iMyanmarHouse.com - Best Property Website for Myanmar
×

 

အိႏိၵယ အစုိးရေရွ႕ေနေတြက ဝန္ႀကီးခ်ဳပ္ နရင္ဒရာ မုိးဒီ ရဲ႕ပါတီဝင္ အမတ္တဦးကုိ သက္ငယ္ မုဒိမ္းမႈနဲ႔ မေန႔က စြဲခ်က္တင္လုိက္ပါတယ္။ အဲဒီ အသက္ ၁၆ ႏွစ္အရြယ္ မိန္းကေလးက သူမကုိ Kuldeep Singh Senger ကူးလ္ဒိ ဆင္း ဆင္ဂါ ဆုိသူ ျပည္နယ္လႊတ္ေတာ္အမတ္က အဓမၼျပဳက်င့္ခဲ့ေၾကာင္း ၿပီးခဲ့တဲ့ႏွစ္ကတည္းက တုိင္ၾကားခဲ့တာကုိ ရဲတပ္ဖြဲ႔က အေရးမယူဘဲ ဥပကၡာျပဳထားခဲ့ပါတယ္။

အဲဒီေနာက္ အဓမၼျပဳက်င့္ခံရတဲ့ မိန္းကေလးရဲ႕ ဖခင္က သမီးျဖစ္သူအတြက္ တရားစြဲခြင့္ရဖုိ႔ ၾကိဳးစားခဲ့ရာမွာ ရဲေတြက ဖမ္းဆီးၿပီး ႏွိပ္စက္ရုိက္ႏွက္တဲ့အတြက္ ဒဏ္ရာျပင္းထန္စြာရရွိၿပီး အသက္ဆုံးပါးသြားခဲ့ပါတယ္။ ၿပီးခဲတဲ့ ဧၿပီလကေတာ့ အဲဒီ ကေလးမက အတ္တာပရာဒက္ရွ္္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အိမ္ေရွ႕ကုိ သြားၿပီး သူမကုိ သူမ မီးရွဳိ႕ဆႏၵျပခဲ့ရာကေန တျပည္လုံးကန္႔ကြက္မႈေတြ ေပၚထြက္ခဲ့ျပီးေနာက္မွာ ျပည္နယ္ဝန္ၾကီးခ်ဳပ္က ဒီအမႈကုိ စုံစမ္းစစ္ေဆးဖုိ႔ အမိန္႔ထုတ္ခဲ့တဲ့အတြက္ အခုလုိ အေရးယူခဲ့တာ ျဖစ္ပါတယ္။ သူမရဲ႕ ဖခင္ကုိ ရုိက္ႏွက္သတ္ျဖတ္မႈနဲ႔ ပတ္သက္ၿပီး အဲဒီ လႊတ္ေတာ္အမတ္ရဲ႕ညီျဖစ္သူနဲ႔ အေပါင္းပါ ၄ ဦးကုိေတာ့ ၿပီးခဲ့တဲ့အပတ္က တရားစြဲခဲ့တယ္လုိ႔ သိရပါတယ္။

အိႏိၵယႏုိင္ငံမွာ ႏွစ္စဥ္ ရဲတုိင္ဖြဲ႔ကို လာေရာက္တုိင္ၾကားတဲ့ မုဒိမ္းမႈ ေလးေသာင္းခန္႔ ရွိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese/


#Unicode Version#
 အိန္ဒိယ အစိုးရရှေ့နေတွေက ဝန်ကြီးချုပ် နရင်ဒရာ မိုးဒီ ရဲ့ပါတီဝင် အမတ်တဦးကို သက်ငယ် မုဒိမ်းမှုနဲ့ မနေ့က စွဲချက်တင်လိုက်ပါတယ်။ အဲဒီ အသက် ၁၆ နှစ်အရွယ် မိန်းကလေးက သူမကို Kuldeep Singh Senger ကူးလ်ဒိ ဆင်း ဆင်ဂါ ဆိုသူ ပြည်နယ်လွှတ်တော်အမတ်က အဓမ္မပြုကျင့်ခဲ့ကြောင်း ပြီးခဲ့တဲ့နှစ်ကတည်းက တိုင်ကြားခဲ့တာကို ရဲတပ်ဖွဲ့က အရေးမယူဘဲ ဥပက္ခာပြုထားခဲ့ပါတယ်။

အဲဒီနောက် အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးရဲ့ ဖခင်က သမီးဖြစ်သူအတွက် တရားစွဲခွင့်ရဖို့ ကြိုးစားခဲ့ရာမှာ ရဲတွေက ဖမ်းဆီးပြီး နှိပ်စက်ရိုက်နှက်တဲ့အတွက် ဒဏ်ရာပြင်းထန်စွာရရှိပြီး အသက်ဆုံးပါးသွားခဲ့ပါတယ်။ ပြီးခဲတဲ့ ဧပြီလကတော့ အဲဒီ ကလေးမက အတ်တာပရာဒက်ရှ် ပြည်နယ်ဝန်ကြီးချုပ်အိမ်ရှေ့ကို သွားပြီး သူမကို သူမ မီးရှို့ဆန္ဒပြခဲ့ရာကနေ တပြည်လုံးကန့်ကွက်မှုတွေ ပေါ်ထွက်ခဲ့ပြီးနောက်မှာ ပြည်နယ်ဝန်ကြီးချုပ်က ဒီအမှုကို စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ခဲ့တဲ့အတွက် အခုလို အရေးယူခဲ့တာ ဖြစ်ပါတယ်။ သူမရဲ့ ဖခင်ကို ရိုက်နှက်သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အဲဒီ လွှတ်တော်အမတ်ရဲ့ညီဖြစ်သူနဲ့ အပေါင်းပါ ၄ ဦးကိုတော့ ပြီးခဲ့တဲ့အပတ်က တရားစွဲခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယနိုင်ငံမှာ နှစ်စဉ် ရဲတိုင်ဖွဲ့ကို လာရောက်တိုင်ကြားတဲ့ မုဒိမ်းမှု လေးသောင်းခန့် ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: RFA Burmese
https://www.facebook.com/rfaburmese/
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top