ရန္ကင္းျမိဳ ႔နယ္ Sedona Hotel အနီး အသင့္ေဆာက္ျပီး စိမ္းလဲ့ေအာင္ကြန္ဒိုအေရာင္းျပပြဲ
×

မနက္အိပ္ရာထတဲ့ အခ်ိန္မွာ ေသြးထဲသၾကားဓာတ္ပါဝင္မႈပမာဏက သဘာဝအေလ်ာက္ ေလ်ာ့ေနပါတယ္။ ဒီေတာ့ အိပ္ရာထျပီး တစ္နာရီအတြင္း မနက္စာသုံးေဆာင္ျခင္းကို အၾကံျပဳထားပါတယ္။ ဒီအခ်က္က သၾကားဓာတ္ ရုတ္တရက္ ထုိးက်ျခင္းကို တားဆီးေပးပါတယ္။
တရားဝင္အသုံးမွတ္ျပဳ အာဟာရေဗဒပညာရွင္တစ္ဦးျဖစ္တဲ့ Chloe Miles နဲ႔ British Dietetic Association ရဲ႕ ေျပာေရးဆုိခြင့္ရိွသူမ်ားက မနက္စာေကာင္းေကာင္းသုံးေဆာင္ျခင္းရဲ႕ အေရးပါမႈနဲ႔ ပတ္သက္ျပီး Independent ကို ေျပာျပခဲ့ၾကပါတယ္။ မနက္စာက အေရးၾကီးတဲ့ အစာသုံးေဆာင္မႈတစ္ခု ျဖစ္ပါတယ္။ သုိ႔ေသာ္ အမ်ားစုက မနက္စာ ေရွာင္ၾကတယ္လုိ႔ သူမက ဆိုပါတယ္။
မနက္စာပုံမွန္ သုံးေဆာင္သူေတြဟာ မသုံးေဆာင္သူမ်ားထက္ ခႏၶာကိုယ္ ပိုမုိက်စ္လစ္ေသးသြယ္ျပီး အစားအေသာက္ မွ်တမႈပိုရိွၾကေၾကာင္း သုေတသတနက ေဖာ္ျပထားပါတယ္။ မနက္စာ မသုံးေဆာင္ျခင္းက အားအင္နဲ႔ အာရုံစူးစိုက္မႈကိုလည္း ထိခုိက္ေစႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ကေလးေတြကို မနက္စာ သုံးေဆာင္ဖုိ႔ တိုက္တြန္းျခင္းက မျဖစ္မေန လုိအပ္ပါတယ္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Original

#Unicode Version#
 မနက်အိပ်ရာထတဲ့ အချိန်မှာ သွေးထဲသကြားဓာတ်ပါဝင်မှုပမာဏက သဘာဝအလျောက် လျော့နေပါတယ်။ ဒီတော့ အိပ်ရာထပြီး တစ်နာရီအတွင်း မနက်စာသုံးဆောင်ခြင်းကို အကြံပြုထားပါတယ်။ ဒီအချက်က သကြားဓာတ် ရုတ်တရက် ထိုးကျခြင်းကို တားဆီးပေးပါတယ်။
တရားဝင်အသုံးမှတ်ပြု အာဟာရဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ Chloe Miles နဲ့ British Dietetic Association ရဲ့ ပြောရေးဆိုခွင့်ရှိသူများက မနက်စာကောင်းကောင်းသုံးဆောင်ခြင်းရဲ့ အရေးပါမှုနဲ့ ပတ်သက်ပြီး Independent ကို ပြောပြခဲ့ကြပါတယ်။ မနက်စာက အရေးကြီးတဲ့ အစာသုံးဆောင်မှုတစ်ခု ဖြစ်ပါတယ်။ သို့သော် အများစုက မနက်စာ ရှောင်ကြတယ်လို့ သူမက ဆိုပါတယ်။
မနက်စာပုံမှန် သုံးဆောင်သူတွေဟာ မသုံးဆောင်သူများထက် ခန္ဓာကိုယ် ပိုမိုကျစ်လစ်သေးသွယ်ပြီး အစားအသောက် မျှတမှုပိုရှိကြကြောင်း သုတေသတနက ဖော်ပြထားပါတယ်။ မနက်စာ မသုံးဆောင်ခြင်းက အားအင်နဲ့ အာရုံစူးစိုက်မှုကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် ကလေးတွေကို မနက်စာ သုံးဆောင်ဖို့ တိုက်တွန်းခြင်းက မဖြစ်မနေ လိုအပ်ပါတယ်။
 ဖိုးသူတော် (www.phothutaw.com)

Credit:Original
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top