AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ပရဟိတအလုပ္ေတြ လုပ္ေနရရင္ ေပ်ာ္ေနတဲ့ သူမက အားလပ္ခ်ိန္ေလးေတြမွာ သူငယ္ခ်င္းေတြနဲ႕ နာေရးကူညီမႈ အသင္းမွာ ပါဝင္ကူညီလ်က္ ရွိပါတယ္။ ေသြးလွဴဒါန္းျခင္းကိုလည္း ခဏခဏလုပ္တတ္တဲ့ သူမက သူမရဲ႕ ခႏၶာကိုယ္တစ္ခုလံုးကိုလည္း လွဴဒါန္းထားသူ ျဖစ္ပါတယ္။

ပရဟိတအလုပ္ေတြ  လုပ္ေနရရင္ကို ေပ်ာ္ေနတဲ့ သရုပ္ေဆာင္ ေမသက္ခိုင္ဟာ သူမရဲ႕ သူငယ္ခ်င္းေတြနဲ႕အတူ နာေရးကူညီမႈအသင္းမွာ ပါဝင္ကူညီျဖစ္ခဲ့ပါတယ္။သူငယ္ခ်င္းေတြနဲ႕ အခ်ိန္ရရင္ ရသလို နာေရးကူညီမႈအသင္း(ရန္ကုန္)မွာ သြားၿပီး လုပ္အားေပးျဖစ္ခဲ့သလို ဒီေန႕မွာ လည္း သူမတို႕ သူငယ္ခ်င္းတစ္ဖြဲ႕ ပါဝင္ကူညီေပးျဖစ္တယ္လို႕ သိရပါတယ္။

ဒီေန႕(ဇူလိုင္၁၂ရက္)မွာ ေသဆံုးသြားခဲ့တဲ့ အန္တီရဲ႕ ရုပ္ေလာင္းကို စံျပေဆးရံုကေန ေရေဝးသုႆန္ မီးသၿဂိဳလ္စက္ဆီသို႕ ကူညီပို႕ေဆာင္ ေပးခဲ့ၾကတယ္လို႕ နာေရးကူညီမႈအသင္းရဲ႕ ေဖ့စ္ဘြတ္မွာေရးသားထားပါတယ္။ေမသက္ခိုင္ဟာ ယခုလုိမ်ိဳး နာေရးကူညီမႈအသင္းေတြမွာ ပါဝင္ကူညီတတ္သလို သူမရဲ႕ ေသြးနဲ႕လည္း လူေတြကို ကူညီတတ္သူျဖစ္ပါတယ္။

၂၀၁၈ခုႏွစ္ ဇြန္လ(၂၅) ရက္တုန္းကလည္း (၄)ႀကိမ္ေျမာက္ ေသြးလွဴဒါန္းျခင္းကို ျပဳလုပ္ခဲ့ပါတယ္။ ေမသက္ခုိင္ဟာ ေဖေဖာ္ဝါရီလ တုန္းက လည္း ႏွလုံးေရာဂါနဲ႔ ခြဲစိတ္မႈခံယူရမယ့္ ကေလးေလးအတြက္ ေသြးလွဴေပးခဲ့ပါေသးတယ္။ ကေလးငယ္ေလးရဲ႕ ခြဲစိတ္မႈဟာေအာင္ျမင္ခဲ့လုိ႔ ဝမ္းသာပီတိျဖစ္ခဲ့ရတယ္လုိ႔ ဆုိပါတယ္။

ေမသက္ခိုင္က ၂၀၁၆ခုႏွစ္ သူမရဲ႕ ေမြးေန႕တုန္းကလည္း ေမြးေန႕အမွတ္တရ အလွဴအျဖစ္ ခႏၶာကိုယ္ တစ္ခုလံုုးကို ခႏၶာေဗဒဌာန ေဆးတကၠသိုလ္(၂)၊ ရန္ကုန္တြင္ လွဴဒါန္းခဲ့တယ္လို႕ သိရပါတယ္။

သရုပ္္ေဆာင္ေမသက္ခိုင္ဟာ အႏုပညာေလာကနဲ႔ နည္းနည္း အလွမ္းေဝးေနခဲ့တာျဖစ္ပါတယ္။ ဇာတ္ကားရိုက္ကူးမႈေတြ မေတြ႕ရေတာ့တဲ့ ေမသက္ခိုင္ကို ပရိသတ္ေတြက ဇာတ္ကားျပန္ရိုက္ဖို႕ ေတာင္းဆိုထားတာေတြလည္း Comment ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႕ရပါတယ္။

ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးနဲ႔ ခ်စ္စဖြယ္အသံေလးကို ပိုင္ဆုိင္ထားတဲ့ ေမသက္ခုိင္ဟာ ပရိသတ္ေတြခ်စ္တဲ့ အားေပးတဲ့ အႏုပညာရွင္ တစ္ဦးလည္း ျဖစ္သလုိ ဝါရင့္အႏုပညာရွင္တစ္ဦးျဖစ္တဲ့ အကယ္ဒမီေမသဥၨာဦးရဲ႕ အႏုပညာမ်ဳိးဆက္သစ္ တူမေတာ္စပ္သူ ေလးျဖစ္ပါတယ္။

Source-Duwun
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Hlataw

#Unicode Version#
ပရဟိတအလုပ်တွေ လုပ်နေရရင် ပျော်နေတဲ့ သူမက အားလပ်ချိန်လေးတွေမှာ သူငယ်ချင်းတွေနဲ့ နာရေးကူညီမှု အသင်းမှာ ပါဝင်ကူညီလျက် ရှိပါတယ်။ သွေးလှူဒါန်းခြင်းကိုလည်း ခဏခဏလုပ်တတ်တဲ့ သူမက သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း လှူဒါန်းထားသူ ဖြစ်ပါတယ်။

ပရဟိတအလုပ်တွေ  လုပ်နေရရင်ကို ပျော်နေတဲ့ သရုပ်ဆောင် မေသက်ခိုင်ဟာ သူမရဲ့ သူငယ်ချင်းတွေနဲ့အတူ နာရေးကူညီမှုအသင်းမှာ ပါဝင်ကူညီဖြစ်ခဲ့ပါတယ်။သူငယ်ချင်းတွေနဲ့ အချိန်ရရင် ရသလို နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ သွားပြီး လုပ်အားပေးဖြစ်ခဲ့သလို ဒီနေ့မှာ လည်း သူမတို့ သူငယ်ချင်းတစ်ဖွဲ့ ပါဝင်ကူညီပေးဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့(ဇူလိုင်၁၂ရက်)မှာ သေဆုံးသွားခဲ့တဲ့ အန်တီရဲ့ ရုပ်လောင်းကို စံပြဆေးရုံကနေ ရေဝေးသုဿန် မီးသဂြိုလ်စက်ဆီသို့ ကူညီပို့ဆောင် ပေးခဲ့ကြတယ်လို့ နာရေးကူညီမှုအသင်းရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။မေသက်ခိုင်ဟာ ယခုလိုမျိုး နာရေးကူညီမှုအသင်းတွေမှာ ပါဝင်ကူညီတတ်သလို သူမရဲ့ သွေးနဲ့လည်း လူတွေကို ကူညီတတ်သူဖြစ်ပါတယ်။

၂၀၁၈ခုနှစ် ဇွန်လ(၂၅) ရက်တုန်းကလည်း (၄)ကြိမ်မြောက် သွေးလှူဒါန်းခြင်းကို ပြုလုပ်ခဲ့ပါတယ်။ မေသက်ခိုင်ဟာ ဖေဖော်ဝါရီလ တုန်းက လည်း နှလုံးရောဂါနဲ့ ခွဲစိတ်မှုခံယူရမယ့် ကလေးလေးအတွက် သွေးလှူပေးခဲ့ပါသေးတယ်။ ကလေးငယ်လေးရဲ့ ခွဲစိတ်မှုဟာအောင်မြင်ခဲ့လို့ ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

မေသက်ခိုင်က ၂၀၁၆ခုနှစ် သူမရဲ့ မွေးနေ့တုန်းကလည်း မွေးနေ့အမှတ်တရ အလှူအဖြစ် ခန္ဓာကိုယ် တစ်ခုလုံးကို ခန္ဓာဗေဒဌာန ဆေးတက္ကသိုလ်(၂)၊ ရန်ကုန်တွင် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

သရုပ်ဆောင်မေသက်ခိုင်ဟာ အနုပညာလောကနဲ့ နည်းနည်း အလှမ်းဝေးနေခဲ့တာဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာတွေလည်း Comment တော်တော်များများမှာ တွေ့ရပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်သလို ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီမေသဉ္ဇာဦးရဲ့ အနုပညာမျိုးဆက်သစ် တူမတော်စပ်သူ လေးဖြစ်ပါတယ်။

Source-Duwun

ဖိုးသူတော် (www.phothutaw.com)
Credit: Hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top