ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ထူးထူးျခားျခားတိုက္ဆိုင္မႈတစ္ခုေၾကာင့္ ပရိသတ္ေတြကိုပိုၿပီးဝမ္းနည္းသြားေစခဲ့တဲ့ ေဒြးရဲ႕ေသဆုံးျခင္းႏွစ္ပတ္လည္ေန႔

လြန္ခဲ့တဲ့၂၀၀၇ ခုႏွစ္ရဲ႕ ဇူလိုင္လ (၁၁)ရက္ေန႔ ဒီေန႔လိုေန႔မ်ိဳးေလးကို ပရိသတ္ေတြမွတ္မိၾကအုန္းမယ္လို႔ထင္မိပါတယ္။ဒီေန႔ကေတာ့ အႏုပညာေလာကမွာ ေနာက္ထပ္တစ္ေယာက္မရွိႏိုင္ေတာ့တဲ့ မင္းသားေခ်ာေဒြးကို လူ႔ေလာကႀကီးထဲက ထြက္ခြာခြင့္ျပဳလိုက္ရတဲ့ ေန႔ေလးပဲ ျဖစ္ပါတယ္။ ဇူလိုင္(၁၁)ရက္ေန႔ဒီေန႔ေလးကေတာ့ ေဒြးကိုခ်စ္တဲ့ပရိသတ္ေတြအားလုံးေရာ လုပ္ေဖာ္ကိုင္ဖက္အႏုပညာရွင္ညီကိုေမာင္ႏွမေတြအားလုံးပါ တကယ့္ကို စိတ္မေကာင္းျခင္းမ်ားစြာနဲ႔ ယူက်ဳံးမရျဖစ္ခဲ့ရတဲ့ေန႔ေလးပဲျဖစ္ပါတယ္။

ေဒြးကေတာ့ ကြယ္လြန္သြားခ်ိန္မွာေတာ့ အသက္(၄၂)ႏွစ္သာရွိေသးတာျဖစ္ၿပီး အႏုပညာလမ္းေၾကာင္းေပၚမွာ ရွန္းရွန္းေတာက္ေအာင္ျမင္ေနတဲ့ အခ်ိန္ျဖစ္သလို တကယ့္ကိုလည္းထူးခြၽန္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္တာေၾကာင့္ သူလိုလူတစ္ေတာ္တစ္ေယာက္ကို ငယ္ငယ္႐ႊယ္႐ႊယ္နဲ႔ လူ႔ ေလာကႀကီးက ေက်ာခိုင္းထြက္ခြာခြင့္ျပဳလိုက္ရတာ တကယ္ကိုေၾကကြဲဝမ္းနည္းဖို႔ ေကာင္းပါတယ္ေနာ္။ေဒြးကြယ္လြန္သြားခဲ့ျခင္းဟာ အႏုပညာေလာကအတြက္လည္း တကယ့္ကို အႀကီးမားဆုံးဆုံးရႈံးမႈႀကီးတစ္ခုလို႔ ဆိုရပါမယ္ေနာ္။

ဒီေန႔ေလးဟာဆိုရင္လည္း ပရိသတ္ေတြအားလုံးနဲ႔ ခ်စ္ရတဲ့မိသားစု၊႐ူးသြပ္တဲ့ အႏုပညာ၊ အားလုံးအားလုံးကို ေက်ာခိုင္းထြက္ခြားသြားခဲ့တာ (၁၁) ႏွစ္ တင္းတင္းရွိသြားခဲ့ပါၿပီေနာ္။၂၀၀၇ ခုႏွစ္ဇူလိုင္လ (၁၁)ရက္ေန႔မွာဆုံးပါးသြားခဲ့တဲ့ ေဒြးရဲ႕ ႏွစ္ပတ္လည္ေလးကေတာ့ တစ္ျပန္ေက်ာ့ျပန္ ျပန္လည္လာခဲ့ၿပီး ဒီႏွစ္ဟာ ေဒြးကြယ္လြန္ခဲ့တဲ့ ဇူလိုင္(၁၁)ရက္ေန႔ နဲ႔ ကြယ္လြန္ခဲ့တဲ့ႏွစ္(၁၁)ႏွစ္ တစ္ထပ္တည္းက်တဲ့ထူးျခားတဲ့ အထိမ္းမွတ္ေန႔ေလးတစ္ေန႔ပဲ ျဖစ္ပါတယ္။ေဒြးေသဆုံးသြားခဲ့တဲ့(၁၁)ႏွစ္တာကာလအတြင္း ပရိသတ္ေတြအားလုံးလည္း ဝမ္းနည္းျခင္းမ်ားစြာနဲ႔ ေဒြးအသက္ရွင္စဥ္ကရွိခဲ့တဲ့ ပုံရိပ္ေလးေတြကို ျပန္လည္လြမ္းဆြတ္ သတိရေနၾကမယ္လို႔ထင္ပါတယ္။ေဒြးရဲ႕ထူးထူးျခားျခား ေသးဆုံးႏွစ္နဲ႔ေသဆုံးရက္တစ္ထပ္တည္းက်တဲ့ (၁၁)ႏွစ္ျပည့္ ႏွစ္ပတ္လည္ေန႔ေလးကိုလည္း ပရိသတ္ေတြအားလုံး ျပန္လည္အမွတ္ရေစဖို႔ ဈာပနအခမ္းအနားဗီဒီယိုဖိုင္ေလးနဲပါ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: luckymyanmar

#Unicode Version#
ထူးထူးခြားခြားတိုက်ဆိုင်မှုတစ်ခုကြောင့် ပရိသတ်တွေကိုပိုပြီးဝမ်းနည်းသွားစေခဲ့တဲ့ ဒွေးရဲ့သေဆုံးခြင်းနှစ်ပတ်လည်နေ့

လွန်ခဲ့တဲ့၂၀၀၇ ခုနှစ်ရဲ့ ဇူလိုင်လ (၁၁)ရက်နေ့ ဒီနေ့လိုနေ့မျိုးလေးကို ပရိသတ်တွေမှတ်မိကြအုန်းမယ်လို့ထင်မိပါတယ်။ဒီနေ့ကတော့ အနုပညာလောကမှာ နောက်ထပ်တစ်ယောက်မရှိနိုင်တော့တဲ့ မင်းသားချောဒွေးကို လူ့လောကကြီးထဲက ထွက်ခွာခွင့်ပြုလိုက်ရတဲ့ နေ့လေးပဲ ဖြစ်ပါတယ်။ ဇူလိုင်(၁၁)ရက်နေ့ဒီနေ့လေးကတော့ ဒွေးကိုချစ်တဲ့ပရိသတ်တွေအားလုံးရော လုပ်ဖော်ကိုင်ဖက်အနုပညာရှင်ညီကိုမောင်နှမတွေအားလုံးပါ တကယ့်ကို စိတ်မကောင်းခြင်းများစွာနဲ့ ယူကျုံးမရဖြစ်ခဲ့ရတဲ့နေ့လေးပဲဖြစ်ပါတယ်။

ဒွေးကတော့ ကွယ်လွန်သွားချိန်မှာတော့ အသက်(၄၂)နှစ်သာရှိသေးတာဖြစ်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ ရှန်းရှန်းတောက်အောင်မြင်နေတဲ့ အချိန်ဖြစ်သလို တကယ့်ကိုလည်းထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် သူလိုလူတစ်တော်တစ်ယောက်ကို ငယ်ငယ်ရွှယ်ရွှယ်နဲ့ လူ့ လောကကြီးက ကျောခိုင်းထွက်ခွာခွင့်ပြုလိုက်ရတာ တကယ်ကိုကြေကွဲဝမ်းနည်းဖို့ ကောင်းပါတယ်နော်။ဒွေးကွယ်လွန်သွားခဲ့ခြင်းဟာ အနုပညာလောကအတွက်လည်း တကယ့်ကို အကြီးမားဆုံးဆုံးရှုံးမှုကြီးတစ်ခုလို့ ဆိုရပါမယ်နော်။

ဒီနေ့လေးဟာဆိုရင်လည်း ပရိသတ်တွေအားလုံးနဲ့ ချစ်ရတဲ့မိသားစု၊ရူးသွပ်တဲ့ အနုပညာ၊ အားလုံးအားလုံးကို ကျောခိုင်းထွက်ခွားသွားခဲ့တာ (၁၁) နှစ် တင်းတင်းရှိသွားခဲ့ပါပြီနော်။၂၀၀၇ ခုနှစ်ဇူလိုင်လ (၁၁)ရက်နေ့မှာဆုံးပါးသွားခဲ့တဲ့ ဒွေးရဲ့ နှစ်ပတ်လည်လေးကတော့ တစ်ပြန်ကျော့ပြန် ပြန်လည်လာခဲ့ပြီး ဒီနှစ်ဟာ ဒွေးကွယ်လွန်ခဲ့တဲ့ ဇူလိုင်(၁၁)ရက်နေ့ နဲ့ ကွယ်လွန်ခဲ့တဲ့နှစ်(၁၁)နှစ် တစ်ထပ်တည်းကျတဲ့ထူးခြားတဲ့ အထိမ်းမှတ်နေ့လေးတစ်နေ့ပဲ ဖြစ်ပါတယ်။ဒွေးသေဆုံးသွားခဲ့တဲ့(၁၁)နှစ်တာကာလအတွင်း ပရိသတ်တွေအားလုံးလည်း ဝမ်းနည်းခြင်းများစွာနဲ့ ဒွေးအသက်ရှင်စဉ်ကရှိခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်လွမ်းဆွတ် သတိရနေကြမယ်လို့ထင်ပါတယ်။ဒွေးရဲ့ထူးထူးခြားခြား သေးဆုံးနှစ်နဲ့သေဆုံးရက်တစ်ထပ်တည်းကျတဲ့ (၁၁)နှစ်ပြည့် နှစ်ပတ်လည်နေ့လေးကိုလည်း ပရိသတ်တွေအားလုံး ပြန်လည်အမှတ်ရစေဖို့ ဈာပနအခမ်းအနားဗီဒီယိုဖိုင်လေးနဲပါ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။


ဖိုးသူတော် (www.phothutaw.com)
Credit: luckymyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top