မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ရခိုင္ျပည္နယ္ မာန္ေအာင္ျမိဳ႕နယ္မွ ေက်းရြာႏွစ္ခုတြင္ တစ္ရက္တည္းအတြင္း အမ်ိဳးသား တစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႕၏ အေလာင္းအား ေရထဲမွ ရွာေဖြ ေတြ႕ရွိခဲ့သည္ဟု သတင္းရရွိသည္။

မာန္ေအာင္ျမိဳ႕နယ္ ကမားေက်းရြာတြင္ အမ်ိဳးသားတစ္ဦ၏ အေလာင္းအား ကမားေခ်ာင္းထဲတြင္ ေတြ႕ရွိခဲ့ေၾကာင္း၊ ေရနစ္၍ ေသဆံုးပံုရေၾကာင္း၊ ၎အမ်ိဳးသားမွာ ဦးမိုးႏိုင္ (၄၀)ႏွစ္ (ဘ) ဦးေရႊေမာင္ဦး ျဖစ္ေၾကာင္း ကမားေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးအုန္းေရႊက နိရဥၥရာသို႕ ေျပာသည္။

" ဇူလိူင္ ၉ ရက္ေန႔ ည ၈နာရီ အခ်ိန္ေလာက္မွာ လယ္ေတာသို႔ ညအိပ္ဖို႔ သြားခဲ့တယ္။ သူက မၾကာခဏ ခုလိုဘဲ ညအိပ္သြားေလ့ရွိတယ္။ ညအိပ္ျပီး ေနာက္တစ္ေန႕ ဇူလိူင္ ၁၀ ရက္ေန႕ နံနက္မွာ အိမ္ျပန္ မလာေတာ့ မိသားစုေတြက သြားရွာတယ္။ ဒီကေန႔ ဇူလိူင္ ၁၁ ရက္ မနက္ ၆ နာရီမွာ အေလာင္းကို ကမားေခ်ာင္းထဲမွာ ရွာေဖြ ေတြ႕ရွိခဲ့ပါတယ္" ဟု ဦးအုန္းေရႊ မွ ေျပာၾကားသည္။

ေသဆံုးသူ ဦးမိုးႏိုင္ အေလာင္းအား မာန္ေအာင္ျမိဳ႕နယ္ ေဆးရံုသို႔ ရင္ခြဲစစ္ေဆးရန္ ပို႕ေဆာင္ ထားျပီး ေသမူေသခင္းအျဖစ္ (၂/၁၈)အမူဖြင့္ထားေၾကာင္း၊ ဓမၼတာအတိုင္း ေသဆံုးမူ ဟုတ္/ မဟုတ္ကို စစ္ေဆးလ်က္ရွိေၾကာင္း ရဲအုပ္ ဦးစံေရႊလွမွ ေျပာၾကားသည္။

မာန္ေအာင္ျမိဳ႕နယ္ ေမွ်ာ္ေတာ္ဦးေက်းရြာအုပ္စု ျပားၾကီးေက်းရြာတြင္လည္း ယေန႕ နံနက္ အမ်ိဳးသမီး တစ္ဦး၏ အေလာင္းကို ေတြ႕ရွိခဲ့ေၾကာင္း၊ ၎အမ်ိဳးသမီးမွာ မေခ်ာစု (၃၂) ႏွစ္ ျဖစ္ေၾကာင္း၊ အေလာင္းအား ယေန႕ နံနက္ ၁၀ နာရီတြင္ သိပ္ပံုေခ်ာင္း ျပားၾကီးတံတား ေအာက္မွ ရွာေဖြ ေတြ႕ရွိခဲ့ေၾကာင္း မာန္ေအာင္ျမိဳ႕နယ္မွ ရဲတာဝန္ရွိသူ တစ္ဦးက အတည္ျပဳ ေျပာၾကားသည္။

“ အဲဒီ အမ်ိဳးသမီးက အဖြားျဖစ္သူနဲ႕ အတူအိပ္ေနျပီး မနက္ မိုးလင္းေတာ့ အဖြားျဖစ္သူက အိပ္ယာမွ ၅ နာရီ အခ်ိန္မွာ ႏိုးလာေတာ့ အိမ္မွာ မရွိတာေၾကာင့္ အစ္ကိုျဖစ္သူ ဦးအဝိုင္း ေမးၾကည့္ေတာ့ မေရာက္လာဘူးေျပာတယ္။ ရြာသားေတြပါ လိုက္လံ ရွာေဖြေတာ့ ဒီမနက္ ၁၀ နာရီ ေလာက္မွာ သိပ္ပံုေခ်ာင္း ျပားၾကီးတံတားေအာက္မွာ ေရနစ္ ေသေနတာကို ေတြ႕ရတယ္ "ဟု ၎က ေျပာသည္။

သူမ၏ အေလာင္းအား မာန္ေအာင္ျမိဳ႕နယ္ ေဆးရံုသို႔ ရင္ခြဲစစ္ေဆးရန္ ပို႕ေဆာင္ထားျပီး ေသမူ ေသခင္း အမွတ္စဥ္(၆/၂၀၁၈)ျဖင့္ အေရးယူ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ရဲတာဝန္ရွိ သူက ေျပာၾကားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Uicode Version#

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ ကျေးရွာနှစ်ခုတွင် တစ်ရက်တည်းအတွင်း အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့၏ အလောင်းအား ရေထဲမှ ရှာဖွေ တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့နယ် ကမားကျေးရွာတွင် အမျိုးသားတစ်ဦ၏ အလောင်းအား ကမားချောင်းထဲတွင် တွေ့ရှိခဲ့ကြောင်း၊ ရေနစ်၍ သေဆုံးပုံရကြောင်း၊ ၎င်းအမျိုးသားမှာ ဦးမိုးနိုင် (၄၀)နှစ် (ဘ) ဦးရွှေမောင်ဦး ဖြစ်ကြောင်း ကမားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုန်းရွှေက နိရဉ္စရာသို့ ပြောသည်။

" ဇူလိူင် ၉ ရက်နေ့ ည ၈နာရီ အချိန်လောက်မှာ လယ်တောသို့ ညအိပ်ဖို့ သွားခဲ့တယ်။ သူက မကြာခဏ ခုလိုဘဲ ညအိပ်သွားလေ့ရှိတယ်။ ညအိပ်ပြီး နောက်တစ်နေ့ ဇူလိူင် ၁၀ ရက်နေ့ နံနက်မှာ အိမ်ပြန် မလာတော့ မိသားစုတွေက သွားရှာတယ်။ ဒီကနေ့ ဇူလိူင် ၁၁ ရက် မနက် ၆ နာရီမှာ အလောင်းကို ကမားချောင်းထဲမှာ ရှာဖွေ တွေ့ရှိခဲ့ပါတယ်" ဟု ဦးအုန်းရွှေ မှ ပြောကြားသည်။


သေဆုံးသူ ဦးမိုးနိုင် အလောင်းအား မာန်အောင်မြို့နယ် ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင် ထားပြီး သေမူသေခင်းအဖြစ် (၂/၁၈)အမူဖွင့်ထားကြောင်း၊ ဓမ္မတာအတိုင်း သေဆုံးမူ ဟုတ်/ မဟုတ်ကို စစ်ဆေးလျက်ရှိကြောင်း ရဲအုပ် ဦးစံရွှေလှမှ ပြောကြားသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦးကျေးရွာအုပ်စု ပြားကြီးကျေးရွာတွင်လည်း ယနေ့ နံနက် အမျိုးသမီး တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ ၎င်းအမျိုးသမီးမှာ မချောစု (၃၂) နှစ် ဖြစ်ကြောင်း၊ အလောင်းအား ယနေ့ နံနက် ၁၀ နာရီတွင် သိပ်ပုံချောင်း ပြားကြီးတံတား အောက်မှ ရှာဖွေ တွေ့ရှိခဲ့ကြောင်း မာန်အောင်မြို့နယ်မှ ရဲတာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသည်။

“ အဲဒီ အမျိုးသမီးက အဖွားဖြစ်သူနဲ့ အတူအိပ်နေပြီး မနက် မိုးလင်းတော့ အဖွားဖြစ်သူက အိပ်ယာမှ ၅ နာရီ အချိန်မှာ နိုးလာတော့ အိမ်မှာ မရှိတာကြောင့် အစ်ကိုဖြစ်သူ ဦးအဝိုင်း မေးကြည့်တော့ မရောက်လာဘူးပြောတယ်။ ရွာသားတွေပါ လိုက်လံ ရှာဖွေတော့ ဒီမနက် ၁၀ နာရီ လောက်မှာ သိပ်ပုံချောင်း ပြားကြီးတံတားအောက်မှာ ရေနစ် သေနေတာကို တွေ့ရတယ် "ဟု ၎င်းက ပြောသည်။

သူမ၏ အလောင်းအား မာန်အောင်မြို့နယ် ဆေးရုံသို့ ရင်ခွဲစစ်ဆေးရန် ပို့ဆောင်ထားပြီး သေမူ သေခင်း အမှတ်စဉ်(၆/၂၀၁၈)ဖြင့် အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲတာဝန်ရှိ သူက ပြောကြားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top