န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×




Credit: MM
# Unicode Version ဖြင့် ဖတ်ပါ #
အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ ငါ့ကိုနမ်းတဲ့ မုန်တိုင်း ရုပ်ရှင်ဇာတ်ကားထဲက ဖွေးဖွေးနဲ့ ရဲရင့်အောင်တို့ရဲ့ ကားပေါ်က ဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ရဲရင့်အောင်ကပြောပြလာပါပြီ။ အဆိုပါ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး သူကိုယ်တိုင်တောင် အရမ်းကို အံ့သြခဲ့ရပါတယ်။ ရိုက်ကူးနေစဉ်ကတော့ မိုးတွေရွာနေတဲ့အချိန် ကားပေါ်မှာ ဖွေးဖွေး နဲ့ သူတို့နှစ်ယောက် စကားပြောနေကြတာပါတဲ့ ဇာတ်ကားထွက်လာတဲ့ အချိန် ပြန်ကြည့် မှ အဲ့ဒီ ဇာတ်ဝင်ခန်းလာတော့ ကားကလှုပ်နေတာကိုသိလိုက်ရပြီး အံ့သြခဲ့ရပါတယ်ဆိုပြီး ပြောပြခဲ့ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားဟာ ရဲရင့်အောင် ရဲ့ ပထမဦးဆုံးသော ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အဲ့ဒီဇာတ်ကားထဲက သရုပ်ဆောင်ပိုင်းမှာလဲ ပရိသတ်တွေလက်ခံပြီး အားပေးကြတာကိုတွေ့မြင်ရမှာပါ။

ကားလှုပ်တဲ့ ဇာတ်ဝင်ခန်းနဲ့ ပတ်သက်ပြီး ရဲရင့်အောင်ပြောပြလာတာကတော့ ” မိုးတွေ အရမ်းရွာနေတယ် ၊ မဖွေးနဲ့ကျွန်တော် ကားပေါ်မှာ စကားပြောနေတယ် ။အဲဒါပဲသိတယ် ဇာတ်ကားထွက်လာတဲ့ အချိန် ပြန်ကြည့်တော့ ကားကြီးက လှုပ်နေတယ်၊ အံ့သြသွားတယ် ကျွန်တော်တကယ်မသိပါဘူး ” လို့ ဆိုကာ မီဒီယာတွေကိုပြောပြခဲ့ပါတယ်

အဲ့ဒီနောက်မှာတော့ ရဲရင့်အောင်က သူဟာ ရုပ်ရှင်ရိုက်ကူးတဲ့အခါ ပိုက်ဆံတွေမက်မောပြီး မရိုက်ချင်ပါဘူးတဲ့၊ အနုပညာကြေးတွေထက် ပရိသတ်အတွက်ဘဲရိုက်ချင်ပါတယ်။ အကောင်းဆုံးလုပ်ပြနိုင်မယ့်ဇာတ်ရုပ်၊သူသီချင်းတွေ လုပ်သလို သေသေချာချာလုပ်ပြနိုင် မှ ရိုက်ချင်ပါတယ် တဲ့။ အဆိုပါ ငါ့ကိုနမ်းတဲ့ မုန်တိုင်းရုပ်ရှင်ဇာတ်ကားဟာ ၄ပတ်မြောက်ထိ ရုံတင်ပြသခွင့် ရရှိခဲ့ပြီး ပရိသတ်အားပေးမှုကို များစွာရရှိခဲ့တဲ့ ရုပ်ရှင်ကားကြီးတစ်ကားလဲဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top