iMyanmarHouse.com - Best Property Website for Myanmar
×

ဆရာငါးေယာက္ထဲမွာဆိုရင္ အေနေအးတဲ့ ဆရာတစ္ေယာက္ဆုိလည္း မမွားပါဘူး။

အႏုပညာပ်ိဳးခင္းကို ထူေထာင္ခဲ့တဲ့ မင္းသားငါးေယာက္ထဲမွာ ျမင့္ျမတ္ဟာ တစ္ေယာက္အပါအဝင္ျဖစ္ပါတယ္။ အႏုပညာပ်ိဳးခင္း(၁) မွာ စင္တင္မင္းသမီး တစ္ေယာက္အေနနဲ႕ ပါဝင္လာခဲ့တဲ့ ေရႊမံႈရတီဟာ အခုဆိုရင္ အႏုပညာေလာကမွာ ေအာင္ျမင္ေနတဲ့ သရုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။ သူမဟာ ပ်ိဳးခင္းက ဆရာငါးေယာက္စလံုးကို ခ်စ္ခင္ေလးစားတဲ့ သူတစ္ေယာက္ျဖစ္သလုိ ျမင့္ျမတ္ဟာကလည္း သူမအတြက္ ဘယ္လိုဆရာမ်ိဳး ျဖစ္လဲဆိုတာ ယခုလို ေျပာျပခဲ့ပါတယ္။

“ကိုျမင့္ျမတ္က ညီမရဲ႕ ဆရာေတြထဲမွာဆိုရင္ မသိမသာသင္ေပးတဲ့ ဆရာမ်ိဳးလို႕ ေျပာလို႕ရမယ္။ ညီမက ညီမရဲ႕ ဆရာေတြအကုန္လံုးကုိ အေကာင္းဆံုးေတြ ျဖစ္ေစခ်င္တာ။ ညီမဆရာေတြ အေကာင္းဆံုး တစ္ခုခု ျဖစ္လာေတာ့မယ္ဆိုရင္ အရင္ေပ်ာ္တာ ညီမပါပဲ” လို႕ ငဒူဇာတ္ကား Press show က်င္းပခဲ့တဲ့ ဇြန္လ(၂၉)ရက္ေန႕ Medi ကို ေျပာျပခဲ့တာ ျဖစ္ပါတယ္။

ငဒူဇာတ္ကားမွာ ဆရာျဖစ္သူနဲ႕အတူတူ ပါဝင္သရုပ္ေဆာင္ထားတဲ့ ေရႊမံႈဟာ ဇာတ္ကားတစ္ကားလံုး ပရိသတ္တစ္ေယာက္ အေနနဲ႕ ျပန္ၾကည့္ခ်ိန္ မွာ ရင္ထဲမွာ ေအာင့္ေနေအာင္ခံစားခဲ့ရပါတယ္တဲ့။

“ပရိသတ္တစ္ေယာက္အေနနဲ႕ေကာ ရိုက္ထားတဲ့ သရုပ္ေဆာင္ တစ္ေယာက္အေနနဲ႕ေကာ အေကာင္းဆံုး ဇာတ္ကားတစ္ကား လို႕ျမင္ တယ္။ ညီမဇာတ္လမ္းသိထားတဲ့ သူတစ္ေယာက္သြားၾကည့္တာေတာင္ ေမ်ာၿပီးေတာ့ ရင္ထဲမွာ ေအာင့္ေနေအာင္ကို ခံစားရတာ ဇာတ္သိမ္းေလးမွာ ေတာ္ေတာ္ ထိပါတယ္။ သဲက စာၾကည့္မ်က္မွန္နဲ႕ ၾကည့္တာေလ မ်က္မွန္ၾကားထဲကေန မ်က္ရည္ေတြက်ေနတာ မ်က္ေတာင္တုလည္း ကၽြတ္မွာစိုးလို႕ ခိုးခိုးၿပီး သုတ္ေနရတာ။

ဒီဇာတ္ကားကို ရိုက္တုန္းကေတာ့ actor တစ္ေယာက္ရဲ႕ ခံစားခ်က္ေပ့ါ ဒီဇာတ္ရဲ႕ ေကာင္းမေလးစရိုက္ေပ့ါ အခုျပန္ၾကည့္တဲ့ အခ်ိန္မွာ ပရိသတ္တစ္ေယာက္အေနနဲ႕ ဇာတ္အိမ္တစ္ခုလံုကို ခံစားလိုက္ရတာ ဆိုေတာ့ ပိုထိတာေပ့ါ။ အမွတ္တရေတြ အမ်ားႀကီး ေပ်ာ္စရာေတြလည္း ရွိတယ္။ ပင္ပန္းတာေတြလည္း ရွိတယ္။ ဇာတ္ကားထြက္လာတဲ့ အခ်ိန္မွာ ရင္ထဲက ပီတိလည္းျဖစ္မိတယ္။ ငါတို႕ေတြ အေကာင္းဆံုး ႀကိဳးစားခဲ့တာပဲဆိုတဲ့ Team Work ေလးကိုလည္း သြားျမင္ရတယ္။ ကိုျမင့္ျမတ္ Fighting ကိုယ့္ဆရာတစ္ေယာက္အေနနဲ႕ အကယ္ဒမီရေစခ်င္တယ္။ကိုျမင့္ျမတ္ကို ၾကည့္ေနရင္းနဲ႕ ကိုယ္ပါေမ်ာသြားတာ။ ေတာ္ေတာ္ေလးေကာင္းပါတယ္။ ကိုျမင့္ျမတ္သရုပ္ေဆာင္တာ။” ဆိုၿပီးဆက္လက္ေျပာျပခဲ့ပါေသးတယ္။

ဇြန္လ(၂၉) ရက္ေန႕ကစၿပီး ရံုတင္ျပသေနတဲ့ ငဒူဇာတ္ကားႀကီးဟာ အခုဆိုရင္ပရိသတ္အားေပးမႈကို အခိုင္အမာကို ရရွိလို႕ေနပါၿပီ။ ငဒူရုပ္ရွင္ဇာတ္ကားဟာ ဦးေႏွာက္မၾကီးဘဲ ႏွလံုးသားၾကီးလြန္းတဲ့ ငဒူအေၾကာင္းကို ဟာသေလးေတြေႏွာျပီး ရိုက္ကူးထားကာ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္သရုပ္ေဆာင္ေတြ ျဖစ္တဲ့ ျမင့္ျမတ္၊ ေရႊမႈန္ရတီ နဲ႔ နန္းဆုဦးတုိ႔အျပင္ ဇာတ္ပို႔၊ဇာတ္ရံေတြနဲ႔ အားျဖည့္ထားပါတယ္။

အသက္ ၁၃ ႏွစ္အရြယ္နဲ႔ သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္ျဖစ္လာတဲ့ ေရႊမႈန္ရတီဟာ ငယ္ရြယ္ေသးေပမဲ့ အရမ္းကို ရင့္က်က္တဲ့ မိန္းကေလးတစ္ေယာက္ပါ။ထူးျခားတဲ့ ဟန္ပန္၊ ဆန္းသစ္တဲ့ ဝတ္ဆင္မႈေတြေၾကာင့္ ေဝဖန္မႈမ်ားစြာ ခံရေပမဲ့ ကိုယ္လုပ္စရာရွိတာကို ယံုၾကည္မႈရွိရွိနဲ႔ လုပ္ေဆာင္ေနတဲ့ သူလည္း ျဖစ္ပါတယ္။

အႏုပညာပ်ဳိးခင္း (၁) ရဲ႕ စင္တင္မင္းသမီးတစ္လက္ျဖစ္တဲ့ ေရႊမႈံရတီဟာ အႏုပညာေလာကကို စတင္ဝင္ေရာက္ခဲ့တဲ့ လြန္ခဲ့တဲ့ ၆ ႏွစ္ေက်ာ္ကတည္းက သ႐ုပ္ေဆာင္ေကာင္းသူအျဖစ္ နာမည္ရလာသူျဖစ္ၿပီး လက္ရွိမွာလည္း ထိပ္တန္းမင္းသမီးတစ္လက္အျဖစ္ ရပ္တည္ေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hlataw
# Unicode Version ျဖင့္ ဖတ္ပါ #
ဆရာငါးယောက်ထဲမှာဆိုရင် အနေအေးတဲ့ ဆရာတစ်ယောက်ဆိုလည်း မမှားပါဘူး။

အနုပညာပျိုးခင်းကို ထူထောင်ခဲ့တဲ့ မင်းသားငါးယောက်ထဲမှာ မြင့်မြတ်ဟာ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အနုပညာပျိုးခင်း(၁) မှာ စင်တင်မင်းသမီး တစ်ယောက်အနေနဲ့ ပါဝင်လာခဲ့တဲ့ ရွှေမှုံရတီဟာ အခုဆိုရင် အနုပညာလောကမှာ အောင်မြင်နေတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။ သူမဟာ ပျိုးခင်းက ဆရာငါးယောက်စလုံးကို ချစ်ခင်လေးစားတဲ့ သူတစ်ယောက်ဖြစ်သလို မြင့်မြတ်ဟာကလည်း သူမအတွက် ဘယ်လိုဆရာမျိုး ဖြစ်လဲဆိုတာ ယခုလို ပြောပြခဲ့ပါတယ်။

“ကိုမြင့်မြတ်က ညီမရဲ့ ဆရာတွေထဲမှာဆိုရင် မသိမသာသင်ပေးတဲ့ ဆရာမျိုးလို့ ပြောလို့ရမယ်။ ညီမက ညီမရဲ့ ဆရာတွေအကုန်လုံးကို အကောင်းဆုံးတွေ ဖြစ်စေချင်တာ။ ညီမဆရာတွေ အကောင်းဆုံး တစ်ခုခု ဖြစ်လာတော့မယ်ဆိုရင် အရင်ပျော်တာ ညီမပါပဲ” လို့ ငဒူဇာတ်ကား Press show ကျင်းပခဲ့တဲ့ ဇွန်လ(၂၉)ရက်နေ့ Medi ကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

ငဒူဇာတ်ကားမှာ ဆရာဖြစ်သူနဲ့အတူတူ ပါဝင်သရုပ်ဆောင်ထားတဲ့ ရွှေမှုံဟာ ဇာတ်ကားတစ်ကားလုံး ပရိသတ်တစ်ယောက် အနေနဲ့ ပြန်ကြည့်ချိန် မှာ ရင်ထဲမှာ အောင့်နေအောင်ခံစားခဲ့ရပါတယ်တဲ့။

“ပရိသတ်တစ်ယောက်အနေနဲ့ကော ရိုက်ထားတဲ့ သရုပ်ဆောင် တစ်ယောက်အနေနဲ့ကော အကောင်းဆုံး ဇာတ်ကားတစ်ကား လို့မြင် တယ်။ ညီမဇာတ်လမ်းသိထားတဲ့ သူတစ်ယောက်သွားကြည့်တာတောင် မျောပြီးတော့ ရင်ထဲမှာ အောင့်နေအောင်ကို ခံစားရတာ ဇာတ်သိမ်းလေးမှာ တော်တော် ထိပါတယ်။ သဲက စာကြည့်မျက်မှန်နဲ့ ကြည့်တာလေ မျက်မှန်ကြားထဲကနေ မျက်ရည်တွေကျနေတာ မျက်တောင်တုလည်း ကျွတ်မှာစိုးလို့ ခိုးခိုးပြီး သုတ်နေရတာ။

ဒီဇာတ်ကားကို ရိုက်တုန်းကတော့ actor တစ်ယောက်ရဲ့ ခံစားချက်ပေ့ါ ဒီဇာတ်ရဲ့ ကောင်းမလေးစရိုက်ပေ့ါ အခုပြန်ကြည့်တဲ့ အချိန်မှာ ပရိသတ်တစ်ယောက်အနေနဲ့ ဇာတ်အိမ်တစ်ခုလုံကို ခံစားလိုက်ရတာ ဆိုတော့ ပိုထိတာပေ့ါ။ အမှတ်တရတွေ အများကြီး ပျော်စရာတွေလည်း ရှိတယ်။ ပင်ပန်းတာတွေလည်း ရှိတယ်။ ဇာတ်ကားထွက်လာတဲ့ အချိန်မှာ ရင်ထဲက ပီတိလည်းဖြစ်မိတယ်။ ငါတို့တွေ အကောင်းဆုံး ကြိုးစားခဲ့တာပဲဆိုတဲ့ Team Work လေးကိုလည်း သွားမြင်ရတယ်။ ကိုမြင့်မြတ် Fighting ကိုယ့်ဆရာတစ်ယောက်အနေနဲ့ အကယ်ဒမီရစေချင်တယ်။ကိုမြင့်မြတ်ကို ကြည့်နေရင်းနဲ့ ကိုယ်ပါမျောသွားတာ။ တော်တော်လေးကောင်းပါတယ်။ ကိုမြင့်မြတ်သရုပ်ဆောင်တာ။” ဆိုပြီးဆက်လက်ပြောပြခဲ့ပါသေးတယ်။

ဇွန်လ(၂၉) ရက်နေ့ကစပြီး ရုံတင်ပြသနေတဲ့ ငဒူဇာတ်ကားကြီးဟာ အခုဆိုရင်ပရိသတ်အားပေးမှုကို အခိုင်အမာကို ရရှိလို့နေပါပြီ။ ငဒူရုပ်ရှင်ဇာတ်ကားဟာ ဦးနှောက်မကြီးဘဲ နှလုံးသားကြီးလွန်းတဲ့ ငဒူအကြောင်းကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားကာ ပရိသတ်တွေရဲ့ အချစ်တော်သရုပ်ဆောင်တွေ ဖြစ်တဲ့ မြင့်မြတ်၊ ရွှေမှုန်ရတီ နဲ့ နန်းဆုဦးတို့အပြင် ဇာတ်ပို့၊ဇာတ်ရံတွေနဲ့ အားဖြည့်ထားပါတယ်။

အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top