န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

အိႏိၵယႏိုင္ငံ ေဒလီၿမိဳ႕ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းမွာ သူငယ္တန္းေက်ာင္းသူကေလး ၁၆ ေယာက္ကုိ ေျမေအာက္ခန္းထဲမွာ ၅ နာရီၾကာပိတ္ေလွာင္ထားမႈ ျဖစ္ပြားခဲ့ပါတယ္။

ကေလးေတြဟာ အသက္ ၄ ႏွစ္ကေန ၆ ႏွစ္အတြင္းသာရွိၿပီး မိဘေတြ ေက်ာင္းလခေပးဖုိ႔ ေနာက္က်တာေၾကာင့္ အခုလုိျပစ္ဒဏ္ေပးခံခဲ့ရတာလုိ႔ ဆုိပါတယ္။ ေက်ာင္းရဲ႕အမႈေဆာင္ေတြကေတာ့ ကေလးေတြကုိ Activity Centre မွာထားထားတယ္လုိ႔ ေဒသခံမီဒီယာေတြကုိေျပာခဲ့ေပမယ့္ ထပ္ၿပီး ဘာမွထင္ျမင္ခ်က္မေပးေတာ့ပါဘူး။

မိဘေတြက သူတုိ႔ရဲ႕ကေလးေတြကုိေက်ာင္းသြားႀကိဳတဲ့အခိ်န္မွာ စာသင္ခန္းထဲမွာရွာမေတြ႔တာေၾကာင့္ ကေလးေတြ ခုလုိအပိတ္ခံထားရတာကုိ သိခဲ့တာလုိ႔ဆုိပါတယ္၊ မိဘေတြရဲ႕တုိင္ၾကားခ်က္အရေတာ့ ကေလးေတြဟာ ေျမေအာက္ခန္းထဲမွာ မနက္ ၇း၃၀ ကေန ေန႔လည္ ၁၂း၃၀ ထိ ပိတ္ေလွာင္ခံထားရၿပီး ေျမေအာက္ခန္းထဲမွာ အရမ္းပူတာေၾကာင့္ ကေလးေတြက ဗုိက္ဆာ၊ ေရဆာေနခဲ့ၾကတယ္လုိ႔ ရဲေတြကဆုိပါတယ္။

တခိ်ဳ႕မိဘေတြက သူတို႔ေက်ာင္းလခေပးခဲ့ၿပီးၿပီလုိ႔ ဆုိပါတယ္၊ “ ကြ်န္မ ေက်ာင္းလခေပးၿပီးေၾကာင္း သက္ေသအေထာက္အထားေတြျပတာေတာင္ ေက်ာင္းအုပ္က နည္းနည္းေလးေတာင္ ေတာင္းပန္တဲ့အမူအရာမျပဘူး” လုိ႔ မိဘတစ္ဦးက အိႏိၵယ သတင္းဌာန NDTV ကုိ ေျပာပါတယ္။ ဒီျဖစ္စဥ္နဲ ့ပတ္သက္ၿပီး မိဘေတြရဲ ့တုိင္ၾကားခ်က္ကုိ ရဲက အမႈဖြင့္ေပးခဲ့ၿပီး ေဒလီကေလးသူငယ္ေစာင့္ေရွာက္ေရးအဖြဲ႕က ဒီကိစၥကုိ စံုစမ္းစစ္ေဆးေနတယ္ လုိ႔ဆုိပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အကုန္သိသတင္းဌာန
# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံ ဒေလီမြို့ရှိ စာသင်ကျောင်းတစ်ကျောင်းမှာ သူငယ်တန်းကျောင်းသူကလေး ၁၆ ယောက်ကို မြေအောက်ခန်းထဲမှာ ၅ နာရီကြာပိတ်လှောင်ထားမှု ဖြစ်ပွားခဲ့ပါတယ်။

ကလေးတွေဟာ အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းသာရှိပြီး မိဘတွေ ကျောင်းလခပေးဖို့ နောက်ကျတာကြောင့် အခုလိုပြစ်ဒဏ်ပေးခံခဲ့ရတာလို့ ဆိုပါတယ်။ ကျောင်းရဲ့အမှုဆောင်တွေကတော့ ကလေးတွေကို Activity Centre မှာထားထားတယ်လို့ ဒေသခံမီဒီယာတွေကိုပြောခဲ့ပေမယ့် ထပ်ပြီး ဘာမှထင်မြင်ချက်မပေးတော့ပါဘူး။

မိဘတွေက သူတို့ရဲ့ကလေးတွေကိုကျောင်းသွားကြိုတဲ့အချိန်မှာ စာသင်ခန်းထဲမှာရှာမတွေ့တာကြောင့် ကလေးတွေ ခုလိုအပိတ်ခံထားရတာကို သိခဲ့တာလို့ဆိုပါတယ်၊ မိဘတွေရဲ့တိုင်ကြားချက်အရတော့ ကလေးတွေဟာ မြေအောက်ခန်းထဲမှာ မနက် ရး၃၀ ကနေ နေ့လည် ၁၂း၃၀ ထိ ပိတ်လှောင်ခံထားရပြီး မြေအောက်ခန်းထဲမှာ အရမ်းပူတာကြောင့် ကလေးတွေက ဗိုက်ဆာ၊ ရေဆာနေခဲ့ကြတယ်လို့ ရဲတွေကဆိုပါတယ်။

တချို့မိဘတွေက သူတို့ကျောင်းလခပေးခဲ့ပြီးပြီလို့ ဆိုပါတယ်၊ “ ကျွန်မ ကျောင်းလခပေးပြီးကြောင်း သက်သေအထောက်အထားတွေပြတာတောင် ကျောင်းအုပ်က နည်းနည်းလေးတောင် တောင်းပန်တဲ့အမူအရာမပြဘူး” လို့ မိဘတစ်ဦးက အိန္ဒိယ သတင်းဌာန NDTV ကို ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မိဘတွေရဲ့တိုင်ကြားချက်ကို ရဲက အမှုဖွင့်ပေးခဲ့ပြီး ဒေလီကလေးသူငယ်စောင့်ရှောက်ရေးအဖွဲ့က ဒီကိစ္စကို စုံစမ်းစစ်ဆေးနေတယ် လို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: အကုန်သိသတင်းဌာန
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top