န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ေလယာဥ္ေမာင္း လိုင္စင္မလိုဘဲ ေမာင္းနိုင္တဲ့ ကားပ်ံကို ကယ္လီဖိုးနီးယားျပည္နယ္မွာ တီထြင္လိုက္ပါၿပီ။

အနက္ပ်ံ ဆိုတဲ့ ကားက တနာရီကို ၂၅ မိုင္ထိ သြားနိုင္တယ္လို႔ ဆိုပါတယ္။

အျမန္ေမာင္းတဲ့စပို႔ကားတစီး ကုန္သေလာက္ပဲ ဒီကားေတြက ကုန္က်မယ္လို႔ သူ႔ကို ထြင္တဲ့သူေတြက ဆိုပါတယ္။ ဒါေပမဲ့ ကနဦး ေမာ္ဒယ္ေတြ ထြင္ရတာေတာ့ ေစ်းႀကီးပါလိမ့္မယ္။

ဂူဂယ္ကို ပူးတြဲတည္ေထာင္တဲ့ လယ္ရီ ေပ့ခ်္ က ေထာက္ပံ့ေပးေနတဲ့ ကစ္တီေဟာ့ ကားပ်ံအုပ္စု ကလည္း လာ့စ္ေဗးဂတ္စ္မွာ လူသုံးယာဥ္ပ်ံေတြ စမ္းသပ္ေနပါၿပီ။

တျခား အၿပိဳင္အဆိုင္ ကားပ်ံေတြလည္း ကမၻာတလႊား ေပၚေပါက္ လာေနပါတယ္။

ကားနက္ပ်ံရဲ့ ဖန္တီးသူက ေတာ့ အိုပန္နာပါ။ သူ႔ကို ကေနဒါမွာ စၿပီး စမ္းသပ္ခဲ့ပါတယ္။

အဲဒီမွာလည္း သူ႔ကို ပ်ံသန္း အသုံးခ်ခြင့္ အစိုးရက ခြင့္ျပဳခဲ့ပါတယ္။

ကစ္တီေဟာ့လိုပဲ ကားနက္ပ်ံကလည္း လူစီး ဒ႐ုန္းလို႔ ဆိုရင္ မမွားပါဘူး။ လမ္းမေပၚ ေမာင္းဖို႔ေတာ့ ဒီဇိုင္း ထုတ္ထားတာ မဟုတ္ပါဘူး။

ဒီကားမွာ လူတေယာက္ပဲ စီးလို႔ရပါတယ္။ ေတာင္ပံ ႏွစ္ဘက္ကို ျဖန္႔ၿပီး ပ်ံတဲ့ အင္ဂ်င္နဲ႔ပါ။

ျမက္ခင္းေပၚက ထပ်ံတာ၊ ျမက္ေပၚဆင္းတာမ်ိဳးကို သူက ေကာင္းေကာင္း လုပ္နိုင္တယ္လို႔ အိုပန္နာက ေျပာပါတယ္။

‘လုံးဝထိန္းထားတယ္’

အနက္ပ်ံ ထပ်ံတာကို ၾကည့္ရတာ အံ့ၾသစရာ ေကာင္းတယ္လို႔ အေမရိကန္ စမ္းသပ္ပ်ံသန္းေရး အဖြဲ႕က ဒါရိုက္တာ ဒါရန္ ပလဲဆန္႔က ေျပာပါတယ္။ ဒါမ်ိဳးတခါမွ မေတြ႕ဖူးဘူးလို႔ သူက ေျပာပါတယ္။

ေလယာဥ္ေမာင္း လိုင္စင္ မလိုေပမယ့္လည္း ေသခ်ာေမာင္းတတ္ဖို႔ သင္တန္းတက္ရမယ္လို႔ ကုမၸဏီက ဆိုပါတယ္။

အေမရိကန္ ဖက္ဒရယ္ ပ်ံသန္းေရး အဖြဲ႕ စည္းမ်ဥ္းေတြနဲ႔ ညီဖို႔ မလိုရင္ေတာင္ ကားနက္ပ်ံ ကို ေမာင္းတဲ့သူဟာ ပုဂၢလိက ေလယာဥ္ေမာင္း သင္တန္း ေရးေၿဖ ေအာင္ဖို႔ လိုပါတယ္။

ေနာက္ၿပီး ကုမၸဏီက စီစဥ္ေပးတဲ့ သင္တန္းေတြလည္း တက္ရမွာပါတဲ့။

ယာဥ္ပ်ံရဲ့ ေမာင္းတဲ့စနစ္အရ သရီးဒီ သုံးဘက္ျမင္ အာကာသထဲမွာ ယာဥ္ကို လုံးဝ ထိန္းေက်ာင္းေမာင္းႏွင္လို႔ ရမွာ ျဖစ္တယ္လို႔ အိုပန္နာ အမွုေဆာင္ အရာရွိခ်ဳပ္ မားကပ္စ္ လန္းက ေျပာပါတယ္။

ခလုတ္ကို လက္မနဲ႔ ဖိလိုက္တာနဲ႔ ထိန္းခ်ဳပ္ၿပီးသား ျဖစ္ေနၿပီ၊ ေလထဲမွာ ရပ္လိုက္ရင္လည္း ယာဥ္ပ်ံက တန္႔ေနလိမ့္မယ္လို႔ ဆိုပါတယ္။

ကားနက္ပ်ံကို လူမပါဘဲ ေမာင္းလို႔ရတယ္လို႔လည္း မစၥတာ လန္းက ေျပာပါတယ္။

‘တိုက္မိတာေတြ ျဖစ္နိုင္သလား’

သိပၸံဝတၳဳေတြထဲကလို ကားပ်ံေတြ ထြင္ဖို႔ ႀကိဳးစားေနတဲ့ ကုမၸဏီေတြထဲမွာ အိုပန္နာက ေနာက္ဆုံးမွ ဝင္လာတာ ျဖစ္ပါတယ္။ ဒ႐ုန္းနည္းပညာ တိုးတက္မွုေၾကာင့္လည္း ကားပ်ံေတြ ေပၚလာဖို႔က ပိုၿပီး နီးစပ္လာပါတယ္။

ကားနက္ပ်ံနဲ႔ ကစ္တီေဟာ့လိုပဲ အူဘာကလည္း ကားပ်ံေစ်းကြက္ထဲ ဝင္ဖို႔ ႀကိဳးစားေနပါတယ္။

ကယ္လီဖိုးနီးယားက ဟီလာ ပ်ံသန္းေရး ျပတိုက္ကေတာ့ ဒီလို ပ်ံဖို႔ ႀကံရင္း ပ်က္ကုန္တဲ့ ကားေတြရဲ့ သခၤ်ိဳင္းတခုပါ။

အႀကံဉာဏ္ အသစ္အဆန္းေတြကို ေလေၾကာင္းပ်ံသန္းေရး အာဏာပိုင္ေတြ ခြင့္ျပဳသေလာက္ ဒီေနာက္ဆုံးေပၚကားပ်ံကလည္း တိုးတက္မွုေတြ ျပနိုင္တယ္လို႔ ယာဥ္ပ်ံ ျပတိုက္ အႀကီးအကဲ ဝီလီတားနားက ယူဆပါတယ္။

အခု ကၽြန္ေတာ္တို႔မွာ နည္းပညာေတြ ရွိေနၿပီလို႔လည္း သူက ဆိုပါတယ္။

ဒါေပမဲ့ စည္းကမ္း ကလနားေတြ က ဟိုဟာ ဒီဟာ မလုပ္ရ ဆိုၿပီး နားမလည္ဘဲ ဝင္ေျပာတာေတြ ရွိတယ္ လို႔လည္း ဆိုပါတယ္။

“ဒီယာဥ္ပ်ံေတြ ထတိုက္ကုန္မလား၊ ျဖစ္နိုင္တာေပါ့။ ကားေတြလည္း ေန႔တိုင္း တိုက္ေနတာပဲ။

“အခု ရွိေနတဲ့ ပို႔ေဆာင္ေရးထက္ ပိုေကာင္းလာမွာကေတာ့ အမွန္ပဲ ” လို႔လည္း ၾကဳံးဝါးသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC
# Unicode Version ျဖင့္ ဖတ္ပါ #
လေယာဉ်မောင်း လိုင်စင်မလိုဘဲ မောင်းနိုင်တဲ့ ကားပျံကို ကယ်လီဖိုးနီးယားပြည်နယ်မှာ တီထွင်လိုက်ပါပြီ။

အနက်ပျံ ဆိုတဲ့ ကားက တနာရီကို ၂၅ မိုင်ထိ သွားနိုင်တယ်လို့ ဆိုပါတယ်။

အမြန်မောင်းတဲ့စပို့ကားတစီး ကုန်သလောက်ပဲ ဒီကားတွေက ကုန်ကျမယ်လို့ သူ့ကို ထွင်တဲ့သူတွေက ဆိုပါတယ်။ ဒါပေမဲ့ ကနဦး မော်ဒယ်တွေ ထွင်ရတာတော့ စျေးကြီးပါလိမ့်မယ်။

ဂူဂယ်ကို ပူးတွဲတည်ထောင်တဲ့ လယ်ရီ ပေ့ချ် က ထောက်ပံ့ပေးနေတဲ့ ကစ်တီဟော့ ကားပျံအုပ်စု ကလည်း လာ့စ်ဗေးဂတ်စ်မှာ လူသုံးယာဉ်ပျံတွေ စမ်းသပ်နေပါပြီ။

တခြား အပြိုင်အဆိုင် ကားပျံတွေလည်း ကမ္ဘာတလွှား ပေါ်ပေါက် လာနေပါတယ်။

ကားနက်ပျံရဲ့ ဖန်တီးသူက တော့ အိုပန်နာပါ။ သူ့ကို ကနေဒါမှာ စပြီး စမ်းသပ်ခဲ့ပါတယ်။

အဲဒီမှာလည်း သူ့ကို ပျံသန်း အသုံးချခွင့် အစိုးရက ခွင့်ပြုခဲ့ပါတယ်။

ကစ်တီဟော့လိုပဲ ကားနက်ပျံကလည်း လူစီး ဒရုန်းလို့ ဆိုရင် မမှားပါဘူး။ လမ်းမပေါ် မောင်းဖို့တော့ ဒီဇိုင်း ထုတ်ထားတာ မဟုတ်ပါဘူး။

ဒီကားမှာ လူတယောက်ပဲ စီးလို့ရပါတယ်။ တောင်ပံ နှစ်ဘက်ကို ဖြန့်ပြီး ပျံတဲ့ အင်ဂျင်နဲ့ပါ။

မြက်ခင်းပေါ်က ထပျံတာ၊ မြက်ပေါ်ဆင်းတာမျိုးကို သူက ကောင်းကောင်း လုပ်နိုင်တယ်လို့ အိုပန်နာက ပြောပါတယ်။

‘လုံးဝထိန်းထားတယ်’

အနက်ပျံ ထပျံတာကို ကြည့်ရတာ အံ့သြစရာ ကောင်းတယ်လို့ အမေရိကန် စမ်းသပ်ပျံသန်းရေး အဖွဲ့က ဒါရိုက်တာ ဒါရန် ပလဲဆန့်က ပြောပါတယ်။ ဒါမျိုးတခါမှ မတွေ့ဖူးဘူးလို့ သူက ပြောပါတယ်။

လေယာဉ်မောင်း လိုင်စင် မလိုပေမယ့်လည်း သေချာမောင်းတတ်ဖို့ သင်တန်းတက်ရမယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

အမေရိကန် ဖက်ဒရယ် ပျံသန်းရေး အဖွဲ့ စည်းမျဉ်းတွေနဲ့ ညီဖို့ မလိုရင်တောင် ကားနက်ပျံ ကို မောင်းတဲ့သူဟာ ပုဂ္ဂလိက လေယာဉ်မောင်း သင်တန်း ရေးဖြေ အောင်ဖို့ လိုပါတယ်။

နောက်ပြီး ကုမ္ပဏီက စီစဉ်ပေးတဲ့ သင်တန်းတွေလည်း တက်ရမှာပါတဲ့။

ယာဉ်ပျံရဲ့ မောင်းတဲ့စနစ်အရ သရီးဒီ သုံးဘက်မြင် အာကာသထဲမှာ ယာဉ်ကို လုံးဝ ထိန်းကျောင်းမောင်းနှင်လို့ ရမှာ ဖြစ်တယ်လို့ အိုပန်နာ အမှုဆောင် အရာရှိချုပ် မားကပ်စ် လန်းက ပြောပါတယ်။

ခလုတ်ကို လက်မနဲ့ ဖိလိုက်တာနဲ့ ထိန်းချုပ်ပြီးသား ဖြစ်နေပြီ၊ လေထဲမှာ ရပ်လိုက်ရင်လည်း ယာဉ်ပျံက တန့်နေလိမ့်မယ်လို့ ဆိုပါတယ်။

ကားနက်ပျံကို လူမပါဘဲ မောင်းလို့ရတယ်လို့လည်း မစ္စတာ လန်းက ပြောပါတယ်။

‘တိုက်မိတာတွေ ဖြစ်နိုင်သလား’

သိပ္ပံဝတ္ထုတွေထဲကလို ကားပျံတွေ ထွင်ဖို့ ကြိုးစားနေတဲ့ ကုမ္ပဏီတွေထဲမှာ အိုပန်နာက နောက်ဆုံးမှ ဝင်လာတာ ဖြစ်ပါတယ်။ ဒရုန်းနည်းပညာ တိုးတက်မှုကြောင့်လည်း ကားပျံတွေ ပေါ်လာဖို့က ပိုပြီး နီးစပ်လာပါတယ်။

ကားနက်ပျံနဲ့ ကစ်တီဟော့လိုပဲ အူဘာကလည်း ကားပျံစျေးကွက်ထဲ ဝင်ဖို့ ကြိုးစားနေပါတယ်။

ကယ်လီဖိုးနီးယားက ဟီလာ ပျံသန်းရေး ပြတိုက်ကတော့ ဒီလို ပျံဖို့ ကြံရင်း ပျက်ကုန်တဲ့ ကားတွေရဲ့ သင်္ချိုင်းတခုပါ။

အကြံဉာဏ် အသစ်အဆန်းတွေကို လေကြောင်းပျံသန်းရေး အာဏာပိုင်တွေ ခွင့်ပြုသလောက် ဒီနောက်ဆုံးပေါ်ကားပျံကလည်း တိုးတက်မှုတွေ ပြနိုင်တယ်လို့ ယာဉ်ပျံ ပြတိုက် အကြီးအကဲ ဝီလီတားနားက ယူဆပါတယ်။

အခု ကျွန်တော်တို့မှာ နည်းပညာတွေ ရှိနေပြီလို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ စည်းကမ်း ကလနားတွေ က ဟိုဟာ ဒီဟာ မလုပ်ရ ဆိုပြီး နားမလည်ဘဲ ဝင်ပြောတာတွေ ရှိတယ် လို့လည်း ဆိုပါတယ်။

“ဒီယာဉ်ပျံတွေ ထတိုက်ကုန်မလား၊ ဖြစ်နိုင်တာပေါ့။ ကားတွေလည်း နေ့တိုင်း တိုက်နေတာပဲ။

“အခု ရှိနေတဲ့ ပို့ဆောင်ရေးထက် ပိုကောင်းလာမှာကတော့ အမှန်ပဲ ” လို့လည်း ကြုံးဝါးသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top