ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ၾကားသိရသူတိုင္း အံ့ၾသသြားေလးစားသြားေစခဲ့တဲ့ ဂူထြက္ ကေလးတစ္ဦးရဲ႕ အဖြားျဖစ္သူ ေျပာစကား

အခႊင္​့ထူး ပိုမယူခ်င္​တဲ့စိတ္​ထား..

လိုဏ္ဂူထဲပိတ္မိခဲ့တဲ့ ေတာဝက္ ေဘာလုံးအသင္းကလူငယ္ေတြအေနနဲ႔ သူတို႔တကၠသိုလ္မွာ တက္ေရာက္ပညာသင္ၾကားမယ္ဆိုရင္ မဟာတန္းၿပီးဆံုးတဲ့အထိ ပညာသင္ဆုေပးမယ္လို႔ Naresuan University က ေၾကညာတဲ့ သတင္းထြက္ေပၚလာၿပီးတဲ့ေနာက္ ေတာ၀က္လူငယ္ အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တဲ့ ေနာင့္တြမ္ ရဲ႕ အဖြားျဖစ္သူက အဲဒီပညာသင္ဆု ကိုျငင္းပယ္ခဲ့ေၾကာင္း ထိုင္းသတင္းဌာနေတြမွာ ေရးသားေဖာ္ျပထားပါတယ္။

ေတာဝက္ေဘာလုံးအသင္းက လူငယ္ေတြဟာ လူစြမ္းေကာင္းေတြမဟုတ္ပဲ သဘာဝေဘးဒုကၡသည္မွ်သာလွ်င္ ျဖစ္တဲ့အတြက္ ပညာသင္ဆုကို အခုလိုျငင္းပယ္ရျခင္းျဖစ္ေၾကာင္း၊ သာမန္ဒုကၡသည္သာျဖစ္ၿပီး အျခားလူမ်ားထက္သာလြန္တဲ့ အခြင့္အေရးေပးျခင္းခံရရင္ လူအမ်ားရဲ႕ေျပာဆိုျခင္းခံရမွာကို မလိုလားတဲ့အတြက္ အခုလိုျငင္းပယ္ရျခင္းျဖစ္ေၾကာင္း ေနာင့္တြမ္ရဲ႔ အဖြားကေျပာခဲ့တယ္လို႔ သိရပါတယ္။

သူရဲ႕ေျမးေနာင့္တြမ္ ေဆး႐ံုကဆင္းလာရင္ေတာ့ ကေလးကို ယၾတာေျခေပးဖို႔ စီစဥ္ေနတယ္လို႔လဲ သူကေျပာပါတယ္။

Ref: Sanook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM
# Unicode Version ျဖင့္ ဖတ္ပါ #
ကြားသိရသူတိုင်း အံ့သြသွားလေးစားသွားစေခဲ့တဲ့ ဂူထွက် ကလေးတစ်ဦးရဲ့ အဖွားဖြစ်သူ ပြောစကား

အခွှင်​့ထူး ပိုမယူချင်​တဲ့စိတ်​ထား..

လိုဏ်ဂူထဲပိတ်မိခဲ့တဲ့ တောဝက် ဘောလုံးအသင်းကလူငယ်တွေအနေနဲ့ သူတို့တက္ကသိုလ်မှာ တက်ရောက်ပညာသင်ကြားမယ်ဆိုရင် မဟာတန်းပြီးဆုံးတဲ့အထိ ပညာသင်ဆုပေးမယ်လို့ Naresuan University က ကြေညာတဲ့ သတင်းထွက်ပေါ်လာပြီးတဲ့နောက် တောဝက်လူငယ် အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ နောင့်တွမ် ရဲ့ အဖွားဖြစ်သူက အဲဒီပညာသင်ဆု ကိုငြင်းပယ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွေမှာ ရေးသားဖော်ပြထားပါတယ်။

တောဝက်ဘောလုံးအသင်းက လူငယ်တွေဟာ လူစွမ်းကောင်းတွေမဟုတ်ပဲ သဘာဝဘေးဒုက္ခသည်မျှသာလျှင် ဖြစ်တဲ့အတွက် ပညာသင်ဆုကို အခုလိုငြင်းပယ်ရခြင်းဖြစ်ကြောင်း၊ သာမန်ဒုက္ခသည်သာဖြစ်ပြီး အခြားလူများထက်သာလွန်တဲ့ အခွင့်အရေးပေးခြင်းခံရရင် လူအများရဲ့ပြောဆိုခြင်းခံရမှာကို မလိုလားတဲ့အတွက် အခုလိုငြင်းပယ်ရခြင်းဖြစ်ကြောင်း နောင့်တွမ်ရဲ့ အဖွားကပြောခဲ့တယ်လို့ သိရပါတယ်။

သူရဲ့မြေးနောင့်တွမ် ဆေးရုံကဆင်းလာရင်တော့ ကလေးကို ယတြာခြေပေးဖို့ စီစဉ်နေတယ်လို့လဲ သူကပြောပါတယ်။

Ref: Sanook

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top