×

ဓားျပအဖြဲ႕ သုိ႔မဟုတ္ ေဖာက္ထြင္းအဖြဲ႕တစ္ခုဟာ သူတုိ႔ေဖာက္ထြင္းတဲ့ အေဆာက္ဦးကို ေစာင့္ေရွာက္ရတဲ့ လုံၿခဳံေရးဝန္ထမ္းႀကီးကို ဖမ္းခ်ဳပ္ၿပီးေနာက္ ၎ရဲ႕စအုိအတြင္းကို အေတာ္အတန္ႀကီးမားတဲ့ သတၱဳခြက္တစ္လုံး အတင္းထုိးသြင္းခဲ့တယ္လုိ႔ သိရပါတယ္။ လုံၿခဳံေရးဝန္ထမ္းရဲ႕ နာမည္မွာ Ramdin ျဖစ္ၿပီး အသက္ (၆၂)ႏွစ္ ရွိေနပါၿပီ။

သူရဲ႕အဆုိအရ ေဖာက္ထြင္းသမားအဖြဲ႕ဟာ ေပါင္(၅၄၅)တန္ေၾကးရွိတဲ့ အိႏၵိယ႐ူပီးေငြေတြကို ယူေဆာင္ၿပီးထြက္ေျပးမသြားခင္မွာ Ramdin ကို ဝုိင္းဝန္းႏွိပ္စက္ခဲ့ၾကၿပီး၊ အခုလုိ ယုတ္မာတဲ့အျပဳအမူကုိ ဆင့္ကဲက်ဴးလြန္ခဲ့တာပါ။ Ramdin ဟာ ျပင္းျပလွစြာတဲ့ နာက်င္မႈေဝဒနာေၾကာင့္ သတိလစ္ေမ့ေျမာသြားခဲ့ရတယ္လုိ႔ သူက ဆုိပါတယ္။

သတၳဳခြက္ႀကီးဟာ ဝမ္းဗုိက္အစာလမ္းေၾကာင္းရဲ႕ လမ္းခုလတ္မွာ ဆယ္ရက္ၾကာ တစ္စုိ႔ေနခဲ့လုိ႔၊ Ramdin အေနနဲ႔ အဲဒီအေတာအတြင္းမွာ အေလးအပင္လည္း မသြားခဲ့ရပါဘူးတဲ့။ ေနာက္ဆုံးမွာေတာ့ Ramdin ဟာ ကန္ေပါၿမိဳ႕က Rama Hospital မွာ တက္ေရာက္ကုသမႈ ခံယူခဲ့ရပါတယ္။

ေဒါက္တာေတြဟာ (၂)နာရီၾကာ ခြဲစိတ္ခဲ့ၿပီးေနာက္ စအုိလမ္းေၾကာင္းအတြင္းက သတၱဳခြက္ႀကီးကို ဇြန္လ(၂၆)ရက္ေန႔မွာ ေအာင္ျမင္စြာ ဖယ္ရွားေပးႏုိင္ခဲ့ပါတယ္။ Ramdin ရဲ႕အဆုိအရ ဓားျပေတြဟာ လက္နက္ကိုယ္စီ ကိုင္ေဆာင္ထားၾကၿပီး၊ သူ႕အေနနဲ႔လည္း ျပန္လည္တုိက္ခိုက္ဖုိ႔ မျဖစ္ႏုိင္ဘူးလုိ႔ ဆုိပါတယ္။

သတင္းထဲမွာေတာ့ Ramdin ဟာ ဘယ္ဌာန၊ ဘယ္လုပ္ငန္းမွာ လုံၿခဳံေရးဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္တယ္ဆုိတာ ေဖာ္ျပမထားပါဘူး။ အခင္းျဖစ္ခဲ့ရာေနရာကေတာ့ ကန္ေပါၿမိဳ႕နဲ႔ အနီးတစ္ဝုိက္မွာ ျဖစ္ဖုိ႔ရွိပါတယ္။ ယခုျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ရဲတပ္ဖြဲ႕ဘက္က မွတ္ခ်က္ကိုလည္း မသိရေသးပါဘူး။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ဓားပြအဖွဲ့ သို့မဟုတ် ဖောက်ထွင်းအဖွဲ့တစ်ခုဟာ သူတို့ဖောက်ထွင်းတဲ့ အဆောက်ဦးကို စောင့်ရှောက်ရတဲ့ လုံခြုံရေးဝန်ထမ်းကြီးကို ဖမ်းချုပ်ပြီးနောက် ၎င်းရဲ့စအိုအတွင်းကို အတော်အတန်ကြီးမားတဲ့ သတ္တုခွက်တစ်လုံး အတင်းထိုးသွင်းခဲ့တယ်လို့ သိရပါတယ်။ လုံခြုံရေးဝန်ထမ်းရဲ့ နာမည်မှာ Ramdin ဖြစ်ပြီး အသက် (၆၂)နှစ် ရှိနေပါပြီ။

သူရဲ့အဆိုအရ ဖောက်ထွင်းသမားအဖွဲ့ဟာ ပေါင်(၅၄၅)တန်ကြေးရှိတဲ့ အိန္ဒိယရူပီးငွေတွေကို ယူဆောင်ပြီးထွက်ပြေးမသွားခင်မှာ Ramdin ကို ဝိုင်းဝန်းနှိပ်စက်ခဲ့ကြပြီး၊ အခုလို ယုတ်မာတဲ့အပြုအမူကို ဆင့်ကဲကျူးလွန်ခဲ့တာပါ။ Ramdin ဟာ ပြင်းပြလှစွာတဲ့ နာကျင်မှုဝေဒနာကြောင့် သတိလစ်မေ့မြောသွားခဲ့ရတယ်လို့ သူက ဆိုပါတယ်။

သတ္ထုခွက်ကြီးဟာ ဝမ်းဗိုက်အစာလမ်းကြောင်းရဲ့ လမ်းခုလတ်မှာ ဆယ်ရက်ကြာ တစ်စို့နေခဲ့လို့၊ Ramdin အနေနဲ့ အဲဒီအတောအတွင်းမှာ အလေးအပင်လည်း မသွားခဲ့ရပါဘူးတဲ့။ နောက်ဆုံးမှာတော့ Ramdin ဟာ ကန်ပေါမြို့က Rama Hospital မှာ တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။

ဒေါက်တာတွေဟာ (၂)နာရီကြာ ခွဲစိတ်ခဲ့ပြီးနောက် စအိုလမ်းကြောင်းအတွင်းက သတ္တုခွက်ကြီးကို ဇွန်လ(၂၆)ရက်နေ့မှာ အောင်မြင်စွာ ဖယ်ရှားပေးနိုင်ခဲ့ပါတယ်။ Ramdin ရဲ့အဆိုအရ ဓားပြတွေဟာ လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကြပြီး၊ သူ့အနေနဲ့လည်း ပြန်လည်တိုက်ခိုက်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

သတင်းထဲမှာတော့ Ramdin ဟာ ဘယ်ဌာန၊ ဘယ်လုပ်ငန်းမှာ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်တယ်ဆိုတာ ဖော်ပြမထားပါဘူး။ အခင်းဖြစ်ခဲ့ရာနေရာကတော့ ကန်ပေါမြို့နဲ့ အနီးတစ်ဝိုက်မှာ ဖြစ်ဖို့ရှိပါတယ်။ ယခုဖြစ်ရပ်နဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ဘက်က မှတ်ချက်ကိုလည်း မသိရသေးပါဘူး။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top