(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

 ပရိသတ္ၾကီးေရ လက္တေလာမွာ ခ်စ္သူကို လူမႈ႕ကြန္ယက္မွာ အမွန္အတိုင္းခ်ျပခဲ့တဲ့ Mister Tourism World 2016 ရဲ႕ Winner တစ္ဦးျဖစ္တဲ့ အလွေမာင္ ဥကၠာမင္းေမာင္ဟာ သူ႔ရဲ႕ အရင္အိမ္ေထာင္နဲ႔ပံုေတြ ေပၚထြက္လာပါတယ္ ။ သူဟာ ေဂး တစ္ေယာက္ ျဖစ္ေၾကာင္း ကို တရား၀င္ ၀န္ခံလာသလို လိင္တူခ်င္း (Homosexuality) အိမ္ေထာင္က် ခဲ့ဖူးပါတယ္ ဆိုၿပီးလဲ ပြင့္လင္းစြာေျပာျပလာပါတယ္။ သူဟာ လြန္ခဲ့တဲ့ ၂ႏွစ္ခန္႔ကျဖစ္တဲ့ ၂၀၁၆ခုႏွစ္ ေဖေဖာ္၀ါရီလ ၂၃ ရက္ေန႔က ရုတ္တရက္ဆံုးသြားခဲ့ၿပီး သူ႔အရမ္းကို ပူေဆြးေသာကေရာက္ခဲ့ရပါတယ္တဲ့။

သူဟာ သူ႔ရဲ႕ေယာက်ာၤးေဟာင္းန႔ဲ ေပ်ာ္ရႊင္စရာေကာင္းတဲ့ ခ်စ္သူေတြအျဖစ္ ခ်စ္သူသက္တမ္း ၅ႏွစ္ေလာက္ တြဲခဲ့ၾကၿပီး ေနာက္ ႏွစ္ဖက္မိဘေတြကို အသိေပးၿပီး လက္ထပ္ခဲ့ၾကပါတယ္တဲ့ ။ သူတို႕ဟာ ေခြးကေလးႏွစ္ေကာင္နဲ႕အတူ အရမ္းေအးခ်မ္းတဲ့ မိသားစုဘ၀အျဖစ္ ၃ႏွစ္တာေပ်ာ္ရႊင္ခဲ့ရၿပီး သူ႕ကို ရုတ္တရက္ၾကီး ဆံုးရႈံးလိုက္ရလို႔ အရမ္းစိတ္ထိခိုက္ခဲ့ပါတယ္တဲ့ ။ သူ႔ခ်စ္သူဆံုးတဲ့အခ်ိန္မွာ သူက ျမန္မာျပည္ကိုေရာက္ရွိေနၿပီး ေမထုန္ရာသီဖြား ရုပ္ရွင္ကားႀကီး ရိုက္ကူးေနခ်ိန္ ျဖစ္တယ္လို႔လဲ သိရပါတယ္။

ယခုအခါမွာေတာ့ သူဟာ ခ်စ္သူအသစ္ရရွိေနၿပီး အဲ့ဒီခ်စ္သူနဲ႔လဲ ထာ၀ရေပ်ာ္ရႊင္ခ်မ္းသာမႈေတြ ရရွိပါေစေနာ္။ သူဟာ အဲ့လို၀န္ခံလိုက္ၿပီး ပရိသတ္တခ်ိဳ႔ရဲ႕ ေ၀ဖန္ပုတ္ခက္မႈေတြကိုလဲ ခံေနရရွာပါတယ္။ သူက လက္ရွိခ်စ္သူနဲ႔ မသင့္ေတာ္တဲ့ ပံုေတြ ဘယ္ေတာ့မွထြက္လာမွာမဟုတ္ဘူးဆိုၿပီးလဲ ကတိေပးခဲ့ပါေသးတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
# Unicode Version ျဖင့္ ဖတ္ပါ #
ပရိသတ်ကြီးရေ လက်တလောမှာ ချစ်သူကို လူမှု့ကွန်ယက်မှာ အမှန်အတိုင်းချပြခဲ့တဲ့ Mister Tourism World 2016 ရဲ့ Winner တစ်ဦးဖြစ်တဲ့ အလှမောင် ဥက္ကာမင်းမောင်ဟာ သူ့ရဲ့ အရင်အိမ်ထောင်နဲ့ပုံတွေ ပေါ်ထွက်လာပါတယ် ။ သူဟာ ဂေး တစ်ယောက် ဖြစ်ကြောင်း ကို တရားဝင် ဝန်ခံလာသလို လိင်တူချင်း (Homosexuality) အိမ်ထောင်ကျ ခဲ့ဖူးပါတယ် ဆိုပြီးလဲ ပွင့်လင်းစွာပြောပြလာပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂နှစ်ခန့်ကဖြစ်တဲ့ ၂၀၁၆ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရုတ်တရက်ဆုံးသွားခဲ့ပြီး သူ့အရမ်းကို ပူဆွေးသောကရောက်ခဲ့ရပါတယ်တဲ့။

သူဟာ သူ့ရဲ့ယောကျာၤးဟောင်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူတွေအဖြစ် ချစ်သူသက်တမ်း ၅နှစ်လောက် တွဲခဲ့ကြပြီး နောက် နှစ်ဖက်မိဘတွေကို အသိပေးပြီး လက်ထပ်ခဲ့ကြပါတယ်တဲ့ ။ သူတို့ဟာ ခွေးကလေးနှစ်ကောင်နဲ့အတူ အရမ်းအေးချမ်းတဲ့ မိသားစုဘဝအဖြစ် ၃နှစ်တာပျော်ရွှင်ခဲ့ရပြီး သူ့ကို ရုတ်တရက်ကြီး ဆုံးရှုံးလိုက်ရလို့ အရမ်းစိတ်ထိခိုက်ခဲ့ပါတယ်တဲ့ ။ သူ့ချစ်သူဆုံးတဲ့အချိန်မှာ သူက မြန်မာပြည်ကိုရောက်ရှိနေပြီး မေထုန်ရာသီဖွား ရုပ်ရှင်ကားကြီး ရိုက်ကူးနေချိန် ဖြစ်တယ်လို့လဲ သိရပါတယ်။

ယခုအခါမှာတော့ သူဟာ ချစ်သူအသစ်ရရှိနေပြီး အဲ့ဒီချစ်သူနဲ့လဲ ထာဝရပျော်ရွှင်ချမ်းသာမှုတွေ ရရှိပါစေနော်။ သူဟာ အဲ့လိုဝန်ခံလိုက်ပြီး ပရိသတ်တချို့ရဲ့ ဝေဖန်ပုတ်ခက်မှုတွေကိုလဲ ခံနေရရှာပါတယ်။ သူက လက်ရှိချစ်သူနဲ့ မသင့်တော်တဲ့ ပုံတွေ ဘယ်တော့မှထွက်လာမှာမဟုတ်ဘူးဆိုပြီးလဲ ကတိပေးခဲ့ပါသေးတယ်။

ဖိုးသူတော် (www.phothutaw.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top