ျမန္မာျပည္၏ အေကာင္းဆံုးကြန္ဒိုတစ္ခုျဖစ္တဲ့ Skysuites ကြန္ဒိုအေရာင္းျပပြဲ
×

သာေကတၿမိဳ႕နယ္ ၁၀/ ေတာင္ (၁၄) ရပ္ကြက္၊စည္ပင္၀င္း၊ ရႈခင္းသာအတြင္းလမ္းေဘးမွာ လူတစ္ဦး အသတ္ခံရမႈနဲ႔ပါတ္သတ္ၿပီးေတာ့ တရားခံကုိ အခင္းျဖစ္ပြားၿပီးေလးရက္အၾကာမွာ ဖမ္းမိတယ္လုိ႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ပါတယ္။

ဇူလိုင္လ ၇ ရက္ေန႔ မနက္ပိုုင္းက သာေကတ ၁၀ ေတာင္(၁၄ )ရပ္ကြက္စည္ပင္၀င္း၊ ရႈခင္းသာအတြင္းလမ္းေဘးက ေရေျမာင္းမွာ အမ်ဳိးသားတစ္ဦး ေသဆုံးေနၿပီး ေသဆုံးသူ ကုိမင္းမင္းေအာင္ (၃၉) နွစ္မွာာ ဦးေခါင္းေနာက္ေစ့ ေျခာက္လက္မခန္႔ေပါက္ၿပဲဒဏ္ရာ ၁ ခ်က္၊ ၀ဲနဖူးညိဳမဲ ဒဏ္ရာ ၁ခ်က္ ၊ လည္ပင္းပြန္းရွဒဏ္ရာ ၁ ခ်က္ ရရွိၿပီးေသဆုံးေနၿပီးေတာ့ အနီးမွာ ေသြးကြက္ေတြ နဲ႔ လုံးပတ္ ၁၄ လက္မခန္႔ရွိတဲ့ ေက်ာက္ခဲတစ္လုံးေတြ႕ရွိခဲ့တယ္လုိ႔ ရဲတပ္ဖြဲ႕ ေဖာ္ျပထားပါတယ္။

အဲ့ဒီအမႈကို သာေကတနယ္ေျမရဲစခန္းက ေန (ပ) ၄၉၁/၂၀၁၈ ၊ရာဇသတ္ႀကီးပုဒ္မ ၃၀၂ နဲ႔ အမႈဖြင့္စစ္ေဆးခဲ့တယ္လို႔ ဆုိပါတယ္။

က်ဴးလြန္သူက သာေကတၿမိဳ႕နယ္ ၆ ရပ္ကြက္မွာေနတဲ့ သန္းေအးျဖစ္္ၿပီးေတာာ့ အဲ့ဒီေန႔မနက္မွာပဲ ဧရာ၀တီတုိင္းေဒသႀကီး ေဒဒရဲၿမိဳ႕ကုိ ထြက္ေျပးတိမ္းေရွာင္သြားတာျဖစ္ၿပီးေတာ့ ဇူလိုင္လ ၁၀ ရက္ေ႔မွာ ဘုိကေလးၿမိဳ႕နယ္ ၊ေထာ္ပိုင္ေက်းရြာ၊ေအးခ်မ္းသာယာေက်းရြာမွာ ဖမ္းဆီးရမိခဲ့တယ္လုိ႔ ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ ကထုတ္ျပန္ထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သာကေတမြို့နယ် ၁၀/ တောင် (၁၄) ရပ်ကွက်၊စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးမှာ လူတစ်ဦး အသတ်ခံရမှုနဲ့ပါတ်သတ်ပြီးတော့ တရားခံကို အခင်းဖြစ်ပွားပြီးလေးရက်အကြာမှာ ဖမ်းမိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ မနက်ပိုင်းက သာကေတ ၁၀ တောင်(၁၄ )ရပ်ကွက်စည်ပင်ဝင်း၊ ရှုခင်းသာအတွင်းလမ်းဘေးက ရေမြောင်းမှာ အမျိုးသားတစ်ဦး သေဆုံးနေပြီး သေဆုံးသူ ကိုမင်းမင်းအောင် (၃၉) နှစ်မှာာ ဦးခေါင်းနောက်စေ့ ခြောက်လက်မခန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနဖူးညိုမဲ ဒဏ်ရာ ၁ချက် ၊ လည်ပင်းပွန်းရှဒဏ်ရာ ၁ ချက် ရရှိပြီးသေဆုံးနေပြီးတော့ အနီးမှာ သွေးကွက်တွေ နဲ့ လုံးပတ် ၁၄ လက်မခန့်ရှိတဲ့ ကျောက်ခဲတစ်လုံးတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့ ဖော်ပြထားပါတယ်။

အဲ့ဒီအမှုကို သာကေတနယ်မြေရဲစခန်းက နေ (ပ) ၄၉၁/၂၀၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ကျူးလွန်သူက သာကေတမြို့နယ် ၆ ရပ်ကွက်မှာနေတဲ့ သန်းအေးဖြစ်ပြီးတောာ့ အဲ့ဒီနေ့မနက်မှာပဲ ဧရာဝတီတိုင်းဒေသကြီး ဒေဒရဲမြို့ကို ထွက်ပြေးတိမ်းရှောင်သွားတာဖြစ်ပြီးတော့ ဇူလိုင်လ ၁၀ ရက်ေ့မှာ ဘိုကလေးမြို့နယ် ၊ထော်ပိုင်ကျေးရွာ၊အေးချမ်းသာယာကျေးရွာမှာ ဖမ်းဆီးရမိခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ကထုတ်ပြန်ထားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top