

ထို႔ေနာက္ ေဒၚခါးမိုင္က တရားလိုျပဳလုပ္၍ ယမန္ေန႔ ည ၉ နာရီ ငါးမိနစ္တြင္ အမႈဖြင့္လွစ္ခဲ့ သျဖင့္ သက္ငယ္မုဒိမ္းမႈက်ဴးလြန္ သူ ဦးတူးလြန္(၅၅ႏွစ္) ေအာင္ သေျပ(၁)ရပ္ကြက္ အိမ္အမွတ္ (၃၈၅) မိုးညႇင္းၿမိဳ႕ ေနထိုင္သူအား မိုးညႇင္းၿမိဳ႕မရဲစခန္းမွ (ပ)၁၈၂/ ၂ဝ၁၈၊ ပုဒ္မ (၃၇၆)အမႈႀကီး အမွတ္စဥ္(၃/၂ဝ၁၈)ျဖင့္ အမႈ ေရးဖြင့္ကာ ဦးတူးလြန္အားဖမ္း ဆီးစစ္ေဆးလ်က္ရွိေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကခ်င္ေျမနဂါး
The Union Daily
https://www.facebook.com/uniondaily.net

#Unicode Version#
ကချင်ပြည်နယ် မိုးညှင်းမြို့ အောင်သပြေရပ်ကွက်တွင်အသက် သုံးနှစ်အရွယ်မိန်းကလေးတစ်ဦးအား အသက်(၅၅နှစ်)အရွယ် အမျိုးသား တစ်ဦးကသားမယားအဖြစ်ပြုကျင့် ခဲ့သဖြင့်ကျူးလွန်သူအမျိုးသားအား ဥပဒေနှင့်အညီ အရေးယူထား ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ယမန်နေ့ မွန်း တည့်၁၂နာရီတွင်မိုးညှင်းမြို့အောင် သပြေ(၂)ရပ်ကွက်နေ ဒေါ်ခါးမိုင် သည်သမီးဖြစ်သူမထွယ်ဇင်အောင် (သုံးနှစ်)နှင့်အတူ အိမ်ရှေ့ မျက် စောင်းထိုး နေအိမ်ရှိ ဦးတူးလွန် ၏ နေအိမ်သို့သွားရောက်၍ ဦးတူး လွန်၏ ဇနီးဖြစ်သူ ဒေါ်စောဆောင် နှင့်အတူ လက်ဖက်မွှေးသွားခူး သောခင်ပွန်းဖြစ်သူအတွက်ထမင်း ထုပ်ပို့ရန် သွားရောက်မေးမြန်းခဲ့ သည်။

ဦးတူးလွန်ကထမင်းထုပ်သွား မပို့နဲ့တော့ဟုဟြေသဖြင့် ဒေါ်ခါး မိုင်ကနေအိမ်သို့ပြန်မည်ပြုစဉ်ဦးတူး လွန်က မထွယ်ဇင်အောင်အားထား ခဲ့ရန်ဟြေခဲ့ရာ ယခင်ကလည်း ထိုကဲ့သို့ ထားခဲ့လေ့ရှိသဖြင့် ဒေါ်ခါးမိုင်ကမထွယ်ဇင်အောင်အား ထားခဲ့ပြီးနေအိမ်သို့ပြန်ကာကျောင်း တက်နေသည့်သမီးများဖြစ်သော မဂျီတွန်(၁၈နှစ်)နှင့် မထုမိုင် (၁၆နှစ်)တို့ကျောင်းပြန်လာလျှင်စား သောက်ရန်ပြင်ဆင်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် ဦးတူးလွန်၏နေအိမ်တွင် ထားခဲ့ သောသမီးဖြစ်သူမထွယ်ဇင်အောင် အား သွားရောက်ခေါ်ဆောင်ခဲ့ရာ မထွယ်ဇင်အောင်က အမူအရာဖြင့် ပြ၍ ၎င်းအား ဦးတူးလွန်က သားမယားအဖြစ်ပြုကျင့်ကြောင်း ပြသခဲ့သဖြင့်မထွယ်ဇင်အောင်ဝတ် ထားသောဘောင်းဘီအားချွတ်ကြည့် ရာ မိန်းမတန်ဆာတွင် သွေးများ ထွက်နေသည်ကို တွေ့ရှိရသည်။
ထို့နောက် မထွယ်ဇင်အောင် က ဗိုက်အောင့်သည်ဟြေသဖြင့် ဒေါ်ခါးမိုင်က ကျန်းမာရေးဆရာမ ဒေါ်ဂျာကော့အားပြသပြီး အောင် သပြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနော်လာအားအကြောင်းကြား ကာ မိုးညှင်းခရိုင်ဆေးရုံသို့ ပို့ ဆောင်၍ဆေးကုသမှုခံယူခဲ့သည်။

ထို့နောက် ဒေါ်ခါးမိုင်က တရားလိုပြုလုပ်၍ ယမန်နေ့ ည ၉ နာရီ ငါးမိနစ်တွင် အမှုဖွင့်လှစ်ခဲ့ သဖြင့် သက်ငယ်မုဒိမ်းမှုကျူးလွန် သူ ဦးတူးလွန်(၅၅နှစ်) အောင် သပြေ(၁)ရပ်ကွက် အိမ်အမှတ် (၃၈၅) မိုးညှင်းမြို့ နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ (ပ)၁၈၂/ ၂ဝ၁၈၊ ပုဒ်မ (၃၇၆)အမှုကြီး အမှတ်စဉ်(၃/၂ဝ၁၈)ဖြင့် အမှု ရေးဖွင့်ကာ ဦးတူးလွန်အားဖမ်း ဆီးစစ်ဆေးလျက်ရှိကြောင်း သိရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ကချင်မြေနဂါး
The Union Daily
https://www.facebook.com/uniondaily.net
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top