ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

ဆီမီးဖိုင္နယ္ ပြဲႀကိဳ

အဂၤလန္-ခ႐ုိေအးရွား

ေတာဝက္ေဘာလံုးသမားေလးတို႔ေရ…

ဇူလိုင္ ၉ ရက္မွာ ေတာဝက္ေဘာလံုးအသင္းက ေနာက္ထပ္ ၄ ေယာက္ လုိဏ္ဂူထဲက ထြက္လာႏုိင္ၾကျပန္ၿပီး ဒါနဲ႔ပါဆို ေတာဝက္အသင္းသား ၈ ေယာက္တိတိကို ဂူထဲက ကယ္တင္ႏိုင္ခဲ့ၿပီေနာ္။

အသင္းနည္းျပလူငယ္ေလး ေအ(တ္) နဲ႔ က်န္တဲ့ ကေလးေတြလည္း ေအာင္ေအာင္ျမင္ျမင္နဲ႔ ထြက္လာႏိုင္လိမ့္မယ္လို႔ ယံုၾကည္ထားၿပီး အခု အျပင္ေရာက္ေနၾကၿပီျဖစ္တဲ့ ကေလးေတြ က်န္းမာေရးလည္း ေကာင္းတယ္ၾကားလို႔ ဝမ္းသာေနရတယ္။

ဘာလိုလိုနဲ႔ ကမၻာ့ဖလားေဘာလံုးၿပိဳင္ပြဲရဲ႕ ဒုတိယဆီမီးဖိုင္နယ္ပြဲေတာင္ ကန္ေတာ့မယ္။ ဒါၿပီးရင္ တတိယေနရာလုပြဲနဲ႔ ဗိုလ္လုပြဲ ႏွစ္ပြဲပဲ က်န္ေတာ့တာမို႔ ကမၻာ့ဖလားႀကီးၿပီးရင္ ေဘာလံုးပရိသတ္ေတြ ေယာင္ခ်ာခ်ာျဖစ္ၿပီး ဟာတာတာ က်န္ရစ္ေတာ့မယ္ထင္ရဲ႕ ေတာဝက္ကေလးတို႔ေရ။

ေတာဝက္ကေလးတို႔ေရ…

အခု ဒုတိယဆီမီးဖိုင္နယ္ပြဲကေတာ့ ထိုင္းတို႔ ျမန္မာတို႔ ႀကိဳက္ႏွစ္သက္ၿပီး အားေပးတဲ့ အဂၤလန္နဲ႔ ခ႐ုိေအးရွားအသင္းတို႔ ကန္ၾကမယ့္ ပြဲေကာင္းတပြဲပါ။

လူငယ္ေသြးသစ္ေတြနဲ႔ အလုပ္ျဖစ္ေနတဲ့ အဂၤလန္အသင္းနဲ႔ လူငယ္ေျခက်ေတြပါေနတဲ့ ခ႐ုိေအးရွားတို႔ ကန္ၾကမယ့္ပြဲျဖစ္သလို ခ်န္ပီယံျဖစ္ဖူးတဲ့ အဂၤလန္နဲ႔ ခ်န္ပီယံသစ္ ျဖစ္လာမလားလို႔ ထင္ေၾကးေပးခံထားရတဲ့ ခ႐ုိေအးရွားတို႔ ကစားၾကမယ့္ပြဲလည္း ျဖစ္တယ္။

ဒီႏွစ္ ကမၻာ့ဖလားမွာ အဂၤလန္အသင္းဟာ တပြဲထက္တပြဲ ပံုစံေကာင္းေတြ ျပေနေပမယ့္ သူ႔ၿပိဳင္ဘက္ ခ႐ုိေအးရွားကေတာ့ ပယ္နယ္တီပြဲေတြနဲ႔ ဆီမီးအဆင့္ တက္လာတဲ့အသင္း ျဖစ္တယ္။

ဒါေပမယ့္ ကမၻာ့အဆင့္ရွိတဲ့ မိုဒရစ္တို႔ ရာကီတစ္တို႔ ပါရီဆစ္တို႔လို ကစားသမားေတြနဲ႔ စုဖြဲ႔ထားလို႔ ပြဲအေျဖကို ေျပာင္းႏုိင္တဲ့ ကစားသမားေတြလည္းျဖစ္လို႔ ေလွ်ာ့တြက္လို႔ေတာ့ မရပါဘူး။

တဖက္မွာလည္း အယ္လီ၊ ဟန္ဒါဆန္၊ လင္ဂတ္တို႔ တြဲလံုးက အလုပ္ျဖစ္ရင္လည္း ခ႐ုိေအးရွားအသင္း ထိန္းရခက္ပါမယ္။

ခ႐ုိေအးရွားအသင္းက ဆီမီးအဆင့္ကုိ ၂ ႀကိမ္ေရာက္ဖူးၿပီး အဂၤလန္က ၃ ႀကိမ္ ေရာက္ဖူးတယ္ ေတာဝက္ကေလးတို႔။

သူတို႔ႏွစ္သင္း ထိပ္တိုက္ ၇ ႀကိမ္ ေတြ႔ဆံုဖူးၿပီး အဂၤလန္က ၄ ႀကိမ္ ႏုိင္ထားတယ္။ ခ႐ုိေအးရွားက ၂ ႀကိမ္ႏိုင္ၿပီး တႀကိမ္ သေရက်ဖူးၾကတယ္။

ဥေရာပအသင္းေတြခ်ည္းပဲ ဆီမီးတက္ၾကတဲ့ ကမၻာ့ဖလားမွာ ဘယ္အသင္းမွ ေလွ်ာ့တြက္လို႔ မရေပမယ့္ ေဒးဘစ္ဘက္ခမ္းတို႔ ရြန္နီတို႔ မရဘူးတဲ့ ကမၻာ့ဖလားကို ဟယ္ရီကိန္းတို႔ စတာလင္တို႔ရဲ႕ အဂၤလန္အသင္း အရယူသြားေလမလားဆိုတဲ့ ေရပန္းစားမႈေတြ ျမင့္တက္ေနတယ္ ေတာဝက္ကေလးတို႔ေရ။

တို႔အႀကိဳက္ ေျပာရရင္လည္း ေျခစြမ္းတည္ၿငိမ္ေနတဲ့ အဂၤလန္အသင္း အႏိုင္ပါပဲ ေတာဝက္ကေလးတို႔။

ေတာဝက္ကေလးတို႔ တဖြဲ႔သားလံုး လုိဏ္ဂူထဲက ျမန္ျမန္ထြက္လာႏိုင္ၿပီး ကမၻာ့ဖလားပြဲေတြ ၾကည့္ႏိုင္ၾကပါေစ။

(စာႂကြင္း – ဒီစာေရးေနတဲ့ ဇူလိုင္ ၁၀ ရက္ ညေနခင္းမွာပဲ ေတာဝက္အသင္းသားအားလံုး ဂူထဲကေန ထြက္လာႏိုင္ခဲ့ၿပီဆိုတဲ့သတင္း ၾကားရတယ္။ သူတို႔အားလံုး တနဂၤေႏြအမီ က်န္းမာေရးေကာင္းလာလို႔ကေတာ့ ကမၻာ့ဖလားေဘာလံုးပြဲ ဗိုလ္လုပြဲကို ၾကည့္ႏိုင္ၾကၿပီေပါ့။ ဂြတ္လပ္ပါ ေတာဝက္ကေလးတို႔ေရ)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ကိုေလအုိး
# Unicode Version ျဖင့္ ဖတ္ပါ #


ဆီမီးဖိုင်နယ် ပွဲကြို

အင်္ဂလန်-ခရိုအေးရှား

တောဝက်ဘောလုံးသမားလေးတို့ရေ…

ဇူလိုင် ၉ ရက်မှာ တောဝက်ဘောလုံးအသင်းက နောက်ထပ် ၄ ယောက် လိုဏ်ဂူထဲက ထွက်လာနိုင်ကြပြန်ပြီး ဒါနဲ့ပါဆို တောဝက်အသင်းသား ၈ ယောက်တိတိကို ဂူထဲက ကယ်တင်နိုင်ခဲ့ပြီနော်။

အသင်းနည်းပြလူငယ်လေး အေ(တ်) နဲ့ ကျန်တဲ့ ကလေးတွေလည်း အောင်အောင်မြင်မြင်နဲ့ ထွက်လာနိုင်လိမ့်မယ်လို့ ယုံကြည်ထားပြီး အခု အပြင်ရောက်နေကြပြီဖြစ်တဲ့ ကလေးတွေ ကျန်းမာရေးလည်း ကောင်းတယ်ကြားလို့ ဝမ်းသာနေရတယ်။

ဘာလိုလိုနဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ ဒုတိယဆီမီးဖိုင်နယ်ပွဲတောင် ကန်တော့မယ်။ ဒါပြီးရင် တတိယနေရာလုပွဲနဲ့ ဗိုလ်လုပွဲ နှစ်ပွဲပဲ ကျန်တော့တာမို့ ကမ္ဘာ့ဖလားကြီးပြီးရင် ဘောလုံးပရိသတ်တွေ ယောင်ချာချာဖြစ်ပြီး ဟာတာတာ ကျန်ရစ်တော့မယ်ထင်ရဲ့ တောဝက်ကလေးတို့ရေ။

တောဝက်ကလေးတို့ရေ…

အခု ဒုတိယဆီမီးဖိုင်နယ်ပွဲကတော့ ထိုင်းတို့ မြန်မာတို့ ကြိုက်နှစ်သက်ပြီး အားပေးတဲ့ အင်္ဂလန်နဲ့ ခရိုအေးရှားအသင်းတို့ ကန်ကြမယ့် ပွဲကောင်းတပွဲပါ။

လူငယ်သွေးသစ်တွေနဲ့ အလုပ်ဖြစ်နေတဲ့ အင်္ဂလန်အသင်းနဲ့ လူငယ်ခြေကျတွေပါနေတဲ့ ခရိုအေးရှားတို့ ကန်ကြမယ့်ပွဲဖြစ်သလို ချန်ပီယံဖြစ်ဖူးတဲ့ အင်္ဂလန်နဲ့ ချန်ပီယံသစ် ဖြစ်လာမလားလို့ ထင်ကြေးပေးခံထားရတဲ့ ခရိုအေးရှားတို့ ကစားကြမယ့်ပွဲလည်း ဖြစ်တယ်။

ဒီနှစ် ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းဟာ တပွဲထက်တပွဲ ပုံစံကောင်းတွေ ပြနေပေမယ့် သူ့ပြိုင်ဘက် ခရိုအေးရှားကတော့ ပယ်နယ်တီပွဲတွေနဲ့ ဆီမီးအဆင့် တက်လာတဲ့အသင်း ဖြစ်တယ်။

ဒါပေမယ့် ကမ္ဘာ့အဆင့်ရှိတဲ့ မိုဒရစ်တို့ ရာကီတစ်တို့ ပါရီဆစ်တို့လို ကစားသမားတွေနဲ့ စုဖွဲ့ထားလို့ ပွဲအဖြေကို ပြောင်းနိုင်တဲ့ ကစားသမားတွေလည်းဖြစ်လို့ လျှော့တွက်လို့တော့ မရပါဘူး။

တဖက်မှာလည်း အယ်လီ၊ ဟန်ဒါဆန်၊ လင်ဂတ်တို့ တွဲလုံးက အလုပ်ဖြစ်ရင်လည်း ခရိုအေးရှားအသင်း ထိန်းရခက်ပါမယ်။

ခရိုအေးရှားအသင်းက ဆီမီးအဆင့်ကို ၂ ကြိမ်ရောက်ဖူးပြီး အင်္ဂလန်က ၃ ကြိမ် ရောက်ဖူးတယ် တောဝက်ကလေးတို့။

သူတို့နှစ်သင်း ထိပ်တိုက် ၇ ကြိမ် တွေ့ဆုံဖူးပြီး အင်္ဂလန်က ၄ ကြိမ် နိုင်ထားတယ်။ ခရိုအေးရှားက ၂ ကြိမ်နိုင်ပြီး တကြိမ် သရေကျဖူးကြတယ်။

ဥရောပအသင်းတွေချည်းပဲ ဆီမီးတက်ကြတဲ့ ကမ္ဘာ့ဖလားမှာ ဘယ်အသင်းမှ လျှော့တွက်လို့ မရပေမယ့် ဒေးဘစ်ဘက်ခမ်းတို့ ရွန်နီတို့ မရဘူးတဲ့ ကမ္ဘာ့ဖလားကို ဟယ်ရီကိန်းတို့ စတာလင်တို့ရဲ့ အင်္ဂလန်အသင်း အရယူသွားလေမလားဆိုတဲ့ ရေပန်းစားမှုတွေ မြင့်တက်နေတယ် တောဝက်ကလေးတို့ရေ။

တို့အကြိုက် ပြောရရင်လည်း ခြေစွမ်းတည်ငြိမ်နေတဲ့ အင်္ဂလန်အသင်း အနိုင်ပါပဲ တောဝက်ကလေးတို့။

တောဝက်ကလေးတို့ တဖွဲ့သားလုံး လိုဏ်ဂူထဲက မြန်မြန်ထွက်လာနိုင်ပြီး ကမ္ဘာ့ဖလားပွဲတွေ ကြည့်နိုင်ကြပါစေ။

(စာကြွင်း – ဒီစာရေးနေတဲ့ ဇူလိုင် ၁၀ ရက် ညနေခင်းမှာပဲ တောဝက်အသင်းသားအားလုံး ဂူထဲကနေ ထွက်လာနိုင်ခဲ့ပြီဆိုတဲ့သတင်း ကြားရတယ်။ သူတို့အားလုံး တနင်္ဂနွေအမီ ကျန်းမာရေးကောင်းလာလို့ကတော့ ကမ္ဘာ့ဖလားဘောလုံးပွဲ ဗိုလ်လုပွဲကို ကြည့်နိုင်ကြပြီပေါ့။ ဂွတ်လပ်ပါ တောဝက်ကလေးတို့ရေ)

ဖိုးသူတော် (www.phothutaw.com)
Credit: ကိုလေအိုး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top