AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

လတ္တေလာ လူမႈကြန္ရက္ စာမ်က္ႏွာေပၚေတြမွာေတာ့ ထိုင္းႏိုင္ငံ မယ္ဆိုင္ဂူထဲမွာ ပိတ္မိေနတဲ့ ကေလးေတြရဲ႕ သတင္းေတြနဲ႔ ပတ္သက္ၿပီး လူတိုင္း စိတ္ဝင္စားေနၾကပါတယ္။ အခုခ်ိန္မွာေတာ့ ဂူထဲ ပိတ္မိေနတဲ့ ကေလးအခ်ိဳ႕ကို အျပင္ကို ျပန္လည္ ကယ္ထုတ္ႏိုင္ေနၿပီလည္း ျဖစ္ပါတယ္။

ကမာၻတဝန္းက ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး စိတ္ဝင္စားမႈျမင့္တက္ေနတဲ့အခ်ိန္မွာ ျမန္မာႏိုင္ငံက ပရဟိတ မင္းသားႀကီး ေဝဠဳေက်ာ္ကို ျမန္မာႏိုင္ငံမွာ ဒီလိုအျဖစ္မ်ိဳးႀကဳံလာခဲ့ရင္ေရာ ဘယ္လိုရင္ဆိုင္ၾကမလဲဆိုတာကို ဧရာဝတီက ေမးျမန္းတဲ့အခါ အခုလို ဆိုပါတယ္။

“ထိုင္းႏိုင္ငံကလို ဂူထဲမွာပိတ္မိေနတဲ့ ျဖစ္ရပ္မ်ိဳး ျမန္မာႏိုင္ငံမွာ မျဖစ္တာေတာ့ အေကာင္းဆုံးေပါ့။ ျဖစ္လာရင္လည္း က်ေနာ္တို႔ ကူညီကယ္ဆယ္ရမွာေပါ့။ က်ေနာ္တို႔ႏိုင္ငံမွာလည္း ဒီလိုမ်ိဳး ကူညီ ကယ္ဆယ္ႏိုင္တဲ့သူေတြ ရွိပါတယ္။ က်ေနာ္တို႔ကိုယ္တိုင္လည္း ထိုင္းမွာ ေရေအာက္ ကယ္ဆယ္ေရးသင္တန္းကို ထိုင္းမွာ ေအာင္ၿပီးသားပါ” လို႔ ေဝဠဳေက်ာ္က ေျပာပါတယ္။

“အခုျဖစ္တဲ့ အခ်ိန္မွာက်ေနာ္ကို ဆရာေတြေခၚပါတယ္။ ဒါေပမယ့္က်ေနာ္ဒီဘက္မွာ အမ်ိဳးသမီးေရးရာပြဲ ကဖို႔က ေတာက္ေလွ်ာက္ တိုက္ေနရတာေၾကာင့္ မသြားႏိုင္ခဲ့ဘူး။ အေတြ႕အႀကဳံရမယ္ အႏၲရာယ္ေတာ့ႀကီးတယ္။ အေတြ႕အႀကဳံ ရေအာင္ လာခဲ့ပါ ေျပာတယ္။ က်ေနာ္မသြားႏိုင္ခဲ့ပါဘူး။ မယ္ဆိုင္ဂူလိုမ်ိဳး အႏၲရာယ္ရွိတဲ့ ေနရာေတြ ျမန္မာႏိုင္ငံမွာ ရွိႏိုင္တယ္လို႔ ထင္တာပဲ။ ဘာလို႔လဲဆိုေတာေတြ ေတာင္ေတြရွိတယ္ေလ။ အဲ့ေနရာေတြအႏွံ႔ကိုလည္း က်ေနာ္တို႔က မေရာက္ဖူးဘူး”

“အကယ္လို႔ ဒီမွာျဖစ္လာမယ္ဆိုရင္ က်ေနာ္တို႔ႏိုင္ငံမွာလည္း သူမ်ားႏိုင္ငံလိုပဲ အားက်စရာေကာင္းတာေတြ အမ်ားႀကီး ရွိပါတယ္။ သူတို႔ဆီမွာလည္း ျဖစ္တာနဲ႔ ရဲ ၊ စစ္တပ္၊မီးသတ္၊ၾကက္ေျခနီ၊ ကယ္ဆယ္ေရး အဖြဲ႕ေတြေရာ၊ တပ္မေတာ္ အကုန္လုံးကလာၿပီး အလုပ္လုပ္က်တယ္။ က်ေနာ္တို႔ဆီမွာလည္း အကုန္လုံးက လုပ္ပါတယ္။ တခုပဲ က်ေနာ္တို႔ဆီမွာ ကြာဟတာက နည္းပညာအားနည္းပါေသးတယ္။ အေထာက္အကူျပဳ ပစၥည္းေတြ အမ်ားႀကီးနည္းပါေသးတယ္။ အေထာက္အကူျပဳပစၥည္း ေတြမရွိတာဟာ ပုဂၢလိက ပရဟိတ အသင္းေတြမွာ မရွိသလိုႏိုင္ငံေတာ္မွာလည္း အားနည္းေနပါတယ္။ ပိုရွိေစခ်င္ပါတယ္” လို႔ ေဝဠဳေက်ာ္ က ေျပာပါတယ္။

ျမန္မာႏိုင္ငံက ဖြံၿဖိဳးဆဲႏိုင္ငံျဖစ္တာေၾကာင့္ အစိုးရကိုခ်ည္း အားမကိုးဘဲ ျပည္သူေတြကလည္း အစိုးရၫႊန္ျပတဲ့ ၫႊန္ၾကားတဲ့ လမ္းေၾကာင္းေတြမွာ လိုက္ၿပီးႀကိဳးစားဖို႔လိုေၾကာင္း ေျပာပါတယ္။

“ထိုင္းက က်ေနာ္တို႔ႏိုင္ငံထက္ ဖြံၿဖိဳးတဲ့ႏိုင္ငံျဖစ္ေနတယ္။ က်ေနာ္တို႔ႏိုင္ငံက ဖြံ႕ၿဖိဳးဆဲႏိုင္ငံေလ။ ႏိုင္ငံေတာ္အစိုးရ ကိုယ္တိုင္ကိုက ဒီကယ္ဆယ္ေရးတင္မဟုတ္ပါဘူး။ အျခားေသာ တရားဥပေဒစိုးမိုးေရးေရာ ႏိုင္ငံလုံၿခဳံေရးေရာ ႏိုင္ငံရဲ႕ တိုးတက္ေရးေရာ ဒီေလာက္ပဲ သူတို႔လည္း ၾကည့္ႏိုင္မွာပါ။ ဒါကို က်ေနာ္တို႔နည္းတယ္လို႔ ေျပာလို႔မရေသးပါဘူး။ သူမ်ား ႏိုင္ငံထက္စာရင္ေတာ့ နည္းတယ္ေျပာလို႔ရတယ္”

“သူတို႔ႏိုင္ငံေလာက္ က်ေနာ္တို႔ႏိုင္ငံက တိုးတက္သြားၿပီလား။ ႏိုင္ငံေတာ္က လုပ္ေပးႏိုင္သေလာက္ေလး လုပ္ေပးတာကို အင္အားယူၿပီး က်ေနာ္တို႔ကိုယ္တိုင္က ႀကိဳးစားရမွာေပါ့။ ႀကိဳးစားရမွာက ကယ္ဆယ္ေရး လုပ္ငန္းတင္မဟုတ္ပါဘူး။ အျခားေသာစီးပြားေရး၊ လူမႈေရး ၊ႏိုင္ငံအေရးေတြမွာလည္း အားလုံးဝိုင္းၿပီး ႀကိဳးစားဖို႔လိုပါတယ္” လို႔ ေဝဠဳေက်ာ္က ဆိုပါတယ္။

“အစိုးရကိုပဲ အားကိုးၿပီးေတာ့ ကိုယ္ေတြက ေရသာခိုၿပီး လိုက္ေနလို႔မရပါဘူး။ ႏိုင္ငံေတာ္အစိုးရရဲ႕ သူတို႔ၫႊန္ျပတဲ့ သူတို႔ၫႊန္ၾကားတဲ့ လမ္းေၾကာင္းေတြေပၚမွာလိုက္ၿပီးႀကိဳစားဖို႔လိုအပ္ပါတယ္။ အဲ့ဒါဆို က်ေနာ္တို႔ႏိုင္ငံလည္း အရင္က ထက္စာရင္ တိုးတက္လာမွာေပါ့” လို႔ ဆိုပါတယ္။

ေဝဠဳေက်ာ္ဟာ ၂၀၀၉ခုႏွစ္ကစၿပီး လူမႈအက်ိဳးျပဳအလုပ္ေတြကို လုပ္ကိုင္ဖို႔ “ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း” ကိုစၿပီး တည္ေထာင္ခဲ့သူတဦးျဖစ္ပါတယ္။ “ေဝဠဳေက်ာ္ေဖာင္ေဒးရွင္း” က ျမန္မာႏိုင္ငံရဲ႕ သဘာဝေဘးအႏၲရာယ္ က်ေရာက္ေနတဲ့ ဘယ္ေနရာေဒသမဆို လိုက္လံၿပီးကူညီကယ္ဆယ္ေပးေနတဲ့ အသင္းအဖြဲ႕တခုလည္း ျဖစ္ပါတယ္။
.
Topics: မယ္ဆိုင္ဂူ, ေဝဠဳေက်ာ္

ဖိုးသူေတာ္ (www.phothutaw.com)
Credit: .Irrawaddy
# Unicode Version ျဖင့္ ဖတ္ပါ #
လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာတော့ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လူတိုင်း စိတ်ဝင်စားနေကြပါတယ်။ အခုချိန်မှာတော့ ဂူထဲ ပိတ်မိနေတဲ့ ကလေးအချို့ကို အပြင်ကို ပြန်လည် ကယ်ထုတ်နိုင်နေပြီလည်း ဖြစ်ပါတယ်။

ကမ္ဘာတဝန်းက ဒီအကြောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ပရဟိတ မင်းသားကြီး ဝေဠုကျော်ကို မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်ရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဧရာဝတီက မေးမြန်းတဲ့အခါ အခုလို ဆိုပါတယ်။

“ထိုင်းနိုင်ငံကလို ဂူထဲမှာပိတ်မိနေတဲ့ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာ မဖြစ်တာတော့ အကောင်းဆုံးပေါ့။ ဖြစ်လာရင်လည်း ကျနော်တို့ ကူညီကယ်ဆယ်ရမှာပေါ့။ ကျနော်တို့နိုင်ငံမှာလည်း ဒီလိုမျိုး ကူညီ ကယ်ဆယ်နိုင်တဲ့သူတွေ ရှိပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ထိုင်းမှာ ရေအောက် ကယ်ဆယ်ရေးသင်တန်းကို ထိုင်းမှာ အောင်ပြီးသားပါ” လို့ ဝေဠုကျော်က ပြောပါတယ်။

“အခုဖြစ်တဲ့ အချိန်မှာကျနော်ကို ဆရာတွေခေါ်ပါတယ်။ ဒါပေမယ့်ကျနော်ဒီဘက်မှာ အမျိုးသမီးရေးရာပွဲ ကဖို့က တောက်လျှောက် တိုက်နေရတာကြောင့် မသွားနိုင်ခဲ့ဘူး။ အတွေ့အကြုံရမယ် အန္တရာယ်တော့ကြီးတယ်။ အတွေ့အကြုံ ရအောင် လာခဲ့ပါ ပြောတယ်။ ကျနော်မသွားနိုင်ခဲ့ပါဘူး။ မယ်ဆိုင်ဂူလိုမျိုး အန္တရာယ်ရှိတဲ့ နေရာတွေ မြန်မာနိုင်ငံမှာ ရှိနိုင်တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတောတွေ တောင်တွေရှိတယ်လေ။ အဲ့နေရာတွေအနှံ့ကိုလည်း ကျနော်တို့က မရောက်ဖူးဘူး”

“အကယ်လို့ ဒီမှာဖြစ်လာမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာလည်း သူများနိုင်ငံလိုပဲ အားကျစရာကောင်းတာတွေ အများကြီး ရှိပါတယ်။ သူတို့ဆီမှာလည်း ဖြစ်တာနဲ့ ရဲ ၊ စစ်တပ်၊မီးသတ်၊ကြက်ခြေနီ၊ ကယ်ဆယ်ရေး အဖွဲ့တွေရော၊ တပ်မတော် အကုန်လုံးကလာပြီး အလုပ်လုပ်ကျတယ်။ ကျနော်တို့ဆီမှာလည်း အကုန်လုံးက လုပ်ပါတယ်။ တခုပဲ ကျနော်တို့ဆီမှာ ကွာဟတာက နည်းပညာအားနည်းပါသေးတယ်။ အထောက်အကူပြု ပစ္စည်းတွေ အများကြီးနည်းပါသေးတယ်။ အထောက်အကူပြုပစ္စည်း တွေမရှိတာဟာ ပုဂ္ဂလိက ပရဟိတ အသင်းတွေမှာ မရှိသလိုနိုင်ငံတော်မှာလည်း အားနည်းနေပါတယ်။ ပိုရှိစေချင်ပါတယ်” လို့ ဝေဠုကျော် က ပြောပါတယ်။

မြန်မာနိုင်ငံက ဖွံဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် အစိုးရကိုချည်း အားမကိုးဘဲ ပြည်သူတွေကလည်း အစိုးရညွှန်ပြတဲ့ ညွှန်ကြားတဲ့ လမ်းကြောင်းတွေမှာ လိုက်ပြီးကြိုးစားဖို့လိုကြောင်း ပြောပါတယ်။

“ထိုင်းက ကျနော်တို့နိုင်ငံထက် ဖွံဖြိုးတဲ့နိုင်ငံဖြစ်နေတယ်။ ကျနော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေ။ နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကိုက ဒီကယ်ဆယ်ရေးတင်မဟုတ်ပါဘူး။ အခြားသော တရားဥပဒေစိုးမိုးရေးရော နိုင်ငံလုံခြုံရေးရော နိုင်ငံရဲ့ တိုးတက်ရေးရော ဒီလောက်ပဲ သူတို့လည်း ကြည့်နိုင်မှာပါ။ ဒါကို ကျနော်တို့နည်းတယ်လို့ ပြောလို့မရသေးပါဘူး။ သူများ နိုင်ငံထက်စာရင်တော့ နည်းတယ်ပြောလို့ရတယ်”

“သူတို့နိုင်ငံလောက် ကျနော်တို့နိုင်ငံက တိုးတက်သွားပြီလား။ နိုင်ငံတော်က လုပ်ပေးနိုင်သလောက်လေး လုပ်ပေးတာကို အင်အားယူပြီး ကျနော်တို့ကိုယ်တိုင်က ကြိုးစားရမှာပေါ့။ ကြိုးစားရမှာက ကယ်ဆယ်ရေး လုပ်ငန်းတင်မဟုတ်ပါဘူး။ အခြားသောစီးပွားရေး၊ လူမှုရေး ၊နိုင်ငံအရေးတွေမှာလည်း အားလုံးဝိုင်းပြီး ကြိုးစားဖို့လိုပါတယ်” လို့ ဝေဠုကျော်က ဆိုပါတယ်။

“အစိုးရကိုပဲ အားကိုးပြီးတော့ ကိုယ်တွေက ရေသာခိုပြီး လိုက်နေလို့မရပါဘူး။ နိုင်ငံတော်အစိုးရရဲ့ သူတို့ညွှန်ပြတဲ့ သူတို့ညွှန်ကြားတဲ့ လမ်းကြောင်းတွေပေါ်မှာလိုက်ပြီးကြိုစားဖို့လိုအပ်ပါတယ်။ အဲ့ဒါဆို ကျနော်တို့နိုင်ငံလည်း အရင်က ထက်စာရင် တိုးတက်လာမှာပေါ့” လို့ ဆိုပါတယ်။

ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ “ဝေဠုကျော်ဖောင်ဒေးရှင်း” ကိုစပြီး တည်ထောင်ခဲ့သူတဦးဖြစ်ပါတယ်။ “ဝေဠုကျော်ဖောင်ဒေးရှင်း” က မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ဘယ်နေရာဒေသမဆို လိုက်လံပြီးကူညီကယ်ဆယ်ပေးနေတဲ့ အသင်းအဖွဲ့တခုလည်း ဖြစ်ပါတယ်။
.
Topics: မယ်ဆိုင်ဂူ, ဝေဠုကျော်

ဖိုးသူတော် (www.phothutaw.com)
Credit: .Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top