မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဆီးလမ္းေၾကာင္းထဲကို ဖုန္းအားသြင္းႀကိဳး ထိုးထည့္ၿပီးေနာက္ ျပန္ထုတ္ မရေတာ့တဲ့အတြက္ ခြဲစိတ္ဖယ္ရွားခဲ့ရတာ ျဖစ္ပါတယ္

အသက္ ၁၃ ႏွစ္အ႐ြယ္၊ ဆယ္ေက်ာ္သက္ ေယာက်ာ္းေလးတဦးဟာ “စူးစမ္းလိုစိတ္” နဲ႕ ဆီးလမ္းေၾကာင္းထဲကို ဖုန္းအားသြင္းႀကိဳး ထိုးထည့္ၿပီးေနာက္ ျပန္ထုတ္ မရေတာ့တဲ့အတြက္ ခြဲစိတ္ဖယ္ရွားခဲ့ရတယ္လို႔ သိရပါတယ္။

အမည္ မေဖာ္ျပထားတဲ့ အဆိုပါ ဆယ္ေက်ာ္သက္ ေကာင္ေလးဟာ ဖုန္းအားသြင္းတဲ့ USB Cable ကို သူ႕ရဲ႕ က်ားအဂၤါ ဆီးလမ္းေၾကာင္းထဲကေန တဝက္ေလာက္ (၇ ဒႆမ ၈ လက္မခန႔္ ) အထိ ထည့္ၿပီးေနာက္မွာ ျပန္ထုတ္လို႔မရေတာ့တာေၾကာင့္ မိဘေတြကို အသိေပးခဲ့တာ ျဖစ္တယ္လို႔ Mirror သတင္းဌာနက ေဖာ္ျပထားပါတယ္။

မိဘေတြဟာ အခုအျဖစ္အပ်က္ကို သိသိခ်င္း သားျဖစ္သူကို တ႐ုတ္နိုင္ငံ၊ အေရွ႕ေျမာက္ပိုင္းျပည္နယ္က Linkcou ေကာင္တီက ေဒသတြင္း ေဆး႐ုံတ႐ုံကို ပို႔ေဆာင္ခဲ့ၾကပါတယ္။ ေဆး႐ုံဝန္ထမ္းေတြဟာ ဖုန္းအား သြင္းႀကိဳးကို ေခ်ာဆီနဲ႕ သမားရိုးက် ျပန္ထုတ္နိုင္ဖို႔ ႀကိဳးစားခဲ့ၾကေပမယ့္၊ ႀကိဳးဟာ ဆီးအိမ္ထဲမွာ ေခြေနတဲ့ အတြက္ မေအာင္ျမင္ခဲ့ပါဘူး။
ဆီးလမ္းေၾကာင္းထဲကို ဖုန္းအားသြင္းႀကိဳး ထိုးထည့္ၿပီးေနာက္ ျပန္ထုတ္ မရေတာ့တဲ့အတြက္ ခြဲစိတ္ဖယ္ရွားခဲ့ရတာ ျဖစ္ပါတယ္

အဆိုပါနည္းလမ္းဟာ လူနာအတြက္လည္း အလြန္တရာ နာက်င္မႈကို ျဖစ္ေပၚေစတဲ့အတြက္ ေနာက္ေန႕ မွာေတာ့ Harbin ကေလးေဆး႐ုံကို ေျပာင္းလဲပို႔ေဆာင္ၿပီး ခြဲစိတ္ဖယ္ရွားခဲ့ရတာျဖစ္ပါတယ္။

“ကေလးက အားသြင္းႀကိဳး တဖက္ထိပ္ကို ျဖတ္ၿပီး၊ ဆီးလမ္းေၾကာင္းထဲကေန ႀကိဳးကို ထည့္ခဲ့တာပါ။ ႀကိဳးက ဆီးအိမ္ထဲ ေရာက္သြားတဲ့အခါမွာ ေခြေခါက္ၿပီး ႀကိဳးထုံးသလို ျဖစ္သြားခဲ့ပါတယ္။ ဒါကို သူျပန္ထုတ္ဖို႔လုပ္ေတာ့ ႀကိဳးက ဆီးအိမ္ထဲမွာ ညွပ္သြားတာေပါ့” လို႔ ေဆး႐ုံရဲ႕ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါအထူးကု ဆရာဝန္တဦး ျဖစ္တဲ့ Xu Liyan က ရွင္းျပခဲ့ပါတယ္။

ဆရာဝန္ Xu Liyan နဲ႕ သူမရဲ႕ အဖြဲ႕ဟာ ဆီးအိမ္ကို ခြဲစိတ္ၿပီးေနာက္၊ ထုံးေနတဲ့ႀကိဳးကို ျဖတ္ထုတ္ ဖယ္ရွားခဲ့ၿပီး၊ က်န္ေနတဲ့ ႀကိဳးကိုေတာ့ ထည့္ထားတဲ့အတိုင္း ဆီးလမ္းေၾကာင္းဝကေန ျပန္ထုတ္ခဲ့ရတာျဖစ္တယ္လို႔ ဆိုပါတယ္။ ခြဲစိတ္မႈအၿပီး ၂ ပတ္အၾကာ၊ ဇူလိုင္လ ၃ ရက္ေန႕မွာေတာ့ အဆိုပါ ဆယ္ေက်ာ္သက္ ေကာင္ေလးဟာ ေဆး႐ုံကေန ဆင္းသြားခဲ့ၿပီလို႔ သိရပါတယ္။

Ref: Mirror
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  The Irrawaddy

#Unicode Version#
ဆီးလမ်းကြောင်းထဲကို ဖုန်းအားသွင်းကြိုး ထိုးထည့်ပြီးနောက် ပြန်ထုတ် မရတော့တဲ့အတွက် ခွဲစိတ်ဖယ်ရှားခဲ့ရတာ ဖြစ်ပါတယ်

အသက် ၁၃ နှစ်အရွယ်၊ ဆယ်ကျော်သက် ယောကျာ်းလေးတဦးဟာ “စူးစမ်းလိုစိတ်” နဲ့ ဆီးလမ်းကြောင်းထဲကို ဖုန်းအားသွင်းကြိုး ထိုးထည့်ပြီးနောက် ပြန်ထုတ် မရတော့တဲ့အတွက် ခွဲစိတ်ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။

အမည် မဖော်ပြထားတဲ့ အဆိုပါ ဆယ်ကျော်သက် ကောင်လေးဟာ ဖုန်းအားသွင်းတဲ့ USB Cable ကို သူ့ရဲ့ ကျားအင်္ဂါ ဆီးလမ်းကြောင်းထဲကနေ တဝက်လောက် (၇ ဒဿမ ၈ လက်မခန့် ) အထိ ထည့်ပြီးနောက်မှာ ပြန်ထုတ်လို့မရတော့တာကြောင့် မိဘတွေကို အသိပေးခဲ့တာ ဖြစ်တယ်လို့ Mirror သတင်းဌာနက ဖော်ပြထားပါတယ်။

မိဘတွေဟာ အခုအဖြစ်အပျက်ကို သိသိချင်း သားဖြစ်သူကို တရုတ်နိုင်ငံ၊ အရှေ့မြောက်ပိုင်းပြည်နယ်က Linkcou ကောင်တီက ဒေသတွင်း ဆေးရုံတရုံကို ပို့ဆောင်ခဲ့ကြပါတယ်။ ဆေးရုံဝန်ထမ်းတွေဟာ ဖုန်းအား သွင်းကြိုးကို ချောဆီနဲ့ သမားရိုးကျ ပြန်ထုတ်နိုင်ဖို့ ကြိုးစားခဲ့ကြပေမယ့်၊ ကြိုးဟာ ဆီးအိမ်ထဲမှာ ခွေနေတဲ့ အတွက် မအောင်မြင်ခဲ့ပါဘူး။
ဆီးလမ်းကြောင်းထဲကို ဖုန်းအားသွင်းကြိုး ထိုးထည့်ပြီးနောက် ပြန်ထုတ် မရတော့တဲ့အတွက် ခွဲစိတ်ဖယ်ရှားခဲ့ရတာ ဖြစ်ပါတယ်

အဆိုပါနည်းလမ်းဟာ လူနာအတွက်လည်း အလွန်တရာ နာကျင်မှုကို ဖြစ်ပေါ်စေတဲ့အတွက် နောက်နေ့ မှာတော့ Harbin ကလေးဆေးရုံကို ပြောင်းလဲပို့ဆောင်ပြီး ခွဲစိတ်ဖယ်ရှားခဲ့ရတာဖြစ်ပါတယ်။

“ကလေးက အားသွင်းကြိုး တဖက်ထိပ်ကို ဖြတ်ပြီး၊ ဆီးလမ်းကြောင်းထဲကနေ ကြိုးကို ထည့်ခဲ့တာပါ။ ကြိုးက ဆီးအိမ်ထဲ ရောက်သွားတဲ့အခါမှာ ခွေခေါက်ပြီး ကြိုးထုံးသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကို သူပြန်ထုတ်ဖို့လုပ်တော့ ကြိုးက ဆီးအိမ်ထဲမှာ ညှပ်သွားတာပေါ့” လို့ ဆေးရုံရဲ့ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါအထူးကု ဆရာဝန်တဦး ဖြစ်တဲ့ Xu Liyan က ရှင်းပြခဲ့ပါတယ်။

ဆရာဝန် Xu Liyan နဲ့ သူမရဲ့ အဖွဲ့ဟာ ဆီးအိမ်ကို ခွဲစိတ်ပြီးနောက်၊ ထုံးနေတဲ့ကြိုးကို ဖြတ်ထုတ် ဖယ်ရှားခဲ့ပြီး၊ ကျန်နေတဲ့ ကြိုးကိုတော့ ထည့်ထားတဲ့အတိုင်း ဆီးလမ်းကြောင်းဝကနေ ပြန်ထုတ်ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ ခွဲစိတ်မှုအပြီး ၂ ပတ်အကြာ၊ ဇူလိုင်လ ၃ ရက်နေ့မှာတော့ အဆိုပါ ဆယ်ကျော်သက် ကောင်လေးဟာ ဆေးရုံကနေ ဆင်းသွားခဲ့ပြီလို့ သိရပါတယ်။

Ref: Mirror

ဖိုးသူတော် (www.phothutaw.com)
Credit:  The Irrawaddy
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top