×

မိုးလယ္ကာလ နံနက္ခင္းမို႔ မိုးေကာင္းကင္တစ္ခုလံုး အံု႔အံု႔ဆိုင္းဆိုင္းႏွင့္ မိုးဖြဲဖြဲက်ေနသည့္ ထိုေန႔ (၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ၊ ၁၉ ရက္)။

နယ္ခ်ဲ႕အစိုးရ လက္ေအာက္မွ ျမန္မာျပည္ လြတ္လပ္ေရးရရိွရန္ ႀကိဳးပမ္းေနၾကသည့္ ျမန္မာ့လြတ္လပ္ေရး ဗိသုကာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အမွဴးျပဳေသာ အာဇာနည္ ၉ ဦးသည္ ထိုေန႔နံနက္ ၁၀ နာရီ ၃၀ မိနစ္ ၀န္းက်င္တြင္ မသမာသူ လူတစ္စု၏ လုပ္ၾကံမႈေၾကာင့္ က်ဆံုးခဲ့ရသည္။

ယေန႔သည္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းႏွင့္တကြ အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ား ဆံုး႐ႈံးခဲ့ရသည့္ ႏွစ္ ၆၀ ျပည့္ေသာေန႔ပင္ျဖစ္သည္။

လြန္ခဲ့သည့္ႏွစ္ ၆၀ ဇူလိုင္ ၁၉ ရက္က ျမန္မာျပည္ ေနရာေဒသမ်ိဳးစုံတြင္ ေရာက္ရိွေနၿပီး ယေန႔တို္င္ သက္ရိွထင္ရွားရိွေနဆဲ ပုဂၢိဳလ္မ်ားက ထိုေန႔က သူတို႔၏ ကိုယ္ေတြ႕ကို ယခုလိုခံစား ေျပာျပထားပါသည္။

အတြင္း၀န္႐ံုး အစိုးရအဖြဲ႕၀င္ ၀န္ႀကီးမ်ား အထူးအစည္းအေ၀း ခ်ိန္မတိုင္မီ နာရီ၀က္ခန္႔ ေစာၿပီး ထိုေန႔က သတင္းရယူေရး အတြက္ အတြင္း၀န္႐ံုးသို႔ ေရာက္ႏွင့္ေနသူ၊ ထိုစဥ္က အသက္ ၂၂ ႏွစ္အရြယ္၊ ျမန္႔မာ့အလင္း သတင္းစာ၏ သတင္းေထာက္ ျမန္မာ့အလင္းသန္းညြန္႔-
``အတြင္း၀န္႐ုံးက ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ံုးခန္းရဲ႕ တစ္ခန္းေက်ာ္မွာ သတင္းေထာက္မ်ား အခန္းရိွပါတယ္။ ကၽြန္ေတာ္ကေတာ့ ေန႔စဥ္တာ၀န္နဲ႔ အတြင္း၀န္႐ံုးလာဖို႔ရိွေပမယ့္ အထူးအစည္းအေ၀ရိွတာနဲ႔ ၁၀ နာရီေလာက္ကေရာက္ေနတာ။ ၁၀ မိနစ္ေလာက္ေနေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ၀င္လာတယ္။ ကၽြန္ေတာ္ကထၿပီး ဦးညြတ္ႏႈတ္ဆက္လိုက္တယ္။ ထူးဆန္းတာက ဗိုလ္ခ်ဳပ္က ဒီေန႔က်မွ မႏၱေလးပိုးလံုခ်ည္ တိုက္ပံုနဲ႔။ သူ႔အခန္းထဲ သူ၀င္သြားတယ္။ ခဏေနေတာ့ ပညာေရး၀န္ႀကီး ဦးရာဇတ္ ၀င္လာတယ္။ သူကေတာ့ ထံုးစံအတိုင္း ဥေရာပ၀တ္စံုနဲ႔ေပါ့။ ၿပီးေတာ့ ဦးရာဇတ္ရဲ႕ သက္ေတာ္ေစာင့္ ကိုေထြး၀င္လာတယ္။ ကိုေထြးက ကၽြန္ေတာ့ကို ဦးရာဇတ္ကိုယ္ေရး လက္ေထာက္အခန္းထဲေခၚသြားၿပီး သူညကၾကည့္တဲ့ ႐ုပ္ရွင္အေၾကာင္း ေျပာေနၾကတာ။ ခဏေနေတာ့ မိုးသံနဲ႔အတူ ေ၀ါေ၀ါဆိုတဲ့အသံကို ခပ္ခပ္အုပ္အုပ္ ၾကားလိုက္ရတယ္။ ကိုေထြးက သြားၿပီးၾကည့္ဖို႔ထလိုက္တယ္။ ကၽြန္ေတာ္ကလည္း သူ႔ေနာက္ကထလိုက္ေတာ့ သူနဲ႔ကၽြန္ေတာ္ ၆ ေပ ၇ ေပ ေလာက္ကြာမယ္။ အဲ့ဒီအခ်ိန္မွာ စစ္အုပ္ထုပ္ေတြကို မ်က္ႏွာအုပ္ေဆာင္းထားၿပီး စစ္ယူနီေဖာင္း၀တ္စံုနဲ႔ ေမာင္းျပန္ေသနတ္ေတြ ကိုင္လာတဲ့ လူ ၃ ေယာက္က ထြက္လာတာနဲ႔ ကိုေထြးနဲ႔ေတြ႕ေတာ့ ဆင္၀င္ စၾကၤန္ခ်ိဳးနားမွာ။ ကိုေထြးက ဘာေျပာလိုက္လည္းေတာ့ ကၽြန္ေတာ္ မၾကားလိုက္ဘူး။ သူတို႔က ခ်က္ခ်င္း ဒိုင္းဒိုင္းဒိုင္းဆို ပစ္လိုက္တယ္။ ကၽြန္ေတာ္လည္း ဆင္နားရြက္တံခါးေလး ကိုင္ၿပီး ေၾကာင္ၾကည့္ေနတာေပါ့။ အဲ့ဒီထဲက တစ္ေယာက္က မင္းနဲ႔ဘာမွမဆိုင္ဘူး။ သြားသြားဆိုတာနဲ႔ ေလွကားကေနေျပးဆင္းေတာ့ ေလွကားတစ္၀က္ေလာက္မွာ ျမန္ျမန္ဆင္းလို႔ သူတို႔က ထပ္ေအာ္ျပန္တယ္။ အဲ့ဒါနဲ႔ ကၽြန္ေတာ္လည္း ၁၀ ေပ ေလာက္အျမင့္ကေန တစ္၀က္တစ္ပ်က္ခုန္ခ်ၿပီး ေလွကားေအာက္ ၀င္ေနလိုက္တယ္။ အဲ့ဒီမွာပဲ စစ္ေရာင္ဂ်စ္ကားတစ္စီး ဆင္၀င္ေအာက္ကို ထိုးစိုက္လာၿပီး သူတို႔ ၃ ေယာက္ ကားေပၚတက္လိုက္သြားၾကတယ္။ သူတို႔ စစ္၀တ္စံုလက္ေမာင္းမွာ အဂၤလိပ္စစ္တပ္ ၁၂-နံပါတ္ တပ္မတံဆိပ္ တပ္ထားတာ ေတြလိုက္ရတယ္။ ကိုေထြးကို သတိရၿပီး ျပန္တက္ၾကည့္ဖို႔လုပ္ေတာ့ ျပည္ထဲေရး၀န္ႀကီး ဌာနကိုလာတဲ့ ရန္ကုန္ရဲမင္းႀကီး ဦးေအာင္ခ်ိန္က ဘာျဖစ္လို႔လဲေမးေတာ့ ကၽြန္ေတာ္လည္း ဘာမွမသိေသးဘူး။ ကိုေထြးကိုေတာ့ လူ ၃ ေယာက္ ေသနတ္နဲ႔ပစ္သြားတယ္လို႔ သိသမွ်ေျပာျပရင္း ေျပေျပာဆိုဆို ကိုေထြးကို ၀ိုင္းျပဳစုေနတဲ့ လူေတြနားကို ေရာက္သြားၾကည့္တယ္။ ၿပီးေတာ့ အစည္းအေ၀း အခန္းဘက္ကို ေရာက္တယ္။ အဲ့ဒီမွာ ဗိုလ္ခ်ဳပ္ရဲ႕ ႐ံုးခန္းမင္းေစ ကိုေသာင္းစိန္က ပ်ာယာခပ္ၿပီး ေခ်ာက္ခ်ားေနပံုကို ေတြ႔ရတယ္။ လက္နက္ကိုင္ လူ ၃ ေယာက္၀င္ၿပီး ပစ္ခတ္သြားတဲ့ အေၾကာင္း သူေျပာတဲ့အခါ အစည္းအေ၀းအခန္းထဲ အေျပးအလႊညး၀င္ၾကည့္တဲ့ အခ်ိန္မွာေတာ့ ရဲမင္ႀကီးရဲ႕ `ဟာ´ ဆိုတဲ့အသံႀကီးနဲ႔အတူ ပံုစံမ်ိဳးစံုနဲ႔ ေသြးသံရႊဲရႊဲလဲေနတဲ့ ေခါင္းေဆာင္ႀကီးေတြကို ေခ်ာက္ေခ်ာက္ခ်ားခ်ား ေတြ႕လိုက္ရတယ္။ ရဲမင္းႀကီးကလည္း မႈခင္းဆိုေတာ့ ခ်က္ခ်င္းပဲ လံုး၀မထိမကိုင္ဖို႔ သတိေပးၿပီး ကၽြန္ေတာ္တို႔ ျပန္ဆင္းလာၾကတယ္။ အဲ့ဒါနဲ႔ ဆူးေလဘုရားနားက မီးသတ္သူနာျပဳကားကို ဖုန္းနဲ႔ခ်က္ခ်င္းေခၚလိုက္တယ္။ ေခၚမရဘူးျဖစ္ေနတာနဲ႔ စိတ္မရွည္ေတာ့လို႔ စက္ဘီးေလးယူၿပီး နင္းလာခဲ့ေတာ့ လမ္းမွာေတြ႕တဲ့ သတင္းေထာက္အသင္းဥကၠ႒ ဗမာ့ေခတ္သတင္းစာ တာ၀န္ခံ အယ္ဒီတာ ဦးကိုကိုေလးက လွမ္းေခၚၿပီး ဒီကစၥေတြအားလံုး တာ၀န္ရိွတဲ့လူေတြ လုပ္ေနၾကၿပီ။ စိတ္မပူပါနဲ႔ တိုက္ျပန္ၿပီးသတင္းေရးဖို႔ အနားျပန္ယူပါလို႔ ေျပာတာနဲ႔ ျမန္မာ့အလင္းတိုက္ကို စက္ဘီးဆက္နင္းၿပီး ျပန္လာခဲ့တာ၊ ခါတိုင္းမိနစ္ ၂၀ ေလာက္ နင္းရတဲ့ခရီးက အဲ့ဒီေန႔မွာေတာ့ ၁ နာရီေလာက္ နင္းယူခဲ့ရတယ္။ တိုက္ကိုေရာက္ေတာလည္း ဘာမွမေျပာႏိုင္၊ ဘာမွမလုပ္ႏိုင္ဘူး။ ပါးစပ္ကပဲေျပာပါ ေရးေပးပါမယ္ ေျပာတာေတာင္ ဘယ္လိုမွ ေျပာမထြက္ႏိုင္ဘူး။ ထိုေန႔က ေန၀င္မီးၿငိမ္း အမိန္လည္းထုတ္ထားေတာ့ ေနမ၀င္ခင္ သတင္းၿပီးေအာင္ေရးတင္ၿပီး ျပန္လာခဲ့ရတယ္။ ရပ္ကြက္ထဲမွာလည္း ငိုသူငို၊ ငိုင္သူငိုင္၊ ေဒါသထြက္သူလည္း ထြက္နဲ႔ေပါ့။ ´´

စာေပကိစၥေတြ ေဆြးေႏႊးဖို႔ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ထိုေန႔နံနက္မွာ ခ်ိန္းထားတဲ့အတြက္ ထိုစဥ္က အသက္ ၂၈ ႏွစ္အရြယ္ ဆရာႀကီးဒဂုန္တာရာ အတြင္း၀န္မ်ား႐ံုးကို နံနက္ ၁၁ နာရီေလာက္မွာ ေရာက္လာခဲ့ပါတယ္။
``၁၈ ရက္က သံေစ်းနားမွာ ဗိုလ္ခ်ဳပ္ရဲ႕ ကိုယ္ေရးလက္ေထာက္နဲ႔ ေတြ႕တာနဲ႔ နည္းနည္းလည္း ေနာက္က်ေနေတာ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ႕ ႐ံုးဘက္ျခမ္း အတြင္း၀န္႐ံုးရဲ႕ အေနာက္ဘက္ စပတ္လမ္း (ဗိုလ္ေအာင္ေက်ာ္) ကေန ၀င္လာေတာ့ ခါတိုင္းနဲ႔မတူဘူး တိတ္ဆိတ္ေနတယ္။ ခါတိုင္း လူေတြ႐ႈပ္ေနတဲ့ ေနတဲ့ေနရာကေပါ့ေလ။ ထူးျခားေနတာေပါ့။ အခ်ိန္မ်ားမွားသလား ကိုယ္ဟာကိုယ္ ဇေ၀ဇ၀ါနဲ႔ေပါ့။ အဲ့ဒါနဲ႔ ဥပေဒျပဳလႊတ္ေတာ္ အေဆာက္အဦးေအာက္ထပ္ ဆရာေဇာ္ဂ်ီ ႐ုံးခန္းထဲ၀င္လိုက္ေတာ့ အေစာင့္က မ်က္ႏွာမေကာင္းဘူး။ အထဲၾကည့္လိုက္ေတာ့လည္း ဦးခ်န္ထြန္းက စားပြဲေပၚမွာ ေမွာက္ၿပီးေတာ့ ေခါင္းငိုက္စိုက္က်ေနတယ္။ သူ႔ေဘးမွာ ဆရာေဇာ္ဂ်ီ ထို္င္ေနတယ္။ အဲ့ဒါနဲ႔ ဘာျဖစ္လို႔လည္း ေမးေတာ့မွ မင္းမသိဘူးလား၊ ခုေလးပဲ ေခါင္းေဆာင္ႀကီးေတြကိ္ု ေဆး႐ံုပို႔လိုက္ၿပီဆိုၿပီး ကၽြန္ေတာ္နဲ႔ ဆရာေဇာ္ဂ်ီ အတြင္း၀န္႐ံုး လက္ဖက္ရည္ဆိုင္မွာ ထိုင္လိုက္ၾကတယ္။ ၿပီးေတာ့ ကၽြန္ေတာ္လည္း ဘယ္မွလိုက္မေနပဲ ျပန္လာခဲ့တယ္။ လမ္းတစ္ေလွ်ာက္လံုးလည္း လူေတြၾကည့္ရတာ ၀မ္းနည္းပက္လက္နဲ႔ေပါ့ ကၽြန္ေတာ္ ေတာ္ေတာ္ေလး စိတ္ထိခိုက္သြားတယ္။ ´´
 
ဗမာ့တပ္မေတာ္ ပ်ဥ္းမနားတပ္ရင္းက အသက္ ၂၇ ႏွစ္ အရြယ္ Senior Captain ဗိုလ္ရဲထြဋ္က တာ၀န္ထမ္းေဆာင္ေနရင္း တယ္လီဖုန္းသတင္းကေန ေခါင္းေဆာင္ႀကီးေတြရဲ႕ လုပ္ၾကံခံရမႈသတင္းၾကားရၿပီး ခ်က္ခ်င္း ဗိုလ္ေန၀င္း၊ ဗိုလ္ေမာင္ေမာင္ တို႔နဲ႔အတူ ရန္ကုန္ကို ကားနဲ႔ ဆင္းလာခဲ့ပါတယ္။

``ပ်ဥ္းမနားကေန ရန္ကုန္ဆင္းလာေတာ့ ရန္ကုန္ကို ေမွာင္မွေရာက္တယ္။ မဂၤလာဒံုၿမိဳ႕၀င္ဂိတ္မွာ လက္နက္ေတြ သိမ္းလို႔ ထားခဲ့ရတယ္။ အဲ့ဒါန႔ဲ ရန္ကုန္ေရာက္ေတာ့ လူႀကီးေတြနဲ႔ေတြ႕ၿပီး ကၽြန္ေတာ္တို႔ ၃ ေယာက္ လူႀကီးေတြ အမိန္႔နာခံၿပီး လိုက္နာေဆာင္ရြက္ရပါတယ္။ အဲ့ဒီအခ်ိန္မွာ အရမ္းစိတ္ဆိုးေနတယ္။ စိတ္လည္းအရမ္းမေကာင္းဘူး။ ဘာလုပ္လို႔ ဘာကိုင္ရမွန္း မသိဘူး ျဖစ္ေနတာ။ ပတ္၀န္းက်င္မွာ ဘာေတြျဖစ္ေနလဲ ဆိုတာေတာင္ သတိမထားမိဘူး။ ဒီေရာက္ၿပီး ဘာလုပ္ရမလဲဆိုတာသိဖို႔ အရမ္းအေရးႀကီးေနေတာ့ ညတြင္းခ်င္း လူႀကီးေတြနဲ႔ သြားေတြ႕ၾကရတာ။ အရမ္းခံစား ခဲ့ရတယ္။´´

လုပ္ၾကံမႈသတင္း ၀ါးခယ္မၿမိဳ႕ကိုေရာက္ရိွ ပ်ံ႕ႏွံ႔ၿပီး တစ္ၿမိဳ႕လုံး တိတ္ဆိတ္သြားခ်ိန္မွာ အသက္ ၂၉ ႏွစ္အရြယ္ သခင္သိန္းေမာင္က ၀ါးခယ္မၿမိဳ႕ေပၚက ေနအိမ္မွာ မိသားစုနဲ႔ အတူရိွေနပါတယ္။
``၂ နာရီေလာက္ျခားၿပီး အဲ့ဒီသတင္းဟာ ၀ါးခယ္မၿမိဳ႕မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ လူေတြအားလံုး ေတာ့္ကို ေခ်ာက္ခ်ားသြားၾကတယ္။ လြတ္လပ္ေရးရဖို႔ ဦးေဆာင္ေနတဲ့ ေခါင္းေဆာင္ႀကီးေတြ မရိွၾကေတာ့ဘူးဆိုေတာ့ အားလည္း ငယ္သြားၾကတယ္။ တကယ့္ကို ထူးထူးျခားျခားႀကီးပါပဲ။ ေစ်းေတြလည္းပိတ္ၾက၊ ငိုတဲ့လူလည္း ငိုၾကေပါ့။ မိုးကလည္း အံု႔ဆိုင္းဆိုင္နဲ႔ တစ္ၿမိဳ႕လံုး တိတ္ဆိတ္သြားၾကတယ္။´´

ထိုေန႔နံနက္ ၁၁ နာရီေလာက္အခ်ိန္မွာ သိမ္ႀကီးေစ်းကို အ၀ယ္ထြက္လာရင္းႏွင့္ ေစ်းေရာက္မွ ဒီသတင္းၾကားသိခဲ့ရတဲ့ သခင္မႀကီး ေဒၚလွၾကည္ (စာေရးဆရာမႀကီး ေဒၚၾကည္ဦး)က အဲ့ဒီအခ်ိန္က အသက္ ၂၂ ႏွစ္အရြယ္ အထည္ပိုင္ရွင္ တစ္ဦးေပါ့။
``သိမ္ႀကီးေစ်းနဲ႔ ၃၃ လမ္းၾကားမွာ ဖေရဇာလမ္းဖက္ကို မ်က္ႏွာမူၿပီးေရာင္းတဲ့ ဆို္င္ေတြပိတ္ထားၾကတယ္။ ဟင္းသီးဟင္းရြက္ သည္ေတြလည္း ထုပ္ၾက ပိုးၾက ေျပၾက လႊားၾကနဲ႔။ ကိုယ္မ်ားေစာေနတာလား ေစ်းပိတ္တာလားေပါ့။ အဲ့ဒီလိုလည္း မဟုတ္ဘူး။ ဒီေန႔က ပံုမွန္လာေနၾကပဲ။ လူေတြၾကည့္ရတာ ေၾကာက္ရြံ႕ တုန္လႈပ္ ေၾကကြဲေနတဲ့ မ်က္ႏွာမ်ိဳးေတြနဲ႔ပါ။ အဲ့ဒါနဲ႔ အထည္ဆိုင္ ထဲ၀င္သြားေတာ့လည္း ဆိုင္ေတြက အၿပိဳင္အဆိုင္ သိမ္းေနၾကေတာ့ အထည္ေရင္းတဲ့ ကုလားေလးကို ဘာျဖစ္တုန္းေမးလိုက္ေတာ့ အစ္မႀကီးမသိဘူးလား။ ဗိုလ္ခ်ဳပ္တို႔ လုပ္ၾကံခံရလို႔တဲ့။ အို… ဘုရား… ဘုရား… မဟုတ္ပါေစနဲ႔ မဟုတ္ပါေစနဲ႔လို႔ ဆုေတာင္းၿပီး အိမ္ကအေမ့ကို ေမးဖို႔ျပန္လာေတာ့ အေမကေသခ်ာသေလာက္ပါပဲလို႔ ေျပာလိုက္တဲ့အခါ ရင္ထဲမွာ တစ္ကယ္ပဲဆို႔သြားတယ္။´´

ပ်ဥ္းမနားဘူတာအနီး ေတာင္ကုန္းေပၚက ဗမာျပည္ကြန္ျမဴနစ္ပါတီ ပ်ဥ္းမနား႐ံုးမွာ ေရာက္ေနတဲ့ အသက္ ၂၃ ႏွစ္အရြယ္ သခင္တင္ျမက ရန္ကုန္ကေန ပ်ဥ္းမနား႐ံုးခြဲကို ဖုန္းဆက္အေၾကာင္းၾကားသံ ၾကားရတာနဲ႔ ဒီသတင္းကို ျဖစ္ပြားခ်ိန္နဲ႔ ၁ နာရီ ခန္႔ေလာက္မွာပဲ သိခြင့္ရခဲ့ပါတယ္။

``ရန္ကုန္ရထားႀကီး ပ်ဥ္းမနားဘူတာကို ဆိုက္ေတာ့ သြားၾကည့္လိုက္ပါေသးတယ္။ ဘာသတင္းထူး ၾကားရမလဲေပါ့။ အဲ့ဒီမွာ အမ်ိဳးသမီးေတြက ပိုသိသာတယ္။ ေအာ္ဟစ္ငိုသူက ငို၊ ခပ္ငိုင္ငိုင္ျဖစ္သူကျဖစ္။ အမ်ိဳးသားေတြၾကည့္ရတာလဲ ေတာ္ေတာ္ကို ထိန္းထားရတဲ့ပံုမ်ိဳး၊ အဲ့ဒီေတာ့ ဘူတာကေန ေစ်းထဲကလူေတြ သိသြားၾကေတာ့ ငိုယိုၿပီး ဆိုင္ေတြ သိမ္းၾကတာေပါ့ေလ။ ကၽြန္ေတာ္တို႔ကေတာ့ ႏိုင္ငံေရးသမားေတြဆိုေတာ့ ၀မ္းနည္းတာလည္း တစ္ေၾကာင္းေပါ့ေလ။ တစ္ဖက္ကလည္း သူတို႔လုပ္ကိုင္ ပံုေဖာ္သြားခဲ့တာေတြကို ဆက္ၿပီး ဘာေတြလုပ္ၾကမလဲဆိုတာ အဲ့ဒီေန႔က ေျပာျဖစ္ၾကတယ္။´´

ဖိုးသူေတာ္ (www.phothutaw.com)
Credit: KoNayGyi
# Unicode Version ျဖင့္ ဖတ္ပါ #
မိုးလယ်ကာလ နံနက်ခင်းမို့ မိုးကောင်းကင်တစ်ခုလုံး အုံ့အုံ့ဆိုင်းဆိုင်းနှင့် မိုးဖွဲဖွဲကျနေသည့် ထိုနေ့ (၁၉၄၇ ခုနှစ်၊ ဇူလိုင်လ၊ ၁၉ ရက်)။

နယ်ချဲ့အစိုးရ လက်အောက်မှ မြန်မာပြည် လွတ်လပ်ရေးရရှိရန် ကြိုးပမ်းနေကြသည့် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသော အာဇာနည် ၉ ဦးသည် ထိုနေ့နံနက် ၁၀ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် မသမာသူ လူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရသည်။

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ဆုံးရှုံးခဲ့ရသည့် နှစ် ၆၀ ပြည့်သောနေ့ပင်ဖြစ်သည်။

လွန်ခဲ့သည့်နှစ် ၆၀ ဇူလိုင် ၁၉ ရက်က မြန်မာပြည် နေရာဒေသမျိုးစုံတွင် ရောက်ရှိနေပြီး ယနေ့တိုင် သက်ရှိထင်ရှားရှိနေဆဲ ပုဂ္ဂိုလ်များက ထိုနေ့က သူတို့၏ ကိုယ်တွေ့ကို ယခုလိုခံစား ပြောပြထားပါသည်။

အတွင်းဝန်ရုံး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ အထူးအစည်းအဝေး ချိန်မတိုင်မီ နာရီဝက်ခန့် စောပြီး ထိုနေ့က သတင်းရယူရေး အတွက် အတွင်းဝန်ရုံးသို့ ရောက်နှင့်နေသူ၊ ထိုစဉ်က အသက် ၂၂ နှစ်အရွယ်၊ မြန့်မာ့အလင်း သတင်းစာ၏ သတင်းထောက် မြန်မာ့အလင်းသန်းညွန့်-
``အတွင်းဝန်ရုံးက ဗိုလ်ချုပ်အောင်ဆန်းရုံးခန်းရဲ့ တစ်ခန်းကျော်မှာ သတင်းထောက်များ အခန်းရှိပါတယ်။ ကျွန်တော်ကတော့ နေ့စဉ်တာဝန်နဲ့ အတွင်းဝန်ရုံးလာဖို့ရှိပေမယ့် အထူးအစည်းအဝေရှိတာနဲ့ ၁၀ နာရီလောက်ကရောက်နေတာ။ ၁၀ မိနစ်လောက်နေတော့ ဗိုလ်ချုပ်အောင်ဆန်း ဝင်လာတယ်။ ကျွန်တော်ကထပြီး ဦးညွတ်နှုတ်ဆက်လိုက်တယ်။ ထူးဆန်းတာက ဗိုလ်ချုပ်က ဒီနေ့ကျမှ မန္တလေးပိုးလုံချည် တိုက်ပုံနဲ့။ သူ့အခန်းထဲ သူဝင်သွားတယ်။ ခဏနေတော့ ပညာရေးဝန်ကြီး ဦးရာဇတ် ဝင်လာတယ်။ သူကတော့ ထုံးစံအတိုင်း ဥရောပဝတ်စုံနဲ့ပေါ့။ ပြီးတော့ ဦးရာဇတ်ရဲ့ သက်တော်စောင့် ကိုထွေးဝင်လာတယ်။ ကိုထွေးက ကျွန်တော့ကို ဦးရာဇတ်ကိုယ်ရေး လက်ထောက်အခန်းထဲခေါ်သွားပြီး သူညကကြည့်တဲ့ ရုပ်ရှင်အကြောင်း ပြောနေကြတာ။ ခဏနေတော့ မိုးသံနဲ့အတူ ဝေါဝေါဆိုတဲ့အသံကို ခပ်ခပ်အုပ်အုပ် ကြားလိုက်ရတယ်။ ကိုထွေးက သွားပြီးကြည့်ဖို့ထလိုက်တယ်။ ကျွန်တော်ကလည်း သူ့နောက်ကထလိုက်တော့ သူနဲ့ကျွန်တော် ၆ ပေ ၇ ပေ လောက်ကွာမယ်။ အဲ့ဒီအချိန်မှာ စစ်အုပ်ထုပ်တွေကို မျက်နှာအုပ်ဆောင်းထားပြီး စစ်ယူနီဖောင်းဝတ်စုံနဲ့ မောင်းပြန်သေနတ်တွေ ကိုင်လာတဲ့ လူ ၃ ယောက်က ထွက်လာတာနဲ့ ကိုထွေးနဲ့တွေ့တော့ ဆင်ဝင် စြင်္ကန်ချိုးနားမှာ။ ကိုထွေးက ဘာပြောလိုက်လည်းတော့ ကျွန်တော် မကြားလိုက်ဘူး။ သူတို့က ချက်ချင်း ဒိုင်းဒိုင်းဒိုင်းဆို ပစ်လိုက်တယ်။ ကျွန်တော်လည်း ဆင်နားရွက်တံခါးလေး ကိုင်ပြီး ကြောင်ကြည့်နေတာပေါ့။ အဲ့ဒီထဲက တစ်ယောက်က မင်းနဲ့ဘာမှမဆိုင်ဘူး။ သွားသွားဆိုတာနဲ့ လှေကားကနေပြေးဆင်းတော့ လှေကားတစ်ဝက်လောက်မှာ မြန်မြန်ဆင်းလို့ သူတို့က ထပ်အော်ပြန်တယ်။ အဲ့ဒါနဲ့ ကျွန်တော်လည်း ၁၀ ပေ လောက်အမြင့်ကနေ တစ်ဝက်တစ်ပျက်ခုန်ချပြီး လှေကားအောက် ဝင်နေလိုက်တယ်။ အဲ့ဒီမှာပဲ စစ်ရောင်ဂျစ်ကားတစ်စီး ဆင်ဝင်အောက်ကို ထိုးစိုက်လာပြီး သူတို့ ၃ ယောက် ကားပေါ်တက်လိုက်သွားကြတယ်။ သူတို့ စစ်ဝတ်စုံလက်မောင်းမှာ အင်္ဂလိပ်စစ်တပ် ၁၂-နံပါတ် တပ်မတံဆိပ် တပ်ထားတာ တွေလိုက်ရတယ်။ ကိုထွေးကို သတိရပြီး ပြန်တက်ကြည့်ဖို့လုပ်တော့ ပြည်ထဲရေးဝန်ကြီး ဌာနကိုလာတဲ့ ရန်ကုန်ရဲမင်းကြီး ဦးအောင်ချိန်က ဘာဖြစ်လို့လဲမေးတော့ ကျွန်တော်လည်း ဘာမှမသိသေးဘူး။ ကိုထွေးကိုတော့ လူ ၃ ယောက် သေနတ်နဲ့ပစ်သွားတယ်လို့ သိသမျှပြောပြရင်း ပြေပြောဆိုဆို ကိုထွေးကို ဝိုင်းပြုစုနေတဲ့ လူတွေနားကို ရောက်သွားကြည့်တယ်။ ပြီးတော့ အစည်းအဝေး အခန်းဘက်ကို ရောက်တယ်။ အဲ့ဒီမှာ ဗိုလ်ချုပ်ရဲ့ ရုံးခန်းမင်းစေ ကိုသောင်းစိန်က ပျာယာခပ်ပြီး ချောက်ချားနေပုံကို တွေ့ရတယ်။ လက်နက်ကိုင် လူ ၃ ယောက်ဝင်ပြီး ပစ်ခတ်သွားတဲ့ အကြောင်း သူပြောတဲ့အခါ အစည်းအဝေးအခန်းထဲ အပြေးအလွှညးဝင်ကြည့်တဲ့ အချိန်မှာတော့ ရဲမင်ကြီးရဲ့ `ဟာ´ ဆိုတဲ့အသံကြီးနဲ့အတူ ပုံစံမျိုးစုံနဲ့ သွေးသံရွှဲရွှဲလဲနေတဲ့ ခေါင်းဆောင်ကြီးတွေကို ချောက်ချောက်ချားချား တွေ့လိုက်ရတယ်။ ရဲမင်းကြီးကလည်း မှုခင်းဆိုတော့ ချက်ချင်းပဲ လုံးဝမထိမကိုင်ဖို့ သတိပေးပြီး ကျွန်တော်တို့ ပြန်ဆင်းလာကြတယ်။ အဲ့ဒါနဲ့ ဆူးလေဘုရားနားက မီးသတ်သူနာပြုကားကို ဖုန်းနဲ့ချက်ချင်းခေါ်လိုက်တယ်။ ခေါ်မရဘူးဖြစ်နေတာနဲ့ စိတ်မရှည်တော့လို့ စက်ဘီးလေးယူပြီး နင်းလာခဲ့တော့ လမ်းမှာတွေ့တဲ့ သတင်းထောက်အသင်းဥက္ကဋ္ဌ ဗမာ့ခေတ်သတင်းစာ တာဝန်ခံ အယ်ဒီတာ ဦးကိုကိုလေးက လှမ်းခေါ်ပြီး ဒီကစ္စတွေအားလုံး တာဝန်ရှိတဲ့လူတွေ လုပ်နေကြပြီ။ စိတ်မပူပါနဲ့ တိုက်ပြန်ပြီးသတင်းရေးဖို့ အနားပြန်ယူပါလို့ ပြောတာနဲ့ မြန်မာ့အလင်းတိုက်ကို စက်ဘီးဆက်နင်းပြီး ပြန်လာခဲ့တာ၊ ခါတိုင်းမိနစ် ၂၀ လောက် နင်းရတဲ့ခရီးက အဲ့ဒီနေ့မှာတော့ ၁ နာရီလောက် နင်းယူခဲ့ရတယ်။ တိုက်ကိုရောက်တောလည်း ဘာမှမပြောနိုင်၊ ဘာမှမလုပ်နိုင်ဘူး။ ပါးစပ်ကပဲပြောပါ ရေးပေးပါမယ် ပြောတာတောင် ဘယ်လိုမှ ပြောမထွက်နိုင်ဘူး။ ထိုနေ့က နေဝင်မီးငြိမ်း အမိန်လည်းထုတ်ထားတော့ နေမဝင်ခင် သတင်းပြီးအောင်ရေးတင်ပြီး ပြန်လာခဲ့ရတယ်။ ရပ်ကွက်ထဲမှာလည်း ငိုသူငို၊ ငိုင်သူငိုင်၊ ဒေါသထွက်သူလည်း ထွက်နဲ့ပေါ့။ ´´

စာပေကိစ္စတွေ ဆွေးနွှေးဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ထိုနေ့နံနက်မှာ ချိန်းထားတဲ့အတွက် ထိုစဉ်က အသက် ၂၈ နှစ်အရွယ် ဆရာကြီးဒဂုန်တာရာ အတွင်းဝန်များရုံးကို နံနက် ၁၁ နာရီလောက်မှာ ရောက်လာခဲ့ပါတယ်။
``၁၈ ရက်က သံဈေးနားမှာ ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးလက်ထောက်နဲ့ တွေ့တာနဲ့ နည်းနည်းလည်း နောက်ကျနေတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုံးဘက်ခြမ်း အတွင်းဝန်ရုံးရဲ့ အနောက်ဘက် စပတ်လမ်း (ဗိုလ်အောင်ကျော်) ကနေ ဝင်လာတော့ ခါတိုင်းနဲ့မတူဘူး တိတ်ဆိတ်နေတယ်။ ခါတိုင်း လူတွေရှုပ်နေတဲ့ နေတဲ့နေရာကပေါ့လေ။ ထူးခြားနေတာပေါ့။ အချိန်များမှားသလား ကိုယ်ဟာကိုယ် ဇဝေဇဝါနဲ့ပေါ့။ အဲ့ဒါနဲ့ ဥပဒေပြုလွှတ်တော် အဆောက်အဦးအောက်ထပ် ဆရာဇော်ဂျီ ရုံးခန်းထဲဝင်လိုက်တော့ အစောင့်က မျက်နှာမကောင်းဘူး။ အထဲကြည့်လိုက်တော့လည်း ဦးချန်ထွန်းက စားပွဲပေါ်မှာ မှောက်ပြီးတော့ ခေါင်းငိုက်စိုက်ကျနေတယ်။ သူ့ဘေးမှာ ဆရာဇော်ဂျီ ထိုင်နေတယ်။ အဲ့ဒါနဲ့ ဘာဖြစ်လို့လည်း မေးတော့မှ မင်းမသိဘူးလား၊ ခုလေးပဲ ခေါင်းဆောင်ကြီးတွေကို ဆေးရုံပို့လိုက်ပြီဆိုပြီး ကျွန်တော်နဲ့ ဆရာဇော်ဂျီ အတွင်းဝန်ရုံး လက်ဖက်ရည်ဆိုင်မှာ ထိုင်လိုက်ကြတယ်။ ပြီးတော့ ကျွန်တော်လည်း ဘယ်မှလိုက်မနေပဲ ပြန်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးလည်း လူတွေကြည့်ရတာ ဝမ်းနည်းပက်လက်နဲ့ပေါ့ ကျွန်တော် တော်တော်လေး စိတ်ထိခိုက်သွားတယ်။ ´´
ဗမာ့တပ်မတော် ပျဉ်းမနားတပ်ရင်းက အသက် ၂၇ နှစ် အရွယ် Senior Captain ဗိုလ်ရဲထွဋ်က တာဝန်ထမ်းဆောင်နေရင်း တယ်လီဖုန်းသတင်းကနေ ခေါင်းဆောင်ကြီးတွေရဲ့ လုပ်ကြံခံရမှုသတင်းကြားရပြီး ချက်ချင်း ဗိုလ်နေဝင်း၊ ဗိုလ်မောင်မောင် တို့နဲ့အတူ ရန်ကုန်ကို ကားနဲ့ ဆင်းလာခဲ့ပါတယ်။
``ပျဉ်းမနားကနေ ရန်ကုန်ဆင်းလာတော့ ရန်ကုန်ကို မှောင်မှရောက်တယ်။ မင်္ဂလာဒုံမြို့ဝင်ဂိတ်မှာ လက်နက်တွေ သိမ်းလို့ ထားခဲ့ရတယ်။ အဲ့ဒါနဲ့ ရန်ကုန်ရောက်တော့ လူကြီးတွေနဲ့တွေ့ပြီး ကျွန်တော်တို့ ၃ ယောက် လူကြီးတွေ အမိန့်နာခံပြီး လိုက်နာဆောင်ရွက်ရပါတယ်။ အဲ့ဒီအချိန်မှာ အရမ်းစိတ်ဆိုးနေတယ်။ စိတ်လည်းအရမ်းမကောင်းဘူး။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး ဖြစ်နေတာ။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာတောင် သတိမထားမိဘူး။ ဒီရောက်ပြီး ဘာလုပ်ရမလဲဆိုတာသိဖို့ အရမ်းအရေးကြီးနေတော့ ညတွင်းချင်း လူကြီးတွေနဲ့ သွားတွေ့ကြရတာ။ အရမ်းခံစား ခဲ့ရတယ်။´´

လုပ်ကြံမှုသတင်း ဝါးခယ်မမြို့ကိုရောက်ရှိ ပျံ့နှံ့ပြီး တစ်မြို့လုံး တိတ်ဆိတ်သွားချိန်မှာ အသက် ၂၉ နှစ်အရွယ် သခင်သိန်းမောင်က ဝါးခယ်မမြို့ပေါ်က နေအိမ်မှာ မိသားစုနဲ့ အတူရှိနေပါတယ်။
``၂ နာရီလောက်ခြားပြီး အဲ့ဒီသတင်းဟာ ဝါးခယ်မမြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။ လူတွေအားလုံး တော့်ကို ချောက်ချားသွားကြတယ်။ လွတ်လပ်ရေးရဖို့ ဦးဆောင်နေတဲ့ ခေါင်းဆောင်ကြီးတွေ မရှိကြတော့ဘူးဆိုတော့ အားလည်း ငယ်သွားကြတယ်။ တကယ့်ကို ထူးထူးခြားခြားကြီးပါပဲ။ ဈေးတွေလည်းပိတ်ကြ၊ ငိုတဲ့လူလည်း ငိုကြပေါ့။ မိုးကလည်း အုံ့ဆိုင်းဆိုင်နဲ့ တစ်မြို့လုံး တိတ်ဆိတ်သွားကြတယ်။´´

ထိုနေ့နံနက် ၁၁ နာရီလောက်အချိန်မှာ သိမ်ကြီးဈေးကို အဝယ်ထွက်လာရင်းနှင့် ဈေးရောက်မှ ဒီသတင်းကြားသိခဲ့ရတဲ့ သခင်မကြီး ဒေါ်လှကြည် (စာရေးဆရာမကြီး ဒေါ်ကြည်ဦး)က အဲ့ဒီအချိန်က အသက် ၂၂ နှစ်အရွယ် အထည်ပိုင်ရှင် တစ်ဦးပေါ့။
``သိမ်ကြီးဈေးနဲ့ ၃၃ လမ်းကြားမှာ ဖရေဇာလမ်းဖက်ကို မျက်နှာမူပြီးရောင်းတဲ့ ဆိုင်တွေပိတ်ထားကြတယ်။ ဟင်းသီးဟင်းရွက် သည်တွေလည်း ထုပ်ကြ ပိုးကြ ပြေကြ လွှားကြနဲ့။ ကိုယ်များစောနေတာလား ဈေးပိတ်တာလားပေါ့။ အဲ့ဒီလိုလည်း မဟုတ်ဘူး။ ဒီနေ့က ပုံမှန်လာနေကြပဲ။ လူတွေကြည့်ရတာ ကြောက်ရွံ့ တုန်လှုပ် ကြေကွဲနေတဲ့ မျက်နှာမျိုးတွေနဲ့ပါ။ အဲ့ဒါနဲ့ အထည်ဆိုင် ထဲဝင်သွားတော့လည်း ဆိုင်တွေက အပြိုင်အဆိုင် သိမ်းနေကြတော့ အထည်ရေင်းတဲ့ ကုလားလေးကို ဘာဖြစ်တုန်းမေးလိုက်တော့ အစ်မကြီးမသိဘူးလား။ ဗိုလ်ချုပ်တို့ လုပ်ကြံခံရလို့တဲ့။ အို… ဘုရား… ဘုရား… မဟုတ်ပါစေနဲ့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး အိမ်ကအမေ့ကို မေးဖို့ပြန်လာတော့ အမေကသေချာသလောက်ပါပဲလို့ ပြောလိုက်တဲ့အခါ ရင်ထဲမှာ တစ်ကယ်ပဲဆို့သွားတယ်။´´

ပျဉ်းမနားဘူတာအနီး တောင်ကုန်းပေါ်က ဗမာပြည်ကွန်မြူနစ်ပါတီ ပျဉ်းမနားရုံးမှာ ရောက်နေတဲ့ အသက် ၂၃ နှစ်အရွယ် သခင်တင်မြက ရန်ကုန်ကနေ ပျဉ်းမနားရုံးခွဲကို ဖုန်းဆက်အကြောင်းကြားသံ ကြားရတာနဲ့ ဒီသတင်းကို ဖြစ်ပွားချိန်နဲ့ ၁ နာရီ ခန့်လောက်မှာပဲ သိခွင့်ရခဲ့ပါတယ်။

``ရန်ကုန်ရထားကြီး ပျဉ်းမနားဘူတာကို ဆိုက်တော့ သွားကြည့်လိုက်ပါသေးတယ်။ ဘာသတင်းထူး ကြားရမလဲပေါ့။ အဲ့ဒီမှာ အမျိုးသမီးတွေက ပိုသိသာတယ်။ အော်ဟစ်ငိုသူက ငို၊ ခပ်ငိုင်ငိုင်ဖြစ်သူကဖြစ်။ အမျိုးသားတွေကြည့်ရတာလဲ တော်တော်ကို ထိန်းထားရတဲ့ပုံမျိုး၊ အဲ့ဒီတော့ ဘူတာကနေ ဈေးထဲကလူတွေ သိသွားကြတော့ ငိုယိုပြီး ဆိုင်တွေ သိမ်းကြတာပေါ့လေ။ ကျွန်တော်တို့ကတော့ နိုင်ငံရေးသမားတွေဆိုတော့ ဝမ်းနည်းတာလည်း တစ်ကြောင်းပေါ့လေ။ တစ်ဖက်ကလည်း သူတို့လုပ်ကိုင် ပုံဖော်သွားခဲ့တာတွေကို ဆက်ပြီး ဘာတွေလုပ်ကြမလဲဆိုတာ အဲ့ဒီနေ့က ပြောဖြစ်ကြတယ်။´´

ဖိုးသူတော် (www.phothutaw.com)
Credit: KoNayGyi
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top