ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကၽြမ္းဘားစုံတြဲတစ္တြဲဟာ ကမ္းေျခအနီးရွိ ေလဆိပ္မွာ ဆုိက္ကပ္ရပ္နားမယ့္ ခရီးသည္တင္ ေလယာဥ္ႀကီး အနိမ့္ပ်ံသန္းစဥ္မွာ အႏၱရာယ္အလြန္မ်ားတဲ့ လူအုန္းပင္ျပကြက္ကို ျပသခဲ့ရာ လူမႈကြန္ယက္ေပၚမွာ ျပင္းထန္စြာ ေဝဖန္ခံေနရပါတယ္။ ကာရစ္ဘီယံပင္လယ္အတြင္းမွာ တည္ရွိတဲ့ စိန္႔မာတင္ကၽြန္းဟာ ကၽြန္းေပၚရွိေလဆိပ္ကုိ ဆုိက္ကပ္ရပ္နားလာတဲ့ အနိမ့္ပ်ံေလယာဥ္ေတြေၾကာင့္ လူသိမ်ားထင္ရွားတဲ့ ကၽြန္းတစ္ခု ျဖစ္ပါတယ္။

စိန္႔မာတင္ကၽြန္းကို ႏုိင္ငံႏွစ္ခုက ပိုင္ဆုိင္ၿပီး ေတာင္ပုိင္းကိုေတာ့ ေဟာ္လန္ႏုိင္ငံက ပုိင္ဆုိင္တာျဖစ္သလုိ၊ ေျမာက္ပုိင္းကိုေတာ့ ျပင္သစ္ႏုိင္ငံက ပုိင္ဆုိင္တာ ျဖစ္ပါတယ္။ အခုအျဖစ္အပ်က္မွာ သူမ်ားနဲ႔မတူတဲ့ျပကြက္ကို ျပသခဲ့တဲ့စုံတြဲကေတာ့ ယူကရိန္းႏုိင္ငံသားေတြျဖစ္တဲ့ Oleg Kolisnichenko (၃၅)ႏွစ္နဲ႔ Yulia Nos (၂၅)တုိ႔ျဖစ္ေၾကာင္း သိရပါတယ္။

Nos ဟာ သူမရဲ႕ခင္ပြန္းသည္ ဦးေခါင္းေပၚမွာ လက္တစ္ေခ်ာင္းသာေထာက္ၿပီး သူမရဲ႕ေျခေထာက္ေတြက ဆုိက္ကပ္ရပ္နားေတာ့မယ့္ ေလယာဥ္ရဲ႕ဘီးေတြနဲ႔ ထိလုခမန္း လက္မအနည္းငယ္သာ ကြာေဝးေတာ့တဲ့ အေနအထားပါ။ ဒီျပကြက္ကုိ Nos တုိ႔စုံတြဲက ဂုဏ္ယူစြာနဲ႔ လူမႈကြန္ယက္မွာ ျပန္လည္ျဖန္႔ေဝခဲ့ရာ၊ ခ်ီးက်ဴးမႈထက္ ေဝဖန္မႈေတြသာ ခံခဲ့ရပါတယ္။

Nos တုိ႔စုံတြဲဟာ အတူပူေပါင္းေဖ်ာ္ေျဖမႈေတြ ျပဳလုပ္လာတာ (၃)ႏွစ္တာ ကာလအတြင္းကို ေရာက္လာၿပီျဖစ္ၿပီး၊ ဒီလုိပုံစံနဲ႔အမွတ္တရဓာတ္ပုံ႐ုိက္ကူးခ်င္ခဲ့ေၾကာင္း ဆုိပါတယ္။ Nos က ” ဒီလုိပုံစံနဲ႔ ဓာတ္ပုံ႐ိုက္ခ်င္ေနတာ ၾကာပါၿပီ .. ေျပာရရင္ ဒီကမ္းေျခမွာ အလြန္နိမ့္စြာပ်ံသန္းတဲ့ ေလယာဥ္ႀကီးေတြနဲ႔အတူ လူတုိင္း အမွတ္တရဓာတ္ပုံေတာ့ ႐ုိက္ဖူးၾကမွာပါ “လုိ႔ ဆုိပါတယ္။

သူမက ဆက္လက္ၿပီး ” ဒါေပမယ့္ ကၽြန္မတုိ႔က ဒီလုိ သာမန္ဓာတ္ပုံမ်ိဳး ႐ိုက္ခ်င္တာေတာ့ မဟုတ္ပါဘူး … ဒါေၾကာင့္ အခုလုိ လုပ္လုိက္တာပါ … ေလယာဥ္က ကၽြန္မ ေျခေထာက္ကုိ မထိမိေပမယ့္ ေလအဟုန္ေၾကာင့္ ကၽြန္မ ဟန္ခ်က္ပ်က္သြားၿပီး ျပဳတ္က်မလုိ ျဖစ္ခဲ့ပါေသးတယ္ “လုိ႔ လူမႈကြန္ယက္မွာ ေရးသားခဲ့ပါတယ္။ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားကေတာ့ သူမတုိ႔ရဲ႕လုပ္ရပ္ဟာ အလြန္အႏၱရာယ္မ်ားၿပီး၊ မလုိအပ္ဘဲ ေလေၾကာင္းလုိင္းပါ ျပႆနာတက္နုိင္တဲ့ကိန္းလုိ႔ ေဝဖန္ခဲ့ပါတယ္။

source : thesun.co.uk

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နတ္စည္ေတာ္ (MyanmarNote)
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွမ်းဘားစုံတွဲတစ်တွဲဟာ ကမ်းခြေအနီးရှိ လေဆိပ်မှာ ဆိုက်ကပ်ရပ်နားမယ့် ခရီးသည်တင် လေယာဉ်ကြီး အနိမ့်ပျံသန်းစဉ်မှာ အန္တရာယ်အလွန်များတဲ့ လူအုန်းပင်ပြကွက်ကို ပြသခဲ့ရာ လူမှုကွန်ယက်ပေါ်မှာ ပြင်းထန်စွာ ဝေဖန်ခံနေရပါတယ်။ ကာရစ်ဘီယံပင်လယ်အတွင်းမှာ တည်ရှိတဲ့ စိန့်မာတင်ကျွန်းဟာ ကျွန်းပေါ်ရှိလေဆိပ်ကို ဆိုက်ကပ်ရပ်နားလာတဲ့ အနိမ့်ပျံလေယာဉ်တွေကြောင့် လူသိများထင်ရှားတဲ့ ကျွန်းတစ်ခု ဖြစ်ပါတယ်။

စိန့်မာတင်ကျွန်းကို နိုင်ငံနှစ်ခုက ပိုင်ဆိုင်ပြီး တောင်ပိုင်းကိုတော့ ဟော်လန်နိုင်ငံက ပိုင်ဆိုင်တာဖြစ်သလို၊ မြောက်ပိုင်းကိုတော့ ပြင်သစ်နိုင်ငံက ပိုင်ဆိုင်တာ ဖြစ်ပါတယ်။ အခုအဖြစ်အပျက်မှာ သူများနဲ့မတူတဲ့ပြကွက်ကို ပြသခဲ့တဲ့စုံတွဲကတော့ ယူကရိန်းနိုင်ငံသားတွေဖြစ်တဲ့ Oleg Kolisnichenko (၃၅)နှစ်နဲ့ Yulia Nos (၂၅)တို့ဖြစ်ကြောင်း သိရပါတယ်။

Nos ဟာ သူမရဲ့ခင်ပွန်းသည် ဦးခေါင်းပေါ်မှာ လက်တစ်ချောင်းသာထောက်ပြီး သူမရဲ့ခြေထောက်တွေက ဆိုက်ကပ်ရပ်နားတော့မယ့် လေယာဉ်ရဲ့ဘီးတွေနဲ့ ထိလုခမန်း လက်မအနည်းငယ်သာ ကွာဝေးတော့တဲ့ အနေအထားပါ။ ဒီပြကွက်ကို Nos တို့စုံတွဲက ဂုဏ်ယူစွာနဲ့ လူမှုကွန်ယက်မှာ ပြန်လည်ဖြန့်ဝေခဲ့ရာ၊ ချီးကျူးမှုထက် ဝေဖန်မှုတွေသာ ခံခဲ့ရပါတယ်။

Nos တို့စုံတွဲဟာ အတူပူပေါင်းဖျော်ဖြေမှုတွေ ပြုလုပ်လာတာ (၃)နှစ်တာ ကာလအတွင်းကို ရောက်လာပြီဖြစ်ပြီး၊ ဒီလိုပုံစံနဲ့အမှတ်တရဓာတ်ပုံရိုက်ကူးချင်ခဲ့ကြောင်း ဆိုပါတယ်။ Nos က ” ဒီလိုပုံစံနဲ့ ဓာတ်ပုံရိုက်ချင်နေတာ ကြာပါပြီ .. ပြောရရင် ဒီကမ်းခြေမှာ အလွန်နိမ့်စွာပျံသန်းတဲ့ လေယာဉ်ကြီးတွေနဲ့အတူ လူတိုင်း အမှတ်တရဓာတ်ပုံတော့ ရိုက်ဖူးကြမှာပါ “လို့ ဆိုပါတယ်။

သူမက ဆက်လက်ပြီး ” ဒါပေမယ့် ကျွန်မတို့က ဒီလို သာမန်ဓာတ်ပုံမျိုး ရိုက်ချင်တာတော့ မဟုတ်ပါဘူး … ဒါကြောင့် အခုလို လုပ်လိုက်တာပါ … လေယာဉ်က ကျွန်မ ခြေထောက်ကို မထိမိပေမယ့် လေအဟုန်ကြောင့် ကျွန်မ ဟန်ချက်ပျက်သွားပြီး ပြုတ်ကျမလို ဖြစ်ခဲ့ပါသေးတယ် “လို့ လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ သူမတို့ရဲ့လုပ်ရပ်ဟာ အလွန်အန္တရာယ်များပြီး၊ မလိုအပ်ဘဲ လေကြောင်းလိုင်းပါ ပြဿနာတက်နိုင်တဲ့ကိန်းလို့ ဝေဖန်ခဲ့ပါတယ်။

source : thesun.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top