AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕နယ္ ေလညင္းေတာင္ ေက်းရြာအနီး ေလးျမိဳ႕ျမစ္တြင္ ဇူလိူင္ ၁၁ ရက္ေန႕ ညေန ၇ နာရီခန္႕က စက္ေလွ ႏွစ္စီး တိုက္မိရာမွ ပလက္၀ျမိဳ႕သို႕ ေန႕စားလေပး ေက်ာင္းဆရာမ စာေမးပြဲ ေျဖဆိုရန္ သြားေရာက္သည့္ အသက္ (၂၂) ႏွစ္အရြယ္ မိန္းခေလး တစ္ဦး ေရထဲျပဳတ္က် ေသဆံုးသြားခဲ့သည္ဟု သတင္းရရွိသည္။

ေသဆံုးသူအမ်ိဳးသမီးငယ္မွာ ခ်င္းျပည္နယ္ ပလက္၀ျမိဳ႕နယ္ ခ်ိဳင္းစႏူးေက်းရြာအုပ္စု ေဘြေလာင္းရြာမွ (ဘ) ဦးမနားထန္း (မိ) ေဒၚဆင္ဇားတို႕၏ သမီး မမွိတ္ထန္ (၂၂) ႏွစ္ျဖစ္ေၾကာင္း ေဆြမ်ိဳးေတာ္စပ္သူ ဦးဘူးထန္ပိုင္က ေျပာသည္။

မမွိတ္ထန္အပါအ၀င္ ခ်င္းအမ်ိဳးသမီးငယ္ ၇ ဦးသည္ ပလက္၀ျမိဳ႕တြင္ ေန႕စားလေပး (TA) ေက်ာင္းဆရာမ ၀င္ခြင့္စာေမးပြဲေျဖဆိုရန္ ဟြန္ဒါ စက္ေလွတစ္စီးႏွင့္ ေလးျမိဳ႕ျမစ္အတိုင္း ေအာက္ဘက္သို႕ စုန္ဆင္းလာစဥ္ ညေန ၇ နာရီခန္႕တြင္ ေလညင္းေတာင္ ေက်းရြာအနီး အေရာက္တြင္ သူမတို႕ စက္ေလွငယ္ကို စက္ေလွၾကီး တစ္စီးမွ ၀င္တိုက္ရာမွ စက္ေလွေပၚ ပါလာသူအားလံုး ေရထဲျပဳတ္က်ျပီး စက္ေလွမွာလည္း ေရထဲ နစ္ျမဳပ္သြားခဲ့သည္ဟု သိရသည္။


စက္ေလွေပၚတြင္ ပါလာသူအားလံုး အသက္ေဘးမွ လြတ္ေျမာက္ခဲ့ေသာ္လည္း မမွိတ္ထန္မွာ ေပ်ာက္ေနသျဖင့္ အနီးအနားရွိ ေလညင္းေတာင္ရြာသားမ်ားအပါအ၀င္ ၀ိုင္း၀န္း လိုက္လံ ရွာေဖြၾကရာ သူမအား မေတြ႕ရွိသျဖင့္ သက္ဆိုင္ရာ ရဲစခန္းသုိ႕ ဖုန္းဆက္ အေၾကာင္း ၾကားခဲ့ေၾကာင္း၊ ယေန႕ ဇူလိူင္ ၁၂ ရက္ ေန႕လယ္ ၁၂ နာရီတြင္ မမွိတ္ထန္ အေလာင္းအား လက္တစ္ဖက္က်ိဳးကာ ျပန္လည္ ဆယ္ယူရရွိခဲ့ေၾကာင္း၊ အေလာင္းကို ေတြ႕ရွိျပီးေနာက္ ကာယကံရွင္ မိသားစုမွ ေျမာက္ဦးရဲစခန္းသို႕ သြားေရာက္ကာ အမႈမဖြင့္ေတာ့ေၾကာင္း သတင္းပို႕ျပီး အေလာင္းကို ဇာတိရြာသုိ႕ ယူေဆာင္သြားခဲ့ၾကသည္ဟု သိရသည္။

သူမတို႕ စက္ေလွအား တိုက္သြားသည့္ စက္ေလွၾကီးမွာ အခင္းျဖစ္ပြားရာမွ ခ်က္ခ်င္း ေမာင္းထြက္ေျပးသြားျပီး ရဲက ယခုအခ်ိန္ထိ ဖမ္းဆီးမိျခင္း မရွိေသးေၾကာင္း သိရသည္။

“ မိသားစုက အမႈဖြင့္ရင္ ရဲစခန္းကို ခဏခဏ လာရမွာမို႕ အခ်ိန္နဲ႕ ေငြေၾကး ကုန္က်မ်ားမွာကို စိုးရိမ္တဲ့ အတြက္ အမႈမဖြင့္ခဲ့တာလို႕ သိရပါတယ္။ ဒါေပမယ့္ ရဲက ဒီစက္ေလွငယ္ကို တိုက္သြားတဲ့ စက္ေလွၾကီးကိုေတာ့ ရွာေဖြ ေဖာ္ထုတ္ အေရးယူသင့္ပါတယ္။ အခုက ဘာမွ အေရးယူေဆာင္ရြက္တာ မရွိပါဘူး” ဟု ဦးဘူးထန္ပိုင္က ေျပာၾကားသည္။

ေသဆံုးခဲ့ရသူ မမွိတ္ထန္ႏွင့္ အဖြဲ႕သည္ ပလက္၀ျမိဳ႕သို႕ သူမတို႕ေနထိုင္ရာ ခ်ိဳင္းစႏူးေက်းရြာအုပ္စု ေဘြေလာင္းရြာမွ ေျမာက္ဦးျမိဳ႕ကို စက္ေလွျဖင့္ လာေရာက္ျပီး ေျမာက္ဦး- ေက်ာက္ေတာ္ ကားလမ္းမွ တစ္ဆင့္ ပလက္၀ျမိဳ႕သို႕ သြားေရာက္ၾကမည္သူမ်ား ျဖစ္ေၾကာင္း သိရွိရသည္။

မမွိတ္ထန္တြင္ ညီအစ္ကို ေမာင္ႏွမ ရွစ္ဦးရွိျပီး သူမမွာ တတိယေျမာက္ သမီးျဖစ္ေၾကာင္း သိရသည္။

(ဓာတ္ပံု- မွ်ားျဖင့္ ၀ိုင္းျပထားသူမွာ မမွိတ္ထန္ျဖစ္ျပီး သူမအေလာင္းအား ယေန႕တြင္ ရွာေဖြေတြ႕ရွိခဲ့သည္။)
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Narinjara
https://www.facebook.com/Narinjara

#Unicode Version#
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လေညင်းတောင် ကျေးရွာအနီး လေးမြို့မြစ်တွင် ဇူလိူင် ၁၁ ရက်နေ့ ညနေ ၇ နာရီခန့်က စက်လှေ နှစ်စီး တိုက်မိရာမှ ပလက်ဝမြို့သို့ နေ့စားလပေး ကျောင်းဆရာမ စာမေးပွဲ ဖြေဆိုရန် သွားရောက်သည့် အသက် (၂၂) နှစ်အရွယ် မိန်းခလေး တစ်ဦး ရေထဲပြုတ်ကျ သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးငယ်မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် ချိုင်းစနူးကျေးရွာအုပ်စု ဘွေလောင်းရွာမှ (ဘ) ဦးမနားထန်း (မိ) ဒေါ်ဆင်ဇားတို့၏ သမီး မမှိတ်ထန် (၂၂) နှစ်ဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ဦးဘူးထန်ပိုင်က ပြောသည်။

မမှိတ်ထန်အပါအဝင် ချင်းအမျိုးသမီးငယ် ၇ ဦးသည် ပလက်ဝမြို့တွင် နေ့စားလပေး (TA) ကျောင်းဆရာမ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် ဟွန်ဒါ စက်လှေတစ်စီးနှင့် လေးမြို့မြစ်အတိုင်း အောက်ဘက်သို့ စုန်ဆင်းလာစဉ် ညနေ ၇ နာရီခန့်တွင် လေညင်းတောင် ကျေးရွာအနီး အရောက်တွင် သူမတို့ စက်လှေငယ်ကို စက်လှေကြီး တစ်စီးမှ ဝင်တိုက်ရာမှ စက်လှေပေါ် ပါလာသူအားလုံး ရေထဲပြုတ်ကျပြီး စက်လှေမှာလည်း ရေထဲ နစ်မြုပ်သွားခဲ့သည်ဟု သိရသည်။


စက်လှေပေါ်တွင် ပါလာသူအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း မမှိတ်ထန်မှာ ပျောက်နေသဖြင့် အနီးအနားရှိ လေညင်းတောင်ရွာသားများအပါအဝင် ဝိုင်းဝန်း လိုက်လံ ရှာဖွေကြရာ သူမအား မတွေ့ရှိသဖြင့် သက်ဆိုင်ရာ ရဲစခန်းသို့ ဖုန်းဆက် အကြောင်း ကြားခဲ့ကြောင်း၊ ယနေ့ ဇူလိူင် ၁၂ ရက် နေ့လယ် ၁၂ နာရီတွင် မမှိတ်ထန် အလောင်းအား လက်တစ်ဖက်ကျိုးကာ ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း၊ အလောင်းကို တွေ့ရှိပြီးနောက် ကာယကံရှင် မိသားစုမှ မြောက်ဦးရဲစခန်းသို့ သွားရောက်ကာ အမှုမဖွင့်တော့ကြောင်း သတင်းပို့ပြီး အလောင်းကို ဇာတိရွာသို့ ယူဆောင်သွားခဲ့ကြသည်ဟု သိရသည်။

သူမတို့ စက်လှေအား တိုက်သွားသည့် စက်လှေကြီးမှာ အခင်းဖြစ်ပွားရာမှ ချက်ချင်း မောင်းထွက်ပြေးသွားပြီး ရဲက ယခုအချိန်ထိ ဖမ်းဆီးမိခြင်း မရှိသေးကြောင်း သိရသည်။

“ မိသားစုက အမှုဖွင့်ရင် ရဲစခန်းကို ခဏခဏ လာရမှာမို့ အချိန်နဲ့ ငွေကြေး ကုန်ကျများမှာကို စိုးရိမ်တဲ့ အတွက် အမှုမဖွင့်ခဲ့တာလို့ သိရပါတယ်။ ဒါပေမယ့် ရဲက ဒီစက်လှေငယ်ကို တိုက်သွားတဲ့ စက်လှေကြီးကိုတော့ ရှာဖွေ ဖော်ထုတ် အရေးယူသင့်ပါတယ်။ အခုက ဘာမှ အရေးယူဆောင်ရွက်တာ မရှိပါဘူး” ဟု ဦးဘူးထန်ပိုင်က ပြောကြားသည်။

သေဆုံးခဲ့ရသူ မမှိတ်ထန်နှင့် အဖွဲ့သည် ပလက်ဝမြို့သို့ သူမတို့နေထိုင်ရာ ချိုင်းစနူးကျေးရွာအုပ်စု ဘွေလောင်းရွာမှ မြောက်ဦးမြို့ကို စက်လှေဖြင့် လာရောက်ပြီး မြောက်ဦး- ကျောက်တော် ကားလမ်းမှ တစ်ဆင့် ပလက်ဝမြို့သို့ သွားရောက်ကြမည်သူများ ဖြစ်ကြောင်း သိရှိရသည်။

မမှိတ်ထန်တွင် ညီအစ်ကို မောင်နှမ ရှစ်ဦးရှိပြီး သူမမှာ တတိယမြောက် သမီးဖြစ်ကြောင်း သိရသည်။

(ဓာတ်ပုံ- မျှားဖြင့် ဝိုင်းပြထားသူမှာ မမှိတ်ထန်ဖြစ်ပြီး သူမအလောင်းအား ယနေ့တွင် ရှာဖွေတွေ့ရှိခဲ့သည်။)
ဖိုးသူတော် (www.phothutaw.com)
Credit: Narinjara
https://www.facebook.com/Narinjara
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top