ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ ျပည္တြင္းစစ္ေၾကာင့္ ဒုကၡေရာက္ေနသူေတြကို ကူညီေပးဖို႔ ဂီတနဲ႔ ကူညီခဲ့တဲ့ ပန္းရဲ႕လမ္းအဖြဲ႔က ေတးေရး ဦးရဲလြင္ဟာ ဒီေန႔ညေနပိုင္းမွာ ကြယ္လြန္သြားပါတယ္။

ဦးရဲလြင္ကို ေပါင္းတည္ၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး စက္မႈတကၠသိုလ္ တက္ေနတုန္းမွာပဲ E.Machine တီးဝိုင္းမွာ ေဘ့စ္ဂစ္တာသမားအျဖစ္ ပါဝင္ခဲ့ပါတယ္။

၁၉၈၄ ခုနွစ္မွာေတာ့ အဆိုေတာ္ ခင္ေမာင္တိုး ပါဝင္တဲ့ မဇိၩမလိႈင္းဂီတအဖြဲ႔ ဖြဲ႔စည္းစဥ္မွာ ပါဝင္ခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္မွာ  “လြတ္လပ္ၿငိမ္းခ်မ္း ပန္းရဲ႕လမ္း” အဖြဲ႔ကို ဖြဲ႔စည္းလို႔ ႏို္င္ငံအႏွံ႔မွာ ၿငိမ္းခ်မ္းေရးအတြက္ ေတးသီးခ်င္းေတြ နယ္လွည့္ ေဖ်ာ္ေျဖၿပီး ရရွိတဲ့ ရန္ပံုေငြေတြနဲ႔ ဒုကၡေရာက္ေနသူေတြကို ကူညီခဲ့ပါတယ္။ ဒါေၾကာင့္ ၂၀၁၃ ခုႏွစ္အတြက္ ျပည္သူ႔ဂုဏ္ရည္ အထူးဆုကို ရရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၅ ရက္ေန႔ကစလို႔ ရန္ကုန္ၿမိဳ႕ ကုတင္ ၅၀၀ ေဆး႐ံု အသည္းကုသေဆာင္မွာ ကုသမႈ ခံယူေနရင္း ဒီေန႔ ညေန ၄ နာရီေက်ာ္ခ်ိန္မွာ ကြယ္လြန္သြားတာျဖစ္ၿပီး ကြယ္လြန္ခ်ိန္မွာ အသက္ ၇၀ေက်ာ္အရြယ္ရွိၿပီျဖစ္ပါတယ္/

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB
# Unicode Version ျဖင့္ ဖတ္ပါ #
ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီပေးဖို့ ဂီတနဲ့ ကူညီခဲ့တဲ့ ပန်းရဲ့လမ်းအဖွဲ့က တေးရေး ဦးရဲလွင်ဟာ ဒီနေ့ညနေပိုင်းမှာ ကွယ်လွန်သွားပါတယ်။

ဦးရဲလွင်ကို ပေါင်းတည်မြို့မှာ မွေးဖွားခဲ့ပြီး စက်မှုတက္ကသိုလ် တက်နေတုန်းမှာပဲ E.Machine တီးဝိုင်းမှာ ဘေ့စ်ဂစ်တာသမားအဖြစ် ပါဝင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ အဆိုတော် ခင်မောင်တိုး ပါဝင်တဲ့ မဇ္ဈိမလှိုင်းဂီတအဖွဲ့ ဖွဲ့စည်းစဉ်မှာ ပါဝင်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ  “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” အဖွဲ့ကို ဖွဲ့စည်းလို့ နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးအတွက် တေးသီးချင်းတွေ နယ်လှည့် ဖျော်ဖြေပြီး ရရှိတဲ့ ရန်ပုံငွေတွေနဲ့ ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုကို ရရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့ကစလို့ ရန်ကုန်မြို့ ကုတင် ၅၀၀ ဆေးရုံ အသည်းကုသဆောင်မှာ ကုသမှု ခံယူနေရင်း ဒီနေ့ ညနေ ၄ နာရီကျော်ချိန်မှာ ကွယ်လွန်သွားတာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၀ကျော်အရွယ်ရှိပြီဖြစ်ပါတယ်/

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top