န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဝိတ္ေလ်ာ့ဖို႔အတြက္ ေလ့က်င့္ခန္းကို ပံုမွန္ျပဳလုပ္သင့္ၿပီး အစားအေသာက္ကိုလည္း သင့္တင့္မွ်တစြာ စားသံုးေနတယ္ဆိုေပမယ့္ ဝိတ္က ဘယ္လိုေၾကာင့္ မက်ဘဲ ပိုတက္လာရသလဲ ဆိုတာကို အေျဖရွာရ ခက္ေနၿပီလား။ ဒါဆိုရင္ေတာ့ ညအိပ္ရာဝင္ခါနီးမွာ သင္ျပဳလုပ္မိေနတဲ့ မွားယြင္းတဲ့ အျပဳအမူေတြ ေၾကာင့္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဝိတ္မတက္ခ်င္ဘူး၊ ကိုယ္အေလးခ်ိန္ကို ထိန္းထားခ်င္တယ္ ဆုိရင္ ေတာ့ ညအိပ္ခါရာဝင္ခါနီးမွာ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အခ်က္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။

(၁) ပရိုတိန္းရွိတ္ေသာက္ပါ

ညအိပ္ရာဝင္ခါနီးမွာ ဆိုဒါပါတဲ့ အေဖ်ာ္ယမကာေတြ ေသာက္သံုးမယ့္အစား ပရိုတိန္းရွိတ္ကိုသာ ေရြးခ်ယ္ ေသာက္သံုးလုိက္ပါ။ အထူးသျဖင့္ Muscle Built လုပ္ေနသူေတြအေနနဲ႔ ညအိပ္ရာဝင္ခါနီး အခ်ိန္ေတြမွာ ပရိုတိန္းရွိတ္ကို ေသာက္သံုးႏုိင္ပါတယ္။

(၂) ညစာနည္းနည္းသာစားပါ

ညစာကို ညအိပ္ရာဝင္ခါနီးအခ်ိန္ေတြမွာ မစားသင့္ပါဘူး။ ညအိပ္ရာမဝင္ခင္ ၃ နာရီေလာက္ျခားၿပီး ညစာကို စားသံုးသင့္ပါတယ္။ ေနာက္ၿပီး ညစာကို စားတဲ့အခါမွာလည္း သင့္တင့္မွ်တတဲ့ အစိတ္ အပိုင္း ေလာက္သာ စားသံုးဖုိ႔ အႀကံျပဳပါရေစ။ ဘာ့ေၾကာင့္လဲဆိုေတာ့ ညအိပ္ရာဝင္တဲ့အခါ ကယ္လိုရီေလာင္ကၽြမ္းမႈ ေႏွာင့္ေႏွးသြားတဲ့အတြက္ ဝိတ္တက္လာေစႏုိင္တဲ့အတြက္ေၾကာင့္ပါ။

(၃) အရက္ေသစာေသာက္သံုးျခင္းေရွာင္ၾကဥ္ပါ

အရက္ေသစာေသာက္သံုးၿပီး ညအိပ္ရာဝင္တတ္တဲ့ သူေတြက ကိုယ္အေလးခ်ိန္ ျမွင့္တက္လာႏုိင္ဖြယ္ ရွိတယ္လို႔ ဆိုပါတယ္။ အယ္လ္ကိုေဟာေၾကာင့္ ခႏၶာကိုယ္တြင္း လုပ္ေဆာင္ခ်က္ေတြက ပံုမွန္ မဟုတ္ေတာ့တဲ့ အတြက္ ကိုယ္အေလးခ်ိန္တိုးလာတာ မဆန္းပါဘူး။ ဒါ့ေၾကာင့္ ဝိုင္တစ္ခြက္ေလာက္ ေသာက္သံုးတာက ကိစၥမရွိေပမယ့္ အရက္၊ ဘီယာ အလြန္အကၽြံေသာက္သံုးၿပီးေတာ့ အိပ္ရာမဝင္ သင့္ပါဘူး။

(၄) အိပ္ခ်ိန္ကို ကန္႔သတ္ထားပါ

ညအိပ္ရာဝင္ခ်ိန္ကို ဘယ္အခ်ိန္သတ္မွတ္မယ္၊ တစ္ေန႔ကို အိပ္ခ်ိန္ ၇ နာရီ ဒါမွမဟုတ္ ၈ နာရီေလာက္ သတ္မွတ္မယ္၊ စသျဖင့္ အခ်ိန္ကန္႔သတ္ထားဖို႔ လိုပါတယ္။ အိပ္ခ်ိန္ကို ပံုမွန္အတုိင္း မသတ္မွတ္ဘဲ အိပ္တာကလည္း သင့္ရဲ႕ ခႏၶာကိုယ္တြင္း လုပ္ေဆာင္ခ်က္နဲ႔ ကယ္လိုရီေလာင္ကၽြမ္း ႏုိင္မႈကလည္း ပံုမွန္အတုိင္းမလည္ပတ္နုိင္ေတာ့တဲ့အခါ ဝိတ္တက္လာရျခင္းပဲ ျဖစ္ပါတယ္။

(၅) ေလ့က်င့္ခန္းမလုပ္ပါန႔ဲ

ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္း ပံုမွန္ျပဳလုပ္တာက အဆီပိုေတြကို ေလာင္ကၽြမ္းေစတာမွန္ေပမယ့္ ညဘက္ အိပ္ရာဝင္ခါနီး အခ်ိန္ေတြမွာေတာ့ မျပဳလုပ္သင့္ပါဘူး။ ညအိပ္ရာဝင္ခါနီး ကိုယ္လက္ လႈပ္ရွား ေလ့က်င့္ခန္းေတြ ျပဳလုပ္မိၿပီဆိုရင္ စိတ္ခြန္အားတက္ၾကြလာၿပီး ညဘက္အိပ္မေပ်ာ္တာမ်ိဳး ျဖစ္သြားတတ္ပါတယ္။ ညဘက္အိပ္မေပ်ာ္တာကလည္း ဝိတ္တက္ေစတဲ့ အေၾကာင္းအရင္းေတြထဲက တစ္ခ်က္ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမန္မာပလပ္ေဖာင္း
# Unicode Version ျဖင့္ ဖတ္ပါ #
ဝိတ်လျော့ဖို့အတွက် လေ့ကျင့်ခန်းကို ပုံမှန်ပြုလုပ်သင့်ပြီး အစားအသောက်ကိုလည်း သင့်တင့်မျှတစွာ စားသုံးနေတယ်ဆိုပေမယ့် ဝိတ်က ဘယ်လိုကြောင့် မကျဘဲ ပိုတက်လာရသလဲ ဆိုတာကို အဖြေရှာရ ခက်နေပြီလား။ ဒါဆိုရင်တော့ ညအိပ်ရာဝင်ခါနီးမှာ သင်ပြုလုပ်မိနေတဲ့ မှားယွင်းတဲ့ အပြုအမူတွေ ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝိတ်မတက်ချင်ဘူး၊ ကိုယ်အလေးချိန်ကို ထိန်းထားချင်တယ် ဆိုရင် တော့ ညအိပ်ခါရာဝင်ခါနီးမှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပရိုတိန်းရှိတ်သောက်ပါ

ညအိပ်ရာဝင်ခါနီးမှာ ဆိုဒါပါတဲ့ အဖျော်ယမကာတွေ သောက်သုံးမယ့်အစား ပရိုတိန်းရှိတ်ကိုသာ ရွေးချယ် သောက်သုံးလိုက်ပါ။ အထူးသဖြင့် Muscle Built လုပ်နေသူတွေအနေနဲ့ ညအိပ်ရာဝင်ခါနီး အချိန်တွေမှာ ပရိုတိန်းရှိတ်ကို သောက်သုံးနိုင်ပါတယ်။

(၂) ညစာနည်းနည်းသာစားပါ

ညစာကို ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ မစားသင့်ပါဘူး။ ညအိပ်ရာမဝင်ခင် ၃ နာရီလောက်ခြားပြီး ညစာကို စားသုံးသင့်ပါတယ်။ နောက်ပြီး ညစာကို စားတဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အစိတ် အပိုင်း လောက်သာ စားသုံးဖို့ အကြံပြုပါရစေ။ ဘာ့ကြောင့်လဲဆိုတော့ ညအိပ်ရာဝင်တဲ့အခါ ကယ်လိုရီလောင်ကျွမ်းမှု နှောင့်နှေးသွားတဲ့အတွက် ဝိတ်တက်လာစေနိုင်တဲ့အတွက်ကြောင့်ပါ။

(၃) အရက်သေစာသောက်သုံးခြင်းရှောင်ကြဉ်ပါ

အရက်သေစာသောက်သုံးပြီး ညအိပ်ရာဝင်တတ်တဲ့ သူတွေက ကိုယ်အလေးချိန် မြှင့်တက်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။ အယ်လ်ကိုဟောကြောင့် ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်တွေက ပုံမှန် မဟုတ်တော့တဲ့ အတွက် ကိုယ်အလေးချိန်တိုးလာတာ မဆန်းပါဘူး။ ဒါ့ကြောင့် ဝိုင်တစ်ခွက်လောက် သောက်သုံးတာက ကိစ္စမရှိပေမယ့် အရက်၊ ဘီယာ အလွန်အကျွံသောက်သုံးပြီးတော့ အိပ်ရာမဝင် သင့်ပါဘူး။

(၄) အိပ်ချိန်ကို ကန့်သတ်ထားပါ

ညအိပ်ရာဝင်ချိန်ကို ဘယ်အချိန်သတ်မှတ်မယ်၊ တစ်နေ့ကို အိပ်ချိန် ၇ နာရီ ဒါမှမဟုတ် ၈ နာရီလောက် သတ်မှတ်မယ်၊ စသဖြင့် အချိန်ကန့်သတ်ထားဖို့ လိုပါတယ်။ အိပ်ချိန်ကို ပုံမှန်အတိုင်း မသတ်မှတ်ဘဲ အိပ်တာကလည်း သင့်ရဲ့ ခန္ဓာကိုယ်တွင်း လုပ်ဆောင်ချက်နဲ့ ကယ်လိုရီလောင်ကျွမ်း နိုင်မှုကလည်း ပုံမှန်အတိုင်းမလည်ပတ်နိုင်တော့တဲ့အခါ ဝိတ်တက်လာရခြင်းပဲ ဖြစ်ပါတယ်။

(၅) လေ့ကျင့်ခန်းမလုပ်ပါနဲ့

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တာက အဆီပိုတွေကို လောင်ကျွမ်းစေတာမှန်ပေမယ့် ညဘက် အိပ်ရာဝင်ခါနီး အချိန်တွေမှာတော့ မပြုလုပ်သင့်ပါဘူး။ ညအိပ်ရာဝင်ခါနီး ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းတွေ ပြုလုပ်မိပြီဆိုရင် စိတ်ခွန်အားတက်ကြွလာပြီး ညဘက်အိပ်မပျော်တာမျိုး ဖြစ်သွားတတ်ပါတယ်။ ညဘက်အိပ်မပျော်တာကလည်း ဝိတ်တက်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ချက်ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: မြန်မာပလပ်ဖောင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top