×





Credit: popinvdo
# Unicode Version ဖြင့် ဖတ်ပါ #
ရီးရဲလ်မက်ဒရစ် အသင်းကြယ်ပွင့်ကစားသမား ရော်နယ်ဒိုဟာ အားကစားလောကမှာ မိန်းကလေးတွေရဲ့ အသည်းစွဲအားပေးမှုကို ရထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့ ချိန်းဆိုမှုကို ငြင်းပယ်ခဲ့တဲ့ သာမန်မော်ဒယ်လေး တစ်ဦးရှိပါတယ်။

သြစတြေးလျမှာ နေထိုင်သူ အေလင်းလီမာကို ရော်နယ်ဒိုက ချိန်းတွေ့ဖို့ ကြိုးစားခဲ့တာပါ။ ၂၀၁၅ ခုနှစ်အတွင်းမှာ ရော်နယ်ဒိုက အင်စတာဂရမ်ကတဆင့် လီမာကို တွေ့ခဲ့ပြီး ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လီမာက ချက်ခြင်းပဲ ရော်နယ်ဒိုရဲ့ ကြိုးစားမှုကို ပယ်ချလိုက်ပါတယ်။

အကြောင်းကတော့ သူမမှာ ချစ်သူရှိနေပြီးသားဖြစ်တာကြောင့်ပါ။ ၂၀၁၅ သြဂုတ်လတုန်းက စပြီး ရော်နယ်ဒိုက သူမကို အပြင်မှာတွေ့ဆုံဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုက လီမာကို အင်စတာဂရမ်ကနေသာမကပဲ Whatsapp အသုံးပြုပြီးလည်း မက်ဆေ့တွေ ပို့ခဲ့ပါတယ်။

အဲဒီအကြောင်းကို ရော်နယ်ဒိုရဲ့ ရည်းစားဟောင်း အီရီနာရီတ်သိသွားပြီး ပြဿနာဖြစ်ခဲ့ကြတာလို့ သတင်းတွေက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popinvdo
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top