မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×

အရည်ဖျော်သောက်ရမယ့် အမှုန့်ကို ဒီတိုင်းသောက်မိရာက အစာအိမ်အချဉ် ပေါက်သွားတယ် သွေးပေါင်တွေ အချဉ်ဓာတ်ကြောင့်ကျသွားတယ်လို့ယူဆရပါတယ်








Credit:  Daw Zin Zin Kyaw

#Unicode Version#

အရည်ဖျော်သောက်ရမယ့် အမှုန့်ကို ဒီတိူင်းသောက်မိရာက အစာအိမ်အချဉ် ပေါက်သွားတယ် သွေးပေါင်တွေ အချဉ်ဓာတ်ကြောင့်ကျသွားတယ်လိူ့ယူဆရပါတယ်

ကာယကံရှင်အမကြီး ရဲ့ရေးသားထားချက်ကို အောက်တွင် ကူးယူဖော်ပြထားပါတယ်

ကလေးအမေများအထူးသတိထားဖို့ ဒီစာကိုရေးခြင်းဖြစ်ပါတယ်နော်

သားကြီးစာမေးပွဲနီးလာပြီမို့တနင်္ဂနွေပေမယ့်ဆရာမကစာခေါ်သင်ပေးတာကြောင့်မနက်၈နာရီမှာစာသွားသင်ပါတယ် နေ့လည်၁၁နာရီ မှာ သားပါးပါးကသားကိုသွားကြိုတော့ သားကသူ့သူငယ်ချင်းတွေနဲ့ မုန့်ဝယ်စားနေတယ်တဲ့ ပြန်တဲ့လမ်းမှာ ပုံကပြထားတဲ့မုန့်ကိုဖောက်ပြီးကားပေါ်မှာစားလာပါတယ်

(သားကိုနဂိုကမှာထားပါတယ် တရုတ်မုန့်မစားဖို့ကိုပါ….မုန့်မှာတရုတ်စာရေးမထားတဲ့အတွက်တရုတ်မုန့်လို့သူမထင်တဲ့အတွက်သူဝယ်စားတာပါတဲ့)အိမ်ပြန်ရောက်တော့ သားအန်တယ် ပြီးဗိုက်အောင့်တယ်ပြောတယ် အိမ်သာလည်းတစ်ခါသွားတက်ပြီး ၄ခေါက်အန်တယ် နှခမ်းတွေပြာပြီး မျက်နှာတွေဖြူဖျော့လာတယ်

ကိုယ်လည်းသူ့ပါးပါးကိုအော်ခေါ်ပြီး ဗျာဒိတ်ပန်းဆေးရုံကိုသားကိုခေါ်လာတယ် သားကလမ်းမလျှောက်နိုင်တော့ဘူး …ဆေးရုံရောက်တော့ ဆရာဝန်တွေ ဆရာမတွေသွေးပေါင်တိုင်းတော့ သွေးပေါင်တိုင်းမရတော့ဘူးတဲ့ လူကပြာပြီ….နောက်ဆရာဝန်လေးတစ်ယောက်တိုင်းတော့ ၅၀ ၃၀သွေးပေါင်ချိန် …

ဆေးသွင်းဖို့အကြောရှာတယ် ရှာမရတော့ဘူး အကြောတွေကပ်နေတယ်တဲ့ သားကလည်းဝတော့သွေးကြောရှာမရ မရတဲ့အဆုံးခြေထောက်ကနေထက်ဖောက်ကြည့်တော့မှ ရတယ် ဆေးတစ်လုံးချိတ် ဆေး၂လုံးထိုး ဒီကြားထဲဆေးရုံမှာ ၂ခါအန်သေးတယ် …ဆေးသွင်းရတော့ အခြေအနေစောင့်ကြည့်တယ် ၆၀ ၃၀ သွေးပေါင်ချိန်ဖြစ်လာတယ် ပြီး ၉၀ ၅၀…..သားကလန်းတယ် စကားပြောတယ် နှခမ်းကသာပြာနေတာ…

နောက် ၉၀၆၀သွေးပေါင်ချိန်ပြန်တက်လာပါတယ် ဗျာဒိတ်ပန်းဆေးရုံမှ ကိုကိုခင်မောင်စိုး အမမဖြူ နဲ့ တာဝန်ကျ ဆရာဝန် ဆရာမများကို ကျေးဇူးတင်ပါတယ်

သားစားခဲ့တဲ့မုန့်ကိုဓာတ်ပုံရိုက်ပြထားပါတယ် ကလေးအမေများ သတိရှိစေဖို့ မကျွေးရအောင်ရေးခြင်းဖြစ်ပါတယ်နော်
မူရင်းတင်ထားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်

ဖိုးသူတော် (www.phothutaw.com)
Credit:  Daw Zin Zin Kyaw
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top