န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ထမ့္လုံဂူထဲမွာ ေနာက္ဆုံးက်န္ရစ္ေနတဲ့ ကေလး (၄) ေယာက္နဲ႔ နည္းျပတုိ႔ကုိ ဒီေန႔ အၿပီးကယ္ထုတ္မွာျဖစ္ၿပီး လက္ရွိမွာ သူတုိ႔ရဲ႕က်န္းမာေရးေကာင္းမြန္ေနတယ္လုိ႔ ကယ္ဆယ္ေရးအဖြဲ႕ေခါင္းေဆာင္က ဆုိလုိက္ပါတယ္။

ကယ္ဆယ္ေရးအဖြဲ႕အေနနဲ႔ (၂) ရက္ၾကာ ကယ္ဆယ္ေရးအစီအစဥ္ေတြအအၿပီးမွာ ကေလး (၈)ဦးအထိ ကယ္ဆယ္ႏုိင္ခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြကုိ ေဘးကင္းရန္ကင္းနဲ႔ အစီအစဥ္တက် လုပ္ကိုင္ႏုိင္ခဲ့ပါတယ္။

ကယ္ထုတ္ထားခဲ့တဲ့ ကေလးေတြကုိေတာ့ မိဘေတြနဲ႔ေတြ႕ခြင့္မေပးေသးသလုိ ဘယ္သူေတြဆုိတာကုိလည္း ေၾကညာျခင္းမရွိေသးပါဘူး။

ကယ္ဆယ္ေရးလုပ္ငန္းခြင္ကုိ ၾကည့္ရႈဖုိ႔အတြက္ ထုိင္း၀န္ႀကီးခ်ဳပ္ကုိယ္တုိင္ေရာက္လာခဲ့ၿပီး ေနာက္ဆုံးက်န္ရစ္တဲ့ (၅) ဦးကုိ ဒီေန႔မွာ အၿပီးကယ္ဆယ္ဖုိ႔ အစီအစဥ္ဆြဲခဲ့ၾကပါတယ္။

တာ၀န္ရွိတဲ့သူေတြအေနနဲ႔ က်န္ရစ္တဲ့သူ (၅) ဦးစလုံးကုိ အၿပီး ကယ္တင္ေနခ်င္ေပမယ့္လည္း ေရငုပ္သမားေတြကေတာ့ (၄)ဦးကုိ ကယ္တာကသာ အလုံၿခဳံဆုံးနဲ႔ စိတ္အခ်ရဆုံးျဖစ္တယ္လုိ႔ မွတ္ခ်က္ေပးခဲ့ၿပီး နည္းျပကုိ ေနာက္ဆုံးတစ္ရက္ ဂူထဲမွာ ထားခဲ့သင့္တယ္လုိ႔ သူတုိ႔ရဲ႕ ထင္ျမင္ခ်က္ကုိ ေျပာျပခဲ့ၾကပါတယ္။

ကေလးေတြကုိ ဂူထဲမွာ က်န္းမာေရးေစာင့္ေရွာက္မႈေတြေပးေနတဲ့ ဆရာ၀န္က ကေလးေတြကုိ စိတ္ၿငိမ္ေဆးတုိက္ထားခဲ့ပုံရၿပီး မ်က္ႏွာေပၚဖုံးအုပ္ေပးထားတဲ့မ်က္ႏွာဖုံးေတြမွာ ေအာက္ဆီဂ်င္ဘူးေတြက ပုိက္ေတြနဲ႔ခ်ိတ္ထားတာမုိ႔ အသက္ကုိ ပုံမွန္ရွဴလုိ႔ရႏုိင္ၾကတယ္လုိ႔ ကယ္ဆယ္ေရးအဖြဲ႕မွာပါ၀င္ေနတဲ့ ၿဗိတိန္ႏုိင္ငံသား ပီတာဒါးနိစ္က ဆုိပါတယ္။

ကယ္ထုတ္မႈလုပ္ငန္းစဥ္ဟာ တျဖည္းျဖည္းနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္လာခဲ့ၿပီး ပုိမုိျမန္ဆန္လာခဲ့တယ္လုိ႔ ခ်င္းရုိင္ ခရုိင္မႈး အုိိဆတ္ခ်နခြန္က ဆုိလုိက္ပါတယ္။ ခရုိင္မွဴးက ကေလးေတြကုိ မည္သူမည္၀ါျဖစ္ေၾကာင္းအသိမေပးရျခင္းက က်န္ရွိေနေသးတဲ့ ကေလးေတြရဲ႕မိဘေတြ စိတ္ပူမွာကုိ မလုိလားတဲ့အတြက္ျဖစ္ေၾကာင္း သတင္းစာရွင္းလင္္းပြဲမွာ ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။

Linn

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC , Dailymail
# Unicode Version ျဖင့္ ဖတ္ပါ #
ထမ့်လုံဂူထဲမှာ နောက်ဆုံးကျန်ရစ်နေတဲ့ ကလေး (၄) ယောက်နဲ့ နည်းပြတို့ကို ဒီနေ့ အပြီးကယ်ထုတ်မှာဖြစ်ပြီး လက်ရှိမှာ သူတို့ရဲ့ကျန်းမာရေးကောင်းမွန်နေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်က ဆိုလိုက်ပါတယ်။

ကယ်ဆယ်ရေးအဖွဲ့အနေနဲ့ (၂) ရက်ကြာ ကယ်ဆယ်ရေးအစီအစဉ်တွေအအပြီးမှာ ကလေး (၈)ဦးအထိ ကယ်ဆယ်နိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဘေးကင်းရန်ကင်းနဲ့ အစီအစဉ်တကျ လုပ်ကိုင်နိုင်ခဲ့ပါတယ်။

ကယ်ထုတ်ထားခဲ့တဲ့ ကလေးတွေကိုတော့ မိဘတွေနဲ့တွေ့ခွင့်မပေးသေးသလို ဘယ်သူတွေဆိုတာကိုလည်း ကြေညာခြင်းမရှိသေးပါဘူး။

ကယ်ဆယ်ရေးလုပ်ငန်းခွင်ကို ကြည့်ရှုဖို့အတွက် ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင်ရောက်လာခဲ့ပြီး နောက်ဆုံးကျန်ရစ်တဲ့ (၅) ဦးကို ဒီနေ့မှာ အပြီးကယ်ဆယ်ဖို့ အစီအစဉ်ဆွဲခဲ့ကြပါတယ်။

တာဝန်ရှိတဲ့သူတွေအနေနဲ့ ကျန်ရစ်တဲ့သူ (၅) ဦးစလုံးကို အပြီး ကယ်တင်နေချင်ပေမယ့်လည်း ရေငုပ်သမားတွေကတော့ (၄)ဦးကို ကယ်တာကသာ အလုံခြုံဆုံးနဲ့ စိတ်အချရဆုံးဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပြီး နည်းပြကို နောက်ဆုံးတစ်ရက် ဂူထဲမှာ ထားခဲ့သင့်တယ်လို့ သူတို့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ကြပါတယ်။

ကလေးတွေကို ဂူထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ ဆရာဝန်က ကလေးတွေကို စိတ်ငြိမ်ဆေးတိုက်ထားခဲ့ပုံရပြီး မျက်နှာပေါ်ဖုံးအုပ်ပေးထားတဲ့မျက်နှာဖုံးတွေမှာ အောက်ဆီဂျင်ဘူးတွေက ပိုက်တွေနဲ့ချိတ်ထားတာမို့ အသက်ကို ပုံမှန်ရှူလို့ရနိုင်ကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့မှာပါဝင်နေတဲ့ ဗြိတိန်နိုင်ငံသား ပီတာဒါးနိစ်က ဆိုပါတယ်။

ကယ်ထုတ်မှုလုပ်ငန်းစဉ်ဟာ တဖြည်းဖြည်းနဲ့ ချောချောမွေ့မွေ့ဖြစ်လာခဲ့ပြီး ပိုမိုမြန်ဆန်လာခဲ့တယ်လို့ ချင်းရိုင် ခရိုင်မှုး အိုဆတ်ချနခွန်က ဆိုလိုက်ပါတယ်။ ခရိုင်မှူးက ကလေးတွေကို မည်သူမည်ဝါဖြစ်ကြောင်းအသိမပေးရခြင်းက ကျန်ရှိနေသေးတဲ့ ကလေးတွေရဲ့မိဘတွေ စိတ်ပူမှာကို မလိုလားတဲ့အတွက်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Linn

ဖိုးသူတော် (www.phothutaw.com)
Credit: BBC , Dailymail
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top