မြန်မာပြည်၏ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်တဲ့ Skysuites ကွန်ဒိုအရောင်းပြပွဲ
×

မြန်​မာအိမ်​တိုင်းမှာ သင်္ကြန်​​ရောက်​ရင်​မြေအိုး​သေး​သေး​လေး​တွေ ဝယ်​ကြတယ်



မကျည်းသီးကို ​ကြေးဘုရား​ကြေးခွက်ေ​​တွ အညှိတွေတက်​​နေတာ​တွေကိုပွတ်​တိုက်​​ဆေး​ကြော​ပေးရင်​ပြောင်​လက်​သွားတယ်







Credit: San Thein Thein
# Unicode Version ဖြင့် ဖတ်ပါ #
မြန်မာအိမ်တိုင်းမှာ သြင်္ကန်ရောက်ရင်မြေအိုးသေးသေးလေးတွေ ဝယ်ကြတယ်

ကျနော်ကအဲဒီ မြေအိုး သေးသေးလေးထဲကိုရေ မပြည့်တပြည့်ထည့်ပြီးမကျည်းသီး လက်တဆုပ်ခန့်ထန်းလျက် အလုံးသေးသေးလေးတွေ
၁၅လုံးခန့် ဆား ဇွန်းသေးသေး တစ်ဇွန်းခန့်အဲဒီ ၃မျိုးကို ဒီအတိုင်းထည့်ထားလိုက်တယ်မမွှေနဲ့ မွှေစရာမလိုဘူးမွှေရင် အဖတ်မှုန်တွေထလာလိမ့်မယ်

တစ်ချက်မှမမွှေဘဲ သူ့ဘာသာကြည်တက်လာတဲ့ အရည်ကြည်ကိုရေစစ်ခွက်ကလေးနဲ့ စစ်ပြီးရေမသောက်ဘဲ ရေအစားထိုးပြီးသောက်တယ်သောက်ရင် ဘာအကျိုးဖြစ်မလဲဆိုအရင် စဉ်းစားကြည့်ရအောင်

မကျည်းသီးကို ကြေးဘုရားကြေးခွက်တွေ အညှိတွေတက်နေတာတွေကိုပွတ်တိုက်ဆေးကြောပေးရင်ပြောင်လက်သွားတယ်
အသားကိုင်ထားတဲ့လက်တွေကိုမကျည်းသီးနဲ့ ဆေးပေးရင် အနံ့ပျောက်တယ်တစ်ချို့က ဆိတ်သားကို အညှီနံ့ ပျောက်အောင်မကျည်းသီးနဲ့ နှယ်ပြီးဆေးတယ်

ကျနော်တို့လည်း မကျည်းဖျော်ရည်ကိုရေအစားထိုး သောက်မယ်ဆိုအမျိုးသားတွေအတွက်ရောအမျိုးသမီးတွေ အတွက်ရော ကလေးလူကြီးပါမကျန်သောက်တဲ့ အကျိုးကြောင့်

ဝမ်းတွင်းအေးနေမယ်ကိုယ်တွင်းအဆိပ်အတောက်များကိုဝမ်းအဖြစ်ဖယ်ရှားပေးလို့အပူအစပ်ကင်းစင်ပြီးမျက်နာမှာ ထွက်နေတဲ့ ဝက်ခြံတွေကိုပါးသထက် ပါးစေမယ်
အမြဲတမ်းသောက်နေလို့ဝက်ခြံတွေ အမြစ်ပြတ်ပျောက်သွားမယ်

ရောဂါမှန်သမျှ အပူကြောင့်ဖြစ်တာအခုလိုဥပမာ နဲ့ပြောမယ်ရေခဲသေတ္တာထဲကိုထည့်ထားတဲ့ အသီးအရွက်နဲ့အပြင်မှာထားတဲ့ အသီးအရွက်လိုဘဲ ကျနော် စမ်းကြည့်တုန်းကရင်အေးတယ် ဝမ်းမှန်တယ် ဆီးမှန်တယ်ခံတွင်းရှင်းပြီး အနံ့ပျောက်တယ်မျက်လုံးကြည်တယ်ဝက်ခြံတွေ စင်တယ်

အထူးသဖြင့် သောက်တုန်းကဝက်ခြံတွေပျောက်ချင်လို့ သောက်ခဲ့တာ ပိုက်ဆံမကုန်လို့ အထင်မသေးဘဲ စမ်းကြည့်ရအောင်ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူးဆိုတဲ့ရှေးစကားပုံလည်း ရှိတယ်နော်

ကျနော်တို့ အဖိုး အဖွားတွေအခုလို သဘာဝအသီးတွေကိုကိုယ့်ဘာသာဖျော်သောက်လို့ဘာရောဂါမှ မဖြစ် တဲ့အပြင်ငွေတွေ အလဟသ မကုန်ခဲ့လို့ဘုရားတွေတည် ကျောင်းတွေဆောက်လှူဒါန်းပေးကမ်းနိုင်ခဲ့ကြပြီးအသက်ရှည်ခဲ့ကြတယ်ဆိုတာကိုမမေ့နဲ့နော် ။

အောက်က အိုးလေးထဲမှာ မကျည်းသီးက ၁၀၀ ကျပ်ထန်းလျှက်က ၂၀၀ ကျပ် အားလုံး ၃၀၀ ကျပ်သာကုန်ပြီဖန်ခွက်ကြီးနဲ့ ၂ခွက်ဖန်ခွက်သေးနဲ့ ၃ခွက် ထွက်ပါတယ် ။

ဖိုးသူတော် (www.phothutaw.com)
Credit: San Thein Thein
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top