ရာသက္ပန္ေျမပိုင္ဆိုင္ျခင္းရရွိမည့္ ဂရန္းျမကန္သာကြန္ဒို အထူးပ႐ိုမိုးရွင္း အေရာင္းျပပြဲ
×

တစ္ခ်ိန္က မင္းသမီးေတြထဲမွာ အလွထိပ္ေခါင္လို႔ တင္စားရေအာင္ ပရိသတ္ေတြၾကား ေရပန္းစားခဲ့တဲ့ မင္းသမီးတစ္ဦးကို ျပပါဆုိရင္ နႏၵာလိႈင္ကိုသာ ေရြးခ်ယ္ရမွာ အမွန္ပါပဲ။ မ်က္လံုးမ်က္ဖန္၊ ႏွာတံ ၊ မ်က္ႏွာက်၊ ကိုယ္လံုးကိုယ္ေပါက္၊ ဆံေကသာ စသျဖင့္ လွဂုဏ္ၾကြယ္သူတစ္ေယာက္ျဖစ္ပါတယ္။ အိမ္ေထာင္က်ၿပီး ခ်စ္စရာ ကေလးေလးေတြကို ရရွိလာခ်ိန္မွာေတာ့ မင္းသမီးတစ္ဦးဆိုတာထက္ မိခင္တစ္ေယာက္အျဖစ္ကို ပိုၿပီး ခံုမင္တြယ္တာခဲ့တာလည္း နႏၵာလိႈင္ပဲျဖစ္ပါတယ္။

အႏုပညာအလုပ္ေတြနဲ႔ ေ၀းကြာၿပီး မိသားစုနဲ႔ အရိုးရွင္းဆံုး ေနထိုင္လႈပ္ရွားေနခ်ိန္မွာေတာင္ နႏၵာလိႈ္င္အတြက္ အတုိက္အခိုက္ေတြက ရွိေနတုန္းပဲလို႔ သိရပါတယ္။ ၿခိဳးၿခံလိမၼာစြာေနပါလ်က္ သူ႔ကိုတုိက္ခုိက္ေနသူေတြကိုေတာ့ နႏၵာလိႈင္က သူ႔ရဲ႕ေဖ့စ္ဘုတ္စာမ်က္ႏွာကေနတဆင့္ အခုလုိ ေမးခြန္းထုတ္ထားပါတယ္။

နႏၵာလိႈင္က “ျပင္ျပင္ဆင္ဆင္လည္း မေနတတ္ပါဘူး ဟိုးအရင္ထဲကပါ။ ႐ိုက္ကြင္းသြားတဲ့အခ်ိန္ကလဲြရင္ သနပ္ခါးနဲ႔ပဲေနတာပါ။ ၾကြားႂကြားဝါဝါလည္း မေနတတ္ပါဘူး။ မျဖစ္မေနက်မွ နားကပ္ေလး၊ လက္စြပ္ေလး ဝတ္တာပါ။ က်န္တဲ့အခ်ိန္ဆို နားေပါက္ေဟာင္းေလာင္းပါ။ အခုလက္ရွိ မိဘအိမ္မွာပဲေနပါတယ္။ အေမ့ၿခံထြက္ ဒူးရင္းသီး၊ ၾကက္ေမာက္သီးေတြလည္း ဝိုင္းေရာင္းေပးပါတယ္။

ကိုယ္တိုင္လည္း ခဲြေပးပါတယ္။ အဲလိုလုပ္ရတာလဲ ေပ်ာ္ပါတယ္။ အလုပ္သြားတဲ့အခ်ိန္ကလဲြရင္ မိသားစုကိုပဲ အခ်ိန္အျပည့္ေပးပါတယ္။ မိသားစုဘဝ သာယာေအးခ်မ္းေအာင္ အစြမ္းကုန္ႀကိဳးစားပါတယ္။ အဲဒီအတြက္လည္း ေက်နပ္ေပ်ာ္ရႊင္ပါတယ္။ အဲဒီလိုေနတတ္တဲ့က်မကို လာလာၿပီး တိုက္ခိုက္ေနတာ ဘာေၾကာင့္လို႔ သတ္မွတ္ရမလဲဟင္?” လို႔ တိုက္ခို္က္ေနသူေတြကို ေမးခြန္းထုတ္ထားတာ ျဖစ္ပါတယ္။

နႏၵာလိႈင္ရဲ႕ပရိသတ္ေတြကေတာ့ ေဘးကေန တိုက္ခိုက္တာေတြကို ဂရုမစိုက္ဖို႔လည္း သူ႔ရဲ႕ပို႔စ္ေအာက္ကေန အားေပးထားၾကပါေသးတယ္။ နႏၵာလိႈင္ဟာ အႏုပညာအလုပ္ေတြကေန နားထားေပမယ့္ သမီးေလး သံုးေယာက္အတြက္ အၿမဲတမ္း အသင့္ရွိေနတဲ့ အေမတစ္ေယာက္အျဖစ္ ႀကိဳးစားေနသူျဖစ္ပါတယ္။ မိသားစုဘ၀ကို သာယာေပ်ာ္ရႊင္ေရးအတြက္ ႀကိဳးစားေနတဲ့ ကမာၻေျမႀကီးေပၚက ေလးစားထိုက္တဲ့ ေမေမေတြထဲက တစ္ေယာက္လို႔ ဆိုရမွာပါ။

နႏၵာလိႈင္ဟာ ၁၉၉၈ခုႏွစ္က ေရႊနန္႕သာစံအိမ္နဲ႕ အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ပို႕ဆုနဲ႕ ၂၀၀၆ခုႏွစ္က ေတာင္တံမန္သစၥာဇာတ္ကားနဲ႕အေကာင္းဆံုးအမ်ိဳးသမီးဇာတ္ေဆာင္ဆု စတဲ့ အကယ္ဒမီေရႊစင္ဆုႏွစ္ဆုကို ရရွိပိုင္ဆိုင္ခဲ့သူတစ္ေယာက္လညး္ ျဖစ္ပါတယ္။

Myat Su Nyein
Ref : Nandar Hlaing Facebook

ဖိုးသူေတာ္ (www.phothutaw.com)
Credit: searcchmyanmar
# Unicode Version ျဖင့္ ဖတ္ပါ #
တစ်ချိန်က မင်းသမီးတွေထဲမှာ အလှထိပ်ခေါင်လို့ တင်စားရအောင် ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသမီးတစ်ဦးကို ပြပါဆိုရင် နန္ဒာလှိုင်ကိုသာ ရွေးချယ်ရမှာ အမှန်ပါပဲ။ မျက်လုံးမျက်ဖန်၊ နှာတံ ၊ မျက်နှာကျ၊ ကိုယ်လုံးကိုယ်ပေါက်၊ ဆံကေသာ စသဖြင့် လှဂုဏ်ကြွယ်သူတစ်ယောက်ဖြစ်ပါတယ်။ အိမ်ထောင်ကျပြီး ချစ်စရာ ကလေးလေးတွေကို ရရှိလာချိန်မှာတော့ မင်းသမီးတစ်ဦးဆိုတာထက် မိခင်တစ်ယောက်အဖြစ်ကို ပိုပြီး ခုံမင်တွယ်တာခဲ့တာလည်း နန္ဒာလှိုင်ပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ ဝေးကွာပြီး မိသားစုနဲ့ အရိုးရှင်းဆုံး နေထိုင်လှုပ်ရှားနေချိန်မှာတောင် နန္ဒာလှိုင်အတွက် အတိုက်အခိုက်တွေက ရှိနေတုန်းပဲလို့ သိရပါတယ်။ ခြိုးခြံလိမ္မာစွာနေပါလျက် သူ့ကိုတိုက်ခိုက်နေသူတွေကိုတော့ နန္ဒာလှိုင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် အခုလို မေးခွန်းထုတ်ထားပါတယ်။

နန္ဒာလှိုင်က “ပြင်ပြင်ဆင်ဆင်လည်း မနေတတ်ပါဘူး ဟိုးအရင်ထဲကပါ။ ရိုက်ကွင်းသွားတဲ့အချိန်ကလွဲရင် သနပ်ခါးနဲ့ပဲနေတာပါ။ ကြွားကြွားဝါဝါလည်း မနေတတ်ပါဘူး။ မဖြစ်မနေကျမှ နားကပ်လေး၊ လက်စွပ်လေး ဝတ်တာပါ။ ကျန်တဲ့အချိန်ဆို နားပေါက်ဟောင်းလောင်းပါ။ အခုလက်ရှိ မိဘအိမ်မှာပဲနေပါတယ်။ အမေ့ခြံထွက် ဒူးရင်းသီး၊ ကြက်မောက်သီးတွေလည်း ဝိုင်းရောင်းပေးပါတယ်။

ကိုယ်တိုင်လည်း ခွဲပေးပါတယ်။ အဲလိုလုပ်ရတာလဲ ပျော်ပါတယ်။ အလုပ်သွားတဲ့အချိန်ကလွဲရင် မိသားစုကိုပဲ အချိန်အပြည့်ပေးပါတယ်။ မိသားစုဘဝ သာယာအေးချမ်းအောင် အစွမ်းကုန်ကြိုးစားပါတယ်။ အဲဒီအတွက်လည်း ကျေနပ်ပျော်ရွှင်ပါတယ်။ အဲဒီလိုနေတတ်တဲ့ကျမကို လာလာပြီး တိုက်ခိုက်နေတာ ဘာကြောင့်လို့ သတ်မှတ်ရမလဲဟင်?” လို့ တိုက်ခိုက်နေသူတွေကို မေးခွန်းထုတ်ထားတာ ဖြစ်ပါတယ်။

နန္ဒာလှိုင်ရဲ့ပရိသတ်တွေကတော့ ဘေးကနေ တိုက်ခိုက်တာတွေကို ဂရုမစိုက်ဖို့လည်း သူ့ရဲ့ပို့စ်အောက်ကနေ အားပေးထားကြပါသေးတယ်။ နန္ဒာလှိုင်ဟာ အနုပညာအလုပ်တွေကနေ နားထားပေမယ့် သမီးလေး သုံးယောက်အတွက် အမြဲတမ်း အသင့်ရှိနေတဲ့ အမေတစ်ယောက်အဖြစ် ကြိုးစားနေသူဖြစ်ပါတယ်။ မိသားစုဘဝကို သာယာပျော်ရွှင်ရေးအတွက် ကြိုးစားနေတဲ့ ကမ္ဘာမြေကြီးပေါ်က လေးစားထိုက်တဲ့ မေမေတွေထဲက တစ်ယောက်လို့ ဆိုရမှာပါ။

နန္ဒာလှိုင်ဟာ ၁၉၉၈ခုနှစ်က ရွှေနန့်သာစံအိမ်နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုနဲ့ ၂၀၀၆ခုနှစ်က တောင်တံမန်သစ္စာဇာတ်ကားနဲ့အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု စတဲ့ အကယ်ဒမီရွှေစင်ဆုနှစ်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

Myat Su Nyein
Ref : Nandar Hlaing Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: searcchmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top