AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×







Credit: Myint Myat
# Unicode Version ဖြင့် ဖတ်ပါ #
တစ်ဦးနဲ့တစ်ဦး သိပ်ကိုချစ်ကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးကတော့ အမြဲလိုလို ကြည်ကြည်နူးနူးနဲ့တွေ့မြင်ရတာကြောင့် ပရိသတ်တွေအားကျနေရတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ အမြဲလိုလိုနားလည်မှုအပြည့်ရှိပြီး ချစ်သူကို အလိုလိုက်တတ်တဲ့ သူရိယနဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ ဘေဘီလေးဆုအိမ့်စံတို့ နှစ်ဦးကတော့ Sedona Hotel မှာကျင်းပခဲ့တဲ့ ဒီဇိုင်နာ ငြိမ်းကိုရဲ့ Fairytale Show ပွဲလေးကို အတူတွဲတက်ရောက်ခဲ့ကြတာပါ။ ဒီပွဲလေးမှာတော့ သူရိယက ချစ်ရသူ ဘေဘီဆုလေးကို အကြင်နာအကြည့်တွေနဲ့ တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝဖြစ်နေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေက သဘောကျနေကြတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် နတ်ဖက်တဲ့စုံတွဲလေးဖြစ်တဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ ချစ်သူနှစ်ဦးရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်

အရိပ်တကြည့်ကြည့်နဲ့ ချစ်တတ်လွန်းသူကို ပိုင်ဆိုင်ထားတဲ့ ဆုအိမ့်စံကိုတော့ မိန်းကလေးတော်တော်များများက အားကျနေကြတာပဲဖြစ်ပါတယ်။

တစ်ချက်လေးတောင် ချစ်သူကိုမျက်နှာမလွှဲနိုင်တဲ့ ချစ်တတ်လွန်းသူကြီး သူရိယ

ဘေဘီဆုလေးကလည်း ဒီပွဲလေးမှာ အရုပ်လေးတစ်ရုပ်လို လှရက်လွန်းနေခဲ့တာပါ။

အမြဲလိုလို ကြင်နာမှုတွေပြည့်နှက်နေတဲ့ သူရိယတို့ချစ်သူနှစ်ဦးကတော့ အခုဆိုရင် ချစ်သူသက်တမ်း တစ်နှစ်ကျော်ရှိသွားပြီပဲ ဖြစ်ပြီး နားလည်မှုတွေများစွာနဲ့ အနာဂတ်ကို ရှေ့ဆက်နေကြတာပါ။ သူတို့ချစ်သူနှစ်ဦး သရုပ်ဆောင်ထားတဲ့ “လွမ်းတယ် ကြာဖြူရယ်” ဗီဒီယိုဇာတ်ကားကြီးကလည်း ပရိသတ်တွေငှားရမ်းကြည့်ရှုလို့ ရနေပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လိုက်ဖက်ညီလွန်းစွာ ပွဲတက်လာတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ချစ်သူနှစ်ဦးကို ချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Source;Thu Riya & Hsu Eaint San’s Facebook

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myat
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top