န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

သို႔

ကၽြန္မရဲ႕ အခ်စ္ဆံုး ==> အစားအေသာက္နဲ႔ လမ္းခြဲခိုင္းၿပီး ေလ့က်င့္ခန္းကို လွ်ာအေတာင့္လိုက္ထြက္ေအာင္ လုပ္ခိုင္းေနတဲ့လူႀကီး

ရွင္ကၽြန္မကို ပရမ္းပတာစကားေျပာလာတာ ႏွစ္ေပါက္ေနၿပီ။ အခုကၽြန္မ လံုးဝ လံုးဝကိုသည္းမခံႏိုင္ေတာ့ဘူး။ ရွင့္ေၾကာင့္နဲ႔ ကၽြန္မအစားပ်က္ အေသာက္ပ်က္နဲ႔ စိတ္ဆင္းရဲရတဲ့ေန႔ေပါင္းလည္း အရမ္းမ်ားေနၿပီ။ (ကၽြန္မကို ရွင္မွ မုန္႔လာမပို႔ေပးတာ။ ထြက္ဝယ္စားဖို႔လည္း အရမ္းပ်င္းတယ္ဆိုတာ ရွင္သိရဲ႕သားနဲ႔။)

ရွင္ဆိုက္ကိုေတြ သြင္းလြန္းလို႔ တစ္ေန႔တစ္ေန႔ ဘယ္လိုအိမ္တြင္းေလ့က်င့္ခန္း လုပ္မလဲ၊ ဘယ္ gym သြားေဆာ့ရင္ေကာင္းမလဲ၊ အစားဘယ္လိုေလွ်ာ့ရင္ ဝိတ္က်မွာလဲဆိုတာ စဥ္းစားရင္း စိတ္ေတြဖိစီးၿပီး ႏွစ္ဆပိုစားမိတယ္။ (ကၽြန္မ ဒီတစ္ေလာအတြင္း ပိုဝလာတယ္ဆိုတာ ရွင့္ေၾကာင့္။)

စတြဲတုန္းက ပိန္ပိန္ပါးပါးျဖစ္ခဲ့ေပမဲ့ အခု ဗိုက္က ၃ ရစ္ေလာက္ထြက္ၿပီး မဆိုစေလာက္ ၁၀ ေပါင္ေလာက္တက္လာတာ ဘာျဖစ္လို႔လဲေျပာ။ အဲဒါေတြက ရွင္ေကၽြးတာေလ၊ ရွင္ခ်စ္လြန္းလို႔ စားပါစားပါဆိုၿပီး ခခယယနဲ႔ ေကၽြးေမြးထားတဲ့ အဆီေတြ တက္လာတာေလ။ အခုက်မွ သူေကၽြးထားတဲ့ အစားေတြကို ေျခမနဲ႔ မကေလာ္ထုတ္ရံုတစ္မည္ ဘာကိစၥနဲ႔ စြတ္စက္ၿပီး ဝိတ္ခ်ခိုင္းေနလဲဆိုတာ ခုေျဖရွင္း။

ငါ့သူငယ္ခ်င္းေတြေျပာလို႔ပါဆိုၿပီးေတာ့လည္း ရွင့္ရဲ႕ သူငယ္ခ်င္းေတြကို ဆြဲမထည့္နဲ႔။ သူတို႔အျမင္မွာ ဝ ရံုမကလို႔ မယ္ကုဝဏ္ရုပ္ေပါက္ေနပါေစ ရွင့္မ်က္လံုးထဲမွာ ကၽြန္မလွေနရင္ၿပီးေရာေလ။ သူတို႔က ကၽြန္မကို ဝလာတယ္ေျပာရံုနဲ႔ ရွင္ပါေရာၿပီး ဝိတ္ခ်ခိုင္းလို႔ရမလားေျပာ။ ရွင္ကၽြန္မကို စိတ္ဒုကၡအရမ္းေပးတယ္ :’)

ေနာက္ၿပီး ရွင္စဥ္းစားၾကည့္။ အေမေမြးကတည္းက ေခၽြးတစ္စက္အက်မခံခဲ့တဲ့ ကၽြန္မ၊ အခုရွင္နဲ႔တြဲတဲ့အခ်ိန္မွ ေခၽြးတလံုးလံုးက် လွ်ာေတြအေတာင့္လိုက္ထြက္ၿပီး အေလးေတြမ၊ ေျပးစက္ေတြေပၚေျပးရမယ္ေပါ့ ဟုတ္လား? ရွင္ေျပာေတာ့ မိဘဆီမွာေနတာထက္ စိတ္ခ်မ္းသာေအာင္ထားမယ္ဆို? အခုေတာ့ ကၽြန္မမ်က္ရည္နဲ႔မ်က္ခြက္ ျဖစ္ေနမယ့္ ကိစၥမ်ိဳး ရွင္လုပ္ခိုင္းရက္ၿပီေပါ့။ ရွင္က အသစ္အလန္းေလးေတြေတြ႔ေတာ့ ေဘးမွာရွိေနတဲ့ ဒီေဂၚဇီလာမက် ဝက္မက် ကၽြန္မကို ပစ္ခ်ထားခဲ့ခ်င္ၿပီေပါ့။ ရပါတယ္ ရွင္အခုထြက္သြားလိုက္ပါ။ ရွင္အၿမဲခ်ီးက်ဴးေနက် ပိန္ပိန္ပါးပါးနဲ႔ သိပ္ေတာ္သိပ္လွတဲ့ ရွင့္သူငယ္ခ်င္းေကာင္မေလးေနာက္ လိုက္သြားလိုက္ပါ။ ကၽြန္မကေတာ့ ဝိတ္မခ်ႏိုင္ဘူး။ ထပ္ေျပာမယ္ လံုးဝ လံုးဝမခ်ႏိုင္ဘူး။

အစာစားလို႔ တက္လာမယ့္ အဆီေတြက ေသရင္ ကၽြန္မေနာက္ပါတယ္၊ ရွင္ကပါလာမွာမဟုတ္ဘူး။ အဲ့ေတာ့ အေမာေဖာက္ၿပီး ေသမယ့္အစား အသည္းအဆီဖံုးၿပီးပဲ အေသခံလိုက္မယ္။ ေနာက္ၿပီးရွင္နဲ႔ေနရတာ စိတ္ဖိစီးတယ္ဆိုေပမဲ့ အစားကေတာ့ ကၽြန္မကိုေပ်ာ္ရႊင္ေစတာမို႔ စိတ္ခ်မ္းသာရာေနာက္ကို ကၽြန္မလိုက္သြားၿပီ။ ရွင္သိပ္ႀကိဳက္ပါတယ္ဆိုတဲ့ ခပ္လန္းလန္းေကာင္မေလးေတြနဲ႔ တြဲၿပီး ကိုေဂၚႀကီးျဖစ္ႏိုင္ပါေစ။ ကၽြန္မကေတာ့ အစားေတြကို ႀကိဳက္သေလာက္စားရင္ အဆီေတြကုိပဲ ပိုက္ဆံစုသလိုစုေတာ့မယ္။ ဝေနတုန္းမခ်စ္ဘဲ လွလာမွခ်စ္ခ်င္တဲ့ ရွင့္ကိုေတာ့ တာ့တာပဲ။ ဟြန္႔။

မွ

ရွင့္ရဲ႕ တစ္ခ်ိန္က ခ်စ္စရာဝက္မေလး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
# Unicode Version ျဖင့္ ဖတ္ပါ #
သို့

ကျွန်မရဲ့ အချစ်ဆုံး ==> အစားအသောက်နဲ့ လမ်းခွဲခိုင်းပြီး လေ့ကျင့်ခန်းကို လျှာအတောင့်လိုက်ထွက်အောင် လုပ်ခိုင်းနေတဲ့လူကြီး

ရှင်ကျွန်မကို ပရမ်းပတာစကားပြောလာတာ နှစ်ပေါက်နေပြီ။ အခုကျွန်မ လုံးဝ လုံးဝကိုသည်းမခံနိုင်တော့ဘူး။ ရှင့်ကြောင့်နဲ့ ကျွန်မအစားပျက် အသောက်ပျက်နဲ့ စိတ်ဆင်းရဲရတဲ့နေ့ပေါင်းလည်း အရမ်းများနေပြီ။ (ကျွန်မကို ရှင်မှ မုန့်လာမပို့ပေးတာ။ ထွက်ဝယ်စားဖို့လည်း အရမ်းပျင်းတယ်ဆိုတာ ရှင်သိရဲ့သားနဲ့။)

ရှင်ဆိုက်ကိုတွေ သွင်းလွန်းလို့ တစ်နေ့တစ်နေ့ ဘယ်လိုအိမ်တွင်းလေ့ကျင့်ခန်း လုပ်မလဲ၊ ဘယ် gym သွားဆော့ရင်ကောင်းမလဲ၊ အစားဘယ်လိုလျှော့ရင် ဝိတ်ကျမှာလဲဆိုတာ စဉ်းစားရင်း စိတ်တွေဖိစီးပြီး နှစ်ဆပိုစားမိတယ်။ (ကျွန်မ ဒီတစ်လောအတွင်း ပိုဝလာတယ်ဆိုတာ ရှင့်ကြောင့်။)

စတွဲတုန်းက ပိန်ပိန်ပါးပါးဖြစ်ခဲ့ပေမဲ့ အခု ဗိုက်က ၃ ရစ်လောက်ထွက်ပြီး မဆိုစလောက် ၁၀ ပေါင်လောက်တက်လာတာ ဘာဖြစ်လို့လဲပြော။ အဲဒါတွေက ရှင်ကျွေးတာလေ၊ ရှင်ချစ်လွန်းလို့ စားပါစားပါဆိုပြီး ခခယယနဲ့ ကျွေးမွေးထားတဲ့ အဆီတွေ တက်လာတာလေ။ အခုကျမှ သူကျွေးထားတဲ့ အစားတွေကို ခြေမနဲ့ မကလော်ထုတ်ရုံတစ်မည် ဘာကိစ္စနဲ့ စွတ်စက်ပြီး ဝိတ်ချခိုင်းနေလဲဆိုတာ ခုဖြေရှင်း။

ငါ့သူငယ်ချင်းတွေပြောလို့ပါဆိုပြီးတော့လည်း ရှင့်ရဲ့ သူငယ်ချင်းတွေကို ဆွဲမထည့်နဲ့။ သူတို့အမြင်မှာ ဝ ရုံမကလို့ မယ်ကုဝဏ်ရုပ်ပေါက်နေပါစေ ရှင့်မျက်လုံးထဲမှာ ကျွန်မလှနေရင်ပြီးရောလေ။ သူတို့က ကျွန်မကို ဝလာတယ်ပြောရုံနဲ့ ရှင်ပါရောပြီး ဝိတ်ချခိုင်းလို့ရမလားပြော။ ရှင်ကျွန်မကို စိတ်ဒုက္ခအရမ်းပေးတယ် :’)

နောက်ပြီး ရှင်စဉ်းစားကြည့်။ အမေမွေးကတည်းက ချွေးတစ်စက်အကျမခံခဲ့တဲ့ ကျွန်မ၊ အခုရှင်နဲ့တွဲတဲ့အချိန်မှ ချွေးတလုံးလုံးကျ လျှာတွေအတောင့်လိုက်ထွက်ပြီး အလေးတွေမ၊ ပြေးစက်တွေပေါ်ပြေးရမယ်ပေါ့ ဟုတ်လား? ရှင်ပြောတော့ မိဘဆီမှာနေတာထက် စိတ်ချမ်းသာအောင်ထားမယ်ဆို? အခုတော့ ကျွန်မမျက်ရည်နဲ့မျက်ခွက် ဖြစ်နေမယ့် ကိစ္စမျိုး ရှင်လုပ်ခိုင်းရက်ပြီပေါ့။ ရှင်က အသစ်အလန်းလေးတွေတွေ့တော့ ဘေးမှာရှိနေတဲ့ ဒီဂေါ်ဇီလာမကျ ဝက်မကျ ကျွန်မကို ပစ်ချထားခဲ့ချင်ပြီပေါ့။ ရပါတယ် ရှင်အခုထွက်သွားလိုက်ပါ။ ရှင်အမြဲချီးကျူးနေကျ ပိန်ပိန်ပါးပါးနဲ့ သိပ်တော်သိပ်လှတဲ့ ရှင့်သူငယ်ချင်းကောင်မလေးနောက် လိုက်သွားလိုက်ပါ။ ကျွန်မကတော့ ဝိတ်မချနိုင်ဘူး။ ထပ်ပြောမယ် လုံးဝ လုံးဝမချနိုင်ဘူး။

အစာစားလို့ တက်လာမယ့် အဆီတွေက သေရင် ကျွန်မနောက်ပါတယ်၊ ရှင်ကပါလာမှာမဟုတ်ဘူး။ အဲ့တော့ အမောဖောက်ပြီး သေမယ့်အစား အသည်းအဆီဖုံးပြီးပဲ အသေခံလိုက်မယ်။ နောက်ပြီးရှင်နဲ့နေရတာ စိတ်ဖိစီးတယ်ဆိုပေမဲ့ အစားကတော့ ကျွန်မကိုပျော်ရွှင်စေတာမို့ စိတ်ချမ်းသာရာနောက်ကို ကျွန်မလိုက်သွားပြီ။ ရှင်သိပ်ကြိုက်ပါတယ်ဆိုတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တွဲပြီး ကိုဂေါ်ကြီးဖြစ်နိုင်ပါစေ။ ကျွန်မကတော့ အစားတွေကို ကြိုက်သလောက်စားရင် အဆီတွေကိုပဲ ပိုက်ဆံစုသလိုစုတော့မယ်။ ဝနေတုန်းမချစ်ဘဲ လှလာမှချစ်ချင်တဲ့ ရှင့်ကိုတော့ တာ့တာပဲ။ ဟွန့်။

မှ

ရှင့်ရဲ့ တစ်ချိန်က ချစ်စရာဝက်မလေး

ဖိုးသူတော် (www.phothutaw.com)
Credit: Hnin Ei Oo (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top