ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

အသက္(၁၇)ႏွစ္သာရွိေသးတဲ့ Sara Zagidullina အမည္ရ ႐ုရွားႏုိင္ငံသူတစ္ေယာက္ဟာ သူမ လက္ရွိလက္တြဲေနတဲ့ ခ်စ္သူေကာင္ေလးရဲ႕ ယခင္ရည္းစားေဟာင္းနဲ႔ အေပါင္းအပါတစ္စုက ရက္ရက္စက္စက္ အညႇိဳးတႀကီး ႏွိပ္စက္တာကို ခံခဲ့ရပါတယ္။ Sara ဟာ ျပင္းထန္လြန္းတဲ့ ေဝဒနာေၾကာင့္ အနာဂတ္မွာ ကိုယ္ဝန္မေဆာင္ႏုိင္ေတာ့ပါဘူး။

အဓိကတရားခံျဖစ္တဲ့ Aleksandra Dulesova ဟာ အျခားသူငယ္ခ်င္း (၃)ေယာက္ကုိ ေခၚၿပီး Sara ကုိ ဝုိင္းဝန္းႏွိပ္စက္ကာ သားအိမ္ထဲကို ေရေႏြးပူေတြ ေလာင္းထည့္ၿပီး တုိက္ခိုက္ခဲ့တာပါ။ Aleksandra ဟာ Sara လက္ရွိတြဲေနတဲ့ Igor ရဲ႕ အရင္ရည္းစားေဟာင္းျဖစ္ၿပီး၊ Sara ကုိ မနာလုိမႈအားႀကီးစြာနဲ႔ တုိက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

အခင္းျဖစ္တဲ့ေန႔က Aleksandra (၁၇)ႏွစ္နဲ႔ အေပါင္းအပါ အမ်ိဳးသမီး(၃)ဦးတုိ႔ဟာ Sara ေနထိုင္ရာ အိမ္အတြင္းကို က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ၿပိး Sara ကုိ ဝုိင္းဝန္း႐ုိက္ႏွက္ၾကပါတယ္။ ဆံပင္ေတြကုိလည္း ဓားနဲ႔ ေခါင္းတုံး,တုံးခဲ့ၾကၿပီး၊ သူမရဲ႕ မ်က္ႏွာနဲ႔ ခႏၶာကိုယ္ေပၚမွာလည္း က်င္ငယ္ေရနဲ႔ ဝုိင္းပန္းခဲ့ၾကပါေသးတယ္။

Aleksandra နဲ႔ အဖြဲ႕ဟာ ဒီေလာက္ႏွိပ္စက္ရတာနဲ႔တင္ မရပ္ေသးဘဲ Sara ကို ေရခ်ိဳးခန္းထဲ ဆြဲေခၚသြားခဲ့ၿပီး ေရကုိ အပူဆုံးျဖစ္ေအာင္ ျပဳလုပ္ကာ ဝုိင္းဝန္းခ်ဳပ္ေႏွာင္ၿပီးေနာက္ ပြက္ပြက္ဆူေနတဲ့ ေရပူေတြကို Sara ရဲ႕ သားအိပ္ထဲ ပုိက္နဲ႔ထုိးသြင္းကာ ႏွိပ္စက္ခဲ့ၾကပါေသးတယ္။ Sara ဟာ ရရွိတဲ့ဒဏ္ရာေတြေၾကာင့္ နာရီပုိင္းအတြင္းေသသြားႏုိင္ပါတယ္။

Aleksandra နဲ႔ အဖြဲ႕ဟာ စိတ္ရွိလက္ရွိျပဳမူၿပီးေနာက္ Sara ပိုင္ဆုိင္တဲ့ ေငြေၾကး၊ လက္ပ္ေတာ့၊ ဖုန္းနဲ႔ အျခားအဖုိးတန္ပစၥည္းေတြကို ယူငင္ကာ ျပစ္မႈက်ဴးလြန္ရာေနရာကေန ထြက္ေျပးသြားခဲ့ပါတယ္။ Sara ဟာ ေနာက္ဆုံးက်န္ရွိေတာ့တဲ့ အားအင္ေလးနဲ႔ သက္ဆုိင္ရာကုိ အကူအညီေတာင္းခံခဲ့ပါတယ္။

Sara ဟာ ေဆး႐ုံမွာ အေရးေပၚကုသမႈ ခံယူခဲ့ေပမယ့္ ေဒါက္တာေတြက ေရေႏြးပူေၾကာင့္ သားအိမ္ဟာ ဆုိးဆုိးဝါးဝါး ပ်က္စီးသြားၿပီျဖစ္လုိ႔ ဘယ္ေတာ့မွ ကေလးရယူႏုိင္မွာ မဟုတ္ေတာ့ဘူးလုိ႔ ေျပာၾကားခဲ့ပါတယ္။ ရဲတပ္ဖြဲ႕ဟာ ျပစ္မႈက်ဴးလြန္သူေတြျဖစ္တဲ့ Aleksandra နဲ႔ အေပါင္းအပါအဖြဲ႕ေတြကုိ ခ်က္ခ်င္းဖမ္းဆီးႏုိင္ခဲ့ပါတယ္။

ဖမ္းမိခဲ့တဲ့ တရားခံေတြထဲမွာ Kristina Poyarkova (၁၆)ႏွစ္၊ Maria Sheputaeva (၁၆)ႏွစ္နဲ႔ Anastasia Voronchikhina (၂၀)ႏွစ္တုိ႔လည္း ပါဝင္ၿပီး၊ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္(၁၅)ႏွစ္အထိ ခ်မွတ္ခံရႏုိင္ေၾကာင္း သိရပါတယ္။

Aleksandra ရဲ႕ ေျပာဆုိခ်က္အရ ခ်စ္သူေဟာင္းျဖစ္တဲ့ Igor က သူမ ကိုယ္ဝန္ရွိတဲ့အခ်ိန္မွာပင္ ရက္ရက္စက္စက္ စြန္႔ပစ္သြားတာကို ခံခဲ့ရေၾကာင္း၊ ယင္းေနာက္ Igor ဟာ Sara နဲ႔ တြဲခုတ္ခဲ့တဲ့အတြက္ သူမအေနနဲ႔ အသည္းစက္စက္ နာခဲ့ရေၾကာင္း၊ ဒါေၾကာင့္ အခုလုိ ျပဳမူမိတာျဖစ္ေၾကာင္း ဆုိပါတယ္။ ဒီမတုိင္ခင္က Aleksandra ဟာ Sara ကို အသက္အႏၱရာယ္ အမ်ိဳးမ်ိဳး ၿခိမ္းေျခာက္ခဲ့ပါေသးတယ္။

ဒီအျဖစ္အပ်က္ဟာ ႐ုရွားႏုိင္ငံ Perm Krai နယ္ေျမထဲ အပါဝင္ျဖစ္တဲ့ Gubakha ၿမိဳ႕မွာ ျဖစ္ပြားခဲ့တာပါ။ ေလာေလာဆယ္ေတာ့ ျပစ္မႈက်ဴးလြန္ခဲ့သူေတြကုိ ရဲက စစ္ေဆးေမးျမန္းေနဆဲျဖစ္ၿပီး၊ အမႈခုိင္မာေအာင္ တည္ေဆာက္ကာ မၾကာမီမွာ တရား႐ုံတင္စစ္ေဆးသြားမယ္လုိ႔ သိရပါတယ္။ ျပစ္မႈက်ဴးလြန္သူေတြအတြက္ကေတာ့ ေနာက္ဆုံး အသက္အရြယ္ ငယ္ငယ္ေလးေတြနဲ႔ ျမင့္မားတဲ့ေထာင္ဒဏ္ကို က်ခံရဖုိ႔ ရွိေနပါၿပီ။

source : mirror.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
အသက်(၁၇)နှစ်သာရှိသေးတဲ့ Sara Zagidullina အမည်ရ ရုရှားနိုင်ငံသူတစ်ယောက်ဟာ သူမ လက်ရှိလက်တွဲနေတဲ့ ချစ်သူကောင်လေးရဲ့ ယခင်ရည်းစားဟောင်းနဲ့ အပေါင်းအပါတစ်စုက ရက်ရက်စက်စက် အညှိုးတကြီး နှိပ်စက်တာကို ခံခဲ့ရပါတယ်။ Sara ဟာ ပြင်းထန်လွန်းတဲ့ ဝေဒနာကြောင့် အနာဂတ်မှာ ကိုယ်ဝန်မဆောင်နိုင်တော့ပါဘူး။

အဓိကတရားခံဖြစ်တဲ့ Aleksandra Dulesova ဟာ အခြားသူငယ်ချင်း (၃)ယောက်ကို ခေါ်ပြီး Sara ကို ဝိုင်းဝန်းနှိပ်စက်ကာ သားအိမ်ထဲကို ရေနွေးပူတွေ လောင်းထည့်ပြီး တိုက်ခိုက်ခဲ့တာပါ။ Aleksandra ဟာ Sara လက်ရှိတွဲနေတဲ့ Igor ရဲ့ အရင်ရည်းစားဟောင်းဖြစ်ပြီး၊ Sara ကို မနာလိုမှုအားကြီးစွာနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အခင်းဖြစ်တဲ့နေ့က Aleksandra (၁၇)နှစ်နဲ့ အပေါင်းအပါ အမျိုးသမီး(၃)ဦးတို့ဟာ Sara နေထိုင်ရာ အိမ်အတွင်းကို ကျူးကျော်ဝင်ရောက်လာခဲ့ပြိး Sara ကို ဝိုင်းဝန်းရိုက်နှက်ကြပါတယ်။ ဆံပင်တွေကိုလည်း ဓားနဲ့ ခေါင်းတုံး,တုံးခဲ့ကြပြီး၊ သူမရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း ကျင်ငယ်ရေနဲ့ ဝိုင်းပန်းခဲ့ကြပါသေးတယ်။

Aleksandra နဲ့ အဖွဲ့ဟာ ဒီလောက်နှိပ်စက်ရတာနဲ့တင် မရပ်သေးဘဲ Sara ကို ရေချိုးခန်းထဲ ဆွဲခေါ်သွားခဲ့ပြီး ရေကို အပူဆုံးဖြစ်အောင် ပြုလုပ်ကာ ဝိုင်းဝန်းချုပ်နှောင်ပြီးနောက် ပွက်ပွက်ဆူနေတဲ့ ရေပူတွေကို Sara ရဲ့ သားအိပ်ထဲ ပိုက်နဲ့ထိုးသွင်းကာ နှိပ်စက်ခဲ့ကြပါသေးတယ်။ Sara ဟာ ရရှိတဲ့ဒဏ်ရာတွေကြောင့် နာရီပိုင်းအတွင်းသေသွားနိုင်ပါတယ်။

Aleksandra နဲ့ အဖွဲ့ဟာ စိတ်ရှိလက်ရှိပြုမူပြီးနောက် Sara ပိုင်ဆိုင်တဲ့ ငွေကြေး၊ လက်ပ်တော့၊ ဖုန်းနဲ့ အခြားအဖိုးတန်ပစ္စည်းတွေကို ယူငင်ကာ ပြစ်မှုကျူးလွန်ရာနေရာကနေ ထွက်ပြေးသွားခဲ့ပါတယ်။ Sara ဟာ နောက်ဆုံးကျန်ရှိတော့တဲ့ အားအင်လေးနဲ့ သက်ဆိုင်ရာကို အကူအညီတောင်းခံခဲ့ပါတယ်။

Sara ဟာ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ပေမယ့် ဒေါက်တာတွေက ရေနွေးပူကြောင့် သားအိမ်ဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားပြီဖြစ်လို့ ဘယ်တော့မှ ကလေးရယူနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ ပြစ်မှုကျူးလွန်သူတွေဖြစ်တဲ့ Aleksandra နဲ့ အပေါင်းအပါအဖွဲ့တွေကို ချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းမိခဲ့တဲ့ တရားခံတွေထဲမှာ Kristina Poyarkova (၁၆)နှစ်၊ Maria Sheputaeva (၁၆)နှစ်နဲ့ Anastasia Voronchikhina (၂၀)နှစ်တို့လည်း ပါဝင်ပြီး၊ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၁၅)နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း သိရပါတယ်။

Aleksandra ရဲ့ ပြောဆိုချက်အရ ချစ်သူဟောင်းဖြစ်တဲ့ Igor က သူမ ကိုယ်ဝန်ရှိတဲ့အချိန်မှာပင် ရက်ရက်စက်စက် စွန့်ပစ်သွားတာကို ခံခဲ့ရကြောင်း၊ ယင်းနောက် Igor ဟာ Sara နဲ့ တွဲခုတ်ခဲ့တဲ့အတွက် သူမအနေနဲ့ အသည်းစက်စက် နာခဲ့ရကြောင်း၊ ဒါကြောင့် အခုလို ပြုမူမိတာဖြစ်ကြောင်း ဆိုပါတယ်။ ဒီမတိုင်ခင်က Aleksandra ဟာ Sara ကို အသက်အန္တရာယ် အမျိုးမျိုး ခြိမ်းခြောက်ခဲ့ပါသေးတယ်။

ဒီအဖြစ်အပျက်ဟာ ရုရှားနိုင်ငံ Perm Krai နယ်မြေထဲ အပါဝင်ဖြစ်တဲ့ Gubakha မြို့မှာ ဖြစ်ပွားခဲ့တာပါ။ လောလောဆယ်တော့ ပြစ်မှုကျူးလွန်ခဲ့သူတွေကို ရဲက စစ်ဆေးမေးမြန်းနေဆဲဖြစ်ပြီး၊ အမှုခိုင်မာအောင် တည်ဆောက်ကာ မကြာမီမှာ တရားရုံတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်သူတွေအတွက်ကတော့ နောက်ဆုံး အသက်အရွယ် ငယ်ငယ်လေးတွေနဲ့ မြင့်မားတဲ့ထောင်ဒဏ်ကို ကျခံရဖို့ ရှိနေပါပြီ။

source : mirror.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top