×

တစ္ေန႔တာလုပ္ငန္းေဆာင္တာေတြၿပီးလို႔ ညေနေစာင္းမွာ ဇက္ေၾကာတက္ျခင္းကို ေန႔တိုင္းနီးပါးခံစားေနရတဲ့ေယာင္းတို႔မ်ား ရွိေနမလားဟင္… ကဲ အက္ဒမင္ထင္တယ္ ကြန္ပ်ဴတာေရွ႕မွာ ထိုင္ၿပီးအလုပ္လုပ္ ေနရတဲ့ေယာင္းတို႔က ပိုမ်ားေနမွာ အေသခ်ာပါပဲ။ ေယာင္းတို႔ သိၾကတဲ့အတိုင္း အခုေခတ္က ကြန္ပ်ဴတာေခတ္၊ ဖုန္းေခတ္၊ I Pad ေခတ္ကိုး။ ဒီေဆာင္းပါးမေရးခင္အထိ အက္ဒမင္သည္လည္း ေနရာတကာ ဖုန္းသံုးၿပီး ဇက္ေၾကာတက္ေနသူႀကီး တစ္ေယာက္ပါ။

ဇက္ေၾကာတက္တယ္ဆိုတာ လည္ပင္းတစ္ဝိုက္က ၾကြက္သားေတြ ေတာင့္တင္းလာတာေၾကာင့့္ျဖစ္ရတာမို႔

_ဖုန္းကို ေခါင္းငံု႔ၿပီးသံုးတဲ့အခါ

_ေခါင္းလႈပ္ရွားမႈအရမ္းမ်ားရတာ

_က်ီးေပါင္းတက္တဲ့အခါ

_လည္ပင္း ဒဏ္ရာရတဲ့အခါေတြမွာ အျဖစ္မ်ားပါတယ္။

သက္သာေစဖို႔နည္းလမ္းကိုေျပာပါဆိုရင္

၁) ထိုင္ခံုအေနအထားကို ေျပာင္းၾကည့္ဖို႔ အႀကံေပးပါရေစ ေယာင္းတို႔ေရ။

ထိုင္ခံုအေနအထားဟာ ခႏၶာကိုယ္ သက္ေတာင့္သက္သာျဖစ္ေစမယ့္ပံုစံ ေျခေထာက္ဟာ ၾကမ္းျပင္နဲ႔ ထိေနသင့္ၿပီး တင္ပါးထက္စာရင္ ဒူးေခါင္းက နိမ့္ေနဖို႔လိုပါတယ္။ ကြန္ပ်ဴတာ မ်က္ႏွာျပင္ဟာ မ်က္စိနဲ႔ တစ္တန္းတည္းျဖစ္ေနရဲ႕လား ျပန္ဆန္းစစ္ပါ။ တစ္ေနကုန္ သံုးေနရတဲ့ကြန္ပ်ဴတာမ်က္ႏွာျပင္ဟာ မ်က္စိနဲ႔ တစ္တန္းတည္း ျဖစ္ေစဖို႔ ေနရာအေနအထားကို ျပင္လိုက္ပါ။ ဒီလိုဆို တစ္ေနကုန္ လည္ပင္းမေညာင္းဘဲ သက္သက္သာသာၾကည့္ေနႏိုင္မွာပါ။

၂) တစ္နာရီျပည့္တိုင္း ခႏၶာကိုယ္အေၾကာဆန္႔ဖို႔ သတိမေမ့ပါနဲ႔ေနာ္။

ပံုစံအေနအထားတစ္ခုထဲမွာအၾကာႀကီးရွိေနျခင္းဟာႂကြက္သားေတြေတာင့္တင္းၿပီး နာတာ၊ ေညာင္းတာေတြျဖစ္ေစတာမို႔ ေယာင္းတို႔ေရ နာရီေလးနဲ႔ Alarm လုပ္ထား တစ္နာရီတစ္ခါ တစ္ကိုယ္လံုးအေၾကာဆန္႔ေပးလိုက္ပါလို႔။

၃) အထာက်က် ဖုန္းသံုးပါ။

ဖုန္းသံုးတာ အထာက်မွ လည္ပင္းဇက္ေၾကာမတက္မွာေပါ့ေနာ္။ ဘယ္လိုအထာက်ရမလဲဆိုရင္

_ ဖုန္းကိုမ်က္စိနဲ႔တစ္တန္းတည္း ထားၾကည့္ပါ။

_ တစ္နာရီတစ္ခါ ဖုန္းသံုးတာကို ရပ္ၿပီး အျခားတစ္ခုေျပာင္းလုပ္ပါ။

_ ဖုန္းသံုးၿပီးတာနဲ႔ ႂကြက္သားေတြကို ေျဖေလၽွာ့ေပးလိုက္ပါေနာ္။

၄) အိပ္တဲ့ပံုစံမွန္မမွန္ သတိထားၾကည့္ပါဦး။

ေမွာက္ရက္အိပ္တဲ့ သူေတြက ေဘးေစာင္းအိပ္တဲ့လူေတြ၊ ပက္လက္လန္အိပ္တဲ့သူေတြထက္ ပိုၿပီး ဇက္ေၾကာတက္တတ္ပါတယ္တဲ့။

ဘယ္လိုပဲ ဇက္ေၾကာတက္တက္ေပါ့ေလ… အေပၚက အခ်က္ေတြကို သတိထားျပဳျပင္ၿပီးၿပီဆိုရင္ ေနာက္ထပ္ ဇက္ေၾကာတက္ျခင္းကို သက္သာေစမယ့္ အျခားနည္းလမ္းေတြ ရွိပါေသးတယ္.. ဒါေတြကေတာ့…

၅) ေရေႏြးနဲ႔ေရခ်ိဳးလိုက္ပါ။

အလုပ္ကျပန္အလာ ေရေႏြးေလးနဲ႔ေရခ်ိဳး အေၾကာလည္းေျပ လူလည္း လန္းဆန္းတာေပါ့ေနာ္။

၆) ေရခဲကပ္ပါ။

ေရခဲအိတ္ေလးနဲ႔ မိနစ္၂၀ေလာက္ကပ္ေပးမယ္ဆိုရင္လည္း ဇက္ေၾကာတက္သက္သာေစမွာပါဘဲ။

၇) အႏွိပ္ခံပါ။

ေယာင္းတို႔ေတာ့မသိဘူး အက္ဒမင္ေတာ့ ဒီအခ်က္အႀကိဳက္ဆံုးပဲ။ ေသခ်ာေလ့က်င့္ထားတဲ့သူနဲ႔ အႏွိပ္ခံမယ္ဆိုရင္ ဇက္ေၾကာတက္တာ တကယ္ကိုသက္သာေစပါတယ္တဲ့။ ဇိမ္ပဲေလေနာ့။

၈) စိတ္ဖိစီးမႈေတြကိုေလၽွာ့ခ်လိုက္ပါ။

စိတ္ဖိစီးမႈေတြက ၾကြက္သားေတာင့္တင္းေစပါတယ္။ သီခ်င္းေလးနားေထာင္၊ တရားေလးထိုင္၊ ကိုယ္စိတ္ဝင္စားတာေလးလုပ္ဆိုေတာ့ စိတ္ဖိစီးမႈေတြေရာ၊ ဇက္ေၾကာတက္တာေရာ ” Go Away”ေပါ့။

၉) ေလ့က်င့္ခန္း ပံုမွန္လုပ္ပါ။

ခုေခတ္က ေလ့က်င့္ခန္းေတြလည္း အရမ္းေခတ္စားလာတဲ့ ေခတ္ပဲမို႔ ေလ့က်င့္ခန္းပံုမွန္လုပ္မယ္ဆိုရင္ ကိုယ့္ရဲ႕ အေနအထားမမွန္တဲ့ ကိုယ္ေနဟန္ထားေတြကိုပါ ျပဳျပင္ႏိုင္တာေၾကာင့္ ဇက္ေၾကာတက္သက္သာသလို ကိုယ္လံုးလည္း လွလာမွာမို႔ ” တစ္ခ်က္ခုတ္ ႏွစ္ခ်က္ျပတ္ပဲေလ”

ေယာင္းတို႔ေရ ၾကည့္ေနၾကာတယ္။ အခုပဲ နည္းလမ္းေလးေတြလိုက္လုပ္ၾကည့္လိုက္ဦးေနာ္…

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မယ္တင္( ေဆး ၁)
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်နေ့တာလုပ်ငန်းဆောင်တာတွေပြီးလို့ ညနေစောင်းမှာ ဇက်ကြောတက်ခြင်းကို နေ့တိုင်းနီးပါးခံစားနေရတဲ့ယောင်းတို့များ ရှိနေမလားဟင်… ကဲ အက်ဒမင်ထင်တယ် ကွန်ပျူတာရှေ့မှာ ထိုင်ပြီးအလုပ်လုပ် နေရတဲ့ယောင်းတို့က ပိုများနေမှာ အသေချာပါပဲ။ ယောင်းတို့ သိကြတဲ့အတိုင်း အခုခေတ်က ကွန်ပျူတာခေတ်၊ ဖုန်းခေတ်၊ I Pad ခေတ်ကိုး။ ဒီဆောင်းပါးမရေးခင်အထိ အက်ဒမင်သည်လည်း နေရာတကာ ဖုန်းသုံးပြီး ဇက်ကြောတက်နေသူကြီး တစ်ယောက်ပါ။

ဇက်ကြောတက်တယ်ဆိုတာ လည်ပင်းတစ်ဝိုက်က ကြွက်သားတွေ တောင့်တင်းလာတာကြောင့်ဖြစ်ရတာမို့

_ဖုန်းကို ခေါင်းငုံ့ပြီးသုံးတဲ့အခါ

_ခေါင်းလှုပ်ရှားမှုအရမ်းများရတာ

_ကျီးပေါင်းတက်တဲ့အခါ

_လည်ပင်း ဒဏ်ရာရတဲ့အခါတွေမှာ အဖြစ်များပါတယ်။

သက်သာစေဖို့နည်းလမ်းကိုပြောပါဆိုရင်

၁) ထိုင်ခုံအနေအထားကို ပြောင်းကြည့်ဖို့ အကြံပေးပါရစေ ယောင်းတို့ရေ။

ထိုင်ခုံအနေအထားဟာ ခန္ဓာကိုယ် သက်တောင့်သက်သာဖြစ်စေမယ့်ပုံစံ ခြေထောက်ဟာ ကြမ်းပြင်နဲ့ ထိနေသင့်ပြီး တင်ပါးထက်စာရင် ဒူးခေါင်းက နိမ့်နေဖို့လိုပါတယ်။ ကွန်ပျူတာ မျက်နှာပြင်ဟာ မျက်စိနဲ့ တစ်တန်းတည်းဖြစ်နေရဲ့လား ပြန်ဆန်းစစ်ပါ။ တစ်နေကုန် သုံးနေရတဲ့ကွန်ပျူတာမျက်နှာပြင်ဟာ မျက်စိနဲ့ တစ်တန်းတည်း ဖြစ်စေဖို့ နေရာအနေအထားကို ပြင်လိုက်ပါ။ ဒီလိုဆို တစ်နေကုန် လည်ပင်းမညောင်းဘဲ သက်သက်သာသာကြည့်နေနိုင်မှာပါ။

၂) တစ်နာရီပြည့်တိုင်း ခန္ဓာကိုယ်အကြောဆန့်ဖို့ သတိမမေ့ပါနဲ့နော်။

ပုံစံအနေအထားတစ်ခုထဲမှာအကြာကြီးရှိနေခြင်းဟာကြွက်သားတွေတောင့်တင်းပြီး နာတာ၊ ညောင်းတာတွေဖြစ်စေတာမို့ ယောင်းတို့ရေ နာရီလေးနဲ့ Alarm လုပ်ထား တစ်နာရီတစ်ခါ တစ်ကိုယ်လုံးအကြောဆန့်ပေးလိုက်ပါလို့။

၃) အထာကျကျ ဖုန်းသုံးပါ။

ဖုန်းသုံးတာ အထာကျမှ လည်ပင်းဇက်ကြောမတက်မှာပေါ့နော်။ ဘယ်လိုအထာကျရမလဲဆိုရင်

_ ဖုန်းကိုမျက်စိနဲ့တစ်တန်းတည်း ထားကြည့်ပါ။

_ တစ်နာရီတစ်ခါ ဖုန်းသုံးတာကို ရပ်ပြီး အခြားတစ်ခုပြောင်းလုပ်ပါ။

_ ဖုန်းသုံးပြီးတာနဲ့ ကြွက်သားတွေကို ဖြေလျှော့ပေးလိုက်ပါနော်။

၄) အိပ်တဲ့ပုံစံမှန်မမှန် သတိထားကြည့်ပါဦး။

မှောက်ရက်အိပ်တဲ့ သူတွေက ဘေးစောင်းအိပ်တဲ့လူတွေ၊ ပက်လက်လန်အိပ်တဲ့သူတွေထက် ပိုပြီး ဇက်ကြောတက်တတ်ပါတယ်တဲ့။

ဘယ်လိုပဲ ဇက်ကြောတက်တက်ပေါ့လေ… အပေါ်က အချက်တွေကို သတိထားပြုပြင်ပြီးပြီဆိုရင် နောက်ထပ် ဇက်ကြောတက်ခြင်းကို သက်သာစေမယ့် အခြားနည်းလမ်းတွေ ရှိပါသေးတယ်.. ဒါတွေကတော့…

၅) ရေနွေးနဲ့ရေချိုးလိုက်ပါ။

အလုပ်ကပြန်အလာ ရေနွေးလေးနဲ့ရေချိုး အကြောလည်းပြေ လူလည်း လန်းဆန်းတာပေါ့နော်။

၆) ရေခဲကပ်ပါ။

ရေခဲအိတ်လေးနဲ့ မိနစ်၂၀လောက်ကပ်ပေးမယ်ဆိုရင်လည်း ဇက်ကြောတက်သက်သာစေမှာပါဘဲ။

၇) အနှိပ်ခံပါ။

ယောင်းတို့တော့မသိဘူး အက်ဒမင်တော့ ဒီအချက်အကြိုက်ဆုံးပဲ။ သေချာလေ့ကျင့်ထားတဲ့သူနဲ့ အနှိပ်ခံမယ်ဆိုရင် ဇက်ကြောတက်တာ တကယ်ကိုသက်သာစေပါတယ်တဲ့။ ဇိမ်ပဲလေနော့။

၈) စိတ်ဖိစီးမှုတွေကိုလျှော့ချလိုက်ပါ။

စိတ်ဖိစီးမှုတွေက ကြွက်သားတောင့်တင်းစေပါတယ်။ သီချင်းလေးနားထောင်၊ တရားလေးထိုင်၊ ကိုယ်စိတ်ဝင်စားတာလေးလုပ်ဆိုတော့ စိတ်ဖိစီးမှုတွေရော၊ ဇက်ကြောတက်တာရော ” Go Away”ပေါ့။

၉) လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

ခုခေတ်က လေ့ကျင့်ခန်းတွေလည်း အရမ်းခေတ်စားလာတဲ့ ခေတ်ပဲမို့ လေ့ကျင့်ခန်းပုံမှန်လုပ်မယ်ဆိုရင် ကိုယ့်ရဲ့ အနေအထားမမှန်တဲ့ ကိုယ်နေဟန်ထားတွေကိုပါ ပြုပြင်နိုင်တာကြောင့် ဇက်ကြောတက်သက်သာသလို ကိုယ်လုံးလည်း လှလာမှာမို့ ” တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲလေ”

ယောင်းတို့ရေ ကြည့်နေကြာတယ်။ အခုပဲ နည်းလမ်းလေးတွေလိုက်လုပ်ကြည့်လိုက်ဦးနော်…

ဖိုးသူတော် (www.phothutaw.com)
Credit: မယ်တင်( ဆေး ၁)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top