န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 အေမရိကန္ႏုိင္ငံ လူဝီစီယာနာမွာ ေနထုိင္လ်က္ရိွတဲ့ (၂၂)ႏွစ္အရြယ္ ဖိလစ္ပိုင္အမ်ိဳးသမီး Lee Ann Jarrell ဟာ မီးဖြားစဥ္ လွေနေစဖို႔ မိတ္ကပ္ကို တစ္နာရီခန္႔ အခ်ိန္ယူ ျပင္ဆင္ခဲ့ပါတယ္တဲ့။ Ann ဟာ သူမရဲ႕ မီးဖြားမႈ မွတ္တမ္း ဗီဒီယိုထဲမွာ အလွဆံုးျဖစ္ေနခ်င္ခဲ့လို႔ ဆုိၿပီး ဆရာဝန္ေတြကို ခြင့္ေတာင္းကာ အခုလို အလွျပင္ခဲ့တာပါ။

“ကေလးေမြးေနတဲ့ ပံုေလးေတြထဲမွာ လွပေနခ်င္႐ံုပါ။ ကၽြန္မ ေခၽြးေတြ ထြက္ေနတဲ့အခ်ိန္ မွန္ထဲမွာ ကိုယ့္ကိုယ္ကို ျပန္ျမင္ခဲ့ရင္ေတာင္ ငါ ၾကည့္ေကာင္းသားပဲဆိုတဲ့ ခံစားမႈကို ရခ်င္လို႔ပါ” ဒါကေတာ့ Ann ေျပာျပခဲ့တဲ့ စကားျဖစ္ပါတယ္။ အဆုိပါ မီးဖြားမႈက ၿပီးခဲ့တဲ့ ဒီဇင္ဘာ (၁၄)ရက္က ျဖစ္ခဲ့ၿပီး ကေလးေလးက ၈ ေပါင္နဲ႔ ၂ ေအာင္စ ရိွခဲ့ၿပီး အလြန္ပင္ ဖြံ႕ခဲ့ပါတယ္။ အခုဆို (၆)လသမီးရဲ႕ မိခင္ျဖစ္ေနၿပီး ျဖစ္တဲ့ Ann ဟာ ကိုယ္ဝန္ေဆာင္စဥ္တုန္းကလည္း မိတ္ကပ္မပါဘဲ အျပင္ကို လံုးဝမထြက္ခဲ့ဘူး ဆုိပါတယ္

“မိတ္ကပ္မပါရင္ ကိုယ့္ကိုယ္ကို ႐ုပ္ဆုိးတယ္လို႔ ခံစားရပါတယ္။ ခင္ပြန္းသည္ကေတာ့ ကၽြန္မကို သဘာဝတုိင္းေလးလည္း လွတယ္လို႔ ေျပာခဲ့ေပမယ့္ ကၽြန္မကေတာ့ ဆုိရွယ္မီဒီယာေပၚက မိတ္ကပ္ျပည့္နဲ႔ လွလြန္းေနတဲ့ ေကာင္မေလးေတြကို ျမင္တုိင္း စိတ္ဖိစီးရပါတယ္။ အဲ့ဒါေၾကာင့္ ကိုယ့္ကိုယ္ကို ေသခ်ာအခ်ိန္ယူ လိမ္းျခယ္ဖို႔ စနစ္က်တဲ့ မိတ္ကပ္အိတ္ကိုလည္း ေဆာင္ထားပါတယ္” လို႔ Ann က ဆိုပါတယ္။ မီးဖြားခ်ိန္မွာလည္း ခင္ပြန္းက သူမလက္ကို ကိုင္ေပးထားခဲ့ၿပီး မိတ္ကပ္ျပည့္နဲ႔ သူမကို ၾကည့္ေကာင္းေနေၾကာင္း အားေပးခဲ့ရပါေသးတယ္။

Ann က ဆက္လက္လို႔ သူမရဲ႕ ရင္ေသြး ေမြးဖြားခဲ့ခ်ိန္မွာ အရမ္းကို ေပ်ာ္ရႊင္ၾကည္ႏူးခဲ့ေၾကာင္းလည္း ဆုိခဲ့ၿပီး သူမက မိတ္ကပ္ႀကိဳက္ေပမယ့္ သူမရဲ႕ သဘာဝအလွကိုလည္း လက္ခံႏုိင္သူျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ “ကေလးေမြးၿပီး အိမ္ျပန္ေရာက္ကတည္းက ကၽြန္မမ်က္ႏွာမွာ အခ်ိန္ျပည့္ မိတ္ကပ္မလိုဘူးလို႔ ဆံုးျဖတ္ခဲ့ပါတယ္။ ကိုယ့္ မူလသြင္ျပင္ကို ကုိယ္ဂုဏ္ယူသင့္ပါတယ္” လို႔လည္း Ann က ေျပာခဲ့ပါတယ္။ သူမက အခုဆို Youtube ခ်ယ္နယ္တစ္ခု ဖြင့္ထားၿပီး မိတ္ကပ္ျပင္နည္းေတြကို တင္ေပးေနတဲ့ ဘေလာ့ဂါတစ္ေယာက္ျဖစ္ေနပါၿပီ။

PA Real Life
Ref: Dailymail UK

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MM
# Unicode Version ျဖင့္ ဖတ္ပါ #
အမေရိကန်နိုင်ငံ လူဝီစီယာနာမှာ နေထိုင်လျက်ရှိတဲ့ (၂၂)နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသမီး Lee Ann Jarrell ဟာ မီးဖွားစဉ် လှနေစေဖို့ မိတ်ကပ်ကို တစ်နာရီခန့် အချိန်ယူ ပြင်ဆင်ခဲ့ပါတယ်တဲ့။ Ann ဟာ သူမရဲ့ မီးဖွားမှု မှတ်တမ်း ဗီဒီယိုထဲမှာ အလှဆုံးဖြစ်နေချင်ခဲ့လို့ ဆိုပြီး ဆရာဝန်တွေကို ခွင့်တောင်းကာ အခုလို အလှပြင်ခဲ့တာပါ။

“ကလေးမွေးနေတဲ့ ပုံလေးတွေထဲမှာ လှပနေချင်ရုံပါ။ ကျွန်မ ချွေးတွေ ထွက်နေတဲ့အချိန် မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်မြင်ခဲ့ရင်တောင် ငါ ကြည့်ကောင်းသားပဲဆိုတဲ့ ခံစားမှုကို ရချင်လို့ပါ” ဒါကတော့ Ann ပြောပြခဲ့တဲ့ စကားဖြစ်ပါတယ်။ အဆိုပါ မီးဖွားမှုက ပြီးခဲ့တဲ့ ဒီဇင်ဘာ (၁၄)ရက်က ဖြစ်ခဲ့ပြီး ကလေးလေးက ၈ ပေါင်နဲ့ ၂ အောင်စ ရှိခဲ့ပြီး အလွန်ပင် ဖွံ့ခဲ့ပါတယ်။ အခုဆို (၆)လသမီးရဲ့ မိခင်ဖြစ်နေပြီး ဖြစ်တဲ့ Ann ဟာ ကိုယ်ဝန်ဆောင်စဉ်တုန်းကလည်း မိတ်ကပ်မပါဘဲ အပြင်ကို လုံးဝမထွက်ခဲ့ဘူး ဆိုပါတယ်

“မိတ်ကပ်မပါရင် ကိုယ့်ကိုယ်ကို ရုပ်ဆိုးတယ်လို့ ခံစားရပါတယ်။ ခင်ပွန်းသည်ကတော့ ကျွန်မကို သဘာဝတိုင်းလေးလည်း လှတယ်လို့ ပြောခဲ့ပေမယ့် ကျွန်မကတော့ ဆိုရှယ်မီဒီယာပေါ်က မိတ်ကပ်ပြည့်နဲ့ လှလွန်းနေတဲ့ ကောင်မလေးတွေကို မြင်တိုင်း စိတ်ဖိစီးရပါတယ်။ အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကို သေချာအချိန်ယူ လိမ်းခြယ်ဖို့ စနစ်ကျတဲ့ မိတ်ကပ်အိတ်ကိုလည်း ဆောင်ထားပါတယ်” လို့ Ann က ဆိုပါတယ်။ မီးဖွားချိန်မှာလည်း ခင်ပွန်းက သူမလက်ကို ကိုင်ပေးထားခဲ့ပြီး မိတ်ကပ်ပြည့်နဲ့ သူမကို ကြည့်ကောင်းနေကြောင်း အားပေးခဲ့ရပါသေးတယ်။

Ann က ဆက်လက်လို့ သူမရဲ့ ရင်သွေး မွေးဖွားခဲ့ချိန်မှာ အရမ်းကို ပျော်ရွှင်ကြည်နူးခဲ့ကြောင်းလည်း ဆိုခဲ့ပြီး သူမက မိတ်ကပ်ကြိုက်ပေမယ့် သူမရဲ့ သဘာဝအလှကိုလည်း လက်ခံနိုင်သူဖြစ်ကြောင်း ပြောခဲ့ပါတယ်။ “ကလေးမွေးပြီး အိမ်ပြန်ရောက်ကတည်းက ကျွန်မမျက်နှာမှာ အချိန်ပြည့် မိတ်ကပ်မလိုဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကိုယ့် မူလသွင်ပြင်ကို ကိုယ်ဂုဏ်ယူသင့်ပါတယ်” လို့လည်း Ann က ပြောခဲ့ပါတယ်။ သူမက အခုဆို Youtube ချယ်နယ်တစ်ခု ဖွင့်ထားပြီး မိတ်ကပ်ပြင်နည်းတွေကို တင်ပေးနေတဲ့ ဘလော့ဂါတစ်ယောက်ဖြစ်နေပါပြီ။

PA Real Life
Ref: Dailymail UK

ဖိုးသူတော် (www.phothutaw.com)
Credit: MM
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top