ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ကရင္​ျပည္​နယ္​၊ဘားအံၿမိဳ႕နယ္​တြင္​ ဆိုင္​ကယ္​တကၠစီ ​ေမာင္​းႏွင္​သူတစ္​ဦးကို ဆိုင္​ကယ္​တကၠစီငွါးရမ္​းသြားသူႏွစ္​ဦးက လူျပတ္​သည္​့​ ေနရာအ​ေရာက္​႐ိုက္​ႏွက္​ထိုးႀကိတ္​ကာ ဆိုင္​ကယ္အားလုယက္​ ယူ​ေဆာင္​သြားသူကိုရဲတပ္​ဖြဲ႔က ျဖစ္​ပြားၿပီးတစ္​ရက္​အၾကာ ဇူလိုင္​ ၇ ရက္​ ​က ​ေဖာ္​ထုတ္​ဖမ္​းဆီးရမိခဲ့​ေၾကာင္​း သတင္​းရ႐ွိသည္​။

ျဖစ္​စဥ္​မွာ ဇူလိုင္​ ၆ ရက္​​ နံနက္​ ၇ နာရီခန္​႔က ဘားအံၿမိဳ႕ အမွတ္​(၃)ရပ္​ကြက္​၊ဗိုလ္​ခ်ဳပ္​လမ္​း႐ွိ ဆိုင္​ကယ္​တကၠစီဂိတ္​မွ တကၠစီ​ေမာင္​းႏွင္​သူခ်စ္​လင္​းဗိုလ္​၊ (၂၅-ႏွစ္​)၊အမွတ္​(၂)ရပ္​ကြက္​၊ဘားအံၿမိဳ႕​ေနသူသည္​ ဆိုင္​ကယ္​ တကၠစီ ငွါးရမ္​းစီးရာမွ ခင္​မင္​ခဲ့ဖူးသူဖိုး​ေကဆိုသူမွ ဆိုင္​ကယ္​တကၠစီငွါးရန္​ ဖုန္​းဆက္​​ေခၚ၍၎​ေနထိုင္​ရာ ဘားအံၿမိဳ႕နယ္​ ဝါးဆူး​ေက်းရြာသို႔ သြား​ေရာက္​​ေခၚ​ေဆာင္​ရာ ရြာထိပ္​အ​ေရာက္​ဖိုး​ေကႏွင္​့အမည္​မသိအမ်ိဳးသား တစ္​ဦးတို႔ အသင္​့​ေစာင္​့​ေန၍တန္​(၄၀၀၀)ဘိလပ္​​ေျမစက္​ရံုဘက္​သို႔ လိုက္​ပါပို႔​ေဆာင္​​ေပးရန္​ ​ေျပာ၍ ပို႔​ေဆာင္​​ေပးခဲ့ဲၿပီး ၁၁နာရီခြဲအခ်ိန္​တန္​ (၄၀၀၀)စက္​ရံုမွတစ္​ဆင္​့ ၎တို႔ႏွစ္​ဦးထပ္​မံပို႔​ေဆာင္​ခိုင္​းသည္​့​ေနရာအား လိုက္​ပါပို႔​ေဆာင္​ရန္​ ​ေမာင္​းႏွင္​ထြက္​လာခဲ့စဥ္​ ခမရ (၂၀၄)တပ္​နယ္​နမိတ္​အဆံုးလမ္​းယာဘက္​႐ွိ လမ္​းသြယ္​အတြင္​း ဆိုင္​ကယ္​အား​ေမာင္​းဝင္​ခိုင္းၿပီး ဆိုင္​ကယ္​အား ထားခဲ့ရန္​​ေျပာရာ စိတ္​မခ်​ေၾကာင္​းျပန္​​ေျပာစဥ္​ ဖိုး​ေကမွ လူျပတ္​သည္​့​ေနရာျဖစ္​၍ စိတ္​မပူရ​ေၾကာင္​းႏွင္​့၎တို႔သြားမည္​့အိမ္​မွာ ဆိုင္​ကယ္​ထားသည္​့​ေနရာႏွင္​့ ကိုက္​(၇၀၀)ခန္​႔သာ ​ေဝး​ေၾကာင္​း​ေျပာသျဖင္​့ ၎တို႔ႏွစ္​ဦးႏွင့္​့အတူ လိုက္​ခဲ့စဥ္​ ​ေပ ၅၀ ခန္​႔အ​ေရာက္​ ဖိုး​ေကက ​ေနာက္​မွတုတ္​ျဖင္​့ ဦး​ေခါင္​းကိုတစ္​ခ်က္​႐ိုက္​ၿပီး ၎ႏွင္​့ပါလာသူက လက္​သီးျဖင္​့ထိုးသျဖင္​့ ထြက္​​ေျပး​ေသာ္​လည္​းမလြတ္​ခဲ့၍ထပ္​မံ ထိုးႀကိတ္​ရာ လဲက်သြားစဥ္​ ၎ဝတ္​ထားသည္​့အက်ႌကို ခြၽတ္​၍လည္​ပင္​းကို သံုးပတ္​ခန္​႔ခ်ည္​​ေႏွာင္​ကာ ခႏၶာကိုယ္​​ေပၚဖိထိုင္​ၿပီး မ်က္​ႏွာႏွင္​့ဦး​ေခါင္​း တို႔ကို ဆက္လက္ထိုးႀကိတ္​သျဖင့္ မ်က္​လံုးမဖြင္​့ႏိုင္​​ေတာ့ဘဲၿငိမ္​သက္​သြားမွ ထားခဲ့ကာ ခ်စ္​လင္​းဗိုလ္​ပိုင္​သည့္ OPPOတံဆိပ္​၊ဆင္​းကတ္ပါ ဟန္​းဖုန္​း တန္​ဖိုး က်ပ္​နွစ္​သိန္​းခန္႔ႏွင္​့ ၃၈ယ/၅၁၇၈၅ နံပါတ္​တပ္​၊ Wave-100ပံု​ေျပာင္​း၊ ျပာ/မဲအ​ေရာင္​ တန္​ဘိုးက်ပ္​႐ွစ္​သိန္​းက်ပ္​ခန္​႔တို႔ကို ယူ​ေဆာင္​သြားခဲ့ျခင္​းျဖစ္​သည္​။

ခ်စ္​လင္​းဗိုလ္​မွာ အခင္​းျဖစ္​​ေနရာတြင္​ ​ေလးနာရီခန္​႔ၾကာသည္​အထိ သတိ​ေမ့​ေနရာမွ ျပန္​လည္​သတိရသည့္​အခ်ိန္​ ကားလမ္​းဘက္​သို႔ ​ေလၽွာက္​လာၿပီး ပတ္​ဝန္​းက်င္​ကူညီမႈျဖင္​့ဘားအံသို႔ျပန္​လည္​​ေရာက္​႐ွိကာ ဇူလိုင္​ ၇ ရက္​​ေန႔ နံနက္​ ၀၀:၂၀အခ်ိန္​ ဘားအံၿမိဳ႕မရဲစခန္​းသို႔ လာ​ေရာက္​၍ ဖိုး​ေကႏွင္​့အမည္​မသိအမ်ိဳးသားတစ္​ဦးကို စံုစမ္​း​ေဖာ္​ထုတ္​​ေပးလာ​ေရာက္​တိုင္​တန္​းခဲ့ျခင္​းျဖစ္​သည္​။

႐ိုက္​ႏွက္​လုယက္​ျခင္​းခံရသျဖင္​့ ခ်စ္​လင္​း ဗိုလ္​တြင္​ ဦး​ေခါင္​း​ေနာက္​​ ေပါက္​ျပဲဒဏ္​ရာ တစ္​ခ်က္​၊ဝဲယာမ်က္​ခံုးဖူး​ေရာင္​၊မ်က္​ႏွာနာက်င္​ဒဏ္​ရာ၊ဝဲ/ယာလက္​ဖမိုး နာက်င္​ဒဏ္​ရာမ်ားအသီးသီးရ႐ွိခဲ့၍ ဘားအံ​ေဆးရံုႀကီးသို႔ မႈခင္​း​ေဆးစာျဖင္​့တင္​ပို႔ခဲ့ရ​သည္​။

ျဖစ္​စဥ္​ႏွင္​့ပတ္​သက္​ၿပီး ဖိုး​ေကႏွင္​့ အမည္​(စံုစမ္​းဆဲ)အမ်ိဳးသားတစ္​ဦးကို ဘားအံၿမိဳ႕မရဲစခန္​းက လုယက္​ျဖင္​့အမႈ​ေရးဖြင္​့ စံုစမ္​းခဲ့ကာ ဘားအံၿမိဳ႕နယ္​ ရဲတပ္​ဖြဲ႔မွဴး ရဲမွဴး​ေက်ာ္​သန္​းက လမ္​းတံတားမ်ား၊ပိတ္​ဆို႔​ေရးဂိတ္​မ်ားအား ပိတ္​ဆို႔ျခင္​း၊ အမႈစစ္​ဖြဲ႔ဖြဲ႔စည္​း၍စံုစမ္​းစစ္​​ေဆးျခင္​းမ်ား ​ေဆာင္​ရြက္​ခဲ့ရာရဲအုပ္​ ညီညီမိုးဦးစီးအဖြဲ႔က သတင္​းကြင္​းဆက္​မ်ား ရ႐ွိခဲ့ ထပ္​ၾကပ္မခြာ လိုက္​လံစံုစမ္​းရာ နံနက္​ ၄နာရီအခ်ိန္​ခန္​႔တြင္​ ပဲခူး-ရန္​ကုန္​လမ္​း၊ မိုင္​တိုင္​အမွတ္​ (၅၇/၃)အနီး​ေတြ႔႐ွိစဥ္​ လုယူသြားသည္​့ဆိုင္​ကဲအား လမ္​း​ေပၚတြင္​ လဲခ်ထားခဲ့ၿပီး လမ္​းမ​ေဘး ကိုင္​း​ေတာမ်ားရွိသည္​့ အင္​းအတြင္​း ဝင္​သြား၍လိုက္လံဖမ္​းဆီးရာဖိုး​ေကအား ကိုင္​း​ေတာအစပ္​တြင္​ လံုး​ေထြးဖမ္​း ဆီးရမိၿပီးတစ္​ဦးမွာ အင္​းအတြင္​း ​ေရငုပ္​၍ထြက္​​ေျပးလြတ္​​ေျမာက္​သြား​ေၾကာင္​း သိသည္​။

ဖမ္​းဆီးရမိခဲ့သည္​့ ဖိုး​ေက(ခ)​ေစာဖိုး​ေဝ၊ ၂၃ႏွစ္​၊ ဝါးဆူး​ေက်းရြာ၊​ ေကာ့လိႈက္​​ေက်းရြာအုပ္​စု၊ဘားအံၿမိဳ႕နယ္​​ေနသူအား အမႈစစ္​ ၿမိဳင္​က​ေလးရဲကင္​းစခန္​းမွဴး ရဲအုပ္​ ​ေဇာ္​လင္​းကအမႈျဖင္​့ဖမ္​းဆီးကာ အခင္​းျဖစ္​​ေနရာအား လိုက္​လံျပသ​ေစၿပီး ျပစ္​မႈက်ဴးလြန္​ရာတြင္​ အသံုးျပဳခဲ့သည္​့ သက္​​ေသခံပစၥည္​းမ်ားသိမ္​း ဆည္​းျခင္​း၊ လုယက္​ယူ​ေဆာင္​သြားသည္​့ ဖုန္​းႏွင္​့ဆိုင္​ကယ္​တို႔အား ဥပ​ေဒႏွင္​့အညီသိမ္​းဆည္​းခဲ့ၿပီး ၎ႏွင္​့အတူ ျပစ္​မႈက်ဴးလြန္​ခဲ့သည္​့ အမည္​(စိစစ္​ဆဲ)အမ်ိဳးသားတစ္​ဦးအား စံုစမ္​း​ေဖာ္​ထုတ္​ဖမ္​းဆီးႏိုင္​​ေရး ဆက္​လက္​​ေဆာင္​ရြက္​လွ်က္​႐ွိ​ေၾကာင္​း သတင္​းရ႐ွိသည္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္​းသူ/ထြန္​းထြန္​း​ေထြး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/

#Unicode Version#


ကရင်ပြည်နယ်၊ဘားအံမြို့နယ်တွင် ဆိုင်ကယ်တက္ကစီ မောင်းနှင်သူတစ်ဦးကို ဆိုင်ကယ်တက္ကစီငှါးရမ်းသွားသူနှစ်ဦးက လူပြတ်သည့် နေရာအရောက်ရိုက်နှက်ထိုးကြိတ်ကာ ဆိုင်ကယ်အားလုယက် ယူဆောင်သွားသူကိုရဲတပ်ဖွဲ့က ဖြစ်ပွားပြီးတစ်ရက်အကြာ ဇူလိုင် ၇ ရက် က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက် နံနက် ၇ နာရီခန့်က ဘားအံမြို့ အမှတ်(၃)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းရှိ ဆိုင်ကယ်တက္ကစီဂိတ်မှ တက္ကစီမောင်းနှင်သူချစ်လင်းဗိုလ်၊ (၂၅-နှစ်)၊အမှတ်(၂)ရပ်ကွက်၊ဘားအံမြို့နေသူသည် ဆိုင်ကယ် တက္ကစီ ငှါးရမ်းစီးရာမှ ခင်မင်ခဲ့ဖူးသူဖိုးကေဆိုသူမှ ဆိုင်ကယ်တက္ကစီငှါးရန် ဖုန်းဆက်ခေါ်၍၎င်းနေထိုင်ရာ ဘားအံမြို့နယ် ဝါးဆူးကျေးရွာသို့ သွားရောက်ခေါ်ဆောင်ရာ ရွာထိပ်အရောက်ဖိုးကေနှင့်အမည်မသိအမျိုးသား တစ်ဦးတို့ အသင့်စောင့်နေ၍တန်(၄၀၀၀)ဘိလပ်မြေစက်ရုံဘက်သို့ လိုက်ပါပို့ဆောင်ပေးရန် ပြော၍ ပို့ဆောင်ပေးခဲ့ဲပြီး ၁၁နာရီခွဲအချိန်တန် (၄၀၀၀)စက်ရုံမှတစ်ဆင့် ၎င်းတို့နှစ်ဦးထပ်မံပို့ဆောင်ခိုင်းသည့်နေရာအား လိုက်ပါပို့ဆောင်ရန် မောင်းနှင်ထွက်လာခဲ့စဉ် ခမရ (၂၀၄)တပ်နယ်နမိတ်အဆုံးလမ်းယာဘက်ရှိ လမ်းသွယ်အတွင်း ဆိုင်ကယ်အားမောင်းဝင်ခိုင်းပြီး ဆိုင်ကယ်အား ထားခဲ့ရန်ပြောရာ စိတ်မချကြောင်းပြန်ပြောစဉ် ဖိုးကေမှ လူပြတ်သည့်နေရာဖြစ်၍ စိတ်မပူရကြောင်းနှင့်၎င်းတို့သွားမည့်အိမ်မှာ ဆိုင်ကယ်ထားသည့်နေရာနှင့် ကိုက်(၇၀၀)ခန့်သာ ဝေးကြောင်းပြောသဖြင့် ၎င်းတို့နှစ်ဦးနှင့့်အတူ လိုက်ခဲ့စဉ် ပေ ၅၀ ခန့်အရောက် ဖိုးကေက နောက်မှတုတ်ဖြင့် ဦးခေါင်းကိုတစ်ချက်ရိုက်ပြီး ၎င်းနှင့်ပါလာသူက လက်သီးဖြင့်ထိုးသဖြင့် ထွက်ပြေးသော်လည်းမလွတ်ခဲ့၍ထပ်မံ ထိုးကြိတ်ရာ လဲကျသွားစဉ် ၎င်းဝတ်ထားသည့်အကျႌကို ချွတ်၍လည်ပင်းကို သုံးပတ်ခန့်ချည်နှောင်ကာ ခန္ဓာကိုယ်ပေါ်ဖိထိုင်ပြီး မျက်နှာနှင့်ဦးခေါင်း တို့ကို ဆက်လက်ထိုးကြိတ်သဖြင့် မျက်လုံးမဖွင့်နိုင်တော့ဘဲငြိမ်သက်သွားမှ ထားခဲ့ကာ ချစ်လင်းဗိုလ်ပိုင်သည့် OPPOတံဆိပ်၊ဆင်းကတ်ပါ ဟန်းဖုန်း တန်ဖိုး ကျပ်နှစ်သိန်းခန့်နှင့် ၃၈ယ/၅၁၇၈၅ နံပါတ်တပ်၊ Wave-100ပုံပြောင်း၊ ပြာ/မဲအရောင် တန်ဘိုးကျပ်ရှစ်သိန်းကျပ်ခန့်တို့ကို ယူဆောင်သွားခဲ့ခြင်းဖြစ်သည်။

ချစ်လင်းဗိုလ်မှာ အခင်းဖြစ်နေရာတွင် လေးနာရီခန့်ကြာသည်အထိ သတိမေ့နေရာမှ ပြန်လည်သတိရသည့်အချိန် ကားလမ်းဘက်သို့ လျှောက်လာပြီး ပတ်ဝန်းကျင်ကူညီမှုဖြင့်ဘားအံသို့ပြန်လည်ရောက်ရှိကာ ဇူလိုင် ၇ ရက်နေ့ နံနက် ၀၀:၂၀အချိန် ဘားအံမြို့မရဲစခန်းသို့ လာရောက်၍ ဖိုးကေနှင့်အမည်မသိအမျိုးသားတစ်ဦးကို စုံစမ်းဖော်ထုတ်ပေးလာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ရိုက်နှက်လုယက်ခြင်းခံရသဖြင့် ချစ်လင်း ဗိုလ်တွင် ဦးခေါင်းနောက် ပေါက်ပြဲဒဏ်ရာ တစ်ချက်၊ဝဲယာမျက်ခုံးဖူးရောင်၊မျက်နှာနာကျင်ဒဏ်ရာ၊ဝဲ/ယာလက်ဖမိုး နာကျင်ဒဏ်ရာများအသီးသီးရရှိခဲ့၍ ဘားအံဆေးရုံကြီးသို့ မှုခင်းဆေးစာဖြင့်တင်ပို့ခဲ့ရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖိုးကေနှင့် အမည်(စုံစမ်းဆဲ)အမျိုးသားတစ်ဦးကို ဘားအံမြို့မရဲစခန်းက လုယက်ဖြင့်အမှုရေးဖွင့် စုံစမ်းခဲ့ကာ ဘားအံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သန်းက လမ်းတံတားများ၊ပိတ်ဆို့ရေးဂိတ်များအား ပိတ်ဆို့ခြင်း၊ အမှုစစ်ဖွဲ့ဖွဲ့စည်း၍စုံစမ်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာရဲအုပ် ညီညီမိုးဦးစီးအဖွဲ့က သတင်းကွင်းဆက်များ ရရှိခဲ့ ထပ်ကြပ်မခွာ လိုက်လံစုံစမ်းရာ နံနက် ၄နာရီအချိန်ခန့်တွင် ပဲခူး-ရန်ကုန်လမ်း၊ မိုင်တိုင်အမှတ် (၅၇/၃)အနီးတွေ့ရှိစဉ် လုယူသွားသည့်ဆိုင်ကဲအား လမ်းပေါ်တွင် လဲချထားခဲ့ပြီး လမ်းမဘေး ကိုင်းတောများရှိသည့် အင်းအတွင်း ဝင်သွား၍လိုက်လံဖမ်းဆီးရာဖိုးကေအား ကိုင်းတောအစပ်တွင် လုံးထွေးဖမ်း ဆီးရမိပြီးတစ်ဦးမှာ အင်းအတွင်း ရေငုပ်၍ထွက်ပြေးလွတ်မြောက်သွားကြောင်း သိသည်။

ဖမ်းဆီးရမိခဲ့သည့် ဖိုးကေ(ခ)စောဖိုးဝေ၊ ၂၃နှစ်၊ ဝါးဆူးကျေးရွာ၊ ကော့လှိုက်ကျေးရွာအုပ်စု၊ဘားအံမြို့နယ်နေသူအား အမှုစစ် မြိုင်ကလေးရဲကင်းစခန်းမှူး ရဲအုပ် ဇော်လင်းကအမှုဖြင့်ဖမ်းဆီးကာ အခင်းဖြစ်နေရာအား လိုက်လံပြသစေပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် သက်သေခံပစ္စည်းများသိမ်း ဆည်းခြင်း၊ လုယက်ယူဆောင်သွားသည့် ဖုန်းနှင့်ဆိုင်ကယ်တို့အား ဥပဒေနှင့်အညီသိမ်းဆည်းခဲ့ပြီး ၎င်းနှင့်အတူ ပြစ်မှုကျူးလွန်ခဲ့သည့် အမည်(စိစစ်ဆဲ)အမျိုးသားတစ်ဦးအား စုံစမ်းဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းသူ/ထွန်းထွန်းထွေး(ဘားအံ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top