×
ဖမ်းမိခဲ့တဲ့ငါးကြီးဟာ Oarfish အမသတ္တဝါဖြစ်ပြီး၊ Oarfish ငါးတွေဟာ အများအားဖြင့် သမုဒ္ဒရာ ရေနက်ပိုင်းမှာ ကြင်လည်ကျက်စားကြသလို၊ အရှည်အားဖြင့်တော့ အများဆုံး (၃၆)ပေအထိ ရှိနိုင်ပြီး ငါးတွေထဲမှာတော့ ခန္ဓာကိုယ်အရှည်ဆုံး ငါးမျိုးစိတ်ဖြစ်ပါတယ်။
Araya က ဆက်လက်ပြီး ဒီလိုငါးမျိုးတွေဟာ ရေမျက်နှာပြင်အပေါ်ပိုင်းမှာ အလွန်တွေ့ရခဲကြောင်း သို့သော်လည်း သူတို့တစ်တွေ အသည်းအသန်နေမကောင်း ဖြစ်တဲ့အခါ၊ သို့မဟုတ် သေဆုံးခါနီးအချိန်မျိုးမှာ ရေမျက်နြှာ့ပင်ထက်ကို ပေါ်လာလေ့ရှိပြီး၊ တစ်ခါတလေမှာတော့ ရေအောက် ငလျှင်တွေကြောင့်လည်း လူတွေနဲ့ နီးစပ်တဲ့ ရေတိမ်ဒေသတွေဆီကို ရောက်လာတတ်တယ်လို့ ပြောပါတယ်။
source : mirror.co.uk
# Unicode Version ဖြင့် ဖတ်ပါ #
ပစိဖိတ်သမုဒ္ဒရာအတွင်း အဝင်အပါဖြစ်တဲ့ ချီလီကမ်းရိုးတမ်းနဲ့အနီးမှာ တံငါသည်အုပ်စုတစ်စုဟာ (၁၆)ပေအထိ အရှည်ရှိတဲ့ ပင်လယ်မြွေနဂါးကြီးကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့အဖွဲ့ဟာ တစ်ခါမှ ဒီလောက်ကြီးမားတဲ့ မြွေနဂါးမျိူး မဖမ်းမိခဲ့ဖူးကြောင်း သိရပြီး၊ သူတို့အားလုံးဟာ ဒီသတ္တဝါကြီးကို ပင်လယ်မြွေနဂါးကြီးလို့ ယုံကြည်နေကြပါတယ်။
အဆိုပါ သတ္တဝါကြီးဟာ (၁၆)ပေအထိ ရှည်လျှားပြီး အလေးချိန်အားဖြင့် ပေါင်(၃၃၀) သို့မဟုတ် (၁၅၀)ကီလိုဂရမ်အထိ အလေးချိန်ရှိပါတယ်။ ဒါပေမယ့် သူတို့ထင်ထားသလို ဒီသတ္တဝါကြီးဟာ မြွေနဂါးမဟုတ်ကြောင်း ကျွမ်းကျင်သူတွေက ထောက်ပြခဲ့ပါတယ်။ အဆိုပါ သတ္တဝါမှာ Oarfish လို့ခေါ်တဲ့ ဧရာမ ငါးအမျိုးအစား ဖြစ်ပါတယ်။
ဖမ်းမိခဲ့တဲ့ငါးကြီးဟာ Oarfish အမသတ္တဝါဖြစ်ပြီး၊ Oarfish ငါးတွေဟာ အမာျးအားဖြင့် သမုဒ္ဒရာ ရေနက်ပိုင်းမှာ ကြင်လည်ကျက်စားကြသလို၊ အရှည်အားဖြင့်တော့ အများဆုံး (၃၆)ပေအထိ ရှိနိုင်ပြီး ငါးတွေထဲမှာတော့ ခန္ဓာကိုယ်အရှည်ဆုံး ငါးမျိုးစိတ်ဖြစ်ပါတယ်။
အခုဖမ်းမိခဲ့တဲ့ ငါးကြီးကို Iquique မှာတည်ရှိတဲ့ Arturo Prat University မှာ ကျွမ်းကျင်ပညာရှင် Miguel Araya ထံကို သွားရောက်ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။ Araya ရဲ့ အဆိုအရ ဒီငါးကြီးရဲ့ ခန္ဓာကိုယ်ကို ခွဲစိတ်လိုက်တဲ့အခါမှာ ပုဇွန်ဆိတ်အများအပြားကို စားထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။
Araya က ဆက်လက်ပြီး ဒီလိုငါးမျိုးတွေဟာ ရေမျက်နှာပြင်အပေါ်ပိုင်းမှာ အလွန်တွေ့ရခဲကြောင်း သို့သော်လည်း သူတို့တစ်တွေ အသည်းအသန်နေမကောင်း ဖြစ်တဲ့အခါ၊ သို့မဟုတ် သေဆုံးခါနီးအချိန်မျိုးမှာ ရေမျက်နှာြ့ပင်ထက်ကို ပေါ်လာလေ့ရှိပြီး၊ တစ်ခါတလေမှာတော့ ရေအောက် ငလျှင်တွေကြောင့်လည်း လူတွေနဲ့ နီးစပ်တဲ့ ရေတိမ်ဒေသတွေဆီကို ရောက်လာတတ်တယ်လို့ ပြောပါတယ်။
source : mirror.co.uk
ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top