န၀ဒေးရုပ်ရှင်ရုံ နှင့် ဗဟိုမီးသတ်အနီး Facility ပြည့်စုံသည့် အသင့်နေ Real Home ကွန်ဒိုအရောင်းပြပွဲ
×





source : metro.co.uk

# Unicode Version ဖြင့် ဖတ်ပါ #
ကုန်တင်ကားတစ်စီးပေါ်ကနေ ပေါင်(၈၀၀)အလေးချိန်ရှိတဲ့ ကျောက်တုံးတစ်တုံး ပြုတ်ကျပြီးနောက်၊ ဆင့်ကဲဖြစ်စသ်အနေနဲ့ သားအမိနှစ်ဦး သေဆုံးခဲ့ရပါတယ်။ အဆိုပါ ကျောက်တုံးကြီးဟာ ကုန်တင်ကားတစ်စီး တင်လာခဲ့တဲ့ ကျောက်တုံးတွေထဲက တစ်ခုဖြစ်ပါတယ်။ ကျောက်တုန်းကြီးဟာ ကားပေါ်ကနေ ပြုတ်ကျပြီးနောက် တိုယိုတာ အိမ်စီးကားကို ဝင်တိုက်ခဲ့တာပါ။

သေဆုံးသူတွေကတော့ မိခင်ဖြစ်သူ Karen Christiansen (၆၇)နှစ်နဲ့ သူမရဲ့ သမီးဖြစ်သူ Jen (၃၂)နှစ်တို့ ဖြစ်ပါတယ်။ ကျောက်တုံးကြီးဟာ တစ်ဖက်ယာဉ်ကြောမှာ မောင်နှင်းလာတဲ့ လုပ်ငန်းသုံးထရပ်ကားပေါ်ကနေ ပြုတ်ကျပြီးနောက်၊ တစ်ချိန်တည်းမှာပင် တိုယိုတာအဗာလွန်ကားကို အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့တာပါ။
အခင်းဖြစ်နေရာကို ပန်းရောက်မှုတ်ဆေးဖြင့် ဖြန်းထားစဉ်

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အမေရိကန်နိုင်ငံ၊ Minneapolis, Minn မှာ ဖြစ်ခဲ့တာပါ။ သေဆုံးသူတွေ စီးလာတဲ့ ကားလေးမှာလည်း အမိုးတစ်ခုလုံး ကျွတ်ထွက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရပါတယ်။ ကျောက်တုံးကြီးကို ဖယ်ရှားဖို့အတွက် မီးသတ်သမား (၄)ဦးအထိ အသုံးပြုခဲ့ရပြီး၊ ရဲကတော့ ထရပ်ကားဆရာနဲ့ ဖမ်းမိနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

မိခင်ဖြစ်သူဟာ အခင်းဖြစ်နေရာမှာပင် သေဆုံးသွားခဲ့ပြီး၊ Jen ကတော့ ဆေးရုံရောက်ပြီး မကြာမီမှာ သေဆုံးသွားခဲ့ပါတယ်။ ရဲတွေကတော့ ထရပ်ကားဟာ ကုန်ကို မတန်တဆတင်ဆောင်လာပုံရတယ်လို့ ပြောပါတယ်။ ထရပ်ကားသမားကတော့ အခင်းဖြစ်တဲ့နေရာကနေ ချက်ချင်း ထွက်ပြေးလွတ်မြောက်သွားပြီး၊ ရဲက အခုဆို ဝရမ်းထုတ်ပြီး ရှာဖွေနေပါတယ်။

source : metro.co.uk

ဖိုးသူတော် (www.phothutaw.com)
Credit: နတ်စည်တော် (MyanmarNote)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top