မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ဆင္တုတ္တိုက္နယ္ဘုရားအတြင္းရွိ ဆင္းတုေတာ္ႏွစ္ဆူ၏ ဦးေခါင္းေတာ္မ်ားျဖတ္ေတာက္ခံထားရစဥ္ (ဓာတ္ပံု − ေအာင္ေက်ာ္ျမင့္)

 ေရွးေဟာင္းဗုဒၶဆင္း တုေတာ္ႏွစ္ဆူ၏ ဦးေခါင္းေတာ္ မ်ား ျဖတ္ေတာက္ခိုးယူခံရမႈ ဇူလုိင္ပထမပတ္က ေအာင္လံၿမိဳ႕နယ္ရွိ ဆင္တုတ္ေက်းရြာ အုပ္စုတြင္ ျဖစ္ပြားခဲ့သည္။

 ဗုဒၶ႐ုပ္ပြားေတာ္မ်ားရွိရာ ဆင္တုတ္တုိက္နယ္ဘုရားသည္ ဆင္တုတ္ေက်းရြာအုပ္စု အင္ ေတာသာ၊ ၾကက္ေမႊးႏွင့္ ဆင္တုတ္ေက်းရြာမ်ားအၾကား ေတာထဲတြင္ တည္ရွိသည္။

        ေရွးႏွစ္ေပါင္းမ်ားစြာက တည္ထားကိုးကြယ္ခဲ့သည့္ ေရွးေဟာင္းဘုရားတစ္ဆူျဖစ္ၿပီး အဆုိပါ ဘုရားရွိ ဉာဏ္ေတာ္ ၅ ေပျမင့္ေသာ စက်င္ေက်ာက္သား ဆင္းတုေတာ္ႏွစ္ဆူ၏ ဦးေခါင္းေတာ္မ်ား ျဖတ္ေတာက္ ခုိးယူခံရေၾကာင္း ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး  ဦးေအာင္၀င္းက ေျပာသည္။

ဦးေခါင္းေတာ္ျဖတ္ေတာက္ ခိုးယူခံရသည့္ ဆင္းတုေတာ္မ်ား သည္ ႏွစ္ ၁၀၀ ေက်ာ္သက္တမ္းရွိ ေရွးေဟာင္းဆင္းတုေတာ္မ်ားျဖစ္ ၿပီး ရတနာမာန္ေအာင္အမည္ရွိ ဆင္းတုေတာ္တစ္ဆူ၏ ေအာက္ ေျခပလႅင္ေတာ္တြင္ ျမန္မာသကၠ ရာဇ္ ၁၂၃၃ က ထုလုပ္ပူေဇာ္ခဲ့ေၾကာင္း  ထြင္းထုထားသည့္ ကမၸည္းစာပါရွိေၾကငာ္း ေဒသခံ မ်ားက ေျပာသည္။

ဦးေခါင္းေတာ္မ်ား ေပ်ာက္ဆုံးျခင္းကို ဇူလုိင္ ၈ ရက္ နံနက္က ယင္းဘုရားသို႔ ပန္းကပ္လွဴသည့္ အင္ေတာသာေက်းရြာ ေဒသခံတစ္ဦးက စတင္ေတြ႕ရွိခဲ့ၿပီး ေက်းရြာအုပ္ခ်ဳပ္ေရးအဖဲြ႕ထံ အေၾကာင္းၾကားခဲ့ျခင္း ျဖစ္သည္။

‘‘ဆင္းတုေတာ္ေတြက ႏွစ္ ေပါင္းမ်ားစြာ ရွိၿပီျဖစ္တဲ့ ေရွးေဟာင္း ဆင္းတုေတာ္ေတြ၊ နံရံနဲ႔ဆင္းတုေတာ္ဦးေခါင္းအၾကားကို သံတူရြင္းလို ဟာမ်ဳိးနဲ႔ ထုိးကလန္႔ၿပီး ဦးေခါင္းေတာ္ကို ျဖတ္ေတာက္ ယူသြားတာလို႔ ယူဆပါတယ္’’ ဟု အင္ေတာသာေက်းရြာ ရပ္မိရပ္ဖ ကိုေအာင္ေက်ာ္ျမင့္က ေျပာသည္။ ဦးေခါင္းေတာ္မ်ား ေပ်ာက္ဆုံးမႈကို ရဲတပ္ဖဲြ႕သို႔ အေၾကာင္းၾကားထားၿပီး အမႈမဖြင့္ေသးဘဲ ေက်းရြာေဒသခံမ်ားက လုိက္လံစုံစမ္းေနေၾကာင္း ဆင္တုတ္ေက်းရြာေဒသခံတစ္ဦးက ဆုိသည္။

အထက္ပါ ကိစၥႏွင့္ ပတ္ သက္၍ ေအာင္လံၿမိဳ႕နယ္ ရဲတပ္ဖဲြ႕မွဴး႐ုံးသို႔ ေမးျမန္းရာ ယင္းကိစၥမသိရွိေၾကာင္း တာ၀န္က်ရဲအရာ ရွိတစ္ဦးက ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day

#Unicode Version#
ဆင်တုတ်တိုက်နယ်ဘုရားအတွင်းရှိ ဆင်းတုတော်နှစ်ဆူ၏ ဦးခေါင်းတော်များဖြတ်တောက်ခံထားရစဉ် (ဓာတ်ပုံ − အောင်ကျော်မြင့်)

 ရှေးဟောင်းဗုဒ္ဓဆင်း တုတော်နှစ်ဆူ၏ ဦးခေါင်းတော် များ ဖြတ်တောက်ခိုးယူခံရမှု ဇူလိုင်ပထမပတ်က အောင်လံမြို့နယ်ရှိ ဆင်တုတ်ကျေးရွာ အုပ်စုတွင် ဖြစ်ပွားခဲ့သည်။

 ဗုဒ္ဓရုပ်ပွားတော်များရှိရာ ဆင်တုတ်တိုက်နယ်ဘုရားသည် ဆင်တုတ်ကျေးရွာအုပ်စု အင် တောသာ၊ ကြက်မွှေးနှင့် ဆင်တုတ်ကျေးရွာများအကြား တောထဲတွင် တည်ရှိသည်။

        ရှေးနှစ်ပေါင်းများစွာက တည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းဘုရားတစ်ဆူဖြစ်ပြီး အဆိုပါ ဘုရားရှိ ဉာဏ်တော် ၅ ပေမြင့်သော စကျင်ကျောက်သား ဆင်းတုတော်နှစ်ဆူ၏ ဦးခေါင်းတော်များ ဖြတ်တောက် ခိုးယူခံရကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး  ဦးအောင်ဝင်းက ပြောသည်။

ဦးခေါင်းတော်ဖြတ်တောက် ခိုးယူခံရသည့် ဆင်းတုတော်များ သည် နှစ် ၁၀၀ ကျော်သက်တမ်းရှိ ရှေးဟောင်းဆင်းတုတော်များဖြစ် ပြီး ရတနာမာန်အောင်အမည်ရှိ ဆင်းတုတော်တစ်ဆူ၏ အောက် ခြေပလ္လင်တော်တွင် မြန်မာသက္က ရာဇ် ၁၂၃၃ က ထုလုပ်ပူဇော်ခဲ့ကြောင်း  ထွင်းထုထားသည့် ကမ္ပည်းစာပါရှိကြေငာ်း ဒေသခံ များက ပြောသည်။

ဦးခေါင်းတော်များ ပျောက်ဆုံးခြင်းကို ဇူလိုင် ၈ ရက် နံနက်က ယင်းဘုရားသို့ ပန်းကပ်လှူသည့် အင်တောသာကျေးရွာ ဒေသခံတစ်ဦးက စတင်တွေ့ရှိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

‘‘ဆင်းတုတော်တွေက နှစ် ပေါင်းများစွာ ရှိပြီဖြစ်တဲ့ ရှေးဟောင်း ဆင်းတုတော်တွေ၊ နံရံနဲ့ဆင်းတုတော်ဦးခေါင်းအကြားကို သံတူရွင်းလို ဟာမျိုးနဲ့ ထိုးကလန့်ပြီး ဦးခေါင်းတော်ကို ဖြတ်တောက် ယူသွားတာလို့ ယူဆပါတယ်’’ ဟု အင်တောသာကျေးရွာ ရပ်မိရပ်ဖ ကိုအောင်ကျော်မြင့်က ပြောသည်။ ဦးခေါင်းတော်များ ပျောက်ဆုံးမှုကို ရဲတပ်ဖွဲ့သို့ အကြောင်းကြားထားပြီး အမှုမဖွင့်သေးဘဲ ကျေးရွာဒေသခံများက လိုက်လံစုံစမ်းနေကြောင်း ဆင်တုတ်ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။

အထက်ပါ ကိစ္စနှင့် ပတ် သက်၍ အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ မေးမြန်းရာ ယင်းကိစ္စမသိရှိကြောင်း တာဝန်ကျရဲအရာ ရှိတစ်ဦးက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7Day
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top