မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဒီအေၾကာင္းကို သိရွိသူအင္မတန္နည္းပါးပါလိမ့္မယ္။ဒါေပမယ့္ ဗိႆႏိုးၿမိဳ႕ေဟာင္းႀကီးကေတာ့ သဘာဝလြန္ျဖစ္ရပ္ေတြ၊ ယေန႔ထိတိုင္က်န္ရွိေနေသးတဲ႔က်ိန္စာေတြ၊ ပရေလာကသားေတြအျပည့္နဲ႔ သဘာဝလြန္ျဖစ္ရပ္ေတြကို ေလ့လာေနတဲ႔ ကြ်န္ေတာ္တို႔ကို စိမ္ေခၚေနပါေတာ့တယ္။

ရန္ကုန္ကေန ဗိႆႏိုးၿမိဳ႕ေဟာင္းကို မိုင္ေပါင္း ၃၂၀ ကြာေဝးပါတယ္။ဘီစီ ၄ရာစုမွာ တည္ေထာင္တဲ႔ၿမိဳ႕ျဖစ္ပါတယ္။ေတာင္တြင္းႀကီးကေန ၁၂မိုင္အကြာမွာတည္ရွိပါတယ္။မိုးနည္းေ႐ရွားအရပ္ျဖစ္တာေၾကာင့္ ရန္ပယ္ေခ်ာင္းကေရကို အဓိကအားထားၾကရပါတယ္။ဒါ့အျပင္ အျပင္ေသာက္ေတာ္ကန္၊ အတြင္းေသာက္ေတာ္ကန္ စတဲ႔ေရကန္အခ်ိဳ႕ရွိေသာ္လည္း ယခုအခါေရခမ္းေျခာက္သေလာက္ရွိေနပါၿပီ။

ဗိႆႏိုုးၿမိဳ႕ေဟာင္းထဲက ေပပင္ေတြကအသီးမသီး မႀကီးထြားပဲ ႏွစ္ေထာင္ခ်ီသက္တမ္းရွိေနၾကပါတယ္။အျမင့္က လူတစ္ရပ္ေလာက္ပဲရွိပါတယ္။ ဒါကေတာ့ ပန္ထြာဘုရင္မရဲ႕ ဆုေတာင္းတစ္ခုပါ။ “ငါလာမွႀကီး၊ ငါလာမွသီး” ဆိုတဲ႔ဆုေတာင္းအတိုင္း ဗိႆႏိုးၿမိဳ႕ေဟာင္းထဲက ေပပင္ေတြက ဘုရင္မလူျပန္မျဖစ္မခ်င္း မႀကီးထြား၊ အသီးမသီးတာလို႔ အဆိုရွိပါတယ္။

ဗိႆႏိုးၿမိဳ႕ေဟာင္းထဲမွာ အင္ၾကင္းဥယ်ာဥ္လို႔ေခၚတဲ႔ ဥယ်ာဥ္တစ္ခုရွိပါတယ္။ ဒါေပမယ့္ ပန္ထြာဘုရင္မလက္ထက္ေတာ္မွ ယေန႔အထိအင္ၾကင္းပင္တစ္ပင္မွမရွိခဲ႔ဖူးပါဘူး။ဒါေပမယ့္ေန႔စဥ္ေန႔တိုင္း အင္ၾကင္းပန္းအေၾကြေတြကို ယေန႔ထက္တိုင္အင္ၾကင္းဥယ်ာဥ္ေျမေနရာတဝိုက္မွာေတြ႕ေနရဆဲပါ။ဒီအင္ၾကင္းဥယ်ာဥ္ကို ပန္ထြာဘုရင္မက ဗိႆႏိုးနတ္မင္းႀကီးကို ရည္စူးၿပီးလွဴဒါန္းခဲ႔တာပါ။ဥယ်ာဥ္ထဲမွာ အင္ၾကင္းပင္မရွိေသာ္လည္း ဗိႆႏိုးနတ္မင္းႀကီးရဲ႕ အမိန္႔နဲ႔ အင္ၾကင္းပြင့္ေတြက ဥယ်ာဥ္ေတာ္ထဲက ိုအလိုေလ်ာက္ေရာက္ေနတတ္လို႔ အင္ၾကင္းဥယ်ာဥ္လို႔ေခၚတာပါ။



ယခုထိလည္း ဘယ္ကမွန္းမသိတဲ႔အင္ၾကင္းပြင့္ေတြေရာက္ေနဆဲပါ။
အထူးသျဖင့္ ပန္ထြာဘုရင္မတည္ခဲ႔တဲ႔ ေရႊေရာင္ေတာ္ေစတီမွာ အင္ၾကင္းပန္းေတြကို ဘုရားပန္းလွဴထားတာအျပင္ ဘုရားရင္ျပင္တဝိုက္ျပန္႔ႀကဲစြာရွိေနတတ္ၾကပါတယ္။

ဒါေပမယ့္ အင္ၾကင္းပန္းေတြဘယ္ကလာသလဲဆိုတာကိုေတာ့ ဘုရင္မ ပန္ထြာရဲ႕ ဝိဥာဥ္သာသိပါလိမ့္မယ္။
ဒါ့အျပင္ ဗိႆႏိုးၿမိဳ႕ေဟာင္းထဲမွာ အသားစားခြင့္မရွိပါဘူး။ စည္းကမ္းေတြအရမ္းတင္းၾကပ္ပါတယ္။ ဝိနည္းနဲ႔ မညီတဲ႔ ရဟန္းေတြေနခြင့္မရွိပါဘူး။ေနခြင့္မရွိလို႔လည္း ပန္ထြာဘုရင္မရဲ႕ ဝိဥာဥ္ကို ပဌာန္းဆက္ေၾကာင့္ ၾသဇာေညာင္းတဲ႔ ေတာင္ငူနန္းတြင္းေက်ာင္းဆရာေတာ္ရဲ႕ေက်ာင္းတစ္ခုသာ ဗိႆႏိုးၿမိဳ႕ေဟာင္းမွာရွိပါတယ္။ဒါကလည္း ရဟန္းအေယာင္ေဆာင္ထားသူေတြရဲ႕ ပရိယာယ္ေၾကာင့္ ဗိႆႏိုးၿမိဳ႕ႀကီးပ်က္စီးၿပီး သေရေခတၱရာျပည့္ရွင္ ဒြတၱေပါင္လက္ေအာက္ေရာက္ရတာကို အညိႈးထားၿပီး သိကၡာနဲ႔ ဝါစဥ္ႏုေသးတဲ႔ ရဟန္းေတာ္ေတြကို ပန္ထြာဘုရင္မဝိဥာဥ္ကလက္မခံတာပါ။
ေရွးေဟာင္းသုေတသနဌာနက ဗိႆႏိုးၿမိဳ႕ေဟာင္းႀကီးကို ေတာ္ေတာ္မ်ားမ်ားတူးေဖာ္ထိန္းသိမ္းထားၿပီးျဖစ္ပါတယ္။ တူးေဖာ္ရာမွာလည္း မကြ်တ္လြတ္ေသးတဲ႔ ပန္ထြာဘုရင္မရဲ႕ ဝိဥာဥ္ကိုျမင္ခဲ႔ၾကရပါတယ္။ အမွားအယြင္းမလုပ္ရဲၾကပါဘူး။ေတြ႕ရွိဖူးတဲ႔သူေတြရဲ႕ အဆိုအရ ပန္ထြာဘုရင္မကအသားအေရျဖဴစပ္စပ္ရွိၿပီး အရပ္က ၇ေပနီးပါးရွိတယ္လို႔ဆိုပါတယ္။

ဒီအခ်က္ကေတာ့ ဗိႆႏိုးၿမိဳ႕ေဟာင္းထဲက အရပ္ ၇ေပရွိတဲ႔ အမ်ိဳးသမီးတစ္ဦးရဲ႕ အရိုးစုေနရာကိုတူးေဖာ္မိရာကေန ပန္ထြာဘုရင္မရဲ႕ အရိုးစုလို႔ ယူဆခဲ႔ရာက ျဖစ္ေပၚလာတဲ႔အေၾကာင္းအရာလည္းျဖစ္ႏိုင္ပါတယ္။အဲဒီအရိုးကို နယူဂ်ာစီကတြက္ခ်က္ေပးရာမွာ ႏွစ္ ၂၀၀၀ သက္တမ္းရွိေနပါၿပီ။ဒါေပမယ့္ ဗိႆႏိုးၿမိဳ႕ေဟာင္းထဲမွာညအခ်ိန္တစ္ေယာက္ထဲသြားဝံ႔သူမရွိပါဘူး။ပန္ထြာဘုရင္မရဲ႕ ဝိဥာဥ္ဓာတ္က ေျခာက္ျခားေအာင္လႊမ္းမိုးထားဆဲပါ။ အနီးအနားကရြာေတြက ရြာခံေတြလည္းမသြားရဲပါဘူး။

ပန္ထြာဘုရင္မကို နတ္နန္းေဆာက္ကိုးကြယ္တဲ႔ဓေလ့ယေန႔အထိရွိပါတယ္။ နတ္ဆက္ရာမွာလည္း သက္သက္လြတ္ သစ္ဖုသစ္ဥေတြသာဆက္သရပါတယ္။အသား၊ငါးမဆက္ရပါ။
ဘာပဲျဖစ္ျဖစ္ စိတ္ဝင္စားစရာ ဗိႆႏိုးၿမိဳ႕ေဟာင္းႀကီးက သြားေရာက္လည္ပတ္သူနည္းပါးစြာနဲ႔ ႏွစ္ေထာင္ခ်ီ ေျခာက္ေသြ႕ေနပါတယ္။ဒါေပမယ့္ ဗိႆႏိုးၿမိဳ႕ကို သြားေရာက္ၿပီး ပန္ထြာဘုရင္မကို မပ်င္းရေအာင္ မၾကာခဏဆိုသလို အနည္းဆံုးတစ္ႏွစ္တစ္ေခါက္၊ႏွစ္ေခါက္ သြားေရာက္ဂါရဝျပဳေနၾကတဲ႔ လူအခ်ိဳ႕ေတာ့ရွိေနပါတယ္။

အဲဒီလူေတြကေတာ့ ပန္ထြာဘုရင္မကို သစၥာရွိပါ့မယ္လို႔ သစၥာဆိုၿပီး ဗိႆႏိုးၿမိဳ႕ရဲ႕ေနာက္ဆံုးအခ်ိန္ထိ သေရေခတၱရာတပ္ေတြကို ခုခံရင္း အေသခံတိုက္ပြဲဝင္သြားတဲ႔ ပန္ထြာဘုရင္မရဲ႕ စစ္သူႀကီးေလးဦးနဲ႔ သူတို႔ရဲ႕ အႏြယ္ေတာ္ေတြထဲက လူ႔ဘဝကို ျပန္လည္႐ရွိသူေတြျဖစ္ပါေၾကာင္း။ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Lu Myanmar
# Unicode Version ျဖင့္ ဖတ္ပါ #
ဒီအကြောင်းကို သိရှိသူအင်မတန်နည်းပါးပါလိမ့်မယ်။ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းကြီးကတော့ သဘာဝလွန်ဖြစ်ရပ်တွေ၊ ယနေ့ထိတိုင်ကျန်ရှိနေသေးတဲ့ကျိန်စာတွေ၊ ပရလောကသားတွေအပြည့်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို လေ့လာနေတဲ့ ကျွန်တော်တို့ကို စိမ်ခေါ်နေပါတော့တယ်။

ရန်ကုန်ကနေ ဗိဿနိုးမြို့ဟောင်းကို မိုင်ပေါင်း ၃၂၀ ကွာဝေးပါတယ်။ဘီစီ ၄ရာစုမှာ တည်ထောင်တဲ့မြို့ဖြစ်ပါတယ်။တောင်တွင်းကြီးကနေ ၁၂မိုင်အကွာမှာတည်ရှိပါတယ်။မိုးနည်းရေရှားအရပ်ဖြစ်တာကြောင့် ရန်ပယ်ချောင်းကရေကို အဓိကအားထားကြရပါတယ်။ဒါ့အပြင် အပြင်သောက်တော်ကန်၊ အတွင်းသောက်တော်ကန် စတဲ့ရေကန်အချို့ရှိသော်လည်း ယခုအခါရေခမ်းခြောက်သလောက်ရှိနေပါပြီ။

ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေကအသီးမသီး မကြီးထွားပဲ နှစ်ထောင်ချီသက်တမ်းရှိနေကြပါတယ်။အမြင့်က လူတစ်ရပ်လောက်ပဲရှိပါတယ်။ ဒါကတော့ ပန်ထွာဘုရင်မရဲ့ ဆုတောင်းတစ်ခုပါ။ “ငါလာမှကြီး၊ ငါလာမှသီး” ဆိုတဲ့ဆုတောင်းအတိုင်း ဗိဿနိုးမြို့ဟောင်းထဲက ပေပင်တွေက ဘုရင်မလူပြန်မဖြစ်မချင်း မကြီးထွား၊ အသီးမသီးတာလို့ အဆိုရှိပါတယ်။

ဗိဿနိုးမြို့ဟောင်းထဲမှာ အင်ကြင်းဥယျာဉ်လို့ခေါ်တဲ့ ဥယျာဉ်တစ်ခုရှိပါတယ်။ ဒါပေမယ့် ပန်ထွာဘုရင်မလက်ထက်တော်မှ ယနေ့အထိအင်ကြင်းပင်တစ်ပင်မှမရှိခဲ့ဖူးပါဘူး။ဒါပေမယ့်နေ့စဉ်နေ့တိုင်း အင်ကြင်းပန်းအကြွေတွေကို ယနေ့ထက်တိုင်အင်ကြင်းဥယျာဉ်မြေနေရာတဝိုက်မှာတွေ့နေရဆဲပါ။ဒီအင်ကြင်းဥယျာဉ်ကို ပန်ထွာဘုရင်မက ဗိဿနိုးနတ်မင်းကြီးကို ရည်စူးပြီးလှူဒါန်းခဲ့တာပါ။ဥယျာဉ်ထဲမှာ အင်ကြင်းပင်မရှိသော်လည်း ဗိဿနိုးနတ်မင်းကြီးရဲ့ အမိန့်နဲ့ အင်ကြင်းပွင့်တွေက ဥယျာဉ်တော်ထဲက ိုအလိုလျောက်ရောက်နေတတ်လို့ အင်ကြင်းဥယျာဉ်လို့ခေါ်တာပါ။



ယခုထိလည်း ဘယ်ကမှန်းမသိတဲ့အင်ကြင်းပွင့်တွေရောက်နေဆဲပါ။
အထူးသဖြင့် ပန်ထွာဘုရင်မတည်ခဲ့တဲ့ ရွှေရောင်တော်စေတီမှာ အင်ကြင်းပန်းတွေကို ဘုရားပန်းလှူထားတာအပြင် ဘုရားရင်ပြင်တဝိုက်ပြန့်ကြဲစွာရှိနေတတ်ကြပါတယ်။

ဒါပေမယ့် အင်ကြင်းပန်းတွေဘယ်ကလာသလဲဆိုတာကိုတော့ ဘုရင်မ ပန်ထွာရဲ့ ဝိဉာဉ်သာသိပါလိမ့်မယ်။
ဒါ့အပြင် ဗိဿနိုးမြို့ဟောင်းထဲမှာ အသားစားခွင့်မရှိပါဘူး။ စည်းကမ်းတွေအရမ်းတင်းကြပ်ပါတယ်။ ဝိနည်းနဲ့ မညီတဲ့ ရဟန်းတွေနေခွင့်မရှိပါဘူး။နေခွင့်မရှိလို့လည်း ပန်ထွာဘုရင်မရဲ့ ဝိဉာဉ်ကို ပဌာန်းဆက်ကြောင့် သြဇာညောင်းတဲ့ တောင်ငူနန်းတွင်းကျောင်းဆရာတော်ရဲ့ကျောင်းတစ်ခုသာ ဗိဿနိုးမြို့ဟောင်းမှာရှိပါတယ်။ဒါကလည်း ရဟန်းအယောင်ဆောင်ထားသူတွေရဲ့ ပရိယာယ်ကြောင့် ဗိဿနိုးမြို့ကြီးပျက်စီးပြီး သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်လက်အောက်ရောက်ရတာကို အညှိုးထားပြီး သိက္ခာနဲ့ ဝါစဉ်နုသေးတဲ့ ရဟန်းတော်တွေကို ပန်ထွာဘုရင်မဝိဉာဉ်ကလက်မခံတာပါ။
ရှေးဟောင်းသုတေသနဌာနက ဗိဿနိုးမြို့ဟောင်းကြီးကို တော်တော်များများတူးဖော်ထိန်းသိမ်းထားပြီးဖြစ်ပါတယ်။ တူးဖော်ရာမှာလည်း မကျွတ်လွတ်သေးတဲ့ ပန်ထွာဘုရင်မရဲ့ ဝိဉာဉ်ကိုမြင်ခဲ့ကြရပါတယ်။ အမှားအယွင်းမလုပ်ရဲကြပါဘူး။တွေ့ရှိဖူးတဲ့သူတွေရဲ့ အဆိုအရ ပန်ထွာဘုရင်မကအသားအရေဖြူစပ်စပ်ရှိပြီး အရပ်က ၇ပေနီးပါးရှိတယ်လို့ဆိုပါတယ်။

ဒီအချက်ကတော့ ဗိဿနိုးမြို့ဟောင်းထဲက အရပ် ၇ပေရှိတဲ့ အမျိုးသမီးတစ်ဦးရဲ့ အရိုးစုနေရာကိုတူးဖော်မိရာကနေ ပန်ထွာဘုရင်မရဲ့ အရိုးစုလို့ ယူဆခဲ့ရာက ဖြစ်ပေါ်လာတဲ့အကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။အဲဒီအရိုးကို နယူဂျာစီကတွက်ချက်ပေးရာမှာ နှစ် ၂၀၀၀ သက်တမ်းရှိနေပါပြီ။ဒါပေမယ့် ဗိဿနိုးမြို့ဟောင်းထဲမှာညအချိန်တစ်ယောက်ထဲသွားဝံ့သူမရှိပါဘူး။ပန်ထွာဘုရင်မရဲ့ ဝိဉာဉ်ဓာတ်က ခြောက်ခြားအောင်လွှမ်းမိုးထားဆဲပါ။ အနီးအနားကရွာတွေက ရွာခံတွေလည်းမသွားရဲပါဘူး။

ပန်ထွာဘုရင်မကို နတ်နန်းဆောက်ကိုးကွယ်တဲ့ဓလေ့ယနေ့အထိရှိပါတယ်။ နတ်ဆက်ရာမှာလည်း သက်သက်လွတ် သစ်ဖုသစ်ဥတွေသာဆက်သရပါတယ်။အသား၊ငါးမဆက်ရပါ။
ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားစရာ ဗိဿနိုးမြို့ဟောင်းကြီးက သွားရောက်လည်ပတ်သူနည်းပါးစွာနဲ့ နှစ်ထောင်ချီ ခြောက်သွေ့နေပါတယ်။ဒါပေမယ့် ဗိဿနိုးမြို့ကို သွားရောက်ပြီး ပန်ထွာဘုရင်မကို မပျင်းရအောင် မကြာခဏဆိုသလို အနည်းဆုံးတစ်နှစ်တစ်ခေါက်၊နှစ်ခေါက် သွားရောက်ဂါရဝပြုနေကြတဲ့ လူအချို့တော့ရှိနေပါတယ်။

အဲဒီလူတွေကတော့ ပန်ထွာဘုရင်မကို သစ္စာရှိပါ့မယ်လို့ သစ္စာဆိုပြီး ဗိဿနိုးမြို့ရဲ့နောက်ဆုံးအချိန်ထိ သရေခေတ္တရာတပ်တွေကို ခုခံရင်း အသေခံတိုက်ပွဲဝင်သွားတဲ့ ပန်ထွာဘုရင်မရဲ့ စစ်သူကြီးလေးဦးနဲ့ သူတို့ရဲ့ အနွယ်တော်တွေထဲက လူ့ဘဝကို ပြန်လည်ရရှိသူတွေဖြစ်ပါကြောင်း။ ။

ဖိုးသူတော် (www.phothutaw.com)
Credit:  Lu Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top