မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အေလာင္းမင္းတရား၏ တပ္သားေက်ာ္ တစ္ဦးျဖစ္သူ ငခ်စ္ပုမွာ ရဲစြမ္းသတၱိႏွင့္ ျပည့္စံုလွသူ တစ္ဦးအျဖစ္ အေလာင္းဘုရားအေရးေတာ္ပံု ႏွစ္ေစာင္စလံုးမွာပင္ မွတ္တမ္းတင္ခံခဲ့ရသည္။

ေအဒီ ၁၇၅၈ ခုႏွစ္တြင္ အေလာင္းမင္းတရားႀကီးသည္ ဟံသာဝတီပဲခူး ေနျပည္ေတာ္ကို ေရေၾကာင္း ၾကည္းေၾကာင္း ႏွစ္ဖက္ဝန္းရံထားခဲ့သည္။ (ထိုအခ်ိန္က ဟံသာဝတီဘက္မွ ဗညားဒလ၊ ေစာျဗ၊ ဘယ္ေက်ာ္၊ သမိန္လြတ္ အစရွိသည့္ နာမည္ေက်ာ္ ဗိုလ္မွဴးတပ္မွဴးမ်ားက ၿမိဳ႕ထိပ္တြင္ အေျမာက္၊ စိန္ေျပာင္း အျပည့္တင္လ်က္ အခိုင္အလံုေနလ်က္ရွိသည္။)

ထိုသို႔ ဝန္းရံထားစဥ္ တစ္ေန႔( ၈ ဧၿပီ ၁၇၅၈ )တြင္ ဟံသာဝတီ ၿမိဳ႕တြင္းမွ သမိန္လြတ္၏ ျမင္း ၅၀၀၊ ေသနတ္ ၃၀၀ ပါ တပ္တစ္တပ္သည္ ၿမိဳ႕ကို ဝန္းရံထားေသာ ကုန္းေဘာင္တပ္မွဴး တိမ္ၾကားနတ္၏ တပ္ကို ထြက္၍ တိုက္သည္။

ထိုအခါ ေသနတ္စြဲသူရဲေတာ္ ငခ်စ္ပုသည္ သည္တိုက္ပြဲတြင္ ပဲြရေအာင္ ယူမည္ဟု တိတ္တခိုးႀကံကာ အျခားစစ္သည္မ်ား ထိုးခုတ္ပစ္ခတ္သည္ကို ငဲ့မၾကည့္ဘဲ ဟံသာဝတီဗိုလ္မွဴး သမိန္လြတ္ရွိရာသို႔ ျမင္းျဖင့္ တစ္ဟုန္ထိုး ဝင္သည္။

သမိန္လြတ္သည္ မိမိထံ တိုးဝင္လာသူ ေသနတ္သမား ငခ်စ္ပု ကိုျမင္လွ်င္ျမင္ခ်င္း လက္ဦးမႈရယူကာ လွံရွည္ျဖင့္ ပစ္သည္။

ငခ်စ္ပု အေရွာင္ေကာင္းသည္ေလာ၊ ကံေကာင္းသည္ေလာ မေျပာတတ္ေပ။ လွံရွည္သည္ သူ၏ နံေဘးကို ပြတ္ကာ ဝတ္လံုကို ေဖာက္ထြက္သည္။ ဤတြင္ ငခ်စ္ပုသည္ ေသနတ္ကို စြဲကိုင္လ်က္ ကိုယ္ကို တံုးလံုးလွဲကာ ေသဟန္ေဆာင္လိုက္သည္။

-“အဆိပ္ အရဲကိုးလြန္းတဲ့ ငခ်စ္ပုရဲ႕ ေခါင္းကို ငါကိုယ္တိုင္ ျဖတ္မယ္” ဟုႀကိမ္းဝါးကာ သမိန္လြတ္သည္ ဓားရွည္ကို ဝင့္လ်က္ ျမင္းကို ခြာေလးဘက္ခ် စီးကာ ငခ်စ္ပုထံ အသာအယာ ကပ္လာသည္။

အနားေရာက္လွ်င္ ငခ်စ္ပု ရုတ္ျခည္း ထထိုင္ကာ သမိန္လြတ္ကို ေသနတ္ျဖင့္ ပစ္သည္။ ခ်က္ေကာင္းထိသျဖင့္ သမိန္လြတ္ ျမင္းေပၚမွ ျပဳတ္က်ကာ ပြဲခ်င္းၿပီး က်ဆံုးသည္။

ငခ်စ္ပုလည္း သမိန္လြတ္၏ ေခါင္းကို အျမန္ ျဖတ္ယူကာ ထိုျမင္းကိုပင္ တက္၍ စီးၿပီး အျပင္းထြက္ခြာလာခဲ့သည္။ ဟံသာဝတီတပ္သားမ်ားလည္း မိမိတို႔၏ ဗိုလ္က်သည္ကို ျမင္လွ်င္ တပ္ပ်က္ကာ ကိုယ္လြတ္ထြက္ေျပးၾကေတာ့သည္။

ငခ်စ္ပုသည္ မိမိရဲစြမ္းသတၱိျဖင့္ ျဖတ္ယူႏိုင္ခဲ့ေသာ သမိန္လြတ္၏ ေခါင္းကို အေလာင္းမင္းတရားထံ ဆက္သသည္။ အေလာင္းမင္းတရားႀကီးလည္း လြန္စြာ အားရေတာ္မူလွ၍ ငခ်စ္ပုကို #သိဂၤပ်ံခ်ီ ဟူေသာ ဘြဲ႕ေပးကာ ေ႐ႊေငြပုဆိုး ဝတ္လံုမ်ားစြာ ဆုခ်ေတာ္မူ၏။

ေရွးအခါက ရဲမက္စစ္သည္တို႔အား ဘြဲ႕အမည္အရည္ ေပးအပ္ရာတြင္ အရမ္းမဲ့ လက္လြတ္စပယ္ ေပးအပ္ျခင္း မဟုတ္ေပ၊ အရည္အခ်င္းေပၚမူတည္ကာ ေလ်ာ္ညီေသာ ဘြဲ႕ကို ေပးအပ္ၿမဲ ျဖစ္သည္။

“ပ်ံခ်ီ”ပါေသာ ဘြဲ႕အမည္ကို ရန္သူဗိုလ္ထုအတြင္းသို႔ ေကာင္းကင္ပ်ံလႊား သားတစ္ခ်ီေသာ သိန္းစြန္ကဲ့သို႔ ႐ြပ္႐ြပ္ခြၽံခြၽံ ထိုးေဖာက္ဝင္ကာ ေအာင္ျမင္ခဲ့သူကိုသာ ေပးအပ္ေလ့ရွိသည္။ ဥပမာ-

သီရိပ်ံခ်ီ – က်က္သေရႏွင့္တကြ ငွက္ပ်ံသကဲ့သို႔ ထႂကြလ်င္ျမန္ ခုန္ပ်ံႏိုင္ေသာ သူရဲ

သီဟပ်ံခ်ီ – ျခေသၤ့ကဲ့သို႔ မေၾကာက္မ႐ြံ႕ မလန္႔မထိတ္ ရဲစိတ္ရဲမာန္ရွိေသာ သူရဲ

သိဂၤပ်ံခ်ီ – ရန္သူတပ္အတြင္း ထိုးေဖာက္ကာ တစ္ဖက္ေခါင္းေဆာင္၏ ဦးေခါင္းကို ျဖတ္ယူၿပီး လ်င္ျမန္စြာ ခုန္ပ်ံထြက္လာႏိုင္ေသာ သူရဲ

ေဇယ်ပ်ံခ်ီ – ရန္စစ္ကို ေအာင္ဖန္မ်ားသျဖင့္ ရန္သူ႔တပ္တြင္း တိုးဝင္ရာ၌ လ်င္ျမန္ ဖ်တ္လတ္ တက္ႂကြေသာ သူရဲ

(တစ္ဖက္ရန္သူ႔ေခါင္းေဆာင္ရဲ႕ ေခါင္းကို ျဖတ္ယူၿပီး စခန္းကို ျပန္လာႏိုုင္တဲ့ သူရဲေကာင္းေတြထဲမွာ မြန္သူရဲေကာင္း လဂြန္းအိမ္လည္း ပါဝင္ပါတယ္။ ပုန္ကန္သူ သံေမာင္ၿမိဳ႕စား မၿဂိဳင္းကို သူ႔လူေတြေရွ႕မွာတင္ ခုတ္ျဖတ္ၿပီး ရာဇာဓိရာဇ္ဆီ အျမန္ျပန္ေျပးလာႏိုင္ခဲ့ပါတယ္။)

က်မ္းကိုးအေနနဲ႔ ကထိကဦးစိန္လြင္ေလးရဲ႕ ျမန္မာ့စစ္မွတ္တမ္းႏွင့္ ေသနဂၤဗ်ဴဟာမ်ား စာအုပ္ကေန မွီျငမ္းၿပီး စာစီသူမွာ က်ေနာ္ကိုယ္တိုင္သာ ျဖစ္ပါေၾကာင္း

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Min Htet Kyaw Swar (ပဥၥမံေၾကာင္)
# Unicode Version ျဖင့္ ဖတ္ပါ #
အလောင်းမင်းတရား၏ တပ်သားကျော် တစ်ဦးဖြစ်သူ ငချစ်ပုမှာ ရဲစွမ်းသတ္တိနှင့် ပြည့်စုံလှသူ တစ်ဦးအဖြစ် အလောင်းဘုရားအရေးတော်ပုံ နှစ်စောင်စလုံးမှာပင် မှတ်တမ်းတင်ခံခဲ့ရသည်။

အေဒီ ၁၇၅၈ ခုနှစ်တွင် အလောင်းမင်းတရားကြီးသည် ဟံသာဝတီပဲခူး နေပြည်တော်ကို ရေကြောင်း ကြည်းကြောင်း နှစ်ဖက်ဝန်းရံထားခဲ့သည်။ (ထိုအချိန်က ဟံသာဝတီဘက်မှ ဗညားဒလ၊ စောဗြ၊ ဘယ်ကျော်၊ သမိန်လွတ် အစရှိသည့် နာမည်ကျော် ဗိုလ်မှူးတပ်မှူးများက မြို့ထိပ်တွင် အမြောက်၊ စိန်ပြောင်း အပြည့်တင်လျက် အခိုင်အလုံနေလျက်ရှိသည်။)

ထိုသို့ ဝန်းရံထားစဉ် တစ်နေ့( ၈ ဧပြီ ၁၇၅၈ )တွင် ဟံသာဝတီ မြို့တွင်းမှ သမိန်လွတ်၏ မြင်း ၅၀၀၊ သေနတ် ၃၀၀ ပါ တပ်တစ်တပ်သည် မြို့ကို ဝန်းရံထားသော ကုန်းဘောင်တပ်မှူး တိမ်ကြားနတ်၏ တပ်ကို ထွက်၍ တိုက်သည်။

ထိုအခါ သေနတ်စွဲသူရဲတော် ငချစ်ပုသည် သည်တိုက်ပွဲတွင် ပွဲရအောင် ယူမည်ဟု တိတ်တခိုးကြံကာ အခြားစစ်သည်များ ထိုးခုတ်ပစ်ခတ်သည်ကို ငဲ့မကြည့်ဘဲ ဟံသာဝတီဗိုလ်မှူး သမိန်လွတ်ရှိရာသို့ မြင်းဖြင့် တစ်ဟုန်ထိုး ဝင်သည်။

သမိန်လွတ်သည် မိမိထံ တိုးဝင်လာသူ သေနတ်သမား ငချစ်ပု ကိုမြင်လျှင်မြင်ချင်း လက်ဦးမှုရယူကာ လှံရှည်ဖြင့် ပစ်သည်။

ငချစ်ပု အရှောင်ကောင်းသည်လော၊ ကံကောင်းသည်လော မပြောတတ်ပေ။ လှံရှည်သည် သူ၏ နံဘေးကို ပွတ်ကာ ဝတ်လုံကို ဖောက်ထွက်သည်။ ဤတွင် ငချစ်ပုသည် သေနတ်ကို စွဲကိုင်လျက် ကိုယ်ကို တုံးလုံးလှဲကာ သေဟန်ဆောင်လိုက်သည်။

-“အဆိပ် အရဲကိုးလွန်းတဲ့ ငချစ်ပုရဲ့ ခေါင်းကို ငါကိုယ်တိုင် ဖြတ်မယ်” ဟုကြိမ်းဝါးကာ သမိန်လွတ်သည် ဓားရှည်ကို ဝင့်လျက် မြင်းကို ခွာလေးဘက်ချ စီးကာ ငချစ်ပုထံ အသာအယာ ကပ်လာသည်။

အနားရောက်လျှင် ငချစ်ပု ရုတ်ခြည်း ထထိုင်ကာ သမိန်လွတ်ကို သေနတ်ဖြင့် ပစ်သည်။ ချက်ကောင်းထိသဖြင့် သမိန်လွတ် မြင်းပေါ်မှ ပြုတ်ကျကာ ပွဲချင်းပြီး ကျဆုံးသည်။

ငချစ်ပုလည်း သမိန်လွတ်၏ ခေါင်းကို အမြန် ဖြတ်ယူကာ ထိုမြင်းကိုပင် တက်၍ စီးပြီး အပြင်းထွက်ခွာလာခဲ့သည်။ ဟံသာဝတီတပ်သားများလည်း မိမိတို့၏ ဗိုလ်ကျသည်ကို မြင်လျှင် တပ်ပျက်ကာ ကိုယ်လွတ်ထွက်ပြေးကြတော့သည်။

ငချစ်ပုသည် မိမိရဲစွမ်းသတ္တိဖြင့် ဖြတ်ယူနိုင်ခဲ့သော သမိန်လွတ်၏ ခေါင်းကို အလောင်းမင်းတရားထံ ဆက်သသည်။ အလောင်းမင်းတရားကြီးလည်း လွန်စွာ အားရတော်မူလှ၍ ငချစ်ပုကို #သိင်္ဂပျံချီ ဟူသော ဘွဲ့ပေးကာ ရွှေငွေပုဆိုး ဝတ်လုံများစွာ ဆုချတော်မူ၏။

ရှေးအခါက ရဲမက်စစ်သည်တို့အား ဘွဲ့အမည်အရည် ပေးအပ်ရာတွင် အရမ်းမဲ့ လက်လွတ်စပယ် ပေးအပ်ခြင်း မဟုတ်ပေ၊ အရည်အချင်းပေါ်မူတည်ကာ လျော်ညီသော ဘွဲ့ကို ပေးအပ်မြဲ ဖြစ်သည်။

“ပျံချီ”ပါသော ဘွဲ့အမည်ကို ရန်သူဗိုလ်ထုအတွင်းသို့ ကောင်းကင်ပျံလွှား သားတစ်ချီသော သိန်းစွန်ကဲ့သို့ ရွပ်ရွပ်ချွံချွံ ထိုးဖောက်ဝင်ကာ အောင်မြင်ခဲ့သူကိုသာ ပေးအပ်လေ့ရှိသည်။ ဥပမာ-

သီရိပျံချီ – ကျက်သရေနှင့်တကွ ငှက်ပျံသကဲ့သို့ ထကြွလျင်မြန် ခုန်ပျံနိုင်သော သူရဲ

သီဟပျံချီ – ခြင်္သေ့ကဲ့သို့ မကြောက်မရွံ့ မလန့်မထိတ် ရဲစိတ်ရဲမာန်ရှိသော သူရဲ

သိင်္ဂပျံချီ – ရန်သူတပ်အတွင်း ထိုးဖောက်ကာ တစ်ဖက်ခေါင်းဆောင်၏ ဦးခေါင်းကို ဖြတ်ယူပြီး လျင်မြန်စွာ ခုန်ပျံထွက်လာနိုင်သော သူရဲ

ဇေယျပျံချီ – ရန်စစ်ကို အောင်ဖန်များသဖြင့် ရန်သူ့တပ်တွင်း တိုးဝင်ရာ၌ လျင်မြန် ဖျတ်လတ် တက်ကြွသော သူရဲ

(တစ်ဖက်ရန်သူ့ခေါင်းဆောင်ရဲ့ ခေါင်းကို ဖြတ်ယူပြီး စခန်းကို ပြန်လာနိုင်တဲ့ သူရဲကောင်းတွေထဲမှာ မွန်သူရဲကောင်း လဂွန်းအိမ်လည်း ပါဝင်ပါတယ်။ ပုန်ကန်သူ သံမောင်မြို့စား မဂြိုင်းကို သူ့လူတွေရှေ့မှာတင် ခုတ်ဖြတ်ပြီး ရာဇာဓိရာဇ်ဆီ အမြန်ပြန်ပြေးလာနိုင်ခဲ့ပါတယ်။)

ကျမ်းကိုးအနေနဲ့ ကထိကဦးစိန်လွင်လေးရဲ့ မြန်မာ့စစ်မှတ်တမ်းနှင့် သေနင်္ဂဗျူဟာများ စာအုပ်ကနေ မှီငြမ်းပြီး စာစီသူမှာ ကျနော်ကိုယ်တိုင်သာ ဖြစ်ပါကြောင်း

ဖိုးသူတော် (www.phothutaw.com)
Credit: Min Htet Kyaw Swar (ပဉ္စမံကြောင်)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top